March 18, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ပေါက်တောမှ ရိုဟင်ဂျာလူငယ်တစ်ဦးကို ရခိုင်အစွန်းရောက်များက သတ်ဖြတ်

RB News
31.1.2017

ပေါက်တော ။  ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတစ်ဦးကို ရခိုင်အစွန်းရောက် အချို့က ၀ိုင်းဝန်း၍ ဓါး၊ လှံများဖြင့် တိုက်ခိုက်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဇန်န၀ါရီလ (၃၁) ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် အဗ်ဒူရာဟ်မာန် (ဘ) ဦးအဗ်ဒူလ္လတီ (အသက် ၂၅ နှစ်)၊ နူရ်မာမတ် (ဘ) ဦးနူရ်အဟ်မတ် (အသက် ၂၇ နှစ်) နှင့် အဗ်ဒူခါလစ် (ဘ) ဦးအလီအဟ်မတ် (အသက် ၃၀ နှစ်) တို့သည် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ တောတောင်များကို ကျော်ဖြတ်၍ အနောက်ရွဲ့ရွာသို့ သွားရောက်ကာ ငါးပုဇွန်များ ၀ယ်ယူခဲ့ပြီး နံနက် ၁၀ နာရီ အချိန်တွင် တောတောင်များကို ကျော်ဖြတ်၍ ၎င်းတို့ နေထိုင်ရာ ကြိမ်နီပြင်ဒုက္ခသည် စခန်းသို့ ပြန်သွားနေစဉ် တောင်ကြားလမ်း၌ ရခိုင်အစွန်းရောက် အုပ်စုတစ်စုက ဓါး၊ လှံများဖြင့် တိုက်ခိုက်ခဲ့ရာ အဗ်ဒူရာဟ်မာန် ဆိုသူမှာ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိဘဲ ရခိုင်အစွန်းရောက်များ၏ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အဗ်ဒူရာဟ်မာန်သည် ထိုနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အဗ်ဒူရာဟ်မာန်နှင့် အတူ ရှိနေခဲ့သူ နှစ်ဦးမှာ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့သည်။ “ကျွန်တော်တို့ မနက်စောစော ကြိမ်နီပြင် ဒုက္ခသည်စခန်းကနေ တောတောင်တွေ ဖြတ်ပြီး အနောက်ရွဲ့ရွာမှ ငါးပုဇွန်တွေ သွားဝယ်ခဲ့တယ်။ အဲဒီကနေ မနက် ၁၀ နာရီလောက်မှာ ပြန်လာကြတယ်။ တောင်ကြားလမ်းတစ်ပိုင်း ရောက်တော့ အဗ်ဒူရာဟ်မာန်က အလေးသွားချင်တယ် ပြောပြီး တောထဲဝင်သွားတယ်။ ကျွန်တော်တို့က သူနဲ့ ကိုက် ၄၀ လောက် အဝေးမှာ စောင့်နေတယ်။ နာရီဝက်လောက်အကြာမှာ သူပြန်မလာတော့ ကျွန်တော်တို့ စိုးရိမ်စိတ်ဝင်လာတယ်။ ခဏကြာတော့ သူ့ဆီကဖုန်းဝင်လာတယ်။ ဟဲလို ဟဲလို နှစ်ကြိမ်လောက်ပြောပြီး ဘာမှ ဆက်မပြောတော့ဘူး။ အဲဒါနဲ့ ကျွန်တော်တို့ သွားကြည့်တော့ ဒဏ်ရာပေါင်းများစွာနဲ့ တောထဲမှာ မှောက်လျက် လှဲနေတာ တွေ့ရတယ်။ သူ့ကို ကိုင်ကြည့်တော့ အသက်မရှိတော့ဘူး။

မနှစ်ကည်း အဲဒီနေရာမှာ အဲဒီတောင် အနီးတ၀ိုက်မှာ ရှိတဲ့ ဆင်အိုင် ရခိုင်ရွာက ရခိုင်တွေလာပြီး ရိုဟင်ဂျာ လူငယ်တစ်ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့တယ်။ အခုလည်း သူတို့လက်ချက် ဖြစ်နိုင်တယ်” ဟု အသက်အန္တရာယ်မှ လွတ်မြောက်လာသူ တစ်ဦးက ပြောပါသည်။ 

လွတ်မြောက်လာသူများသည် ကြိမ်နီပြင် ဒုက္ခသည်စခန်း တာဝန်ခံများကို အကြောင်းကြားပြီးနောက် စခန်းတာဝန်ခံများက ဒုက္ခသည်စခန်းတာဝန်ကျ ရဲလုံထိန်းများကို အကြောင်းကြားခဲ့သည်။ ထို့နောက် ဆင်တက်မော် ရဲကင်း ၁၂ မှ ရဲမှူးကျော်မြင့်အောင်နှင့် ရဲတပ်သားများနှင့် အတူ ဒုက္ခသည်စခန်းမှ လူကြီးများပါ သွားရောက်၍ အဗ်ဒူရာဟ်မာန်၏ ရုပ်အလောင်းကို သယ်ယူလာခဲ့သည်။ 

နေ့လည် ၂ နာရီ အချိန်တွင် ရုပ်အလောင်းကို ပေါက်တောဆေးရုံသို့ ယူဆောင်သွားပြီး ခွဲစိတ်မှုများ ပြုလုပ်ပြီး ည ၈ နာရီအချိန်တွင် အလောင်းကို ပြန်လည် သယ်ဆောင်ယူလာကာ ကြိမ်နီပြင် သင်္ချိုင်းတွင် မြေမြှပ်သဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။ 

ရဲမှူးကျော်မြင့်အောင်က “ဒီလူသတ်မှုက ခင်ဗျားတို့ စီးပွားရေးသမား အချင်းချင်း မတည့်တာကြောင့် ဖြစ်ခဲ့တာ ဖြစ်ပြီး ရခိုင်တွေရဲ့ လက်ချက် လုံးဝ မဖြစ်နိုင်ဘူး၊ ရခိုင်တွေရဲ့ လက်ချက်လို့ စွပ်စွဲရင် ခင်ဗျားတို့ ဒုက္ခရောက်မယ်” ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒုက္ခသည်စခန်းမှ လူကြီးအချို့က ပြောပါသည်။ 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာမွတ်စလင်များသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့ နောက်ပိုင်းတွင် ရခိုင်အစွန်းရောက်များနှင့် အစိုးရတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး၊ တိုက်ခိုက်မှုကြောင့် ဒေသခံရိုဟင်ဂျာ (၅) ဦး သေဆုံးခဲ့ရသည့်အပြင် ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ချောင်းရွာ၊ လင်ဘာဒီယာ၊ ချအိတ်ရွာ၊ ငှက်ချောင်းရွာ၊ ဇော်ဂျီရွာ၊ ဒုံရွာ၊ ကံပြင်ရွာဟောင်း၊ ကံပြင်ရွာသစ်၊ ဆူလီဖရန်၊ မင်းသာဖက်၊ ကြိမ်နီပြင် စသည့် ရွာ (၁၃) ရွာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ 

အဆိုပါ ရွာ (၁၃) ရွာမှ ရိုဟင်ဂျာမွတ်စလင် သုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခသည်ဘ၀သို့ ရောက်ရှိသွားပြီး တစ်သောင်းကျော်မှာ နေရပ်စွန့်ကာ၍ စစ်တွေမြို့သို့ ထွက်ပြေးကာ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက် ရှိနေကြသည်။ 

ကျန်သည့် ဒုက္ခသည် ၂၅၃၅၁ ဦးအနက် ငှက်ချောင်းရွာ၊ လင်ဘာဒီယာရွာ၊ ဇော်ဂျီရွာ၊ ဒုံရွာနှင့် ချအိတ်ရွာ စသည့် (၅) ရွာမှ အိမ်ထောင်စု ၁၅၈၄ စု လူဦးရေအားဖြင့် ၇၇၀၂ ဦးတို့သည် ငှက်ချောင်းဒုက္ခသည် စခန်းတွင် နေထိုင်လျက်ရှိပြီး၊ ကံပြင်ရွာသစ်၊ ကံပြင်ရွာဟောင်း၊ ဆူလီဖရန်၊ မင်းသာဖက်နှင့် ကြိမ်နီပြင် စသည့် ရွာ (၅) ရွာမှ အိမ်ထောင်စု ၁၂၁၂ စု လူဦးရေအားဖြင့် ၅၄၃၀ ဦးတို့သည် ကြိမ်နီပြင် ဒုက္ခသည်စခန်းတွင် နေထိုင်လျက်ရှိကြသည်။ ရပ်ကွက် (၃)၊ ရပ်ကွက် (၄) နှင့် ချောင်းရွာ စသည့် ရွာ (၃) ရွာမှ အိမ်ထောင်စု ၁၁၇၄ စု လူဦးရေအားဖြင့် ၄၅၁၇ ဦးတို့သည် အနောက်ရွဲ့ ဒုက္ခသည်စခန်းတွင် နေထိုင်လျက် ရှိကြသည်။ 

ပေါက်တောမြို့နယ်သည် ဖွံ့ဖြိုးမှု အလွန်နှောင့်နှေးသည့် မြို့နယ်ဖြစ်ပြီး လူဦးရေ ၇၅% မှာ ဆင်းရဲသားများ ဖြစ်ကြသည်။ တစ်ရွာမှတစ်ရွာသို့ သွားရန် ကားလမ်းမရှိသောကြောင့် တောတောင်များ၊ လယ်ကွင်းများ ဖြတ်၍ အသွားအလာ ပြုလုပ်နေရသည်။ ကြိမ်နီပြင်ဒုက္ခသည်စခန်းမှ ဒုက္ခသည်အချို့သည် ၎င်းတို့နေထိုင်သည့် ကြိမ်နီပြင်ဒုက္ခသည်စခန်း၏ အနောက်ဖက်၌ တည်ရှိသော အနောက်ရွဲ့ကျေးရွာ (ရိုဟင်ဂျာရွာ) နှင့် အနောက်ရွဲ့ဒုက္ခသည်စခန်း တောင်ဖက်၌ တည်ရှိသော ဆင်တက်မော်ကျေးရွာ (ရိုဟင်ဂျာရွာ) များသို့ တောတောင်ကျော်ဖြတ်၍ သွားရောက်ကာ ငါးပုဇွန် အရောင်းအ၀ယ်များ ပြုလုပ်ကြသည်။ 

Saed Arkani မှ သတင်းပေးပို့သည်။ 

သတ်ဖြတ်ခံရသူ အဗ်ဒူရာဟ်မာန်


Comment ရေးရန်

Pages 22123456 »
Rohingya Exodus