March 17, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဒုချီးရားတန်း အပြစ်မဲ့ ဒေသခံတစ်ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကိုယ်တိုင် ပစ်ခတ် သတ်ဖြတ်

MYARF
RB News
19.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဂေါ်ဒူသာရ ကျေးရွာရှိ တံတားစခန်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးက ဒုချီးရားတန်းမှ ဒေသခံ ရိုဟင်ဂျာတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် ၉  နာရီ အချိန်ခန့်တွင် မောင်တောမြို့နယ် ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ (စခန်း အမှတ် ၁၅) မှ ရဲမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၈) ဦးသည် ဆိုင်ကယ် (၄) စီးဖြင့် ဒုချီးရားတန်း ကျေးရွာအုပ်စု အနောက်ရွာသို့ ရောက်ရှိလာပြီး ကျေးရွာတာဝန်ခံ ဦးရှားအာလောမ်၏ ယောက္ခထီး ဖြစ်သူ ဦးဟာမိတ် (ဘ) ဦးနုရ်အာမတ် (အသက် ၅၅ နှစ်) ၏ နေအိမ်ထဲသို့ ၀င်ရောက်၍ WY မူးယစ်ဆေးဝါး ရောင်းချ နေသည်ဟု ဆိုကာ စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မည်သည့် တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ဦးဟာမိတ်ကို နေအိမ်၏ ရှေ့ ကြမ်းပြင်သို့ ခေါ်ထုတ်၍ ရဲမှူး ကိုယ်တိုင် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ ဦးဟာမိတ်သည် ကျည်ဆံထိမှန်၍ ထိုနေရာတွင်ပင် ချက်ချင်း သေဆုံး သွားခဲ့သည်။

ထို့နောက် ရဲမှူးက မန်ကျည်းချောင်း စခန်းသို့ ဖုန်းဆက်၍ နယ်ခြားစောင့်ရဲများကို ခေါ်သဖြင့် နောက်ထပ် ဆိုင်ကယ် ၈ စီးဖြင့် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး နာရီဝက်ခန့် အကြာတွင် ပြန်လည် ထွက်ခွာသွားခဲံသည်။ အသတ်ခံရသူ၏ အလောင်းကို ထိုနေရာတွင်ပင် ထားခဲ့ကြောင်း သိရှိရသည်။

ရဲမှူးက အသတ်ခံရသူ ဦးဟာမိတ်သည် အကြမ်းဖက်သမား ဖြစ်ကြောင်း၊ ယင်းရွာတွင် အကြမ်းဖက်သမားများ နောက်ထပ် ရှိနေသည်ဟု ဆိုကာ စစ်တပ်ကို အကြောင်းကြားသဖြင့် နေ့လည် ၂ နာရီခန့်တွင် စစ်သားများ ရောက်ရှိလာခဲ့သည်။

စစ်သားများ ရောက်ရှိလာချိန်တွင် ရွာမှ အမျိုးသားများ တိမ်းရှောင် သွားခဲ့ပြီး၊ စစ်သားများက နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ လုယက်၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အသတ်ခံရသူ ဦးဟာမိတ်

Comment ရေးရန်

Pages 22123456 »
Rohingya Exodus