နောက်ဆုံးသတင်း/ဆောင်းပါးများ

ပုဇွန်ကန် ပိုင်ရှင်များထံမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးက လစဉ် ဆက်ကြေး တောင်းခံနေ



Rohingya Eye
RB News
14.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မောင်နီရွာ၊ နယ်စပ် ခြံစည်းရိုး တ၀ိုက်ရှိ ပုဇွန်ကန် ပိုင်ရှင်များကို မောင်နီရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ အသစ် ပြောင်းရွှေ့လာသော ကင်းစခန်းမှူးက ပုဇွန်ကန်တွင် သွားရောက်၍ ငါးဖမ်းလိုလျှင် လစဉ် ဆန်အိတ် တစ်အိတ်နှင့် ၀ါးအလုံး (၃၀) ပေးရမည်ဟု တောင်းခံလျက် ရှိသည်။ 

ပုဇွန်ကန် ပိုင်ရှင်များက ပုဇွန်ကန်များမှ လစဉ်ရသော ၀င်ငွေနှင့် ၎င်းတို့ ပေးရမည့် လစဉ်ကြေးတို့ကို နှုတ်၍ ကျန်သည့် အမြတ်ငွေမှာ နေ့စဉ် စားသောက်ရေး အတွက်ပင် လုံလောက်တော့မည် မဟုတ်တော့သဖြင့် အခက်ကြုံလျက် ရှိနေသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထိုသို့ လစဉ် ဆက်ကြေး သဖွယ် တောင်းရန် အကြံဥာဏ် ပေးရာတွင် န.စ.က လက်ထက်က အုပ်ချုပ်ရေးမှူးဟောင်း ဦးမာမတ်ရော်ရှိတ် (ဘ) ဦးနူရ်ဘော်ရှော်ရ် (အသက် ၃၅ နှစ်) နှင့် ဦးဟာရှိမ်းမုလ္လာ (ဘ) ဦးဆော်ယော့ဒူလ္လာ (အသက် ၃၀ နှစ်) တို့ ပါဝင်ကြောင်း ရွာသားများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus