နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော တောင်ပိုင်းတွင် ဆွဲ၊တင်၊စစ် အကြောင်းပြ၍ ငွေညှစ်၊ ရွာအတွင်းရှိ ချောင်းငယ်များတွင် ငါးဖမ်းသူများထံမှ ငွေညှစ်

Rohingya Eye
RB News
18.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာတွင် ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ငွေညှစ်ခြင်း၊ အင်းဒင်ကျေးရွာတွင် ရွာအတွင်းရှိ ချောင်းငယ်များတွင် ငါးဖမ်းသူများကို ငွေညှစ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာတွင် အိမ်ထောင်စု ၉၀၀ ခန့်ရှိပြီး၊ ဆွဲ၊တင်၊စစ် စစ်ဆေးရာတွင် တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်ထောင်စီကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သာအောင်နှင့် တာဝန်ခံဖြစ်သူ ဦးရော်ဟီမူလ္လာ တို့က ကောက်ခံခဲ့ပြီး၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ဓါတ်ပုံထုတ်ပေးရာတွင်လည်း ငွေကျပ် နှစ်ထောင်စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းစိန်နှင့် တာဝန်ခံဖြစ်သူ ဦးမဲဒူး တို့သည် ရွာအတွင်းရှိ ချောင်းငယ်များ၌ ငါးဖမ်းနေသည့် တံငါးသည် ၂၃ ဦးကို ညနေ ၄ နာရီ အချိန်တွင်  တစ်နေရာသို့ ခေါ်ယူသွားပြီး ငါးမဖမ်းရန် တားမြစ်ထားသည့်ကြားက ငါးဖမ်းခဲ့သည်ဟု ခြိမ်းခြောက် အကျပ်ကိုင်ကာ ငွေကျပ် ၇ ထောင်စီ ညှစ်ယူခဲ့သည်။

“မောင်တောမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေက သူတို့ရဲ့ ဆန္ဒအတိုင်း အုပ်ချုပ်နေတာပါ။ ရွာသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတာ မတွေ့ရဘူး။ မြို့နယ် အုပ်ချုပ်ရေးနဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ ညွန်ကြားချက်အတိုင်း ညှဉ်းပန်းနှိပ်စက်နေသလို ဖြစ်နေတယ်။ လက်ရှိအစိုးရက ဒီမိုကရေစီ အစိုးရလို့ ကြွေးကြော်နေပေမယ့်လည်း စစ်အစိုးရရဲ့ လမ်းစဉ်တွေ အတိုင်းကျန်နေတယ်။ ပြောင်းလဲသွားတာ ဘာမှ မရှိဘူး” ဟု လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်နေသူ တစ်ဦးက ဝေဖန် ပြောဆိုသည်။ 




Comment ရေးရန်

Rohingya Exodus