နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာ အုပ်ချုပ်ရေးမှူး ၀င်အရွေးချယ်ခံသူက ပြိုင်ဘက်များကို ခြိမ်းခြောက်သောကြောင့် ၀င်ပြိုင်ခွင့်မရ



Rohingya Eye
RB News
15.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာသို့ ဇန်န၀ါရီလ (၇) ရက်နေ့က ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက် တင်မြှောက်ရန် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာခဲ့သည်။ အဆိုပါ ကျေးရွာတွင် ရာအိမ်မှူးဟောင်း ဦးအာဘူဘော်ကော်ဆီဒိတ် (ဘ) မော်လ၀ီ ဟူဆောင်း (အသက် ၃၅ နှစ်) သည် အုပ်ချုပ်ရေးမှူး အဖြစ် အရွေးခံရန် အတွက် ၎င်းဘက်မှ ရပ်တည်မည့် ရပ်မိရပ်ဖများကို ရွေးချယ်ပေးရန် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ကို ငွေကျပ် သိန်း (၅၀) ပေးခဲ့သည်။ ထို့ကြောင့် ကျေးရွာသားများ၏ ဆန္ဒကို မတောင်းခံဘဲ၊ ဦးအာဘူဘော်ကော်ဆီဒိတ်၏ အလိုကျ ရပ်မိရပ်ဖ ရွေးချယ်ခဲ့ပြီး၊ ၎င်းအား ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဦးအာဘူဘော်ကော်ဆီဒိတ်သည် ၎င်းနှင့် အပြိုင် အရွေးခံမည့်သူ များကို မဟုတ်မမှန်သည့် အမှုများဖြင့် BD ပြေး ဖြစ်သွားအောင်၊ မြို့နယ် အုပ်ချုပ်ရေး အပါအ၀င် ဌာနပေါင်းစုံတွင် တိုင်ကြားမည်ဟု ခြိမ်းခြောက်သောကြောင့် အရွေးချယ်ခံချင်သူသည် ၀င်မပြိုင်တော့ဘဲ တိမ်းရှောင်နေခဲ့ရသည်။ 

ဝင်မပြိုင်ရန် အတွက် မဟုတ်မမှန် အမှုများဖြင့် ခြိမ်းခြောက်ခံရသူ များမှာ --

(၁) ဦးမိုဟာမတ်အီနုစ် (ဘ) ဦးဆော်လိမ်အုလ္လာ (အသက် ၃၂ နှစ်)
(၂) ဦးအေနာတူလ္လာ (ဘ) ဦးကေဖာတူလ္လာ (အသက် ၂၉ နှစ်)
(၃) ဦးဆော်လိမ်အုလ္လာ (ဘ) မော်လ၀ီအစ္စလာမ် (အသက် ၂၈ နှစ်)
(၄) ဆရာ မိုဟာမတ်အီနုစ် (ဘ) ဦးမိုဟာမတ်ဆုလ်တာန် (အသက် ၂၅ နှစ်)
(၅) ဦးမိုဟာမတ်အုစ်မာန် (ဘ) မော်လ၀ီ မိုဟာမတ်အလီ (အသက် ၃၃ နှစ်)
(၆) ဦးရှော်ဖီအုလ္လာ (ဘ) ဦးမိုဟာမတ်ဆုလ်တာန် (အသက် ၃၅ နှစ်) တို့ဖြစ်ကြသည်။ 

ဦးအာဘူဘော်ကော်ဆီဒိတ်သည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်လာလျှင် ရွာအတွင်း မတည်မငြိမ် ဖြစ်ပြီး၊ မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာမည်ကို ရွာသားများက အလွန်စိုးရိမ်လျက် ရှိကြသည်။

Comment ရေးရန်

Rohingya Exodus