နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲများ သောက်စား မူးယစ်၍ ဒေသခံ ရိုဟင်ဂျာ များကို ရိုက်နှက်၊ ပစ္စည်းများ လုယက်



Rohingya Eye
RB News
5.6.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဇော်မတက် ကျေးရွာအုပ်စု၊ ကိုင်းကြီး (န.တ.လ) ရွာမှ ဦးတင်ဗိုလ် (အသက် ၃၅ နှစ်) သည် ရွာ၏ အရှေ့ဘက်၊ ရွာလမ်း၏ အနောက်ဘက်တို့တွင် တဲများထိုး၍ အရက်များ ရောင်းချလျက်ရှိရာ အနီးအနားရွာများရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများ လာရောက်၍ အရက်သောက် မူးယစ်ကာ ဆိုင်ရှေ့မှ ဖြတ်သန်း သွားလာသော ဒေသခံ ရိုဟင်ဂျာ ထင်းခုတ်သမား များကို ရိုက်နှက်ခြင်း၊ ငါးရောင်းသူများမှ ထံမှ ငါးများ အတင်းအဓမ္မ လုယက်ခြင်းများ နေ့စဉ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

မေလ (၂၇) ရက်နေ့တွင် ဇော်မတက်ရွာမှ ဦးအီနုစ် (ဘ) ဦးနော်ဇီရ် (အသက် ၄၅ နှစ်) ၏ ဆိတ်တစ်ကောင်နှင့် ဦးမာမတ်ဇော်ကော်ရီယာ (အသက် ၅၅ နှစ်) ၏ ဆိတ်တစ်ကောင် တို့ကို အဆိုပါ အရက်ဆိုင်တွင် အရက်သောက်နေသည့် ကိုင်းကြီး (န.တ.လ) ရွာမှ နယ်ခြားစောင့်ရဲ များက လိုက်လံ ဖမ်းဆီး၍ သတ်ဖြတ် စားသောက် ခဲ့ကြောင်း ဆိတ်ပိုင်ရှင်များက ပြောပါသည်။ အဆိုပါ အရက်ဆိုင်တွင် မူးယစ်နေသည့် နယ်ခြားစောင့်ရဲများ၊ ရခိုင်လူမျိုးများ၏ ရန်ပြုခြင်းကို ဆိုင်ရှေ့မှ ဖြတ်သန်း သွားလာသော ဒေသခံ ရိုဟင်ဂျာများ အမြဲကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောပါသည်။

ယင်းအရက်ဆိုင်မှ ယခုမှ အသစ်ဖွင့်ထားသည့် အရက်ဆိုင် ဖြစ်ပြီး၊ ဆိုင်ရှေ့မှ ဖြတ်သန်း သွားလာသည့် ရိုဟင်ဂျာ များကို အမြဲစော်ကားခြင်း၊ ရန်ပြုခြင်းများ အမြဲပြုလုပ်နေသည့် အတွက် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို ရွာသား များက အထူး စိုးရိမ်လျက် ရှိနေကြသည်။ ယင်းအရက်ဆိုင်ကို မဖွင့်ရန် န.တ.လ ရွာသားများက ကန့်ကွက်ခဲ့ကြောင်း၊ ၎င်းတို့လည်း ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက် ရှိကြောင်း သိရသည်။ 

ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့် အဆိုပါ အရက်ဆိုင်ကို အမြန်ဆုံး ဖျက်သိမ်း ပေးရန် ရွာသားများက လိုလား နေကြသည်။

Comment ရေးရန်

Rohingya Exodus