နောက်ဆုံးသတင်း/ဆောင်းပါးများ

အောင်ဇူ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲမှူးက ဒေသခံတစ်ဦးကို ခြိမ်းခြောက်၍ ငွေညှစ်

MYARF
RB News
19.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ ခမောင်းဆိပ်မြို့၊ အောင်ဇူ ကျေးရွာအုပ်စုရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် နမ (၂)၊ စခန်း (၄) ၏ စခန်းမှူး ဖြစ်သူ ရဲမှူးက ဒေသခံတစ်ဦးကို ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။


သြဂုတ်လ (၁၄) ရက်နေ့တွင် အောင်ဇူ ကျေးရွာအုပ်စု ရှီတာရွာမှ ဦးမာမတ်ဟူစိန်း (ဘ) ဦးအဒူကော်ရိမ် (အသက် ၅၅ နှစ်) က စားကျက်မြေရှိ ချုံပုတ်များ ခုတ်ထွင် ရှင်းလင်းခဲ့ရာ၊ စခန်းမှူးကို သတင်းပို့ခြင်း မရှိဟု ဆို၍ ဖမ်းဆီးပြီး စခန်းသို့ ခေါ်ဆောင်သွားကာ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

စခန်းမှူးက ဦးမာမတ်ဟူစိန်းကို ငွေမပေးလျှင် ပုဒ်မအမျိုးမျိုး တပ်၍ မောင်တော တရားရုံးသို့ ပို့ကာ တရားစွဲမည်ဟု ခြိမ်းခြောက်ပြီး ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံကပြောပါသည်။

လက်နက်၊ အာဏာဖြင့် ခြိမ်းခြောက် ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကို အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး အနေဖြင့် အမြန်ဆုံး အရေးယူ ဟန့်တား ပေးရန် ဒေသခံများက အထူး လိုလားနေကြသည်။


Comment ရေးရန်

Rohingya Exodus