နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲမှ နေအိမ် (၅) လုံးမီးရှို့ဖျက်ဆီးခံရ၊ နေအိမ် (၈) လုံး ဖြိုဖျက်ခံရ

Rohingya Eye
RB News
31.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ယင်းကျေးရွာအုပ်စု၊ စူရူးဖာရာရွာမှ နေအိမ် (၅) လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ နောက်ထပ် နေအိမ် (၄) လုံးကို ဖြိုဖျက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ လိပ်ရကျေးရွာအုပ်စု၊ စူးရူးဖာရာရွာသို့ ယင်းကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ် (၅) လုံးကို န.စ.က မြေပုံတွင် မပါဟု ဆိုကာ ဖြိုဖျက်ရမည့် အစား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲများသည် ယင်းကျေးရွာသို့ ရောက်ရှိလာပြီး နောက်ထပ် နေအိမ် (၄) လုံးကို ဖြိုဖျက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ မီးရှို့၊ ဖြိုဖျက်ခံရသည့် အိမ်များမှာ ၀ါးထရံ၊ ဓနိများဖြင့် ဆောက်လုပ်ထားသည့် အိမ်များ ဖြစ်သည်။

မီးရှို့ဖျက်ဆီးခံရသည့် အိမ်များ၏ ပိုင်ရှင်များမှာ

(၁) ဦးဘေလာလ် (အသက် ၃၅ နှစ်)
(၂) ဆော်ယာဒ် (ဘ) ဦးအာဘူး (အသက် ၂၄ နှစ်)
(၃) ဦးအမီရ်ဟူးဆောင်း (ဘ) ဦးဟာလူ (အသက် ၅၀ နှစ်)
(၄) ဦးအဒူရော်ဟိမ်း (အသက် ၅၇ နှစ်)
(၅) ဦးဆွေယာဒ်ဟူဆောင်း (အသက် ၅၀ နှစ်) -- တို့ဖြစ်သည်။

ဖြိုဖျက်ခံရသည့် အိမ်များ၏ ပိုင်ရှင်များမှာ --

(၁) ဦးယူနုစ် (ဘ) ဦးအဒူလ်ဟူစိန်း (အသက် ၄၈ နှစ်)
(၂) ဦးယူဆုဖ် (ဘ) ဦးအလီဟူစိန်း (အသက် ၃၀ နှစ်)
(၃) ဦးမာမတ်ဟာရှိမ်း (ဘ) ဦးနူရ်အာလောမ် (အသက် ၂၇ နှစ်)
(၄) ဦးနော်ဘီအုလ္လာ (ဘ) ဦးဒိလ်မာမတ် (အသက် ၃၅ နှစ်) -- တို့ဖြစ်သည်။

အလားတူ ကွမ်းသီးပင် ကျေးရွာအုပ်စု၊ နံသာတောင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ယင်းကျေးရွာအုပ်စု၊ အောင်ဂါးရွာမှ တဲအိမ် (၄) လုံးကို ဖြိုဖျက်ခဲ့သည်။

ဖြိုဖျက်ခံရသည့် တဲအိမ်ပိုင်ရှင်များမှာ --

(၁) ဦးမာမတ်အာလောမ် (ဘ) ဦးဇော်မိလ်အာမတ် (အသက် ၃၂ နှစ်)
(၂) အာဇီဇူလ္လာ (ဘ) ဦးမာမတ်အာလောမ် (အသက် ၂၀ နှစ်)
(၃) ဦးယူနုစ် (ဘ) ဦးနူရ်ဇာမာ (အသက် ၂၉  နှစ်)
(၄) ဦးဒူစ်မာမတ် (ဘ) ဦးဇော်ဘောရ် (အသက် ၂၈ နှစ်) -- တို့ဖြစ်သည်။




Comment ရေးရန်

Rohingya Exodus