နောက်ဆုံးသတင်း/ဆောင်းပါးများ

လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများကို ရိုက်နှက်နေသည့် ဗီဒီယိုမှာ ရသေ့တောင် ကိုးတန်ကောက်တွင် ရိုက်ကူးထားခြင်းဖြစ်



RB News
1.1.2017

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့၌ လူမူကွန်ယက်ပေါ်တွင် ပျံ့နှံ့လာသည့် ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက်နေသည့် ဗီဒီယိုမှာ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့၌ ရဲတပ်ဖွဲ့ဝင် တစ်ဦးကိုယ်တိုင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ (၂) ရက်နေ့နှင့် (၃) ရက်နေ့များတွင် ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် သံတမန်များ အဖွဲ့သည် မောင်တောမြို့နယ်ရှိ ကျေးရွာ အချို့နှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာများသို့ သွားရောက်၍ ဒေသခံရိုဟင်ဂျာများနှင့် တွေ့ဆုံခဲ့သည်။

ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာသို့ သံတမန်အဖွဲ့ ရောက်ရှိသည့် အချိန်တွင် ဒေသခံများက စာရွက်များတွင် တောင်းဆိုချက်များ ရေးသားပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်။ သံတမန်များ ရခိုင်ပြည်နယ်မှ ထွက်ခွာသွားပြီးနောက် နိုဝင်ဘာလ (၄) ရက်နေ့ ညပိုင်းမှစ၍ ကိုးတန်ကောက် ကျေးရွာကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ၀ိုင်းခဲ့ပြီး နိုဝင်ဘာလ (၅) ရက်နေ့ နံနက် အစောပိုင်းတွင် ရွာထဲသို့ ၀င်ရောက်၍ အသက် (၈) နှစ် အထက် အမျိုးသားများကို တစ်နေရာတွင် စုဝေးခိုင်း၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်းကို နှစ်ရက်တိုင်တိုင် ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဗီဒီယိုထဲတွင် ရိုက်နှက်ခံရသူ (၃) ဦးမှာ --

(၁) လုံချည်အပြာ ၀တ်ဆင်ထားသူမှာ ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးအဒူလ်အဇီးဇ် (အသက် ၃၅ နှစ်)

(၂) အနီနှင့်အ၀ါ ဘောလုံးသမားတီရှပ် ၀တ်ဆင်ထားသူမှာ ယာစီးန် (ဘ) မော်လ၀ီ အာဘူလ်ကာဆီးမ် (အသက် ၁၅ နှစ်) - ၈ တန်းကျောင်းသား

(၃) အ၀ါရောင် တီရှပ် ၀တ်ဆင်ထားသူမှာ မိုဟာမတ်ဆိုဒိုလုခ် (ဘ) ဦးအဗ်ဒူဆလာမ် (အသက် ၁၃ နှစ်) -- တို့ဖြစ်ကြသည်။



Comment ရေးရန်

Rohingya Exodus