နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ ဂျပန်အစိုးရအား ဂုဏ်ပြု သ၀ဏ်လွှာ ပေးအပ်



RB News
31.3.2016

တိုကျို၊ ဂျပန် -- ဂျပန်နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်၊ ဒု-ဥက္ကဌ ဦးအောင်တင်၊ အထွေထွေ အတွင်းရေးမှူး ဦးမိုဟာမတ်ခါန်း တို့သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးသို့ ယနေ့ မတ်လ (၃၁) ရက်နေ့ ညနေ (၃) နာရီအချိန်တွင် သွားရောက်၍ ဂုဏ်ပြု သ၀ဏ်လွှာ တစ်စောင် ပေးအပ်ခဲ့သည်။

သ၀ဏ်လွှာ ပေးအပ်ရာတွင် ဂျပန်နိုင်ငံဘက်မှ နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှနှင့် အိုရှင်နီရေးရာ ဗျူရို ညွန်ကြားရေးမှူး Mr Satoshi Oyama နှင့် ဒု-ညွန်ကြားရေးမှူး Mrs Yoko Takushima တို့တက်ရောက်ခဲ့သည်။

ဂုဏ်ပြု သ၀ဏ်လွှာ ပေးပို့ရခြင်းမှာ ဆွဇ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် မတ်လ (၁၇) ရက်နေ့က ကျင်းပခဲ့သည့် မြန်မာနိုင်ငံရှိ လူနည်းစုများ၏ လူမျိုးရေး၊ ဘာသာရေး အခွင့်အရေး များကို အထူး အလေးပေး တောင်းဆိုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ အထူး ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ ဂျပန်အစိုးရ အနေဖြင့် မြန်မာအစိုးရသစ်နှင့်လည်း အစစအရာရာ ပူးပေါင်း ဆောင်ရွက်၍ လုပ်ဆောင်ရာတွင် မြန်မာအစိုးရအား လူနည်းစု အခွင့်အရေး၊ ဘာသာရေး၊ လူမျိုးရေး ပြဿနာများ၊ ပြည်တွင်း လက်နက်ကိုင် ပြဿနာများနှင့် တရား ဥပဒေ စိုးမိုးရေး တို့ကို အလေးထားရန် အတွက် ပြောကြားပေးရန် တိုက်တွန်းခဲ့သည်။ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိများကလည်း မြန်မာ အစိုးရသစ်နှင့် စီမံထားသည့် လုပ်ငန်းစဉ် များကို ရှင်းပြခဲ့သည်။






Comment ရေးရန်

Rohingya Exodus