"နာကျည်းလွန်းပါတယ်"
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
5.10.2017
အမြောက်သံ၊ သေနတ်သံတွေကို ကာရံလုပ်ပြီး
သေကြေပျက်စီးမှုကို ကဗျာလုပ်ရအောင်
ဒီနှလုံးသားမှာ အစွမ်းအစ နည်းတယ်။
လောင်ချာတွေ၊ အမြောက်တွေ
ကျည်ဆံတွေ၊ ဗုံးတွေ
မုန်းတီးမှုတွေ၊ မနာလိုမှုတွေ
ငါတို့ဌာနေမှာ တစ်ဖက်သတ် လာဖူးပွင့်တော့
ဌာနေထဲက ငှက်ကလေးတွေ
ရှောင်နိုင်ရာသို့ ဝရုန်းသုန်ကာ ပျံသန်းသွားချိန်
ငှက်ကလေးတွေရဲ့ အတောင်ပံတွေ
ရိုက်ချိုးခံရတဲ့ သတင်းစကားများ
ကြားရများတော့ နားခါးလွန်းပါတယ်။
ပြာလင်သောကောင်းကင်ကို နောက်ခံထားပြီး
ပျံသန်းခွင့် မသာဘူး
မီးခိုးတွေက တိမ်တိုက်တွေအစား နေရာယူ
မိုးသားတွေတောင် စိတ်ကောက်သွားတယ်။
ကောင်းမှာပဲ... မိုးတွေ ရွာသွန်းရင်လေ
လူနေအိမ်တွေကို ဝါးမြိုနေတဲ့ မီးကို
မီးထဲအပစ်ခံရတဲ့ အပြစ်မဲ့ ကလေးတွေကို
မိုးစက်တွေက သပ်ပေးနိုင်ခဲ့မှာပေါ့။
အတောင်စုံ ချိုးခံရတဲ့ လူတွေရဲ့ မျက်ရည်စက်တွေ
နေရာမှားမှာ စွန့်ပစ်ခံပစ္စည်း ဖြစ်နေရခြင်း မရှိရင်
မီးတောက်ထဲက အိမ်လေးတွေကို
အဲ့မျက်ရည်စက်တွေက ကယ်နိုင်ခဲ့မှာ။
မီးတောက်ထဲ အပစ်ခံရတဲ့ ကလေးငယ်ကိုလည်း
မျက်ရည်စက်တွေက သွားခြုံပေးနိုင်ခဲ့မှာပဲ။
လူ့ဂုဏ်သိက္ခာသေးသေးလေး အတွက်
ပေးဆပ်ရမှုက မတန်တဆဖြစ်နေရလေတော့
ရှေးက ကဝိတွေရဲ့ဆိုစကား နည်းပဒေသတွေတောင်
မှားယွင်းကုန်လေပြီ။
ကမ္ဘာ့အဖိနှိပ်ခံဆုံး ဂုဏ်ပုဒ်မှ
အဆင့်လျှော့ပစ်ချင်နေတဲ့ လူတွေကို
အကြမ်းဖက်သမားဆိုပြီး အပြစ်တင်ရက်ရင်
သင့်လူသား ဝိသေသတွေဟာ
တောထဲက ကျားရိုင်းထက် မသာလောက်ပါဘူး။
မျက်စိအဆုံးမှာ ကောင်းကင်ရှိတယ်
မျှော်လင့်ချက်ကို အဲ့အထိ ဆွဲဆန့်လိုက်တယ်။
ဇီဝိန်တွေကို လမ်းခင်းလို့
အာဇာနည်တွေ ဆက်လျှောက်ခဲ့တယ်။
ဒါတွေက
မနေ့ညက မက်မိတဲ့ အိပ်မက်ပါလေ။
အမိဝမ်းမှ ထွက်လာကတည်းက
မမြည်းစမ်းနိုင်ခဲ့တဲ့ လူ့ဂုဏ်သိက္ခာတွေ
ကမ္ဘာပတ်ပြီး ရှာတွေ့ခွင့်မရတော့တဲ့ အခါ
ကိုယ့်အိုးနဲ့ ကိုယ်တိုင် ချက်စားချင်နေတဲ့
သင်တို့ ငတ်မွတ်နေသူတွေရဲ့လုပ်ရပ်က
လုံးဝဥဿုံ မမှန်ကန်ရင်တောင်
တစ်စက်လေးမှ မမှားပါဘူး။
အရွယ်စုံ လောင်စာတွေရဲ့ ပေးဆပ်ရမှုတွေ
မေ့ရခက်မယ့် သမိုင်းမှာ
ခမ်းနားကြီးကျယ်စွာ ရေးမိခွင့်ရဖို့
ငါတို့မှာ
အသက်စုံတွေ စာမျက်နှာ လုပ်နေရတာ
တကယ်တော့
ဟောဒီအသည်းထဲမှာ နာကျည်းလွန်းပါတယ်။
သေကြေပျက်စီးမှုကို ကဗျာလုပ်ရအောင်
ဒီနှလုံးသားမှာ အစွမ်းအစ နည်းတယ်။
လောင်ချာတွေ၊ အမြောက်တွေ
ကျည်ဆံတွေ၊ ဗုံးတွေ
မုန်းတီးမှုတွေ၊ မနာလိုမှုတွေ
ငါတို့ဌာနေမှာ တစ်ဖက်သတ် လာဖူးပွင့်တော့
ဌာနေထဲက ငှက်ကလေးတွေ
ရှောင်နိုင်ရာသို့ ဝရုန်းသုန်ကာ ပျံသန်းသွားချိန်
ငှက်ကလေးတွေရဲ့ အတောင်ပံတွေ
ရိုက်ချိုးခံရတဲ့ သတင်းစကားများ
ကြားရများတော့ နားခါးလွန်းပါတယ်။
ပြာလင်သောကောင်းကင်ကို နောက်ခံထားပြီး
ပျံသန်းခွင့် မသာဘူး
မီးခိုးတွေက တိမ်တိုက်တွေအစား နေရာယူ
မိုးသားတွေတောင် စိတ်ကောက်သွားတယ်။
ကောင်းမှာပဲ... မိုးတွေ ရွာသွန်းရင်လေ
လူနေအိမ်တွေကို ဝါးမြိုနေတဲ့ မီးကို
မီးထဲအပစ်ခံရတဲ့ အပြစ်မဲ့ ကလေးတွေကို
မိုးစက်တွေက သပ်ပေးနိုင်ခဲ့မှာပေါ့။
အတောင်စုံ ချိုးခံရတဲ့ လူတွေရဲ့ မျက်ရည်စက်တွေ
နေရာမှားမှာ စွန့်ပစ်ခံပစ္စည်း ဖြစ်နေရခြင်း မရှိရင်
မီးတောက်ထဲက အိမ်လေးတွေကို
အဲ့မျက်ရည်စက်တွေက ကယ်နိုင်ခဲ့မှာ။
မီးတောက်ထဲ အပစ်ခံရတဲ့ ကလေးငယ်ကိုလည်း
မျက်ရည်စက်တွေက သွားခြုံပေးနိုင်ခဲ့မှာပဲ။
လူ့ဂုဏ်သိက္ခာသေးသေးလေး အတွက်
ပေးဆပ်ရမှုက မတန်တဆဖြစ်နေရလေတော့
ရှေးက ကဝိတွေရဲ့ဆိုစကား နည်းပဒေသတွေတောင်
မှားယွင်းကုန်လေပြီ။
ကမ္ဘာ့အဖိနှိပ်ခံဆုံး ဂုဏ်ပုဒ်မှ
အဆင့်လျှော့ပစ်ချင်နေတဲ့ လူတွေကို
အကြမ်းဖက်သမားဆိုပြီး အပြစ်တင်ရက်ရင်
သင့်လူသား ဝိသေသတွေဟာ
တောထဲက ကျားရိုင်းထက် မသာလောက်ပါဘူး။
မျက်စိအဆုံးမှာ ကောင်းကင်ရှိတယ်
မျှော်လင့်ချက်ကို အဲ့အထိ ဆွဲဆန့်လိုက်တယ်။
ဇီဝိန်တွေကို လမ်းခင်းလို့
အာဇာနည်တွေ ဆက်လျှောက်ခဲ့တယ်။
ဒါတွေက
မနေ့ညက မက်မိတဲ့ အိပ်မက်ပါလေ။
အမိဝမ်းမှ ထွက်လာကတည်းက
မမြည်းစမ်းနိုင်ခဲ့တဲ့ လူ့ဂုဏ်သိက္ခာတွေ
ကမ္ဘာပတ်ပြီး ရှာတွေ့ခွင့်မရတော့တဲ့ အခါ
ကိုယ့်အိုးနဲ့ ကိုယ်တိုင် ချက်စားချင်နေတဲ့
သင်တို့ ငတ်မွတ်နေသူတွေရဲ့လုပ်ရပ်က
လုံးဝဥဿုံ မမှန်ကန်ရင်တောင်
တစ်စက်လေးမှ မမှားပါဘူး။
အရွယ်စုံ လောင်စာတွေရဲ့ ပေးဆပ်ရမှုတွေ
မေ့ရခက်မယ့် သမိုင်းမှာ
ခမ်းနားကြီးကျယ်စွာ ရေးမိခွင့်ရဖို့
ငါတို့မှာ
အသက်စုံတွေ စာမျက်နှာ လုပ်နေရတာ
တကယ်တော့
ဟောဒီအသည်းထဲမှာ နာကျည်းလွန်းပါတယ်။