နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးစားကြူး ပြောင်းပိုက် ရွာသားများထံမှ စစ်သားများက ငွေများနှင့် ပစ္စည်းများ လုယက်

MYARF
RB News
27.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာအုပ်စုမှ ရွာသား အချို့ထံမှ ငွေများနှင့် ပစ္စည်းများကို စစ်သားများက လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် ငါးခူရနယ်မြေတ၀ိုက်တွင် နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေး တာဝန်ယူထားသည့် ခမရ (၅၅၁) တပ်ရင်းမှ တပ်ရင်းမှူး ဦးဆောင်သည့် စစ်သားများ အဖွဲ့တစ်ဖွဲ့သည် ဧပြီလ (၂၇) ရက်နေ့တွင် ငါးစားကြူး ကျေးရွာအုပ်စု ပြောင်းပိုက်ရွာတွင် ကင်းလှည့်နေစဉ် ကြိမ်ချောင်းဈေးတွင် ဈေးရောင်းရန် သွားနေသည့် ဒေသခံ ရိုဟင်ဂျာများကို စစ်ဆေးရန်ဟု ဆိုကာ ရပ်ခိုင်းပြီး ငွေနှင့် ပစ္စည်းများ လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဦးမာမတ်အီနုစ် (ဘ) ဦးမာမတ်အာလောမ် (အသက် ၃၀ နှစ်) ထံမှ ငွေကျပ် ၅၀၀၀/- မာမတ်ဆော်လိမ် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၂၀ နှစ်) ထံမှ ကြက်မကြီးတစ်ကောင် အပါအ၀င် အခြားသော ဒေသခံရွာသားများထံမှ လုယက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောပါသည်။

စစ်သားများ လုယက်ခဲ့သည့် နေရာကို အဝေးမှ ရိုက်ကူးထားသည့် ဓါတ်ပုံ



Comment ရေးရန်

Rohingya Exodus