March 28, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

"မြန်​မာပြည်​သည်​ နာဇီဂျာ​မဏီအလား"



ဗုဒ္ဓဘာသာဝင် ​အက်​တိဗစ် ​​မောင်​ဇာနည်​သည်​ သူ၏ တိုင်းပြည်​တွင်း ရိုဟင်​ဂျာများ​ကို ပစ်​မှတ်​ထားပြီး ရက်​စက်​ကြမ်းကြုတ်​မှု များကို ပြစ်​တင် ​ရှုတ်​ချသည်​။

လန်​ဒန်​ ။ ။ မြန်​မာနိုင်​ငံ၏ ရိုဟင်​ဂျာလူနည်းစု အ​ပေါ် ပစ်​မှတ်​ထား ရက်​စက်​ကြမ်းကြုတ်​မှု များသည်​ နာဇီဂျာမဏီက ကျူးလွန်​ခဲ့သည်​များနှင့်​ ဆင်​တူသည်​ဟု အ​ရေးပါ အရာ​ရောက်​​သော ဗုဒ္ဓဘာသာဝင်​ လူ့အခွင့်​​အ​ရေး လှုပ်​ရှားသူ တဦးက ဆိုသည်​။

ကင့်​ထ်​၊ ယူ​ကေရှိ Anadolu ​အေဂျင်​စီသို့​ ပြောကြားရာတွင်​ ရိုဟင်​ဂျာလွတ်​​မြောက်​​ရေးညွန့်​​ပေါင်းအဖွဲ့၏ ဦး​ဆောင်​လှုပ်​ရှားသူ ​မောင်​ဇာနည်​က အပြည်​ပြည်​ဆိုင်​ရာ လူ့အဖွဲ့အစည်းအ​နေဖြင့်​ ၎င်း၏ ဇာတိ တိုင်းပြည်​အ​ပေါ် အ​ရေးယူသင့်​သည်​ ဆို၏။

ဇာနည်​၏ မှတ်​ချက်​များသည်​ ဤသီတင်းပတ် ​အ​စောပိုင်းက ကုလသမဂ္ဂက အစီရင်​ခံစာ ထုတ်​ပြန်​ခဲ့​ပြီး​နောက်​ပိုင်းတွင်​ ထွက်​​ပေါ်လာခြင်း ဖြစ်​သည်​။ အဆိုပါ အစီရင်​ခံစာထဲတွင်​ မြန်​မာအစိုးရ တပ်​ဖွဲ့များက ကျူးလွန်​ခဲ့​သော အစုလိုက်​အပြုံလိုက်​ အုပ်​စုဖွဲ့ မုဒိမ်းကျင့်​မှုများ၊ လူမမယ်​ က​လေးသူငယ်​များပါ မကျန်​ သတ်​ဖြတ်​မှုများ၊ ကြမ်းတမ်းစွာ ရိုက်​နှက်​မှုများနှင့်​​ ဖျောက်​ဖျက်​မှုများကို မှတ်​တမ်းတင်​ထားသည်​။ ထိုအစီရင်​ခံစာ ထဲတွင်​ အဆိုပါ အကြမ်းဖက်​မှုများသည်​ လူသားမျိုးနွယ်​ အ​ပေါ် ကျူးလွန်​​သော ရာဇဝတ်​မှု ​မြောက်​နိုင်​သည်​ဟု ကုလသမဂ္ဂ စုံစမ်းစစ်​​ဆေး​ရေးမှူး များက ဆိုထားသည်​။

"ကျ​နော်​တို့ကြုံ​တွေ့​နေရတဲ့ အ​ခြေအ​နေက​တော့ ​အောင်​ဆန်းစုကြည်​ ဆိုတဲ့ ငြိမ်းချမ်း​ရေး နိုဘယ်​ဆုရှင်​ တ​ယောက်​နဲ့ သူ့မရဲ့ အာဏာခွဲ​ဝေဖက် ​ပါတနာ​တွေဖြစ်​တဲ့ မြန်​မာစစ်​ဖက်​​ခေါင်း​ဆောင်​​တွေဟာ ကုလသမဂ္ဂအဖွဲ့ဝင်​နိုင်​ငံတနိုင်​ငံကို အုပ်​ချုပ်​​နေကြပြီး ကမ္ဘာ​ပေါ်က အယုံကြည်​ရဆုံးနဲ့ အမြင့်​ဆုံး​ လူ့အခွင့်​အ​ရေး အာဏာပိုင်​အဖွဲ့အစည်းရဲ့​ တွေ့ရှိချက်​အရ အဲ့ဒီနိုင်ငံ​ဟာ နာဇီဂျာမနီနဲ့ တူ​နေတာကို ​တွေ့ရှိရခြင်းပါပဲ" လို့ဇာနည်​က ဆိုပါတယ်​။

"လူမျိုးတုန်း သတ်​ဖြတ်​မှုဟာ နာဇီ​တွေ လုပ်​ခဲ့တဲ့ အရာပဲ။ လူမျိုးတုန်း သတ်​ဖြတ်​မှုဟာ ရဝမ်​ဒါမှာ၊ က​မ္ဘောဒီးယားမှာ သို့မဟုတ်​ ​ဘော့စနီးယား မွတ်​စလင်​​တွေ အ​ပေါ်မှာ ဖြစ်​ခဲ့တာ​တွေပဲ"

အမှုတခုကို လူမျိုးတုန်း သတ်​ဖြတ်​မှု အဖြစ်​ ဆုံးဖြတ်​ သတ်​မှတ်​ပြီးလျှင်​ ယင်​အမှု အ​ပေါ် အ​ရေးယူ ကိုင်​တွယ်​ရန်​ တာဝန်​မှာ ကုလသမဂ္ဂအဖွဲ့ဝင်​နိုင်​ငံ အားလုံးအ​ပေါ်တွင်​ ကျ​ရောက်​​ကြောင်း ​မောင်​ဇာနည်​က အ​လေး​ပေး​ပြောကြားခဲ့သည်​။

"အမြင့်ဆုံး ​​နိုင်​ငံ​ရေးအရ​ရော၊ ကျင့်​ဝတ်​ပိုင်းဆိုင်​ရာအရပါ ဝတ္တရား​ဟာ ကုလသမဂ္ဂ လုံခြုံ​ရေး​ကောင်​စီမှာ ရှိပါတယ်​" လို့ သူကဖြည့်​စွက် ​​ပြောကြားပါတယ်​။

ရဝမ်​ဒါနဲ့ ​ဘော့စနီးယားမှာလို အပြည်​ပြည်​ဆိုင်​ရာ ရာဇဝတ်​ခုံရုံးတခု ဖွဲ့ရုံမျှနဲ့လည်း မလို​လောက်​​သေးဘူးလို့ သူကဆိုပါတယ်​။ ရိုဟင်​ဂျာလူနည်းစု အ​နေနဲ့ သာမန်လူများနည်းတူ ဂုဏ်​သိက္ခာရှိရှိနဲ့ လုံခြုံစိတ်​ချစွာ ​နေထိုင်​နိုင်​ရန်​ အကာအကွယ်​ အ​စောင့်​အ​ရှောက်​ရှိတဲ့ နယ်​​မြေ​ဒေသတခု လိုအပ်​တယ်​လို့ ဆိုပါတယ်​။

ကုလသမဂ္ဂမှ မြန်​မာပြည်​နဲ့ ပတ်​သက်​​သော လွတ်​လပ်​​သော အချက်​အလက်​ ရှာ​ဖွေ​ရေး ​ကော်​မရှင်​က ကာကွယ်​​ရေးဦးစီးချုပ်​ ဗိုလ်​ချုပ်​မှူးကြီးမင်း​အောင်​လှိုင်​ အပါအဝင်​ မြန်​မာပြည်​ရဲ့ ထိပ်​ပိုင်း စစ်​အရာရှိများကို ရိုဟင်​ဂျာမူဆလင်​များ အ​ပေါ် ကျူးလွန်​ခဲ့​သော လူမျိုးတုန်းသတ်​ဖြတ်​မှု အတွက်​ အပြည်​ပြည်​ဆိုင်​ရာ ရာဇဝတ်​ခုံရုံးမှာ တရားစွဲဆိုဖို့ တိုက်​တွန်း ထားပါတယ်​။

"ကျ​နော်​ ​မျှော်​လင့်​တာက တကယ့်​ပြီးပြည့်​စုံတဲ့ ကမ္ဘာမှာဆိုရင်​ ကုလသမဂ္ဂ လုံခြုံ​ရေး​ကောင်​စီဟာ ရက်​စက်​အကြမ်းဖက်​မှု​တွေ ရပ်​တန့်​သွား​အောင်​၊ ရိုဟင်​ဂျာ​တွေကိုလည်း သူတို့​နယ်​​မြေကို ပြန်​​ပေးပြီး ဂုဏ်​သိက္ခာရှိရှိနဲ့ လုံခြုံစွာ​ နေနိုင်​ဖို့​အောင်​ ဝင်​​ရောက်​စွက်ဖက်​​မှု တခုခုကို ချမှတ်​​ပေးဖို့ ဖြစ်​တယ်​လို့" ဇာနည်​ကဆိုပါတယ်​။

- ပိတ်​ဆို့အ​ရေးယူမှုများ

ဆယ်​စုနှစ်​​ပေါင်းများစွာ ကြာ​အောင်​ အကြမ်းဖက်​ခံရပြီး ​နောက်​ပိုင်း၊ အထူးသဖြင့်​ ယခင်​နှစ်​ သြဂုတ်​လက သူတို့ အ​ပေါ် အကြီးအကျယ်​ တိုက်​ခိုက်​ခံရပြီးတဲ့​နောက်​မှာ ယခုဆိုရင်​ မြန်​မာပြည်​ ပြင်​ပကို​ ရောက်​ရှိ​နေတဲ့ ရိုဟင်​ဂျာ​တွေဟာ ပြည်​တွင်းမှာ ကျန်​ရစ်​ခဲ့တာထက်​ ပိုမိုများပြား​နေတယ်​လို့ ဇာနည်​က ​ပြောပါတယ်​။

မြန်​မာအစိုးရနဲ့ စစ်​တပ်​ကို အပြည်​ပြည်​ဆိုင်​ရာက ပိတ်​ဆို့အ​ရေးယူမှုများ ချမှတ်​သင့်​တယ်​လို့ အ​လေး​ပေး​ပြောကြားရင်း ရိုဟင်​ဂျာ​တွေကို ပထုတ်​တဲ့မူဝါဒကို လုံးဝရပ်​ဆိုင်းရမယ်​လို့​ ဇာနည်​က ​ထောက်​ပြပါတယ်​။

ရိုဟင်​ဂျာမူဆလင်​​တွေဟာ ယခုထက်​တိုင်​ ​မောင်းထုတ်​ခံ​နေရ​သေးပြီး မြန်​မာပြည်​အ​ပေါ် ချမှတ်​တဲ့ အ​ရေးယူပိတ်​ဆို့မှုများရဲ့ အန္တိမ ရည်​ရွယ်​ချက်​ဟာ ဗမာအစိုးရရဲ့ မူဝါဒများကို ​ပြောင်းလဲ​စေဖို့ရယ်​နဲ့ မြန်​မာစစ်​တပ်​နှင့်​တကွ​သော လူထုသ​ဘောထားအမြင်​ကို ထုဆစ်​နိုင်​သူများ အ​နေနဲ့ ရိုဟင်​ဂျာ​တွေအ​ပေါ် ဖိနှိပ်မှု၊ မတရားသဖြင့်​ အ​ရေးယူမှု၊ အထူးသဖြင့်​ လုံးဝ အ​စမကျန်​​အောင် ​​ဖျောက်​ဖျက်​မှု​တွေ ပြုလုပ်​ရာမှာ အသုံးချတဲ့ အ​ဆောက်​အဦကို​ ပြောင်းလဲ​စေဖို့ဖြစ်​တယ်​လို့ ဇာနည်​က ဖြည့်​စွက် ​​ပြောကြားပါတယ်​။

တခုထက်​ပိုတဲ့ ပိတ်​ဆို့ အ​ရေးယူမှုများရဲ့ အန္တိမ ရည်​မှန်းချက်​ဟာ ရိုဟင်​ဂျာများကို အပြည်​ပြည်​ဆိုင်​ရာရဲ့ အကာအကွယ်​​ပေးမှုနဲ့ မြန်​မာစစ်​တပ်​ရဲ့ ရက်​စက်​အကြမ်းဖက်​မှုများကို ဆက်​လက် ​ခွင့်​မပြုနိုင်​​စေမယ့်​ ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ ​ဒေသတခုကို ဖန်​တီး​ပေးဖို့ဖြစ်​တယ်​ လို့ သူကဆိုပါတယ်​။

- အ​ဖြေ

ဇာနည်​ရဲ့​ ပြောကြားချက်​အရ မြန်​မာပြည်​မှာ အဓိက ​ဒေါက်​တိုင်​ကြီး ​လေးခုရှိပါတယ်​။ အဲ့ဒါ​တွေက​တော့ စစ်​တပ်​ရယ်​၊ ဗုဒ္ဓဘာသာအင်​အားစုရယ်​၊ နိုင်​​ငံ​ရေးပါတီများရယ်​နဲ့ အများပြည်​သူရယ်​ ဖြစ်​ပါတယ်​။

"ဒီ​ဒေါက်​တိုင်​​လေးခု စလုံးဟာ ရိုဟင်​ဂျာကို အသိအမှတ်​မပြု ဆန့်​ကျင်​ကြပါတယ်​။ ရိုဟင်​ဂျာ​တွေဟာ ဗမာပြည်​က မဟုတ်​ဘူး၊ သူတို့ကို​ ဗမာပြည်​မှာ အလိုမရှိဘူးလို့​ ပြောကြပါတယ်​။"

ပြဿနာရဲ့ အ​ဖြေဟာ ပြည်​တွင်းမှာ မတည်​ရှိဘဲ နိုင်​ငံတကာနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းများကြားမှာ ​စု​ပေါင်း​ဖော်​ထုတ်​​ပေးရမှာ ဖြစ်​တယ်​လို့ ဇာနည်​က​ ပြောပါတယ်​။

- တူရကီရဲ့ အကူအညီကို ဖိတ်​​ခေါ်ဖြင်း

တူရကီ သမ္မတ အာဒိုဂန်​ နဲ့ တူရကီအစိုးရဟာ ရိုဟင်​ဂျာ​လူမျိုး​တွေ အ​ပေါ်မှာ အလွန်​တရာ ​ထောက်​ခံအား​ပေးမှုရှိပြီး​ ကူညီ ​ပြောကြား​ပေးမှု​တွေလည်း ရှိတယ်​လို့ ဇာနည်​က ဖြည့်​စွက်​ပါတယ်​။

"အခုအချိန်​ဟာ တူရကီအ​နေနဲ့ စိတ်​ဓာတ်​ပိုင်းအရနဲ့ နိုင်​ငံ​ရေးအရ အ​လေးအနက်​ ဦး​ဆောင်​မှုကို ပြသရမယ့်​အချိန်​ပါပဲ" လို့သူကဆိုပါတယ်​။

ကုလသမဂ္ဂ လုံခြုံ​ရေး​ကောင်​စီဟာ ပြဿနာ​တွေကို မ​ဖြေရှင်းနိုင်​တဲ့ အ​လျောက်​ ​မေ့​မြောပြီး အ​ကြော​သေ​နေသလို ဖြစ်​​နေ​တယ်​လို့ ဇာနည်​က​ထောက်​ပြပါတယ်​။ ​မောင်​ဇာနည်​က အထူးအ​လေးအနက်​ထား ​ပြောကြားတာက​တော့ တူရကီအ​နေနဲ့ မြန်​မာပြည်​ဖြစ်​ရပ်မှာ မွတ်​ဆလင်​အစိုးရ​တွေ​ရော၊ မွတ်​ဆလင်​မဟုတ်​တဲ့အစိုးရ​တွေကို ပါညွန့်​​ပေါင်းဖြစ်​​အောင်​ ဦး​ဆောင်​ဖွဲ့စည်းပြီး ဒါဟာ လူမျိုးတုန်းသတ်​ဖြတ်​မှု ဖြစ်​တယ်​ ဆိုတဲ့ အချက်​ကို လက်ခံတယ်​​၊ ငါတို့ဟာ လူမျိုးတုန်းသတ်​ဖြတ်​မှုကို အသာ လက်​ပိုက်​ကြည့်​​နေသူ​တွေ မဟုတ်​ဘူးလို့ ​ပြောကြား အ​ရေးယူ ​ဆောင်​ရွက်​ဖို့ လိုတယ်လို့ ဆိုပါတယ်။

လော​လောဆယ်​ မြန်​မာပြည်​တွင်းမှာ ရိုဟင်​ဂျာငါးသိန်း​ကျော် ​ပိတ်​မိ​နေပြီး အချိန်​မ​ရွေး​မောင်းအထုတ်​ခံ ရနိုင်​တာဖြစ်​လို့ အခုအချိန်​ဟာ အ​ရေးယူ​ဆောင်​ရွက်​ရမယ့်​ အချိန်​ ၊ညွန့်​​ပေါင်းဖွဲ့ရ​တော့မယ့်​ အချိန်​လို့ သူက​ပြောပါတယ်​။

"ကျ​နော့်​ရဲ့​ ပန်ကြားချက်​​ဟာ မြန်​မာပြည်​သူ​တွေထံကို မဟုတ်​ပါဘူး။ အစ္စလာမ်​ကမ္ဘာ အစ္စလာမ်​ မဟုတ်​တဲ့လူ့အဖွဲ့အစည်း​တွေထံ ရိုဟင်​ဂျာ​တွေကို ကူညီကြဖို့ပ န်​ကြားလိုတာပါ"

"ဘာ​ကြောင့်​လဲ ဆို​တော့ ဒါဟာ မွတ်​ဆလင်​​တွေ အတွက်​ပဲ ဆိုတာ​ကြောင့် ​မဟုတ်​ပါဘူး။ သူတို့ဟာ လူသား​တွေ ဖြစ်​လို့ပါ။ ဒါ​ပေမယ့်​ ကျ​နော့်​ တိုင်းပြည်​က ကျ​​နော်တို့​ ဗမာ​တွေက​တော့ သူတို့ကို တိရိစ္ဆာန်​​တွေ ထက်​​တောင်​ နှိမ့်​ချဆက်​ဆံပါတယ်​။

အွန်​​တေရီယို အပြည်​ပြည်​ဆိုင်​ရာ ဖွံ့ဖြိုး​ရေး​အေဂျင်​စီ အဆိုအရ ၂၀၁၇ ခုနှစ်​ သြဂုတ်​လ ၂၅ ရက်​​နေ့တွင်​ မြန်​မာအစိုးရသည်​ မွတ်​ဆလင်​ တိုင်းရင်းသား လူနည်းစု အ​ပေါ် စစ်​​ဆင်​​​ချေမှုန်း​ရေး ပြုလုပ်​ခဲ့ပြီး အရပ်​သား၂၄၀၀၀ နီးပါး က​လေး၊ မိန်းမများ အပါအဝင်​ ဘင်္ဂလား​ဒေ့ရှ်​ဖက်​သို့ လူ​ပေါင်း ၇၅၀၀၀၀ ခန့်​ကို ​မောင်းထုတ်​ကာ ထွက်​​ပြေး​စေခဲ့သည်​။

၂၀၁၂ ခုနှစ်​တွင်​ လူမျိုး​ရေး ပဋိပက္ခများ အတွင်း လူဒါဇင်​​ပေါင်းများစွာ အသတ်​ခံရပြီးကတည်းက ကုလသမဂ္ဂက ကမ္ဘာ့အဖိနှိပ်​ခံရဆုံးဟု သတ်​မှတ်​​ဖော်​ပြ ခံရ​သော ရိုဟင်​ဂျာများသည်​ ​နောက်​ထပ်​ တိုက်​ခိုက်​မှုများ အတွက်​ ​ကြောက်​လန့်​မှုများဖြင့်ရင်​ဆိုင်​​နေရသည်​။


Anadolu Agency မှ Ahmet Gurhan Kartal ရေးသားထားသည့် ‘Myanmar is like Nazi Germany’ ကို ဆီလျော်အောင် ဘာသာပြန်ထားသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus