April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ယာဉ်တိုက်မှုကြောင့် လူတစ်ဦး သေဆုံးသွားသော်လည်း နယ်ခြားစောင့်ရဲများက ငွေကြေးတတ်နိုင်သည့် သူဌေးဖြစ်သောကြောင့် အမှုမဖွင့်

MYARF
RB News
5.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာတွင် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦး သေဆုံးသွားခဲ့သော်လည်း ၀င်တိုက်သည့် ယာဉ်ပိုင်ရှင်မှာ သူဌေးတစ်ဦး ဖြစ်သောကြောင့် နယ်ခြားစောင့်ရဲများက အမှုမဖွင့်ကြောင်း သတင်းရရှိပါသည်။

ဧပြီလ (၃) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်ခန့်တွင် ရွှေဇားကျေးရွာအုပ်စု အတွင်း ကားလမ်းပေါ်တွင် Lifan ကုန်တင်ကားတစ်စီးက မော်တော်ဆိုင်ကယ်တစ်စီးကို နောက်မှ ၀င်တိုက်ပြီးနောက် ဆိုင်ကယ်သမားသည် တိုက်ခံရသည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက RB News သို့ပြောပါသည်။

ဝင်တိုက်ခဲ့သည့် Lifan ကားပိုင်ရှင်သည် ရွှေဇား ဂုံးနားရွာမှ သူဌေးကြီး ဦးရော်ရှိတ် ဖြစ်နေသောကြောင့် ရွှေဇားတံတားအနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက သေဆုံးသွားသူ၏ အလောင်းကို ဂရုမစိုက်ဘဲ ဦးရော်ရှိတ်ဘက်မှ ကာကွယ်ပေးခဲ့ကြောင်း၊ သေဆုံးသွားသူ၏ မိသားစုဝင်များက ယာဉ်မောင်းဖြစ်သူကို ၀ိုင်းဝန်း ဖမ်းဆီးထားသောကြောင့် နယ်ခြားစောင့်ရဲများက ဦးရော်ရှိတ်နှင့် သားနှစ်ဦး တို့နှင့်အတူ သေဆုံးသွားသူ၏ မိသားစုရှိရာသို့ သွားရောက်၍ ဆဲဆိုရိုက်နှက် ခြိမ်းခြောက်ခဲ့ကြောင်း၊ သေဆုံးသွားသူမှာ ရွှေဇား ဂုံးနားရွာမှ မိုဟာမတ်နူးရ် (ဘ) ဦးရှားကေရ် (အသက် ၁၆ နှစ်) ဖြစ်ပြီး ၎င်း၏ အစ်ကိုတစ်ဝမ်းကွဲ ဖြစ်သူ အေနာယောတူလ္လာ (ဘ) ဦးရိုဟုလ်အာမီးန်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ယာဉ်တိုက်မှုနှင့် ပတ်သက်၍ နောက်ထပ် အသံမထွက်ရန် ရိုက်နှက် ဆုံးမ၍ ခံဝန်ချက် ထိုးခိုင်းကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယာဉ်တိုက်မှုကြောင့် လူတစ်ဦး သေဆုံးသွားသော်လည်း နယ်ခြားစောင့်ရဲများက အမှုဖွင့် အရေးယူခြင်း မပြုလုပ်သောကြောင့် ယာဉ်တိုက်မှု ကျူးလွန်သူ ယာဉ်မောင်းနှင့် ကားပိုင်ရှင်တို့က မောက်မာစွာ ပြောဆိုလျက် ရှိသည့် အပြင် ဌာနဆိုင်ရာကို တိုင်ကြားလျှင် မျိုးပြုတ်အောင် သတ်ပစ်မည်ဟု မိသားစုဝင်များကို လူအများရှေ့တွင် ခြိမ်းခြောက်ကြောင်း ဒေသခံများက ပြောပါသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းကို မိသားစုဝင် မြှပ်နှံ သဂြိုလ်လိုက်ကြောင်း သိရှိရပါသည်။

ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားသူ

Comment ရေးရန်

Pages 22123456 »
Rohingya Exodus