နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော တောင်ပိုင်း ကျေးရွာ (၃) ရွာမှ နေအိမ်များ၊ ဆိုင်ခန်းများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲမှူးက အမိန့်ပေး၍ ဖြိုဖျက်ခိုင်း

Rohingya Eye
RB News
24.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မန်ကျည်းချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးက ကျေးရွာအချို့မှ ဒေသခံရိုဟင်ဂျာများ၏ နေအိမ်များကို ယခင် န.စ.က ဆွဲခဲ့သည့် ကျေးရွာ မြေပုံတွင် ပါဝင်ခြင်း မရှိဟု ဆိုကာ အတင်းအဓမ္မ ဖြိုဖျက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း မန်ကျည်းချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးသည် ၎င်း၏ အပိုင် ပဒေါင်းကျေးရွာအုပ်စု၊ ဂဇောန်ဒီးယာ ရွာမှ တဲအိမ် (၄) လုံးနှင့် ဆိုင်ခန်း (၆) ခန်း၊ ခူးန်ခရားဖာရာရွာမှ အိမ် (၄) လုံး၊ ဆိုင်ခန်း (၃) ခန်းနှင့် မန်ကျည်းချောင်းကျေးရွာမှ နေအိမ် (၂) လုံး၊ ဆိုင်ခန်း (၁၀) ခန်းတို့ကို ယခင် န.စ.က ဆွဲခဲ့သည့် ကျေးရွာ မြေပုံတွင် ပါဝင်ခြင်း မရှိဟု ဆိုကာ ဒီဇင်ဘာလ (၁၉) ရက်နေ့နှင့် (၂၀) ရက်နေ့ များတွင် အတင်းအဓမ္မ ဖြိုဖျက်ခဲ့သည်။

နေအိမ်များ၊ ဆိုင်ခန်းများကို ဖြိုဖျက်ပေးရန် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပိုင်ရှင်များကို အမိန့်ပေးခဲ့ပြီး၊ အိမ်ပိုင်ရှင်များက ဆောင်းရာသီတွင် အိမ်များ ဖြိုဖျက် ဖျက်ဆီးလိုက်လျှင် ကလေးသူငယ်များ နေထိုင်ရေး အတွက် ခက်ခဲမည်ဟု ဆိုကာ ဖြိုဖျက်လိုခြင်း မရှိသော်လည်း ရဲမှူးနှင့် အဖွဲ့က အိမ်ပိုင်ရှင်များကို အတင်းအဓမ္မ ဖြိုဖျက်ခိုင်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဂဇောန်ဒီးယာရွာမှ ဖြိုဖျက်ခံရသည့် အိမ်ပိုင်ရှင်များမှာ --

(၁) ဦးအဘူဆော်ယာဒ် (ဘ) ဦးအာနူမျာ (အသက် ၂၇ နှစ်)
(၂) ဦးရာမတ်အုလ္လာ (ဘ) ဦးလာလ်မျာ (အသက် ၂၈ နှစ်)
(၃) ဦးဇူဘိုင်ရ် (ဘ) ဦးမာဆောင်း (အသက် ၃၃ နှစ်)
(၄) ဦးအေနာမုလ္လာ (ဘ) ဦးမာဆောင်း (အသက် ၂၈ နှစ်) -- တို့ဖြစ်ပြီး၊

ဆိုင်ပိုင်ရှင်များမှာ --

(၁) ဦးဇာဟိတ်အာလောမ် (ဘ) ဦးဇာဖောရ်အာမတ် (အသက် ၂၈ နှစ်)
(၂) ဦးအစ္စမိုင်လ် (ဘ) ဦးအာဘူတာရ် (အသက် ၂၉ နှစ်)
(၃) ဦးဆော်လမူ (ဘ) ဦးအလီအာခ်ဘောရ် (အသက် ၄၂ နှစ်)
(၄) ဦးဟာရဲစ်အုလ္လာ (ဘ) ဦးအလီအာခ်ဘောရ် (အသက် ၂၈ နှစ်)
(၅) ဦးအလီမျာ (အသက် ၅၀ နှစ်)
(၆) ဦးမာမတ်အလီ (ဘ) ဦးနာဂူမျာ (အသက် ၄၂ နှစ်) -- တို့ဖြစ်သည်။

ခူးန်ခရားဖာရာရွာမှ ဖြိုဖျက်ခံရသည့် အိမ်ပိုင်ရှင်များမှာ --

(၁) ဦးမူဘာရဲခ် (ဘ) ဦးအာဆဲရာ (အသက် ၃၀ နှစ်)
(၂) ဦးဟာဆိမ်း (အသက် ၃၄ နှစ်)
(၃) ဒေါ်ယာစ်မီးန် (အသက် ၄၀ နှစ်)
(၄) ဦးရော်ဟီးမ်မုလ္လာ၏ ဇနီး (အသက် ၅၀ နှစ်) -- တို့ဖြစ်ပြီး

ဆိုင်ပိုင်ရှင်များမှာ --

(၁) ဦးရာမတ်အုလ္လာ (ဘ) ဦးအဘူဇော်မိလ် (အသက် ၄၅ နှစ်)
(၂) ဦးရော်ဖိတ် (ဘ) ဦးအီလီယာစ် (အသက် ၃၄ နှစ်)
(၃) မော်လ၀ီအီနုစ် (ဘ) ဦးဘောဆိရ်အာမတ် (အသက် ၃၇ နှစ်) တို့ဖြစ်သည်။

မန်ကျည်းချောင်းမှ ဖြိုဖျက်ခံရသည့် အိမ်ပိုင်ရှင်များမှာ --

(၁) ဦးမာမတ်ဟာရဲစ် (ဘ) ဦးအဒူမာလဲခ် (အသက် ၂၈ နှစ်)
(၂) ဦးဇော်မိလ်ရှား (အသက် ၄၂ နှစ်) -- တို့ဖြစ်ပြီး

ဆိုင်ပိုင်ရှင်များမှာ --

(၁) ဦးမာမတ်ဟာရဲစ် (ဘ) ဦးအဒူမာလဲခ် (အသက် ၂၈ နှစ်)
(၂) ဦးမာမတ်တော်ယုဖ် (ဘ) ဦးနူရ်အာလောမ် (အသက် ၂၀ နှစ်)
(၃) ဇာဟိတ်အာလောမ် (ဘ) ဦးရှုနာမျာ (အသက် ၂၃ နှစ်)
(၄) မာဘူရောန် (ဘ) ဦးအဒူရော်ရှိတ် (အသက် ၂၅ နှစ်)
(၅) ဦးမာမတ်နူရ် (ဘ) ဦးလာလ်မျာ (အသက် ၃၀ နှစ်)
(၆) ဇာဂိရ်အာလောမ် (ဘ) ဦးဖော်ဇော်ဟောက် (အသက် ၁၉ နှစ်)
(၇) ဦးမုစ်တာခ်အာမတ် (ဘ) ဦးဖော်ဇော်ဟောက် (အသက် ၃၅ နှစ်)
(၈) နူရ်ကမာလ် (ဘ) ဦးမာမတ်ဆော်ယောဒ် (အသက် ၂၀ နှစ်)
(၉) မာမတ်အူမောရ် (ဘ) ဦးအာယုဖ် (အသက် ၂၅ နှစ်) -- တို့ဖြစ်သည်။

ဖြိုဖျက်ခံခဲ့ရသည့် အိမ်အများစုမှာ ၀ါးထရံ၊ ဓနိ စသည်တို့ဖြင့် ဆောက်လုပ်ထားသည့် တဲအိမ်များဖြစ်ပြီး၊ ဆိုင်ခန်းအများစုမှာလည်း ၀ါးထရံ၊ ဓနိ စသည်တို့ဖြင့် ဆောက်လုပ်ထားသည့် ဆိုင်များ ဖြစ်သည်။ အိမ်ပိုင်ရှင် အများစုမှာ ကျဘန်းလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ကြကြောင်း ဒေသခံများက ပြောပါသည်။

ဒီဇင်ဘာလ (၂၁) ရက်နေ့ကလည်း အဆိုပါ ရဲမှူးက ဂဇောန်ဒီးယာရွာမှ နေအိမ် (၂) လုံးနှင့် ဆိုင်ခန်း (၃) ခန်း၊ ခူန်းခရားဖာရာရွာမှ ဆိုင်ခန်း (၄) ခန်း ဖြိုဖျက်ရန် ထပ်မံ၍ အမိန့်ပေးခဲ့ကြောင်း သိရှိရသည်။


Comment ရေးရန်

Rohingya Exodus