နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့မဈေးတွင် ဘီးခွန် ကောက်ခံလျက်ရှိ

MYARF
RB News
15.8.2016


ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့မဈေးကြီးတွင် ဘီးခွန် ကောက်ခံနေသည်ဟု သတင်း ရရှိပါသည်။ 

ဘူးသီးတောင် မြို့နယ် ရွက်ညိုတောင် ကျေးရွာမှ ဦးရာမတ်အုလ္လာ (ဘ) ဦးဆွေယောတဒ်အုလ္လာသည် ဘူးသီးတောင် နယ်ပိုင်းမှ မြို့မဈေးသို့ ဈေးဝယ်ရန်၊ ဆေးဝါးကုသမှု ခံယူရန်နှင့် အခြားကိစ္စများဖြင့် ရောက်လာကြသော ရိုဟင်ဂျာများ၏ စက်လှေများ လှောင်းလှေများမှ အခွန်များကို ယခင် ဆယ်စုနှစ်ကတည်းကပင် ကောက်ခံလျက် ရှိသည်။ 

ယခုအခါ ၎င်းသည် ဘူးသီးတောင် မြို့နယ် အမှတ် (၃) ရပ်ကွက်မှ မောင်ခင်သိန်း ဆိုသူနှင့် ပူးပေါင်း၍ ဘူးသီးတောင် အခြေစိုက် စစ်ဗျူဟာရုံးမှ လိုင်စင် ရယူခဲ့သည်ဟု ဆိုကာ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များမှ ဘီးခွန် ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဘီးခွန်များကို သြဂုတ်လ (၁၂) ရက်နေ့မှ စ၍ ကောက်ခံနေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ကားတစ်စီးလျှင် (သုံးဘီးယာဉ် အပါအ၀င်) ငွေကျပ် ၁၀၀၀၊ မော်တော်ဆိုင်ကယ် တစ်စီးလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ကောက်ခံနေပြီး၊ ဘူးသီးတောင် မြို့မဈေးသို့ ရောက်လာသည့် မော်တော်ဆိုင်ကယ် ၂၀၀ ကျော်ရှိသည်ဟု သိရသည်။


Comment ရေးရန်

Rohingya Exodus