နောက်ဆုံးသတင်း/ဆောင်းပါးများ

မြို့မ ကညင်တန်းနှင့် မြို့သူကြီးကြား တံတားရှိ ရဲများက ဒေသခံများထံမှ ငွေညှစ်



Rohingya Eye
RB News
19.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက စစ်တွေမြို့တွင် Arakan Army (AA) နှင့် ဆက်စပ်မှုရှိသည့် စိတ်ကြွဆေးပြားများ (WY) သယ်ဆောင်လာသည့် ကုန်တင်ကား တစ်စီးကို လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက ဖမ်းဆီးခဲ့သည်။ ထိုအချိန်မှစ၍ ရခိုင်ပြည်နယ် တစ်ပြည်လုံး၌ မြို့နယ် အနှံ့ရှိ ကင်းစခန်းများအား ကုန်တင်ကားများကို စစ်ဆေးရန် အမိန့်ထုတ်ခဲ့သည်။ 

အမိန့်ထုတ်ပြန် ပြီးနောက် မောင်တော မြို့နယ်၊ မြို့မ ကညင်တန်းနှင့် မြို့သူကြီးကြား တံတား အနီးတွင် ရဲကင်းစခန်းမှ ရဲများသည် မောင်တော မြောက်ပိုင်းမှ လာသည့် ရိုဟင်ဂျာများ ကားများကို ရပ်တန့်ခိုင်းကာ ပစ္စည်းများ စစ်ဆေးမည့် အစား ထောက်ခံစာများ တောင်းခံခြင်း၊ ခန္ဓာကိုယ် အနှံ့ ရှာဖွေခြင်း၊ အမျိုးသမီးများ အိတ်ထဲမှ ရွှေ၊ ငွေများ လုယက်ခြင်း၊ အမျိုးသားများ၏ အင်္ကျီအိတ်ထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ်များ ထည့်ပေး၍ ငွေညှစ်ခြင်းများ မကြာခဏ လုပ်ဆောင်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

မတ်လ (၁၆) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် ကျီးကန်းပြင် ကျေးရွာမှ ဦးအီဆုပ် (ဘ) ဦးမော်ဒူလ္လာ (အသက် ၄၀ နှစ်) နှင့် ဟာဖီးဇ် ရှော်မ်ရှုအာလောမ် (ဘ) ဦးနူရ်အာလောမ် (အသက် ၄၆ နှစ်) တို့သည် မော်တော်ဆိုင်ကယ် တက္ကစီဖြင့် မြို့ထဲသို့ သွားနေစဉ် ကင်းစခန်းမှ ရဲများက ရပ်တန့်ခိုင်းပြီး သက်သေခံ လက်မှတ်များကို စစ်ဆေးခဲ့သည်။ ထို့နောက် သက်သေခံ လက်မှတ်များတွင် လက်မှတ် မပါဟုဆိုကာ ငွေကျပ် နှစ်ထောင်စီ ညှစ်ယူခဲ့သည်။ 

ကင်းစခန်း၏ တာဝန်မှ ကုန်တင်ကားမှ ကုန်ပစ္စည်းများကို စစ်ဆေးရန်သာ တာဝန်ရှိပြီး၊ ယခင်က အဆိုပါ တံတားအား မသမာသူများ၏ ဘေးရန်မှ ကာကွယ် စောင့်ရှောက်ရန် တာဝန် ပေးအပ်ခဲ့သော်လည်း၊ ယခုအခါ ဒေသခံ ရိုဟင်ဂျာများထံမှ မတရားသဖြင့် ငွေညှစ်နေခြင်းမှာ ရရှိထားသည့် တာဝန်နှင့် အခွင့်အာဏာကို အလွှဲသုံးစား ပြုရာ ရောက်နေကြောင်း အထက် အရာရှိသိစေရန် တင်ပြလိုကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus