March 16, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဖုံညိုလိပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲများက ဆေးအိုးကျ ရွာသားများထံမှ ငွေညှစ်

MYARF
RB News
30.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဆေးအိုးကျကျေးရွာသို့ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် ဆေးအိုးကျကျေးရွာမှ ဦးမာမတ်ဟူဆောင်း က ယင်းကျေးရွာမှ ဦးရော်ဖိတ်ထံမှ ငွေရရန်ရှိရာ ပြန်မစပ်သဖြင့် ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် ဖုံညိုလိပ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (စခန်း အမှတ် ၂၁) သို့ တိုင်တန်းခဲ့ရာ ယင်းနေ့ ည ၆း၃၀ နာရီ အချိန်ခန့်တွင် ဖုံညိုလိပ်ကျေးရွာ အခြေစိုက်  နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင် (၁၅) ဦး ရောက်ရှိလာပြီး ဦးရော်ဖိတ်ကို ဖမ်းဆီးခဲ့သည်။ 

ထို့နောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များသည် အဖွဲ့နှစ်ဖွဲ့ခွဲကာ ရွာ၏ တောင်ဖက်နှင့် မြောက်ဖက်တွင် တစ်ဖွဲ့စီ လူသူမမြင်အောင် ပုန်းအောင်းနေကာ ရွာ၏ မရှိဆင်းရဲသူများ တောင်ယာ၊ လယ်ကွင်း၊ ချောင်း စသော လုပ်ငန်းခွင်များမှ အိမ်ပြန်လာစဉ် ခေါ်၍ မေးခွန်းများ မေးမြန်းကာ အချိန်ဆွဲပြီး၊ ည (၇) နာရီကျော်သွားသည့်အခါ ညမထွက်ရအမိန့် ကျော်လွန်သည်ဟု ဆိုကာ ရွာသား (၇) ဦးကို ဖမ်းဆီး၍ စခန်းသို့ခေါ်ဆောင်သွားခဲ့သည်။ 

ဇန်န၀ါရီလ (၂၅) ရက်နေ့တွင် ဖမ်းဆီးခံသူများ၏ မိသားစုများက စခန်းသို့သွား၍ စခန်းမှူးအား မိမိတို့မှာ ဆင်းရဲသားများ ဖြစ်ကြောင်း၊ တောင်ယာ၊ လယ်ယာစိုက်ပျိုးခြင်း၊ မြစ်ချောင်းများမှ ငါးဖမ်းခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသူများ ဖြစ်ကြောင်း ရှင်းလင်းပြောပြခဲ့သဖြင့် စခန်းမှူးက အစပိုင်းတွင် တစ်ဦးလျှင် ငွေကျပ် ၅ သိန်းစီ တောင်းခံခဲ့သော်လည်း နောက်ဆုံးတွင် ငွေကျပ် တစ်သိန်းခွဲစီ ညှစ်ယူပြီး (၆) ဦးကို လွှတ်ပေးခဲ့သော်လည်း ကျန်သည့်တစ်ဦးကို မူးယစ်ဆေးဝါး သုံးစွဲသူဟု စွပ်စွဲ၍ နောက်ထပ်တစ်ရက် ချုပ်နှောင်ထားပြီး ဇန်န၀ါရီလ (၂၆) ရက်နေ့တွင် ငွေကျပ် ၇ သိန်းခွဲ ညှစ်ယူ၍ လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဖမ်းဆီးခံရပြီး ငွေကျပ် တစ်သိန်းခွဲစီ ညှစ်ခံရသူများမှာ --

(၁) ဦးဒိလ်မာမတ် (ဘ) ဦးအိုမောရ်ဟိုက်ဒေါရ် (အသက် ၃၅ နှစ်) 
(၂) ဦးဒိလ်မာမတ် (ဘ) ဦးမာမတ်ဆုလ်တာန် (အသက် ၃၆ နှစ်)
(၃) ဆုလ်တာန်အာမတ် (ဘ) ဦးကာဒိရ် (အသက် ၁၆ နှစ်)
(၄) ဇာဟီးဒူလ္လာ (ဘ) ဦးမာမတ်အာမီးန် (အသက် ၁၇ နှစ်)
(၅) ဇူဘိုင်ရ် (ဘ) ဦးဟာဘီအိုလ္လာ (အသက် ၁၉ နှစ်) 
(၆) အမည်မသိ -- တို့ဖြစ်ကြပြီး 

ငွေကျပ် ၇ သိန်းခွဲ ညှစ်ခံရသူမှာ ဆော်နာအူလ္လာ (ဘ) ဦးဇော်မိရ်ရှားဟ် (အသက် ၂၀ နှစ်) -- တို့ဖြစ်ကြသည်။ 

ရရှိရန်ရှိသည့် ငွေများ ပြန်မပေးဟု ဆိုကာ တိုင်တန်းခံရသူ ဦးရော်ဖိတ် ကိုမူ ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ချုပ်နှောင် ထားကြောင်း သိရှိရသည်။ 

ဇန်န၀ါရီလ (၂၆) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ သတင်းပေးဖြစ်သူ ဦးအီနုစ် (ဘ) ဦးမာမတ်ဇော်လိလ် က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကာမာလ်ဟူစိန်းနှင့် ပတ်သက်၍ မဟုတ်မမှန် သတင်းပေးခဲ့သဖြင့် နယ်ခြားစောင့်ရဲများက အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေသန်းချီ ညှစ်ခဲ့ကြောင်း သိရှိရသည်။ 




Comment ရေးရန်

Pages 22123456 »
Rohingya Exodus