နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်နီရွာမှ ငါးဖမ်းသမားတစ်ဦးကို နယ်ခြားစောင့်ရဲများက သေနတ်ဖြင့် ပစ်သတ်

MYARF
RB News
27.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်နီရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းမှ နယ်ခြားစောင့်ရဲများက ငါးဖမ်းနေသူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဇန်န၀ါရီလ (၂၆) ရက်နေ့ ည ၉ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မောင်နီရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများ ခြံစည်းရိုးအနီး၌ ကင်းလှည့်နေစဉ် ငါးဖမ်းနေသည့် ငါးဖမ်းသမား တစ်ဦးကို ခြံစည်းရိုးအနီးတွင် တွေ့ရှိခဲ့သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျည်ဆံသည် နောက်ကျေမှ ထိ၍ ၀မ်းဗိုက်မှ ပေါက်ထွက် သွားခဲ့ပြီး ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ မောင်နီတောင်ရွာမှ ဗေဒင်ဆရာမ ဒေါ်ဇောရီနာ၏ သားဖြစ်သည်ဟု ဆိုသည်။ 

ပစ်သတ်ခံရပြီး သေဆုံးသွား၏ ရုပ်အလောင်းကို နယ်ခြားစောင့်ရဲများက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအဒူရာမာန်အား ဖုန်းဆက်ခေါ်၍ အပ်နှံခဲ့ရာ အုပ်ချုပ်ရေးမှူးက ရွာသားအချို့က ခေါ်၍ အလောင်းကို သယ်ယူလာခဲ့သည်။ 

ရုပ်အလောင်းကို ယနေ့ ဇန်န၀ါရီလ (၂၇) ရက်နေ့ နေ့လည်ပိုင်းတွင် မောင်နီရွာရှိ သင်္ချိုင်းတွင် မြေမြှပ် သဂြိုဟ်ခဲ့သည်။ 

ပစ်သတ်ခံရသူသည် ဆင်းရဲသား ငါးဖမ်းသမား တစ်ယောက် ဖြစ်သည်။ ညမထွက်ရ အမိန့်ထုတ်ပြန် ထားသည်ကို သိသော်လည်း နေ့ပိုင်းတွင် ငါးဖမ်ခွင့် မပေးသည့်အပြင် NVC မရှိဟု ဆိုကာ တစ်ရွာမှ တစ်ရွာသို့ သွားလာ၍ အလုပ်လုပ်ခွင့် မပေးသဖြင့် မိသားစုစားဝတ်နေရေးအတွက် ညမထွက်ရ အမိန့်ကို ဖီဆန်ကာ အသက်ရင်း၍ ငါးဖမ်းခဲ့ခြင်း ဖြစ်သည်။



Comment ရေးရန်

Rohingya Exodus