နောက်ဆုံးသတင်း/ဆောင်းပါးများ

မြင်းလွတ်မှ နယ်ခြားစောင့်ရဲများက ဒေသခံတစ်ဦးကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးပြီး ငွေညှစ်

Rohingya Eye
RB News
26.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွတ်မြို့နယ်ခွဲ ဟော်ရော်သိလ္လာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ဒေသခံတစ်ဦးကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေသိန်းချီ ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇန်န၀ါရီလ (၂၃) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် မြင်းလွတ်မြို့နယ်ခွဲ၊ ဟော်ရော်သိလ္လာရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ယင်းရွာမှ ဦးဆွေယောဒ်အာမတ် (ဘ) ဦးရှာကဲရ် (အသက် ၆၀ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ဦးဆွေယောဒ်အာမတ်ကို ဖမ်းဆီးကာ စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဦးဆွေယောဒ်အာမတ်ကို နေအိမ်တွင် ဧည့်စာရင်းမတိုင်ဘဲ ဧည့်သည်များ တည်းခိုခိုင်းထားသည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ထောင်ချမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် (၆) သိန်းညှစ်၍ ယင်းနေ့ ည (၈) နာရီ အချိန်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“ဒီကင်းစခန်းက ဒေသခံရွာသားတွေ အပေါ် မလျော်သြဇာ အာဏာသုံးပြီး ကိုယ်ကျိုးရှာနေတယ်။ တည်ဆဲ ဥပဒေတွေကို လိုက်နာ ထိန်းသိမ်းရမယ့်အစား ဥပဒေဘက်တော်သားတွေ ကိုယ်တိုင် ဥပဒေ ချိုးဖောက်နေတာ အရေးယူမယ့်သူ မရှိဘူး။ အစိုးရတပ်ဖွဲ့ဝင်တွေက လိုင်စင်ရ ဓါးပြတွေလို ဖြစ်နေတယ်” ဟု မောင်တောမြို့မှ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။ 




Comment ရေးရန်

Rohingya Exodus