နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘင်္ဂလီ မခံယူသောကြောင့် ဆေးကုသရန် သွားမည့် လူနာကို ယာယီ ခရီးသွားခွင့် လက်မှတ် ထုတ်မပေး



RB News
16.1.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် ဆင်ခုန်းတိုင် ကျေးရွာအုပ်စု၊ လွန်းတောင် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦး ဖြစ်သူ ဦးမောင်သိန်းကျော် (ခ) ဦးအာဘူလ်ကာလာမ် (အသက် ၄၈ နှစ်) သည် ရောဂါဝေဒနာ ခံစားနေရ၍ ဘူးသီးတောင် မြို့နယ်ရှိ ပြည်သူ့ ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူရန် သွားလိုသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်ဝင်းအား မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ ယာယီ ခရီးသွားခွင့် လက်မှတ် ထုတ်ပေးရန် ဓါတ်ပုံ နှစ်ပုံပေး၍ အကူအညီ တောင်းခံခဲ့သည်။ 

ဦးမောင်ညွန့်ဝင်းက မြို့နယ် လ.၀.က ဦးစီးမှူး ဦးဆန်းလှိုင်ထံတွင် ဦးမောင်သိန်းကျော် အတွက် ယာယီ ခရီးသွားခွင့် လက်မှတ် အတွက် လျှောက်ထားရာ လုံးဝ ထုတ်မပေးနိုင်ဟု ဆို၍ ထုတ်မပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထုတ်မပေးနိုင်သည့် အကြောင်းရင်းကို အုပ်ချုပ်ရေးမှူးက မေးမြန်းရာ လ.၀.က ဦးစီးမှူးက ဦးမောင်သိန်းကျော်သည် ကျေးရွာတွင် ရပ်မိရပ်ဖ တစ်ဦး ဖြစ်ပြီး ၎င်းကိုယ်တိုင် ရိုဟင်ဂျာ ခံယူပြီး ဘင်္ဂလီ အမည် မခံယူသောကြောင့် ဖြစ်သည်ဟု ဖြေဆိုခဲ့ကြောင်း သိရှိရသည်။ 

မောင်တော ခရိုင်တွင် ဆေးဝါး ကုသမှု ခံယူနိုင်ရန် အတွက် ခရီးသွားခွင့် လက်မှတ်များ လျှောက်ထားသော်လည်း ငွေကြေး မြောက်မြားစွာ တတ်နိုင်မှသာ ခရီးသွားခွင့် လက်မှတ်ရလေ့ ရှိပြီး၊ ငွေကြေး မတတ်နိုင်သူများ၊ အာဏာပိုင်များ မကြည်ဖြူသူများမှာ မလိုအပ်ဘဲ အသက်ဆုံးရှုံးရသည့် ဘ၀သို့ ရောက်ရှိနေရသည်။ ယခုလည်း ရသေ့တောင် မြို့နယ်တွင် ကျန်သည့် ကျန်သည့် ရိုဟင်ဂျာများကိုလည်း ဦးမောင်သိန်းကျော်အား ခရီးသွားခွင့် လက်မှတ် မထုတ်ပေးသကဲ့သို့ ပြုမှုမည်ကို စိုးရိမ်လျက် ရှိနေကြသည်။

Comment ရေးရန်

Rohingya Exodus