နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ်၌ အကူအညီ အထောက်အပံ့ပေးရေး ကန့်သတ်ချက်များကို NLD အစိုးရမှ ရုပ်သိမ်းပေးရေး။



မြန်မာ ရိုဟင်ဂျာ အစည်းအရုံး UK (BROUK) မှ သတင်းထုတ်ပြန်ချက်။

၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် နေ့တွင် မဆိုင်းမတွထုတ်ပြန်ရန်။

ရခိုင်ပြည်နယ်၌ အကူအညီ အထောက်အပံ့ပေးရေး ကန့်သတ်ချက်များကို NLD အစိုးရမှ ရုပ်သိမ်းပေးရေး။

အမေရိကန်နိုင်ငံအခြေစိုက် Burma Task Force မှ စီစဉ်လျှက်ရှိသည့် Global Day of Action (ကမ္ဘာလုံး ဆိုင်ရာအရေးယူဆောင်ရွက်ရေးနေ့)၏ကဏ္ဍတစ်ရပ်အနေဖြင့် မနက်ဖြန်သောကြာနေ့၊ နေ့လယ်တွင် လန်ဒန် မြို့ရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြပွဲတစ်ရပ်အားပြုလုပ်ရန် မြန်မာ့ရိုဟင်ဂျာအစည်းအရုံး UK (BROUK) မှ စီစဉ် လျှက်ရှိပါသည်။ ချိကာဂို၊ ဝါရှင်တန် ဒီစီ၊ နယူးယောက်၊ လောစ်အန်ဂျလီးစ် နှင့် စတော့ဟုမ်းမြို့များတွင်လည်း ဆန္ဒပြပွဲများပြုလုပ်လျှက်ရှိပါသည်။ Global Day of Action (ကမ္ဘာလုံးဆိုင်ရာအရေးယူဆောင်ရွက်ရေးနေ့) အား ဥရောပနိုင်ငံ ၁၀ နိုင်ငံကျော်တွင်ရှိသော ရိုဟင်ဂျာအဖွဲ့ အစည်းများမှာလည်း Burma Campaign UK, Burmese Muslim Association UK အပါအဝင်အခြားအဖွဲ့အစည်းများ နှင့် အတူတကွ ထောက်ခံလျှက်ရှိ ပါသည်။

NLD ဦးဆောင်သည့်အစိုးရအာဏာရရှိသည်မှာလေးလကြာမြင့်ပြီဖြစ်သော်လည်း NLD အစိုးရသည် ရခိုင်ပြည် နယ်ရှိဒုက္ခသည်များအားလူသားချင်းစာနာထောက်ထားမှုအကူအညီအထောက်အပံ့ပေးရေးလုပ်ငန်းများ အပေါ် ထားရှိသည့်ပြင်းထန်သောပိတ်ပင်တားဆီးမှုများကို ရုပ်သိမ်းခြင်းမရှိသေးပါ။ အကူအညီအထောက်အပံ့ ပေးရေး လုပ်ငန်းများကိုအစိုးရမှပိတ်ပင်တားမြစ်ထားသည့်အတွက် ၂၀၁၂ မှစ၍ ၎င်းတို့၏နေအိမ်များမှ အဓမ္မ နှင်ထုတ် ခံရမှုကြောင့်လူနေမှုအဆင့်အတန်းအလွန်နိမ့်ပါးလှသော ဒုက္ခသည်စခန်းများသို့ရောက်ရှိနေထိုင် နေရလျှက် ရှိသည့်ရိုဟင်ဂျာနှင့်ကမန်များသည်သေကြေပျက်စီးအတိဒုက္ခရောက်လျှက်ရှိပါသည်။ ရခိုင်လူမျိုးများ၊ ရိုဟင်ဂျာ များနှင့် ကမန်များအားလုံးသည် ကန့်သတ်တားမြစ်ချက်များကြောင့် အတိဒုက္ခရောက်နေခြင်း ဖြစ်ပါသည်။

ရိုဟင်ဂျာလူမျိုးများသည် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများ တိုးပွါးလာခဲ့သည့် ၂၀၁၂ မှ စတင်ကာ တစ်နေ့ တစ်ခြား ဆိုးဝါးလျှက်ရှိသည့်လူသားခြင်းစာနာမှု ချိုးဖောက်မှုများကို ရင်ဆိုင်ကြုံတွေ့ရလျှက်ရှိသည်။ ခရီးသွားလာမှုအား ပိတ်ပင်ထားခြင်းနှင့်လုံခြုံရေးကင်းမဲ့မှုများတိုးမြင့်လာခြင်းကြောင့်ရိုဟင်ဂျာများစားနပ်ရိက္ခာဝယ်ယူရေး ပိုမိုခက်ခဲ လျှက်ရှိသည်။ဒုက္ခသည်စခန်းများနှင့် ရခိုင်ပြည်နယ်၏ ကျန်ဒေသများသို့ နိုင်ငံတကာ အကူအညီ အထောက် အပံ့ပေးရေးလုပ်ငန်းများအားတားမြစ်ပိတ်ပင်ထားမှုကြောင့်လူသားမဆန်သည့်အတိဒုက္ခရောက်မှုများ ပိုမိုဆိုးဝါး စွာခံစားနေရခြင်းဖြစ်သည်။ ၂၀၁၂မှစတင်ကာ၁၄၀,၀၀၀အရေအတွက်ရှိသောဒေသတွင်းအခြေအနေမဲ့ လူသား များသည် ကမ္ဘာ့အဆိုးဝါးဆုံးအခြေအနေများအနက် အပါအဝင်ဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂအရာရှိများမှ စီစစ်ထွက်ဆိုထားသည့် ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ခြင်းခံရလျှက်ရှိသည်။ တားမြစ်ပိတ်ပင် ကန့်သတ် ချက်များနှင့် လုံခြုံရေးကင်းမဲ့မှုများကြောင့် ရိုဟင်ဂျာများအနေဖြင့် ၎င်းတို့၏ စားနပ်ရိက္ခာရှာဖွေရန်ရှည်လျား အန္တရာယ်ထူပြောလှသည့် ဒေသတွင်းခရီးများသွားလာနေရသည်။ ၂၀၁၂ မှစတင်ကာ ရိုဟင်ဂျာဦးရေအနက် ၁၀ % ကျော်သည် မြန်မာနိုင်ငံမှ စွန့်ခွါထွက်ပြေးခဲ့ရသည်။

"သူတို့ရဲ့နေအိမ်တွေ၊ ကျေးရွာတွေ ကို လူအုပ်ကြီးတွေက မီးရှို့ဖျက်စီးခဲ့တဲ့ အတွက် လွန်ခဲ့တဲ့လေးနှစ်အရင်က အိုးအိမ်ဌာနေစွန့်ပြေးခဲ့တဲ့ ကျွန်တော်တို့လူမျိုးတွေဟာ ဒုက္ခသည်စခန်းတွေမှာ သေကြေပျက်စီးနေပါတယ်။ အကူအညီအထောက်အပံ့ပေးရေးလုပ်ငန်းတွေအပေါ် ထားရှိတဲ့ ပြင်းထန်တဲ့ ကန့်သတ်ပိတ်ပင်ထားမှုတွေကို အစိုးရ သစ်ကလည်းဆက်လက်ရှိနေစေတဲ့အတွက် သူတို့ဟာတစ်ဖြည်းဖြည်းလုံးပါး ပါးပြီး သေကြေ နေကြ တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာချမှတ်ထားတဲ့ လူသားခြင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ အပေါ် ကန့်သတ်ချက်တွေကို NLD ဦးဆောင်တဲ့အစိုးရဟာ ချက်ခြင်းရုပ်သိမ်းပေးပြီး အကူအညီပေးရေး လုပ်သားတွေ ရဲ့လုံခြုံရေးကိုလည်း အာမခံချက်ပေးသင့်ပါတယ်" ဟု Burmese Rohingya Organisation UK ၏ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းခင်မှ ပြောကြားခဲ့သည်။

အကူအညီပေးရေးလုပ်ငန်းများအပေါ်ကန့်သတ်ချက်များအားချက်ခြင်းရုပ်သိမ်းပေးရန်အတွက် NLD ဦးဆောင် သောအစိုးရကို ဗြိတိသျှအစိုးရအပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းအနေဖြင့် ဖိအားပေးရန်ဆန္ဒပြသူများမှတောင်းဆိုလျှက်ရှိသည်။

သတင်းအချက်အလက်များပိုမိုသိရှိလိုပါက ဦးထွန်းခင် ဖုန်း-+44 7888714866 သို့ဆက်သွယ်နိုင်ပါသည်။

Comment ရေးရန်

Rohingya Exodus