နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ကျောင်းတောင်မှ အပြစ်မဲ့ ရွာသား (၆) ဦးကို ဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး မဟုတ်မမှန်သည်ကို ခံဝန်လက်မှတ် ရေးထိုးခိုင်း

MYARF
RB News
27.4.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောင်းတောင် ကျေးရွာအုပ်စုမှ အပြစ်မဲ့ ဒေသခံ ရွာသား (၆) ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေး၍ မဟုတ်မမှန်သည်ကို ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများသည် ဧပြီလ (၂၅) ရက်နေ့ နံနက် ၃ နာရီခန့် အချိန်တွင် ကျောင်းတောင်ကျေးရွာအုပ်စုသို့ ၀င်ရောက်၍ နေအိမ်တံခါးများကို ရိုက်ချိုးပြီး နေအိမ်များသို့ ၀င်ရောက်စီးနင်းကာ --

(၁) မော်လ၀ီယာစီးန် (ဘ) ဦးအဗ်ဒူမော်တော်လော်ဖ် (အသက် ၅၀ နှစ်)
(၂) မာမတ်တာဟေရ် (ဘ) ဦးမီယာဟူစိန်း (အသက် ၂၆ နှစ်)
(၃) ဦးဒိလ်မာမတ် (ဘ) ဦးအူလာမျာ (အသက် ၃၀ နှစ်)
(၄) ဦးဆယာဒ်အာလောမ် (ဘ) ဦးရုစ်တူမ်အလီ (အသက် ၃၅ နှစ်)
(၅) ဦးနော်ဘီဟူစိန်း (ဘ) ဦးအဒူဇော်လိလ် (အသက် ၃၅ နှစ်)
(၆) ဦးမိုဟာမတ်ဆော်ယာဒ် (ဘ) ဦးကုလ္လာမျာ (အသက် ၄၀ နှစ်) တို့ကို ဖမ်းဆီး၍ ကျောင်းတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

မတရားသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသူ (၆) ဦးကို ဖမ်းဆီးသွားချိန်မှစ၍ နေ့ည မပြတ် ရိုက်နှက်ထိုးကြိတ်ခြင်း၊ မျက်နှာဖုံးစွပ်ပြီး ရေပူလောင်းခြင်း၊ လျှပ်စစ်ဓါတ်ဖြင့်တို့ခြင်း တို့များ ပြုလုပ်၍ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ကာ အကြမ်းဖက်သမားများ ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုတွင် ပါဝင်ခဲ့ကြောင်း အတင်းအဓမ္မ ခံဝန် လက်မှတ် ထိုးခိုင်းပြီး၊ အမှုဖွင့် အရေးယူထောင်ချနိုင်ရန် အတွက် တောင်ဘဇာရှိ နယ်မြေရုံးသို့ ဧပြီလ (၂၇) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပို့ဆောင်လိုက်ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။ 



Comment ရေးရန်

Rohingya Exodus