နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့မဈေးဂိတ်ဝရှေ့တွင် CNG မောင်းသော ရိုဟင်ဂျာများကို ရခိုင် CNG သမားများက နေ့စဉ် အနိုင်ကျင့်နေ

MYARF
RB News
2.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့မဈေးဂိတ်ဝရှေ့တွင် ရိုဟင်ဂျာများ မောင်းနှင်သည့် သုံးဘီး CNG ကားများရပ်လျှင် ရိုက်နှက် လုယက်ခံရသည်။

ဘူးသီးတောင်မြို့နယ် မြို့ဈေးဂိတ်ဝရှေ့တွင် CNG သုံးဘီးကားများရပ်၍ ခရီးသည်တင်သည့် နေရာဖြစ်သော်လည်း ယင်းနေရာတွင် ရိုဟင်ဂျာများ မောင်းနှင်သည့် CNG သုံးဘီးကားများ ရပ်၍ ခရီးသည်တင်လျှင် ရခိုင်လူမျိုး CNG မောင်းနှင်သူများက ရိုက်နှက်ခြင်း၊ ငွေပစ္စည်းများလုယက်ခြင်း၊ ဘီယာဘူးများ ၀ယ်ပေးခိုင်းခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထိုသို့ မတရားသဖြင့် ပြုမှုခံရသည်များကို ဘူးသီးတောင်မြို့နယ် အခြေစိုက် ယာဉ်ထိန်းရဲများကို တိုင်ကြားသော်လည်း ယာဉ်ထိန်းရဲများက ဖြေရှင်းမပေးဘဲ ၎င်းတို့နှင့် မသက်ဆိုင်သလိုနေ၍ သောင်းကျန်းနေသူများကို သွယ်ဝိုက်၍ အားပေးနေသည်ဟု ဒေသခံများက ဆိုသည်။ အရေးယူမှုတစ်စုံတစ်ရာ မရှိသောကြောင့် နေ့စဉ်ရက်ဆက် အနိုင်ကျင့်လျက်ရှိသည်။ 

“မြို့မဈေးရှေ့ ဂိတ်ဝမှာ ရပ်စောင့်ပြီး ခရီးသည်မတင်ရင်တောင် အဲဒီနေရာက ခရီးသည်များ အများစု အတက်အဆင်း လုပ်တဲ့နေရာဖြစ်နေတော့ မဖြစ်မနေ အဲဒီကို သွားကိုသွားရတယ်။ ရခိုင် CNG သမားတွေက ရိုဟင်ဂျာ CNG သမားတွေ့တာနဲ့ ဒုက္ခပေးတော့တာပဲ။ သက်ဆိုင်ရာကို တိုင်ရင်လည်း အရေးမယူဘူး။ အဓိက ဒီအရပ်ဒေသမှာ ရိုဟင်ဂျာတွေဘက်က ရပ်တည်ပေးတဲ့ ဥပဒေဆိုတာ မရှိဘူး” ဒေသခံတစ်ဦးက ပြောသည်။



Comment ရေးရန်

Rohingya Exodus