နောက်ဆုံးသတင်း/ဆောင်းပါးများ

ကွပ်ကဲရေးမှူး ဖလား ဘောလုံးပွဲကို အကြောင်းပြ၍ ကျေးရွာ များမှ ငွေကြေး ကောက်ခံ လျက်ရှိ



MYARF
RB News
20.2.2016

မောင်တော ။ ။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဖလား ဘောလုံးပွဲကို အကြောင်းပြ၍ အင်းဒင် စခန်း အမှတ် (၁၈) မှ ရဲမှူးက အနီးအနားရှိ ကျေးရွာများမှ ငွေကောက်ခံလျက် ရှိသည်။ မောင်တော မြို့နယ် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်၊ ရဲမှူးချုပ် (ကွပ်ကဲရေးမှူး) ဖလား ဘောလုံးပွဲကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ စ၍ ကျင်းပလျက် ရှိသည်။ မောင်တော ခရိုင်တွင် ဒေသ (၄) ခု ခွဲခြားထားသည်။ ဒေသ တစ်ခုစီမှ အသင်း (၄) သင်းစီ ပါဝင် ယှဉ်ပြိုင်ကြသည်။ 

ဒေသ (၃) မောင်တော တောင်ပိုင်းမှလည်း အသင်း (၄) သင်း ပါဝင် ယှဉ်ပြိုင်လျက် ရှိသည်။ ထိုအသင်း (၄) သင်း အတွက် အသုံးစရိတ်ဟု ဆိုကာ အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၉) မှ ရဲမှူး လင်းလင်းနိုင်က စခန်း၏ လက်အောက်ခံ ကျေးရွာများမှ ကျေးရွာ တစ်ရွာလျှင် ငွေကျပ် (၅) သိန်းစီ ကောက်ခံလျက် ရှိသည်။ 

ရဲမှူး၏ အမိန့်အရ ဟုဆိုကာ ကျောက်ပန္ဒူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက ရွာအတွင်းရှိ ရာအိမ်မှူး (၅) ဦးကို ခေါ်ယူပြီး ရာအိမ်မှူး တစ်ဦးလျှင် ငွေကျပ် တစ်သိန်း ငါးသောင်းစီ ကောက်ခံပေးရမည်ဟု အမိန့်ချခဲ့သည်။ သို့ဖြစ်၍ ရာအိမ်မှူးများက အိမ်တစ်အိမ်လျှင် ၁၅၀၀/- ကျပ်စီ ဆင်းရဲ ချမ်းသာ မရွေးကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ရဲမှူးက (၅) သိန်းကျပ် ပေးခိုင်းသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက ငွေကျပ် ခုနှစ်သိန်း ငါးသောင်း ရအောင် ကောက်ခံလျက် ရှိသည်။ ထိုကဲ့သို့ သင်္ဘောကွေ့၊ အင်းဒင်၊ သ၀န်ချောင်း စသည့် ကျေးရွာများတွင်လည်း ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus