နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော လှဘော်ဇား တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ဖြတ်သန်းသွားလာသူများထံမှ လုယက် ငွေညှစ်

Rohingya Eye
RB News
10.5.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လှဘော်ဇား တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက  ကားတစ်စီးမှ ငွေကျပ် နှစ်သောင်းငါးထောင် တန်ဖိုးရှိ ကြက်တစ်ကောင် လုယက်ခဲ့သည်။

မေလ (၅) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် ဒေသခံတစ်ဦးသည် အစိမ်းရောင်သုံးဘီးကားတစ်စီးဖြင့် ကြက်အချို့နှင့် ထင်းများကို တင်၍ မောင်တောမြို့တွင် ရောင်းချရန် လာနေစဉ် လှဘော်ဇား တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ကားကို ရပ်တန့်ခိုင်းပြီး အသေးစိတ် စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ သုံးဘီးကားပေါ်တွင် ပါရှိသည့် ငွေကျပ် ၂၅၀၀၀ တန်ဖိုးရှိ ကြက်တစ်ကောင်ကို အတင်းအဓမ္မ လုယက်ယူခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောသည်။

ယင်းကင်းစခန်းကို ဖြတ်သန်း၍ သွားလာသူ အားလုံး နီးပါးကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်လေ့ရှိသည်ဟု ငွေညှစ်ခံရသူအချို့က ပြောသည်။



Comment ရေးရန်

Rohingya Exodus