နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်းမှ နယ်ခြားစောင့်ရဲ များက ဒေသခံ တစ်ဦးထံမှ ငွေညှစ်



MYARF
RB News
12.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင် အချို့သည် အနီးတ၀ိုက်ရှိ ကျေးရွာများသို့ သွားရောက်၍ နည်းမျိုးစုံဖြင့် ခေါင်းစဉ်အမျိုးမျိုး တပ်ကာ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၇) ရက်နေ့ နံနက် (၁၁) နာရီ အချိန်ခန့်တွင် အထက်ဖော်ပြပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဦးစံရွှေလှ အပါအ၀င် တပ်ဖွဲ့ဝင် နှစ်ဦးသည် ရာအိမ်မှူး ဦးနူရ်အစ္စလာမ် (ဘ) ဦးအာဘုလ်ဟူဆောင်းနှင့် အတူ ဖရုံချောင်း ကျေးရွာအုပ်စု ဒိုးတန်း (၂) ရွာမှ ရော်ရှိဒူလ္လာ (ဘ) ဦးအာဘုလ်ကာဆိမ်း (အသက် ၂၂ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ထိုသို့ ငွေညှစ်ရခြင်းမှာ ညောင်ချောင်းဈေးမှ ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာစဉ် လမ်းတစ်ဝက်တွင် ရုတ်တရက် ဆိုင်ကယ် လဲကျပြီး ဆိုင်ကယ်ပေါ်၌ တင်ဆောင်လာသည့် ဆန်နှစ်အိတ်သည် တံတားအောက်သို့ ကျသွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

အလားတူ ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင် အချို့သည် ဒေသခံ ရိုဟင်ဂျာများကို နှိပ်စက်ခြင်း၊ ခိုင်မာသော အကြောင်းပြချက် မရှိဘဲ ငွေညှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ တဖက်သတ် အနိုင်ကျင့်ခြင်းများကို နေ့စဉ်နေ့တိုင်း ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

သို့ဖြစ်ပါ၍ ဘူးသီးတောင် မြို့နယ် အခြေစိုက် သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ အနေဖြင့် အောက်ခြေ အာဏာပိုင်များက အေးချမ်းစွာ နေထိုင်လိုသော ရိုဟင်ဂျာ လူထုကို မတရားသဖြင့် အနိုင်ကျင့်နေသည်များကို အချိန်မှီ တားဆီး ပေးရန် အထူးလိုလားကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus