နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် ဒေသခံ တစ်ဦး ထံမှ အုပ်ချုပ်ရေးမှူးနှင့် လူကုန်ကူးမှုရဲ၏ တပည့်တို့က ငွေညှစ်



Rohingya Eye
RB News
20.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ၊ အောက်ရွာမှ ဦးရှာကဲရ် (ဘ) ဦးအဒူကော်ယုမ် (အသက် ၇၅ နှစ်) သည် ဟောင်းနွမ်းလျက် ရှိသည့် ၎င်း၏အိမ်ကို သစ်သား အသစ်ဖြင့် လဲလှယ်၍ နေအိမ်ကို ပြုပြင်ခဲ့သည်။ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က အိမ်အသစ် ဆောက်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဦးရှာကဲရ်ထံမှ ငွေကျပ် နှစ်သိန်း အတင်း အဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ထို့အပြင် ဦးရှာကဲရ်ကို အလယ်သံကျော် အခြေစိုက် လူကုန်ကူးမှု ရဲစခန်းမှ ဆင့်ခေါ်သည်ဟု ဆိုကာ အလယ်သံကျော်၊ ဒေ့လ်ဖာရာရွာမှ ဦးဆိုက်ဘူလ်အာလောမ် (ဘ) ဦးအူလာမျာ (အသက် ၃၈ နှစ်) က ဦးရှာကဲရ်ကို အမျိုးမျိုး ခြိမ်းခြောက် နေသဖြင့် နောက်ဆုံးတွင် မတတ်သာ၍ ဦးဆိုက်ဘူလ်အာလောမ်ကို ငွေကျပ် (၄) သောင်း ပေးခဲ့ရသည်။ ဦးဆိုက်ဘူလ်အာလောမ်သည် လူကုန်ကူးမှုရဲ၏ တပည့် တစ်ဦး ဖြစ်သလို၊ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်၏ တပည့်လည်း ဖြစ်သည်။ ၎င်း၏ မဟုတ်မမှန် သတင်းပေးမှုကြောင့် ရွာသားများ ဒုက္ခရောက် နေရသည်ဟု ရွာသားများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus