နောက်ဆုံးသတင်း/ဆောင်းပါးများ

ဇော်မတက် အခြေစိုက် နယ်ခြားစောင့်ရဲ များက ရွာသားများကို ရိုက်နှက် နှိပ်စက်၍ ငွေညှစ်



Rohingya Eye
RB News
1.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဇော်မတက် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် တာဝန်နှင့် အခြားနေရာသို့ ပြောင်းရွှေ့ သွားပြီး၊ နယ်ခြားစောင့်ရဲ အသစ်များ အဆိုပါ ကင်းစခန်းသို့ ရောက်ရှိလာခဲ့သည်။ အသစ် ရောက်ရှိလာသည့် နယ်ခြားစောင့်ရဲ များသည် ရောက်ရှိလာသည့်နေ့မှ စ၍ ကင်းစခန်း ရှေ့မှ ဖြတ်သန်းသွားသည့် သံဒါ ကျေးရွာမှ ရွာသားများကို အမျိုးမျိုး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ဒီဇင်ဘာလ (၃၀) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ဇော်မတက် ဈေးသို့ သွားနေသည့် သံဒါ ကျေးရွာသား များကို အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ခေါင်းစဉ် အမျိုးမျိုး စွပ်စွဲ၍ ရိုက်နှက် နှိပ်စက်၍ ငွေညှစ်ခဲ့သည်။ 

ယာယီ သက်သေခံ လက်မှတ် ပါသော်လည်း ကျေးရွာ ထောက်ခံစာ မပါဟု စွပ်စွဲ၍ ငွေညှစ်ခံရသူ များမှာ --

(၁) ဦးအဒူဆလာမ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၃၆ နှစ်) ထံမှ ငွေကျပ် နှစ်ထောင်
(၂) ဦးဟာဖီဇူလ္လာ (ဘ) ဦးအာဘူတော်ယုဖ် (အသက် ၃၂ နှစ်) ထံမှ ငွေကျပ် နှစ်ထောင်
(၃) ဇူဘိုင်ရ် (ဘ) ဦးမာမတ်အီနုစ် (အသက် ၂၅ နှစ်) ထံမှ ငွေကျပ် တစ်ထောင်

မုန့်ထုပ်များ လုယက်ခံရသူ များမှာ -- 

(၁) ဦးလေရူး (ဘ) ဦးနူရူအာမတ် (အသက် ၃၀ နှစ်)
(၂) ဦးမိုဟာမတ် (ဘ) ဦးဆူလေး (အသက် ၄၅ နှစ်)

ရိုက်နှက်ခံရသူ များမှာ -- 

(၁) ဦးမိုဟာမတ်အီလီယာစ် (ဘ) ဦးနော်ဇီရ် (အသက် ၅၀ နှစ်)
(၂) မိုဟာမတ်အာယာစ် (အသက် ၂၀ နှစ်)
(၃) ဦးအဒူဇော်လိလ် (ဘ) ဦးဟာလာမျာ (အသက် ၄၀ နှစ်) -- တို့ဖြစ်သည်။

အလားတူ ဦးမိုဟာမတ် (ဘ) ဦးဆွေတာလောမ် (အသက် ၃၅ နှစ်) ထံမှ ဆိုင်ကယ် ဦးထုပ်မပါဟု ဆိုကာ ငွေကျပ် (၇) ထောင် ညှစ်ယူခဲ့သည်။ ထို့အပြင် အဆိုပါ ကင်းစခန်း အနီးရှိ ချောင်းတွင် ငါးမျှားနေသည့် ဦးဟာမိတ်ဟူစိန်း ၉ဘ) ဦးလာလ်မျာ (အသက် ၄၇ နှစ်) ထံသို့ အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ တစ်ဦးသွားရောက်ပြီး တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ ကိုယ်ထိ လက်ရောက် စော်ကားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက အပြစ်မဲ့ ရွာသားများကို နေ့စဉ် ရက်ဆက် ရက်စက်၍ ငွေညှစ်နေလျှင် ရွာသားများနှင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်ရကြောင်း ဇော်မတက် ကျေးရွာ လူကြီး တစ်ဦးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus