နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ များက လမ်းသွားလမ်းလာ ရိုဟင်ဂျာများ ထံမှ မတရားသဖြင့် ငွေညှစ်လျက်ရှိ



MYARF
RB News
13.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက စခန်းရှေ့ လမ်းမှ ဖြတ်သန်း သွားလာသော ရိုဟင်ဂျာ များကို ပုံစံ အမျိုးမျိုးဖြင့် စစ်ဆေးလျက် ရှိသည်။ နယ်ခြားစောင့်ရဲ များက ပထမ ဦးစွာ ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံချက် (ရွာထွက် လက်မှတ်) စစ်ဆေးပြီး၊ ရွာထွက် လက်မှတ် ပြနိုင်လျှင် ယာယီ ကဒ်ပြား အပ်နှံပြီး ရရှိခဲ့သော လက်ခံစာကို ဆက်လက် စစ်ဆေးသည်။ လက်ခံစာ ပြနိုင်လျှင် ရွာထွက် လက်မှတ်ပါ အမည်နှင့် လက်ခံစာပါ အမည်မတူ (သို့မဟုတ်) စာလုံးမပေါ် စသည်ဖြင့် အမျိုးမျိုး အကြောင်းပြကာ ငွေကျပ် ၅၀၀ မှ ၁၀၀၀ ထိ ညှစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဒုတိယ အနေနှင့် ဖုန်းများ စစ်ဆေးသည်။ အပြစ်ရှာ မတွေ့လျှင် ဖုန်းတွင် ဘင်္ဂလား ဖုန်းနံပါတ် သိမ်းဆည်းထားကို တွေ့ရှိသည်၊ သို့မဟုတ် ဖုန်းဟန်းဆက်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ထုတ်လုပ်သည့် ဖုန်းဟန်းဆက် ဖြစ်သည်၊ သို့မဟုတ် ဆင်းမ်ကဒ် ဖြုတ်ယူ၍ ရှေ့မှောက်တွင်ပင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးပြီး ဘင်္ဂလား ဆင်းမ်ကဒ် တွေ့သည် စသည်ဖြင့် အမျိုးမျိုး လုပ်ကြံ၍ ငွေသိန်းချီ ညှစ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

တတိယ အနေဖြင့် ဆိုင်ကယ် စီးသွားသူများကို ဆိုင်ကယ်စီး ဦးထုပ်၊ ယာဉ်မောင်း လိုင်စင်၊ ယာဉ်မှတ်ပုံတင်၊ ဘီးခွန် စသည်များ စစ်ဆေးသည်။ စုံစုံလင်လင် တင်ပြနိုင်သော်လည်း လိုင်စင်တွင် ဓါတ်ပုံ မပေါ်၊ အမည်မတူ၊ လိုင်စင် ညစ်ပတ်နေ၊ ဘီးခွန် ညစ်ပတ်နေသည်ဟု အမျိုးမျိုး ပြောပြီး ငွေညှစ်လျက် ရှိသည်။ 

ထိုသို့ မတရားသဖြင့် ငွေညှစ်ရတာတွင် ငွေပေးရန် ငြင်းဆန်သူများကို ရိုက်နှက်လေ့ ရှိသည်။ 

ဇန်န၀ါရီလ (၇) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် သရက်အုပ် ကျေးရွာမှ ဆိုင်ကယ် တက္ကစီ မောင်းသူ ဦးဆုဖ်မာမတ်နှင့် ဓားကြီးစား ကျေးရွာမှ ဆိုင်ကယ် တက္ကစီ မောင်းသူ နှစ်ဦးကို ဆိုင်ကယ်စီး ဦးထုပ် မပါသောကြောင့် ည ၈ နာရီထိ ထိုင်စောင့်ခိုင်းပြီး ငွေကျပ် ၅၀၀၀ စီ ညှစ်ယူခဲ့သည်။ လိုင်စင်၊ ဘီးခွန်၊ ဆိုင်ကယ်စီး ဦးထုပ် စစ်ဆေးသည့် ကိစ္စရပ်သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိသော်လည်း လက်နက် အင်အား ပြ၍ အတင်းအဓမ္မ ငွေညှစ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus