နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာ တာဝန်ခံနှင့် ဆယ်အိမ်မှူးတို့ ပူးပေါင်း၍ မုဆိုးမ တစ်ဦးကို ခြိမ်းခြောက်၍ ငွေညှစ်



MYARF
RB News
15.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာအုပ်စု၊ ကျေးရွာ တာဝန်ခံ ဦးဆီရာဇူလ် အစ္စလာမ် (ဘ) ဦးအလီအာမတ်နှင့် ပသံဒါရွာမှ ဆယ်အိမ်မှူး ဦးအာဘူကော်ဆီဒိတ် (ဘ) ဦးဟူစိန်းအာမတ် တို့သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ပသံဒါရွာမှ မုဆိုးမ တစ်ဦးဖြစ်သူ ဒေါ်ရှောမ်ရှိဒါ ဘေဂမ် (အသက် ၄၃ နှစ်) ကို ကျေးရွာ တာဝန်ခံ အိမ်သို့ ဆင့်ခေါ်၍ သားဖြစ်သူ ဆော်ဒီအာရေဗျား နိုင်ငံမှ ငွေပို့ပေး နေသောကြောင့် ကျေးရွာ တာဝန်ခံကို ငွေကျပ် ၅ သိန်း ပေးရမည်၊ ငွေမပေးပါက နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ တိုင်တန်းမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၅ သိန်း အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မုဆိုးမ ဖြစ်သူ ဒေါ်ရှော်မ်ရှီဒါဘေဂမ်က ၎င်းသည် မုဆိုးမ တစ်ဦးဖြစ်၍ ကျေးရွာ တာဝန်ခံနှင့် ရင်ဆိုင်ရန်လည်း မတတ်နိုင်၊ အကယ်၍ ငွေမပေးပါက နယ်ခြားစောင့်ရဲများ ခေါ်လာပြီး ညှဉ်းပန်း နှိပ်စက်မည်ကို စိုးရိမ်သောကြောင့် ငွေကျပ် ၅ သိန်းကို မပေးချင်ဘဲ ပေးလိုက်ရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

အဆိုပါ ကျေးရွာတာဝန်ခံသည် အခြားသော ရွာသားများကိုလည်း နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လေ့ရှိသည်ဟု ဆိုသည်။ အထူးသဖြင့် အားကိုးရာမဲ့နေသည့် မုဆိုးမများကို ပစ်မှတ်ထား ငွေညှစ်လေ့ရှိကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus