ဌာနချုပ်၏ အမိန့်အရ ညောင်ချောင်း တံတားမှ နယ်ခြားစောင့်ရဲ များက ငွေညှစ်
22.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာသို့ သွားသည့် လမ်းတွင် ရှိသည့် ညောင်ချောင်း တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် လမ်းသွားလမ်းလာ ရိုဟင်ဂျာများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ထို့အပြင် ယမန်နေ့က မုန်တိုင်း အန္တရာယ်ကြောင့် တက္ကစီများ၊ မော်တော်ဆိုင်ကယ်များ စီး၍ အမြန်ပြန်နေသူများကို ရပ်တန့်၍ ငွေကျပ် တစ်သောင်းစီ ညှစ်ယူခဲ့သည်ဟု ဆိုသည်။
နယ်ခြားစောင့်ရဲ များက ဌာနချုပ်မှ ယခုကဲ့သို့ ငွေညှစ်ရန် ညွန်ကြားထားကြောင်း၊ ဌာနချုပ်၏ အမိန့်အရ ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်ဟု အဆိုပါ ဒေသခံများက ပြောပါသည်။