ကျောက်ချောင်း ယာယီ အုပ်ချုပ်ရေးမှူးက ရွာသား (၄) ဦးကို ရိုက်နှက်၍ ငွေညှစ်
MYARF
RB News
8.9.2016
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အပိုင် ကျောက်ချောင်း ကျေးရွာ ယာယီ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးက ဒေသခံ ရိုဟင်ဂျာ ရွာသား (၄) ဦးကို ထိုးကြိတ် ရိုက်နှက်၍ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
လူမဆန်စွာ ရိုက်နှက်ခံရပြီး ငွေညှစ်ခံရသူ ဦးအာခ်တာရ်ဟူဆောင်း (ဘ) ဦးဆော်ယောက်တာမောက် (အသက် ၃၁ နှစ်) အပါအ၀င် (၄) ဦးတို့သည် ကျေးရွာအတွင်း ပုဇွန် မွေးမြူရေးကန် လုပ်နေသူများ ဖြစ်ကြပြီး ၎င်းတို့ ပုဇွန်ကန်နှင့် ကပ်လျက်ရှိနေသည့် အခြား ပုဇွန်ကန် တစ်ကန်ကို နစ်နာ ဆုံးရှုံးအောင် ပြုလုပ်ခဲ့သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး နှစ်ဦးတို့က လုပ်ကြံ ဖန်တီးပြီး ၎င်းတို့အား စက်တင်ဘာလ (၅) ရက်နေ့က ရုံးသို့ ဆင့်ခေါ်ပြီး လူမဆန်စွာ ရိုက်နှက်ကာ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
အုပ်ချုပ်ရေးမှူးသည် အဆိုပါ ရွာသား (၄) ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ထောက်ခံမဲ မပေးခဲ့သည်ကို အငြိုးထား၍ လုပ်ကြံခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။