နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်အမျိုးသားပါတီက စီအီးစီ ၆ ဦးကို စစ်ဆေးမည်

မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင် နှင်းဆီမှာ ရခိုင် အမျိုးသား ပါတီက ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ၆ ဦး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် နေစဉ်

ဒီဗွီဘီ
7.3.2016

မတ်လ ၆ ရက်နေ့က ရန်ကုန်မှာ တော်ဝင်နှင်းဆီ ခန်းမမှာ သတင်းစာ ရှင်းလင်း ခဲ့ကြတဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၆ ဦးကို မတ်လ ၁၁ ရက်နေ့ ကျရင် စစ်တွေမြို့ ပါတီဌာနချုပ်မှာ စစ်ဆေးဖို့ ရခိုင် အမျိုးသားပါတီ စည်းကမ်း ထိန်းသိမ်းရေး ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက စာထုတ်ပါတယ်။

အခုစစ်ဆေးခံရမယ့် ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်း၊ ဦးသန်းနိုင်မြင့်တို့ဖြစ်ကြပြီး အဖွဲ့ဝင် ၅ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက် တွေကို မှတ်ချက်နဲ့တကွ မတ်လ ၁၂ ရက်နေ့ အပြီးသတ်တင်ပြရမယ်လို့ဆိုပါတယ်။

ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့ခွင့်မရရင် အတိုက်အခံအဖြစ် ရပ်တည်မည်ဆိုတဲ့ ရခိုင်အမျိုးသားပါတီကြေညာချက်ဟာ တရားမ၀င်ကြောင်းနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများအဖွဲ့ချုပ် (ယူအန်အေ)နဲ့လည်း ဆက်ဆံရေးဖြတ်တောက်မှာ မဟုတ်ကြောင်း ၆ ဦးက ရှင်းလင်းခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကာလမှာ အနိုင်ရတဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနဲ့ ၁၉၉၀ ပြည့် ရွေေးကာက်ပွဲမှာ အနိုင်ရတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ဟာ ၂၀၁၄ ခုနှစ်မှာ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အခု စစ်ဆေးခံကြရမယ့် ၆ ဦးဟာ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ပါတယ်။

Comment ရေးရန်

Rohingya Exodus