နောက်ဆုံးသတင်း/ဆောင်းပါးများ

လူကုန်ကူး တားဆီးရေးနှင့် နယ်ခြားစောင့်ရဲ တို့ပူးပေါင်း၍ ဒေသခံနှစ်ဦးထံမှ ငွေညှစ်

RB News
15.8.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှ ဒုတပ်ကြပ် ဆရာချေ အပါအ၀င် (၃) ဦးနှင့် ဖောင်တော်ပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဆရာစိုးဝင်း ဆိုသူ တို့သည် သြဂုတ်လ (၁၂) ရက်နေ့ နံနက် (၁၁) နာရီခန့် အချိန်တွင် ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ခြင်းသမား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာရောဖ် မှတဆင့် ဆင့်ခေါ်ခဲ့သည်။ ခြင်းသမား ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဆက်အသွယ် ရရှိရန် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်မြေမှူးက ချိတ်ဆက်ပေးခဲ့သည်။

ဒေသခံ ရိုဟင်ဂျာနှစ်ဦးမှာ မောင်နုရွာမှ ဦးဟာရွန် (ဘ) ဦးနူရ်အစ္စလာမ်နှင့် ဦးမာမတ်ဆော်လိမ် (ဘ) ဦးကာလူ တို့ဖြစ်ကြပြီး၊ ၎င်းတို့ကို ဖောင်တော်ပြင် ဈေးထဲရှိ ဦးကေဖာယောတုလ္လာ၏ လဘက်ရည်ဆိုင်ထဲသို့ ခေါ်ဆောင် သွားပြီး လူအများ ရှေ့မှောက်တွင် ခြိမ်းခြောက်ခြင်း၊ ဆဲဆိုခြင်း၊ လူမျိုး ဘာသာ ခွဲခြား၍ ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဦးမာမတ်ဟာရွန် ထံမှ ငွေကျပ် ၅ သောင်းနှင့် ဦးမာမတ်ဆော်လိမ် ထံမှ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ ေ


ငွေညှစ်ခံရသူနှစ်ဦးက ငွေညှစ်ခံရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဦးဇော်ဝင်းထံ လိပ်မူ၍ တိုင်ကြားစာ ပေးပို့ထားကြောင်း သိရှိရသည်။


Comment ရေးရန်

Rohingya Exodus