March 26, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မဲမပေးသည်ကို မကျေနပ်၍ ကျေးရွာ တာဝန်ခံက အိမ်ထောင်စု စာရင်းများ သိမ်းဆည်း



Rohingya Eye
RB News
2.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကညင်တန်း ကျေးရွာအုပ်စုနှင့် ဒိုးတန်း ကျေးရွာအုပ်စု တို့တွင် ဇန်န၀ါရီလ (၃၁) ရက်နေ့က ဆွဲ၊တင်၊စစ် စစ်ဆေးခဲ့သည်။ 

အလယ်သံကျော် ကညင်တန်း ကျေးရွာအုပ်စုတွင် ဓါတ်ပုံရိုက်ခ ငွေကျပ် ၁၅၀၀ ယူခဲ့ပြီး၊ ကလေး မွေးတိုးအား အိမ်ထောင်စု စာရင်းတွင် တင်ရန် ငွေကျပ် ၅၀၀၀ စီ ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဒိုးတန်း ကျေးရွာအုပ်စုသို့ ဆွဲ၊တင်၊စစ် အဖွဲ့ ရောက်ရှိသည့်အခါ လက်ရှိ ကျေးရွာ တာဝန်ခံ ဦးဆီရာဇူလ္လာ (ဘ) မော်လ၀ီ ဆော်လိမ်မူလ္လာ က ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ကျင်းပခဲ့သည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့်ကို မကျေနပ်၍ ဒိုးတန်း ရွာသားများထံမှ ဓါတ်ပုံ ရိုက်ခ ငွေကျပ် ၂၀၀၀ နှင့် ကလေး မွေးတိုးကို အိမ်ထောင်စု စာရင်းတွင် တင်ရန် အတွက် ငွေကျပ် ၁၀၀၀၀ စီ အတင်းအဓမ္မ ကောက်ယူခိုင်းခဲ့သည်။ 

ထိုစဉ် ဦးအာမီရ်ဟမ်ဇား (ဘ) ဦးအဒူဂေါ်ဖော်ရ် (အသက် ၂၆ နှစ်) ၏ ညီဖြစ်သူ ဟာဆောင်းမှာ နိုင်ငံခြားသို့ ရောက်နေသဖြင့် အိမ်ထောင်စု စာရင်းမှ ပယ်ဖျယ်ရန် ဦးဆီရာဇူလ္လာ ထံမှ ထောက်ခံစာ တောင်းရာ၊ ထောက်ခံစာ အတွက် ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

ထို့အပြင် ၎င်းအား မဲမပေးသည့် မိသားစုဝင် အချို့၏ အိမ်ထောင်စု စာရင်းများကို ဓါတ်ပုံ ရိုက်ပြီးသည့် အခါ ပြန်မပေးဘဲ သိမ်းဆည်းခဲ့သည်။ ကာယကံရှင်များက အိမ်ထောင်စု စာရင်းများကို ပြန်တောင်းသည့် အခါ ငွေပေးမှ ပြန်လည် ပေးနိုင်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။ 

အိမ်ထောင်စု စာရင်း သိမ်းဆည်းခံရသူ အချို့မှာ -- 

(၁) ဦးဇာဟိဒူလ္လာ (ဘ) ဦးအာဘူတာဟဲရ် (အသက် ၂၇ နှစ်) 
(၂) မိုဟာမတ်ယာဟာယာ (ဘ) ဦးမော်ဆီအုလ္လာ (အသက် ၃၀ နှစ်)
(၃) ဦးအာဘူကာလာမ် (ဘ) ဦးအာဘူဘော်ကော်ဆီဒိတ် (အသက် ၄၅ နှစ်) တို့နှင့် အတူ အခြားသော ရွာသား (၂၂) ဦးတို့၏ အိမ်ထောင်စု စာရင်းများ သိမ်းဆည်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus