March 19, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများတွင် NVC ကဒ်ကိုင်မှသာ ငါးဖမ်းခွင့်ပေးမည်ဟု ဆိုကာ ငါးဖမ်းခွင့် ပိတ်ပင်

Rohingya Eye
RB News
31.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများတွင် ဒေသခံအာဏာပိုင်များက ငွေယူ၍ ရက်သတ္တပတ် သုံးပတ်ကြာ ဆီဗုံးခွံများဖြင့် ဖောင်ဖွဲ့၍ ငါးဖမ်းခွင့် ပေးခဲ့သော်လည်း ယခုအခါ NVC ကဒ်ကိုင်မှသာ ငါးဖမ်းခွင့်ပေးမည်ဟု ဆိုကာ ပိတ်ပင်လိုက်ကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ အင်းဒင်ကျေးရွာတွင် ငါးဖမ်းပိုက်ကွန် ၅၆ ခု ရှိပြီး၊ ငါးဖမ်းပိုက်ကွန် တစ်ခုလျှင် လူ (၄) ဦးစီ လိုက်ပါသွားလေ့ရှိသည်။ အဆိုပါ ပိုက်ကွန်များကို ဆီဗုံးအခွံများဖြင့် ရေထဲတွင် မျှောကာ ပင်လယ်ကမ်းခြေအနေီးတွင် ငါးဖမ်းကြခြင်း ဖြစ်သည်။ 

ဇန်န၀ါရီလ (၅) ရက်နေ့တွင် အင်းဒင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများသည် တံငါးသည် ၂၂၄ ဦးကို ဖမ်းဆီး၍ တစ်ဦးချင်းစီထံမှ ငွေကျပ် ၂၅၀၀၀/- စီ ညှစ်ယူခဲ့သည်။ ထို့အပြင် ငါးဖမ်းနိုင်ရေးအတွက် အင်းဒင် အခြေစိုက် စ.ရ.ဖ အဖွဲ့ကို ငါးဖမ်းပိုက်ကွန် တစ်ခုလျှင် ငွေကျပ် ၂၅၀၀၀/- စီ ပေးခဲ့ရသည်။ အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်စိန်ကိုလည်း ပိုက်ကွန်တစ်ခုလျှင် ငွေကျပ် တစ်သောင်းစီ ပေးခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ငါးဖမ်းသမားများက ငွေကြေးမြောက်မြားစွာ ပေး၍ ငါးဖမ်းခွင့် ရယူခဲ့သော်လည်း ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ငါးဖမ်းခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများက ပြောပါသည်။ 

အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်စိန်က ဆက်လက်၍ ငါးဖမ်းလိုပါက NVC ကဒ်ရှိမှသာ ရမည်ဖြစ်ကြောင်း၊ ၎င်းအား အင်းဒင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးက ပြောဆိုခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း ငါးဖမ်းသမား တစ်ဦးထံမှ သိရှိရသည်။ 

အလားတူ ကျောက်ပန္ဒူ ကျေးရွာတွင်လည်း NVC ကဒ်အတွက်ဟု ဆိုကာ ငါးဖမ်းခွင့် ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။ 

“NVC ကဒ်အတွက် ဘယ်လိုပဲ ဖိအားပေးပေး ကျွန်တော်တို့ဘက်ကတော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး၊ ကျွန်တော်တို့ စားစရာမရှိ ငတ်ပြတ်လာအောင် အစိုးရက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ မြင်တယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ယခင်က ငါးဖမ်းစက်လှေများဖြင့် ပင်လယ်ပြင်တွင် ငါးဖမ်းနိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ပိတ်ပင်ခဲ့သည်။ ဇန်န၀ါရီလ (၅) ရက်နေ့ နောက်ပိုင်းမှစ၍ ဒေသခံ အာဏာပိုင်များကို ငွေပေး၍ ဆီဗုံးခွံများဖြင့် ဖောင်ဖွဲ့၍ ငါးဖမ်းပိုက်ကွန်များဖြင့် ပင်လယ်ကမ်းခြေ အနီးတ၀ိုက်တွင် ငါးဖမ်းခွင့် ရခဲ့သော်လည်း ဇန်န၀ါရီလ (၂၇) ရက်နေ့မှစ၍ NVC ကဒ်ကိုင်မှ ငါးဖမ်းခွင့် ပေးမည်ဟု ဆိုကာ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ 


(ဓါတ်ပုံ - Esther Htusan/AP)

Comment ရေးရန်

Pages 22123456 »
Rohingya Exodus