နောက်ဆုံးသတင်း/ဆောင်းပါးများ

အမေရိကန် အရာရှိကြီးများ၊ ဟော်လီးဝုဒ် သရုပ်ဆောင်တို့နှင့် BROUK ဥက္ကဌ ဦးထွန်းခင် တွေ့ဆုံ



RB News
31.5.2016

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ များနှင့် မွေးရပ်မြေစွန့်ကာ ကစဥ့်ကလျား ပြေးလွှား နေရသည့် ရိုဟင်ဂျာ ဒုက္ခသည်များအား အကာအကွယ် ပေးသည့် အစီအမံကို မဆိုင်းမတွ ချမှတ် ဆောင်ရွက်ပေးရန် အမေရိကန် အထက် လွှတ်တော် (စီနိတ်)၊ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး နှင့် ကမ္ဘာ့ကုလသမဂ္ဂ တို့ကို Burmese Rohingya Organisation UK (BROUK) မှ အပူတပြင်း တိုက်တွန်းခဲ့။

Burmese Rohingya Organisation UK (BROUK) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းခင်သည် ၂၀၁၆ မေလ ၂၃ ရက်မှ ၂၇ ရက်နေ့ အထိ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး တောမ်မလင်နိုစကီး၊ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ၊ လူဦးရေနှင့် ရွှေ့ပြောင်း နေထိုင်မှုဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေး ကော်မရှင်မှ တော်မ်လန်တိုးစ်၊ အမေရိကန် လွှတ်တော် အရာရှိများနှင့် တွေ့ဆုံကာ အစည်းအဝေး ပြုလုပ်ခဲ့သည်။ ၎င်းအစည်းအဝေးသို့ ဝါရှင်တန်ဒီစီမြို့မှ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ (NGOs) လည်း တက်ရောက် ခဲ့ကြသည်။ ၎င်းအစည်းအဝေး၌ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ၏ လက်ရှိ အခြေအနေနှင့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ လက်တလော အခြေအနေများကို BROUK ဥက္ကဋ္ဌမှ ရှင်းလင်းပြောကြား ခဲ့သည်။



BROUK ဥက္ကဋ္ဌသည် နယူးယောက်မြို့၌လည်း ကမ္ဘာ့ကုလသမဂ္ဂ၏ အမေရိကန် ကိုယ်စားလှယ်ဖြစ်သည့် စာရာဟ်မဒဲဆန်၊ ဥရောပသမဂ္ဂ ကိုယ်စားလှယ်၊ အာဆီယံနိုင်ငံ များမှ အသင်းအဖွဲ့များ အပါအဝင် အခြားသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

လက်ရှိအခြေအနေများနှင့် ပတ်သက်၍ BROUK ဥက္ကဋ္ဌမှ ပြောကြားခဲ့သည်မှာ၊ မိမိတို့သည် လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ် ခြင်းကို လေးစားသော်လည်း၊ ဆန္ဒဖော်ထုတ်မှုများသည် ဒီမိုကရေစီစနစ်၏ စံ၊ မူဘောင်အတွင်း၌သာ ရှိရမည်ဖြစ်ကြောင်း၊ အစဉ်တစိုက် ဖြစ်ပေါ်နေသည့် ဆန္ဒဖော်ထုတ်မှု များသည် အမုန်းမှိုင်းတိုက်ခြင်းနှင့် အစ္စလာမ်ကြောက်ရောဂါ တို့ပြန့်ပွါးစေ သည်ဖြစ်ရာ၊ ရိုဟင်ဂျာတို့အပေါ် အကြမ်းဖက်ကျူးလွန်မှုများ ဖြစ်စေမည်ကို စိုးရိမ်မိကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ အဆက် အသွယ်ပြတ် ပိတ်မိနေသော ဒေသများ၊ ရွာများနှင့် ခွဲခြားဆက်ဆံမှု အပြည့်ရှိသော ဒုက္ခသည်စခန်းများ အတွင်းရှိ အကြမ်းဖက်ခံ ရိုဟင်ဂျာများသည် လုံခြုံရေး ကင်းမဲ့ခြင်း၊ အကူအညီမဲ့ခြင်း တို့အား အဆုံးစွန် ခံစားရလျှက်ရှိကြောင်း၊ ငြိမ်းချမ်းရေးကို ကျိုးပေါက်စေနိုင်သည့် ခြိမ်းခြောက်မှုပြည့် ဥပဒေချိုးဖောက်မှု များအား ကျူးလွန်သူ များကို အစိုးရအနေဖြင့် တားဆီးသင့်ကြောင်း၊ မိမိကိုယ်ကိုမိမိ သတ်မှတ်ပြဋ္ဌာန်းခွင့် ဟူသော အပြည်ပြည်ဆိုင်ရာ စံ အားထိန်းသိမ်းရန်လည်း အစိုးရတွင်တာဝန် ရှိကြောင်း စသဖြင့် ပြောကြားခဲ့ပါသည်။

BROUK ဥက္ကဋ္ဌ ဦးထွန်းခင်မှ အမေရိကန်အစိုးရအား တိုက်တွန်းချက်

NLD ဦးဆောင်သောအစိုးရအား ဖိအားပေးရန်


- ရိုဟင်ဂျာများ အနေဖြင့် ၎င်းတို့၏ လူမျိုးအမည်အား "ရိုဟင်ဂျာ" ဟူ၍သာ မိမိကိုယ်ကိုမိမိ ပြဋ္ဌာန်းခွင့်ပေးရန်။

- မြန်မာနိုင်ငံရှိ မွတ်စလင်များနှင့် ရိုဟင်ဂျာတို့အားဆန့်ကျင်သည့် အမုန်းမှိုင်းတိုက်မှုပြုသူ များကို အရေးယူမှုပြုရန်။

- နိုင်ငံတွင်း အခြေအနေမဲ့ ဖြစ်နေသူ အားလုံးကို ၎င်းတို့၏ လူ့အသိုင်းအဝိုင်း၊ နေရာဌာနေများနှင့် ပိုင်ဆိုင်မှုများဆီသို့ ပြန်ခွင့် ပြုရန်။

- ရိုဟင်ဂျာများ၏ အခြေခံ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုတို့အား ကန့်သတ်ထားမှု များနှင့် အခြားဖိနှိပ်မှု များအား အဆုံး သတ်ရန်။

- နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ၏ ရခိုင်ပြည်နယ်ရှိ လုပ်ငန်း ဆောင်တာ များအား ကန့်သတ်ထားသည်များ အားလုံး ကို ရုပ်သိမ်းရန်နှင့် အကူအညီပေးရေး ဝန်ထမ်းများ၏ လုံခြုံရေးကိုတာဝန်ယူရန်။

- ရိုဟင်ဂျာတို့အနေဖြင့် တင်းပြည့်ကျပ်ပြည့် နိုင်ငံသားဖြစ်မှု အပါအဝင် နိုင်ငံသားဖြစ်မှုနှင့် ဆက်စပ်သည့် အခွင့်အရေးများ ရရှိစေရန် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအား အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံသားဖြစ်မှု စံနှုန်းတို့နှင့် အညီ ပြုပြင်ရန်။

အမေရိကန် အစိုးရ အနေဖြင့် ဆောင်ရွက်ပေးရန်

- လူသားချင်းစာနာသည့် အကူအညီများကို ရခိုင်ပြည်နယ်ရှိ အခြေအနေမဲ့နေသူများ၊ ရိုဟင်ဂျာများနှင့် အခြားအတိဒုက္ခ ရောက်လျှက်ရှိသူများသို့ ဆထက်တိုးကား ပေးအပ်ရေး။

- ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေရှ် နိုင်ငံများသို့ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များအား အမေရိကန်နိုင်ငံတွင်း အခြေချ နေထိုင်ရေး။

- ဒုက္ခသည် စခန်းများအတွင်း စာသင်ကျောင်းများ ဖွင့်လှစ်ပေးရန်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် အဆင့်မြင့်ပညာ သင်ကြားနိုင်ရေး အတွက် စီစဉ်ပေးရေး။

- ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာများနှင့် အခြား မွတ်စလင်များ၏ အခြေအနေကို စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ကဲ့သို့ကမ္ဘာ့ကုလသမဂ္ဂ၏ သဘောဆန္ဒနှင့်အညီ အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ပေါ်ပေါက် လာရန် အထောက်အကူ ပေးရေး။

- ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့တည်ထောင်ရာတွင် အပြည်ပြည်ဆိုင်ရာ ထောက်ခံမှု ရရှိစေရန် ကြိုးပမ်းပေးရေး။

- လူမျိုးဘာသာပေါင်းစုံ ပြည်သူများ အကြား တန်းတူ အခွင့်အရေးနှင့် သဟဇာတဖြစ်စွာ နေထိုင်မှုတို့ဖြင့် အတိ ပြီးသော လူ့ အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာစေရန်နှင့် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူ့အဖွဲ့အစည်းများ အနေဖြင့် အမုန်းမှိုင်းတိုက်မှု များကို ရင်ဆိုင် ဖယ်ရှားနိုင်ရန် လိုအပ်သည့် အရင်းအမြစ်များနှင့် နည်းပညာ ကျွမ်းကျင်မှု တို့ပေးရေး။



BROUK ဥက္ကဋ္ဌ ဦးထွန်းခင်သည် ဟောလီးဝုဒ်သရုပ်ဆောင်နှင့် ဒါရိုက်တာဖြစ်သူ မတ်ဒီလွန် နှင့်လည်း တွေ့ဆုံခဲ့ပြီး၊ မြန်မာ နိုင်ငံအတွင်းရှိ ရိုဟင်ဂျာ မျိုးတုန်းသန့်စင်မှုအား ရပ်တန့်စေရန် ကြိုးပမ်းမှုအတွက် အခြားနာမည်ကျော် များကိုလည်း လက်တွဲ ပါဝင်လာစေဖို့ ကူညီပေးပါရန် တိုက်တွန်း ပြောကြားခဲ့သည်။ ဦးထွန်းခင်သည် လွန်ခဲ့သည့်နှစ်က မတ်ဒီလွန်အား ရိုဟင်ဂျာ အရေး အသနားခံခဲ့ခြင်းကြောင့် မတ်ဒီလွန် အနေဖြင့် ဒုက္ခသည် စခန်းများသို့ သွားရောက်လိုသည့် ဆန္ဒပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus