နောက်ဆုံးသတင်း/ဆောင်းပါးများ

အစ္စလာမ် ဘာသာရေးကျောင်း မီးလန့်သည့်ကိစ္စ အမှုမှန် ဖော်ထုတ်ရန် စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့

(ဓါတ်ပုံ - Facebook)

ဇော်ဇော်ထွေး
5.9.2013

သင်္ဃန်းကျွန်း မြို့နယ်၊ (ခ) ရပ်ကွက်ရှိ အစ္စလာမ် ဘာသာရေး အထက်တန်း ကျောင်းတွင် စက်တင်ဘာ ၄ ရက် နံနက် ၂ နာရီခန့်က မီးလန့်သည့် ကိစ္စကို အမှုမှန် ဖော်ထုတ်ရန် ခရိုင် အထွေထွေ အုပ်ချုပ်ရေး မှူးရုံးက စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း လိုက်ပြီ ဖြစ်သည်။

ဂျာမိအာ ဆိုသော အဆိုပါ အစ္စလာမ် ဘာသာရေး အထက်တန်း ကျောင်း၏ ဓနိဖြင့် မိုးထားသော ခေါင် မိုး ပေါ်သို့ အင်ဂျင်ဝိုင် စိုနေသော အ၀တ်ပတ် ထားသည့် မီးတုတ် ပစ်တင်ခဲ့မှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင် ဖြစ်သူ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ထွန်းက “ခေါင် မိုးပေါ် ကမီးတုတ်ကို ကလေး သုံးဦးအနက် တစ်ဦးက ကုတ်တက် ယူပြီး အောက်သို့ ပစ်ချ ပေးခဲ့တယ် ဆို တဲ့ ထွက်ဆိုချက် ရှိပါတယ်။ မီးငြှိမ်းသတ် ခဲ့တယ် ဆိုတဲ့ အဲဒီ ကလေး သုံးယောက်နဲ့ ပတ်သက်ပြီး စုံ စမ်း နေဆဲဖြစ် ပါတယ်” ဟု သတင်းထောက် များကို ပြောသည်။

စုံစမ်း စစ်ဆေးရေး အဖွဲ့တွင် သင်္ဃန်းကျွန်း မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူးက အဖွဲ့ ခေါင်းဆောင် အဖြစ် တာဝန် ယူကာ၊ မြို့နယ် ရဲမှူးနှင့် မြို့နယ် မီးသတ် ဦးစီးမှူး တို့က အဖွဲ့ဝင် များအဖြစ် တာဝန် ယူ ဆောင်ရွက် ကြမည် ဖြစ်ကာ စက်တင်ဘာ ၅ ရက်တွင် သုံးသပ် အကြံပြု ချက်များကို ခရိုင် အထွေထွေ အုပ်ချုပ် ရေးမှူးထံ တင်ပြ ရမည် ဖြစ်သည်။

ထိုကိစ္စ ဖြစ်ပွား သည်ကို သတင်းကြား သဖြင့် နေ့လည် ခင်းတွင် သင်္ဃန်းကျွန်းမှ အောက်လွှတ်တော် အ မတ် ဦးသိန်းညွန့်၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး၊ မြို့နယ် ရဲမှူးတို့ လာရောက် ကြည့်ရှုကာ အခြေအနေ များကို စုံစမ်း မေးမြန်း ခဲ့ကြသည်။

အခင်း ဖြစ်ပွား ခဲ့သော အစ္စလမ် ဘာသာရေး ကျောင်းတွင် ကျောင်းအိပ် ကျောင်းစား ကလေးငယ် ၂၇၀ ပင်ရှိကြောင်း ကျောင်းအုပ်ဖြစ်သူ ဦးခင်အောင် ကဆိုသည်။ သူက “ဒီကိစ္စကို စိုးရိမ်မှု မရှိတော့ ပါဘူး” ဟု လည်း ထိုနေ့က ဆိုသည်။

ထို့ပြင် ၎င်းတို့သည် ယခင် ကတည်းကပြဿနာများ မရှိခဲ့ သလို နောင်လည်း ပြဿနာများ မဖြစ် ချင်ကြောင်းနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင် ချင်သည်ဟု သတင်းထောက် များကို ရှင်းပြခဲ့သည်။

အောက်လွှတ်တော် အမတ်ဦးသိန်းညွန့်ကအဆိုပါမီးလန့်မှုနှင့်ပတ်သက်၍လည်းအာဏာပိုင် များ၏ ဆောင် ရွက် နေမှုအား ဘာသာရေး ကျောင်းဆရာ များနှင့် အစ္စလာမ် ဘာသာဝင်များ ကိုယ် တိုင် ကျေ နပ် မှု ရှိကြောင်းနှင့် သင်္ဃန်းကျွန်း တစ်မြို့နယ်လုံးတွင် အေးချမ်း တည်ငြိမ် နေပြီ ဖြစ်ကြောင်း မဇ္ဈိမ ကို ပြော သည်။

လက်ရှိ အချိန်တွင် အခင်း ဖြစ်သည့် ဘာသာရေး ကျောင်းတွင် ရဲအရာရှိ သုံးဦး၊ ရဲ ၁၀ ဦး၊ အရံမီးသတ် ၁၀ ဦးနှင့် ရပ်ကွက် အတွင်းမှ အုပ်ချုပ်ရေး တာဝန်ရှိသူ ၁၀ ဦးတို့ဖြင့် လုံခြုံရေး ယူထားသည် ဟုလည်း ရဲမှူး သက်ထွန်းက သတင်းထောက် များကို ပြောသည်။

Comment ရေးရန်

Rohingya Exodus