နောက်ဆုံးသတင်း/ဆောင်းပါးများ

မန်ကျည်းချောင်းမှ နယ်ခြားစောင့်ရဲ များက ငါးဖမ်းသမား နှစ်ဦးကို ဖမ်းဆီး၍ ငွေ ၁၀ သိန်းညှစ်

MYARF
RB News

22.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မန်ကျည်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ခံရဲမှူးနှင့် အဖွဲ့သည် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ အချိန်မတော် သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများကို အနှောက်အယှက် ပေးခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဖမ်းဆီး ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

သြဂုတ်လ (၂၀) ရက်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် မန်ကျည်းချောင်း စခန်းမှ စခန်းမှူး အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၁၂) ဦးခန့်သည် ကား၊ မော်တော်ဆိုင်ကယ် များဖြင့် တပ်ဦးချောင်း (ယခင် ဘဂုံးနား) ကျေးရွာသို့ ၀င်ရောက် လှည့်လည်ခဲ့သည်။ ထိုသို့ လှည့်လည်ရာတွင် ပုဇွန်ကန် တစ်ကန်၏ တာဘောင်ပေါ်တွင် ထိုင်ရင်း ကွန်ပိုက်ချ ငါးဖမ်းရန် ဒီရေကျသည့် အချိန်ကို စောင့်ဆိုင်းနေသည့် ငါးဖမ်းသမား အချို့ ကို တွေ့ရှိခဲ့ရာ တစ်စုံတစ်ရာ မေးမြန်း ပြောဆိုခြင်းမရှိဘဲ ဖမ်းဆီးရန် ကြိုးစားခဲ့ရာ ငါးဖမ်းသမားများက ထိုင်နေရာမှ ထ၍ ထွက်ပြေးသွားခဲ့သည်။ 

စခန်းမှူးနှင့် အဖွဲ့က နောက်မှ ပြေးလိုက်၍ ဖမ်းဆီးရာ ငါးဖမ်းသမားနှစ်ဦးကို ဖမ်းဆီးမိပြီး စခန်းသို့ ခေါ်ဆောင် သွား၍ သြဂုတ်လ (၂၁) ရက်နေ့ နေ့လည်ပိုင်းတွင် ငွေကျပ် (၅) သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



Comment ရေးရန်

Rohingya Exodus