နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ကကျက်ဘက်ကံပြင်သို့ နယ်ထိန်းရဲများ ၀င်ရောက်၍ ဒေသခံများထံမှ ငွေညှစ်

MYARF
RB News
17.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စုသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် (၁၁) နယ်မြေ လက်အောက်ခံဖြစ်သော်လည်း မြို့နယ် နယ်ထိန်းရဲတပ်ဖွဲ့က ကျူးကျော်ဝင်ရောက်၍ ဒေသခံများထံမှ ငွေညှစ်လျက်ရှိသည်။

သြဂုတ်လ (၁၁) ရက်နေ့က မြို့နယ် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စုသို့ ရောက်ရှိလာပြီး ၎င်းတို့၏ လက်ကိုင်တုတ်ဖြစ်သူ တပ်ရာရွာမှ အလုပ်သမားခေါင်းဆောင် မိုဟာမတ်ရှားကဲရ် (ဘ) ဦးဇော်လာအာမတ် နှင့်အတူ ဟူဆောင်း (ဘ) ဦးလာလူး (အသက် ၂၄ နှစ်) နှင့် အီမာန်ဟူစိန်း (ဘ) ဦးအဒူရော်မာန် (အသက် ၂၃ နှစ်) တို့ကို မူးယစ်ဆေးဝါး သုံးစွဲနေသည်ဟု စွပ်စွဲပြောကြား၍ ငွေကျပ် ၄ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

သြဂုတ်လ (၁၁) ရက်နေ့တွင် ညသန်းခေါင်ယံအချိန်တွင် တပ်ရာရွာမှ ဦးလီယာကောတ်အလီ၏ နေအိမ်ကို ဧည့်စာရင်း စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ၀င်ရောက်စစ်ဆေးပြီး တရားဥပဒေနှင့် ဆန့်ကျင်သည်များ ရှာဖွေ မတွေ့ရှိသော်လည်း ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့သည်။ 

လွန်ခဲ့သည့် ဇူလိုင်လကလည်း တပ်ရာရွာမှ အ၀တ်ဟောင်းများ ရောင်း၍ အသက်မွေးဝမ်းကျောင်းပြုနေသူ ဦးယာစီးန် ကို မူးယစ်ဆေးဝါး သုံးစွဲနေသည်၊ အကြမ်းဖက်သမားများကို ကျွေးမွေးရန် စီစဉ်ပေးခဲ့သည်ဟု စွပ်စွဲ၍ ငွေညှစ် (၃) သိန်း ညှစ်ယူခဲ့သည့်အပြင် ၎င်းအား သြဂုတ်လ (၁၄) ရက်နေ့တွင် တဖန် ငွေညှစ်ရန် လိုက်ရှာခဲ့ကြောင်း ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus