April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင် တင်းမေရွာသား ရိုဟင်ဂျာ နှစ်ဦးထံမှ ငွေကျပ် သိန်း ၂၀ စီ ညှစ်၍ မရသဖြင့် တောင်ဘဇာ နယ်မြေစခန်း၌ ချုပ်နှောင်ထား

MYARF
RB News
18.3.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တင်းမေရွာမှ အပြစ်မဲ့ ရွာသား (၁၁) ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးပြီး (၉) ဦးကို ငွေညှစ်၍ ပြန်လည် လွှတ်ပေးပြီးနောက် ငွေကြေးတတ်နိုင်သူ နှစ်ဦးထံမှ ငွေကျပ် သိန်း ၂၀ စီ မရသည့် အတွက်ဟု နယ်မြေစခန်းသို့ ပို့ဆောင်၍ ချုပ်နှောင် ထားကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် အထက်ပိုင်း (မြောက်ပိုင်း) ကျောင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများသည် တင်းမေကျေးရွာမှ ၎င်းတို့၏ သတင်းပေးများ ဖြစ်သော ရော်ဖိခ် (ဘ) ဦးနူအစ္စလာမ်၊ ဆီးရာဇ် (ဘ) ဦးဆိဒိတ်ခ်၊ ရာဟာမောတ် (ဘ) ဦးမေရ်အလီနှင့် အစ္စမိုင်လ် (ဘ) ဦးရှားကဲရ်တို့နှင့် ပူးပေါင်း၍ မတ်လ (၁၄) ရက်နေ့ နေ့လည် ၃း၃၀ နာရီအချိန်တွင် တင်းမေကျေးရွာသို့ သွားရောက်ပြီး အပြစ်မဲ့ ရွာသား (၁၁) ဦးကို ဖမ်းဆီး၍ ကျောင်းတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

၎င်းတို့နှင့်အတူ ကျေးရွာတာဝန်ခံ ဦးဟာမီဒုလ္လာကိုလည်း ခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးသွားသူ (၁၁) ဦးမှ (၉) ဦးကို ငွေညှစ်၍ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ငွေမည်မျှ ညှစ်ခံရသည်ကို ငွေညှစ်ခံရသူ (၉) ဦးက ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း ဒေသခံများက ဖြည့်စွက်ပြောပါသည်။ 

ကျန်သည့် နှစ်ဦးဖြစ်သည့် ဦးနူရုလ်အာမီးန် (ဘ) ဦးကာလူ (အသက် ၄၃ နှစ်) နှင့် ဦးအာဘူလ်ဟာရှိမ်း (ဘ) ဦးအဒူလ်ဟာကိမ်း (အသက် ၅၃ နှစ်) တို့မှာ ငွေကြေးချမ်းသာသူများ ဖြစ်သည်ဟု ဆိုကာ နယ်ခြားစောင့်ရဲများက တစ်ဦးထံမှ ငွေကျပ် သိန်း ၂၀ စီ တောင်းခံခဲ့ရာ နှစ်ဦးစလုံးက မိမိတို့မှာ မည်သည့် အပြစ်မှ မရှိသဖြင့် ငွေကျပ် သိန်း ၂၀ စီ မပေးနိုင်ဟု ငြင်းဆန်ခဲ့ကြသည်။ 

ငွေကျပ် သိန်း ၂၀ စီ ပေးရန် ငြင်းဆန်သဖြင့် အကြမ်းဖက်သမားများနှင့် ဆက်နွယ်နေသူများစု ဆိုကာ တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (နယ်မြေ ၉) သို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။ 

၎င်းတို့နှစ်ဦးလုံးကို ယခုအချိန်ထိ တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း၌ ချုပ်နှောင် ထားပြီး၊ ကျေးရွာတာဝန်ခံ ဦးဟာမီဒုလ္လာကိုမူ လူမဆန်စွာ ရိုက်နှက်၍ ယင်းနေ့ ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

တင်းမေရွာမှ အထက်ပါ သတင်းပေး (၄) ဦးသည် ကျေးရွာသို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စစ်တပ်ရောက်လျှင် ၎င်းတို့နှင့် ပူးပေါင်း၍ ရွာသားများကို ညှဉ်းပန်းနှိပ်စက်လေ့ရှိသည်။ ထိုသို့ ပြုလုပ်ရခြင်း အကြောင်းရင်းမှာ ကျေးရွာတာဝန်ခံ ဦးဟာမီဒုလ္လာကို အပြစ်ရှာဖွေ၍ တာဝန်မှ ရပ်စဲစေပြီး ၎င်းတို့ထဲမှ တစ်ဦးဦး ကျေးရွာတာဝန်ခံ ဖြစ်လာရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 



Comment ရေးရန်

Pages 22123456 »
Rohingya Exodus