နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆင်တက်မော်မှ စစ်တွေသို့ လာသည့် စက်လှေမြှပ်၍ ၁၅ ဦး သေဆုံး၊ ၂၀ ဦး ပျောက်ဆုံးနေ



RB News
19.4.2016


ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ် ဆင်တက်မော် ရိုဟင်ဂျာရွာမှ ရိုဟင်ဂျာ ခရီးသည် အမျိုးသား၊ အမျိုးသမီး၊ လူငယ် အပါအ၀င် ၆၅ ဦးသည် စစ်တွေမြို့သို့ ဈေးဝယ်ရန် စက်လှေတစ်စီးဖြင့် ပင်လယ် ဖြတ်ကျော်ပြီး လာနေစဉ် ယနေ့ ဧပြီလ (၁၉) ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် စစ်တွေမြို့ သဲချောင်း ကမ်းခြေ အ၀င်ဝတွင် လှိုင်းလုံးကြီးများဖြင့် တိုက်မိပြီး ပင်လယ်ထဲ နစ်မြှပ်သွားခဲ့သည်။

ယနေ့ နေ့လည် ၂ နာရီထိ နောက်ဆုံး သတင်းအရ ခရီးသည် ၁၅ ဦး သေဆုံးပြီး၊ ၁၀ ဦးခန့် သတိလစ်နေကြောင်း၊ အသက်ရှင်လျက် ၂၀ ဦးခန့် ရှိနေကြာင်း၊ ကျန်သည့် ၂၀ ဦးခန့် ပျောက်ဆုံးနေကြောင်း စစ်တွေမြို့မှ ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

သေဆုံးသွားသူများမှာ --

(၁) ဒေါ်နော်ဆီမာ (အသက် ၅၄ နှစ်)
(၂) မရိုမေနာ (ဘ) ဦးနုရ်အာလောမ် (အသက် ၁၆ နှစ်)
(၃) မနီလာ (ဘ) ဦးမောင်ဖြူ (အသက် ၂၁ နှစ်)
(၄) ဒေါ်ညီမဖြူ
(၅) ဦးမောင်ကြီး (ဘ) ဦးကုရ်ဘာန်အလီ (အသက် ၄၂ နှစ်)
(၆) ဟဆောန်ရှော်ရိဖ် (ဘ) ဦးပေရောန်မျာ (အသက် ၂ နှစ်)
(၇) မိုဟာမတ်ရှော်ရိဖ် (ဘ) ဦးပေရောန်မျာ (အသက် ၄ နှစ်)
(၈) မဆီဂျီဒါ (ဘ) ဦးနူရာ (အသက် ၆ နှစ်)
(၉) ဟူဆောင်းရှောရိဖ် (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၃ နှစ်)
(၁၀) မမေန္နီဆား (ဘ) ဦးနော်ဘီ (အသက် ၂၀ နှစ်)
(၁၁) ဆုရောတ်ဇာမာလ် (ဘ) ဦးဘော်ဒူ (အသက် ၁၈ နှစ်)
(၁၂) အာဂျီဒါခါတူ (ဘ) ဦးရော်ဟီးမုဒ္ဒိန် (အသက် ၆ နှစ်)
(၁၃) ဦးဆောလေမာခါတူ (အသက် ၆၅ နှစ်)
(၁၄) ဦဖေရာနီ (ဘ) ခေါ်လိလ်အဟ်မတ် (အသက် ၆၀ နှစ်) နှင့် အမည်မသိ တစ်ဦးတို့ ဖြစ်သည်။

ဆင်တက်မော်ရွာသည် စစ်တွေမြို့ အရှေ့ပိုင်း ၉ မိုင် အကွာတွင် တည်ရှိပြီး၊ ယင်းရွာမှ ရိုဟင်ဂျာများနှင့် ပေါက်တောမြို့နယ် တစ်ခုလုံးရှိ ရိုဟင်ဂျာများသည် ၂၀၁၂ ခုနှစ် အရေးအခင်း မတိုင်မှီ စစ်တွေ မြို့မဈေး ဆိပ်ကမ်းသို့ စက်လှေများဖြင့် လာရောက်၍ ဈေးဝယ်လေ့ ရှိသည်။ ပင်လယ်ဖြတ်၍ စက်လှေဖြင့် လာသည့် လမ်းကြောင်းသည် ပေါက်တော မြို့နယ်မှ ဒေသခံများ အတွက် အလွယ်ကူဆုံး လမ်းကြောင်းဖြစ်သည်။

၂၀၁၂ ခုနှစ် အရေးအခင်း နောက်ပိုင်းတွင် ယင်းလမ်းကြောင်းကို ပိတ်ဆို့ခဲ့ပြီး ရိုဟင်ဂျာ မွတ်စလင်များအား သွားလာရေး၊ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အခြေခံ လူ့အခွင့်အရေး များကို ပိတ်ဆို့ ထားသောကြောင့် ရိုဟင်ဂျာ မွတ်စလင်မျာသည် အသက်ရှင်ရန် အတွက် ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်နေရပြီး၊ လှိုင်းထသော ပင်လယ်ကို ဖြတ်ကျော်၍ စစ်တွေ သဲချောင်းနှင့် အုန်းတော ဆိပ်ကမ်းများမှ တဆင့် စစ်တွေသို့ လာနေရခြင်း ဖြစ်သည်။

သတင်းနှင့် ဓါတ်ပုံများကို Peace Muhammad Arakani မှ ပေးပို့သည်။


















Comment ရေးရန်

Rohingya Exodus