နောက်ဆုံးသတင်း/ဆောင်းပါးများ

မန္တလေးမြို့ တရားပွဲအနီး ပေါက်ကွဲမှုဖြစ်၊ သုံးဦး ဒဏ်ရာရ

(ဓါတ်ပုံ - Facebook)
အောင်ကိုဦး 
22.7.2013

မန္တလေးမြို့ မဟာ အောင်မြေ မြို့နယ် အတွင်း ၃၆ လမ်း ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် အရှင် ဝီရသူ၏ ဓမ္မပူဇာ တရားပွဲ ပြုလုပ် နေစဉ် ကားဘီးများ ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ် ခဲ့ရာ အနီးရှိ သုံးဦး ပွန်းပဲ့ ဒဏ်ရာများ ရရှိသွား ကြပြီး တရားပွဲ ကိုလည်း ရပ်လိုက် ရသည်။

တရားပွဲ အနီး ရပ်တန့် ထားသည့် ကားနံပါတ် ၇က/၃၀၂၀ ၏ ဘီးများ ပွင့်ထွက်ကာ ပေါက်ကွဲ ရာမှ ကိုရင်ငယ် တစ်ပါး၊ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦးတို့ ခြေထောက် များတွင် ပွန်းပဲ့ ဒဏ်ရာများ ရရှိ သွားကြ သည်ဟု အနီးရှိ တာဝန်ကျ ရဲတပ်သား တစ်ယောက်က မဇ္ဈိမကို ပြောသည်။ အမျိုးသမီးနှင့် အမျိုးသား တို့ကို မန္တလေး ဆေးရုံ ကြီးသို့ ပို့ဆောင် ထားသည်။

အခင်း ဖြစ်ပွား ရာသို့ ရောက်ရှိ လာသည့် ရဲများက အဆိုပါ ကားဘီး ပေါက်မှုသည် သာမန် ပေါက်ကွဲခြင်း လော၊ အခြား အကြောင်း အရာ တစ်ခုခု ကြောင့်လော ထုတ်ဖော်ေ ပြောဆိုခြင်း မရှိသေးပါ။

တရားပွဲကို ည ၇ နာရီတွင် စတင်ခဲ့ပြီး ၉ နာရီ ၁၅ မိနစ်တွင် ပေါက်ကွဲမှု ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်သည်။ တရားပွဲကို ယခုလ ၁၇ ရက်တည်းက ကျင်းပခြင်း ဖြစ်ကာ ၂၁ ရက်ည တရားပွဲသည် နောက်ဆုံး ညလည်း ဖြစ်သည်။ အဆိုပါ တရား ပွဲသို့ လူရာ ပေါင်းများစွာ လာရောက် နာယူ ခဲ့ကြသည်။ 

Comment ရေးရန်

Rohingya Exodus