နောက်ဆုံးသတင်း/ဆောင်းပါးများ

သေကံခွဆုံ အုပ်ချုပ်ရေးမှူးက ဒေသခံ (၃) ဦးထံမှ ငွေကျပ် (၆) သိန်း ညှစ်

MYARF
RB News
22.8.2016


ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် သေကံခွဆုံ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံ ရိုဟင်ဂျာ (၃) ဦးထံမှ ငွေကျပ် (၆) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၁၂) ရက်နေ့က သေကံခွဆုံ ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဦးနုရ်အာလောမ် (ဘ) ဦးဘာယောန်ဘီယာရီ၏ ဓနိတန်းကို အောက်ဖော်ပြပါ ရိုဟင်ဂျာ (၃) ဦးက ဖျက်ဆီးသည်ဟု ဆိုကာ စွပ်စွဲ၍ ငွေကျပ် (၂) သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသူ (၃) ဦးမှာ --

(၁) ဦးအဒူလ္လာ (ဘ) ဦးမာမတ်တူဆောင်း
(၂) ဦးနူရူလောက် (ဘ) ဦးဟာဘီရော်မန်
(၃) ဦးယာဟာယာ (ဘ) ဦးမာမတ်အီလီယာစ် - တို့ဖြစ်ကြသည်။



Comment ရေးရန်

Rohingya Exodus