နောက်ဆုံးသတင်း/ဆောင်းပါးများ

ဦးရှည်ကျ ကျေးရွာ ယာယီအုပ်ချုပ်ရေးမှူးက ဒေသခံရွာသားများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက်ရှိ

Rohingya Eye
RB News
31.1.2017

မောင်တော ။  ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာမှ ယာယီ အုပ်ချုပ်ရေးမှူးသည် ဆွဲ၊တင်၊စစ် ကို အကြောင်းပြ၍ ငွေကောက်ခံခြင်း၊ အင်ဒိုနီးရှားမှ ထောက်ပံ့ပစ္စည်းများ လက်ခံရယူသည့် မိသားစုများထံမှ ငွေကောက်ခံခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျကျေးရွာမှ ယာယီအုပ်ချုပ်ရေးမှူး ဦးအာဘူလ်ကာလာမ်သည် အစိုးရ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီးဖြစ်သူ ဦးရှာကဲရ်မိုဟာမတ် (ဘ) ဦးဇော်လာလ်အာမတ် (အသက် ၅၇ နှစ်) နှင့် အကြံပေးချက် အတိုင်း ရွာသားများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဇန်န၀ါရီလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့ထိ ပြုလုပ်ခဲ့သည့် ဆွဲ၊တင်၊စစ် တွင် စစ်ဆေးမခံခဲ့သည့် အိမ်ထောင်စုများကို ပြန်လည် စစ်ဆေးခဲ့ရာ ဇန်န၀ါရီလ (၂၈) ရက်နေ့နှင့် (၂၉) ရက်နေ့များတွင် စစ်ဆေးခံခဲ့သည့် အိမ်ထောင်စု (၇၀) စုမှ တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သောင်းစီ အတင်းအဓမ္မ ကောက်ခံခဲ့သည်။ 

ဇန်န၀ါရီလ (၂၈) ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံမှ ထောက်ပံ့ပေးခဲ့သော ပစ္စည်းများကို လက်ခံရယူခဲ့သည့် အိမ်ထောင်စု ၅၀၀ ထံမှ ငွေကျပ် ၅၀၀ စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

“ရွာက မဟုတ်မမှန်သတင်းတွေရလို့ အာဘူကာလာမ်ကို ဒေသခံ အာဏာပိုင်တွေက ယာယီခန့်ထားတာ စ်ြပေမယ့် ဒီလူက အုပ်ချုပ်ရေးမှူး အရည်အချင်း ရှိတဲ့လူမဟုတ်ဘူး။ ရွာကို အုပ်ချုပ်ဖို့ ခန့်ထားတာလည်း ရွာသားတွေဆီက ငွေညှစ်ဖို့ သီးသန့်ခန့်ထားတာ လို့ထင်ရတယ်။ သူ့ကို အရေးယူတာ၊ တားမြစ်တာ မတွေ့ရဘူး။ သူ့ကို ဆက်ပြီး တာဝန်ပေးထားမယ် ဆိုရင် အစိုးရ သိက္ခာကျဖို့ဘဲ ရှိတယ်” ရွာမှ လူကြီးတစ်ဦးက ပြောသည်။ 



Comment ရေးရန်

Rohingya Exodus