နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲမှ ကလေး (၃) ဦး၏ မိခင်ကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်

MYARF
RB News
6.2.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှ ကလေး (၃) ဦး၏ မိခင် အမျိုးသမီးတစ်ဦးကို စစ်သားများက နေအိမ်မှာ ဆွဲထုတ်ခေါ်ယူသွားပြီး တစ်ညလုံး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇန်န၀ါရီလ (၂၉) ရက်နေ့ ညနေပိုင်းတွင် စစ်သားတစ်စုသည် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာသို့ ရောက်ရှိလာပြီး၊ ပြူးမချောင်းကမ်းစပ်ရှိ တောတောင်ထဲတွင် စခန်းချခဲ့သည်။ အဆိုပါ တောတောင်ထဲတွင် လူနေအိမ်အချို့ရှိရာ စစ်သားများက လူနေအိမ်များရှိရာသို့ သွား၍ ကလေး (၃) ယောက် မိခင် ဒေါ် ------ (ဘ) ဦး ------ (အသက် ၂၇ နှစ်) ကို အတင်းအဓမ္မ ဆွဲခေါ်လာပြီး တစ်ညလုံး အုပ်စုဖွဲ့ မုဒိမ်းကျင့်ကာ မနက်မိုးလင်းမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဒေါ် ------- မုဒိမ်းကျင့်ခံရသည့် သတင်းကို ရွာသားများ ကြားသိပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦး ကျော်ကျော်ထံသို့ သွားရောက်၍ စစ်သားများက အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သည်ကို အဘယ်ကြောင့် သက်ဆိုင်ရာသို့ တိုင်တန်းခြင်း မပြုတာလဲဟု မေးမြန်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသားများကို နှစ်သိမ့်စကား ပြောမည့်အစား၊ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးကို ကာကွယ်ပေးရမည့် အစား ရွာသားများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ယခုအခါ ကျေးရွာအုပ်ချုပ်ရေးမှူးက နယ်ခြားစောင့်ရဲများ၊ စစ်သားများ ခေါ်ယူလာပြီး ၎င်းအား ပြစ်တင်ဝေဖန်သည့် ရွာသားများကို ဖမ်းဆီးရန် လိုက်လံရှာဖွေ နေသဖြင့် ရွာတွင် မနေနိုင်ဘဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။ 




Comment ရေးရန်

Rohingya Exodus