April 30, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တော စ.ရ.ဖ အဖွဲ့က ရွှေဇားမှ ရိုဟင်ဂျာတစ်ဦးကို စစ်ဆေးရန်ဟု ဆိုကာ ခေါ်သွားပြီးနောက် ပျောက်နေသည်ဟု သတင်းလွှင့်

MYARF
RB News
16.9.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာမှ ရိုဟင်ဂျာတစ်ဦးကို စစ်ဆေးရန်ဟု ဆိုကာ စစ်ဘက်ရေးရာ စုံစမ်းရေးအဖွဲ့ (စ.ရ.ဖ) က ခေါ်ဆောင်သွားပြီးနောက် ယခုအခါ ရုံးမှ ပျောက်ဆုံးသွားသည်ဟု မိသားစုကို အကြောင်းကြားသဖြင့် မိသားစုဝင်များက အလွန်စိုးရိမ်မကင်း ဖြစ်နေကြသည်။ 

ငါးခူရ အခြေစိုက် အမှတ် (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းနှင့် လက်အောက်ခံ အမှတ် (၁၄) ကင်းစခန်းတို့မှ နယ်မြေမှူးနှင့် ရဲမှူးတို့အပါအ၀င် နယ်ခြားစောင့်ရဲ အင်အား ၂၀ ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာလ (၈) ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မောင်တောမြို့နယ် ရွှေဇားမြောက်ရွာသို့ ရောက်ရှိလာပြီး ရွာရှိ နေအိမ်အချို့ကို ၀င်ရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် ဦးကော်ဘီရ် (ဘ) ဦးမိုဟာမတ် (အသက် ၄၅ နှစ်) ၏ နေအိမ်ကိုလည်း ဦးကော်ဘီရ် မရှိသည့်အချိန်တွင် ၀င်ရောက် စစ်ဆေးခဲ့သည်။ မည်သည့်အိမ်တွင်မှ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မရရှိခဲ့ပေ။

ယင်းနေ့ နံနက် ၁၁ နာရီအချိန်တွင် တစ်ကြိမ်၊ နေ့လည် ၂ နာရီအချိန်တွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် ထပ်မံလာရောက်၍ ဦးကော်ဘီရ်ကို လိုက်ရှာခဲ့ရာ မတွေ့သဖြင့် “သူအိမ်ကို ရောက်လာရင် မနက်ဖြန် ငါတို့နဲ့ စခန်းမှာ လာတွေ့ဖို့ ပြောပေး၊ မတွေ့ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတယ်လို့ မှတ်ယူပြီး အိမ်ထောင်စု စာရင်းကနေ ပယ်ဖျက်မယ်” ဟု ဇနီးသည်ကို မှာကြားပြီး အိမ်ထောင်စုလူဦးရေစာရင်း (အ.ထ.စ) ကိုလည်း တာင်းယူသွားခဲ့သည်။ 

ခြိမ်းခြောက်သည့်သဖွယ် မှာကြားသွားပြီး အိမ်ထောင်စုစာရင်းပါ သိမ်းယူသွားခြင်းကြောင့် စက်တင်ဘာလ (၉) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဦးကော်ဘီရ်သည် စခန်းသို့ သွားရောက်၍ တွေ့ဆုံပြီး အကျိုးအကြောင်း မေးမြန်းရာ ၎င်းကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ငါးခူရ နယ်မြေစခန်းသို့ ပို့ဆောင်၍ တစ်ည ချုပ်နှောင်ထားကာ စက်တင်ဘာလ (၁၀) ရက်နေ့တွင် မောင်တော စစ်ဖက်ရေးရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ (စ.ရ.ဖ) ရုံးသို့ အပ်နှံလိုက်သည်။ 

စက်တင်ဘာလ (၁၂) ရက်နေ့တွင် စ.ရ.ဖ ရုံးမှ တာဝန်ရှိသူများ ၎င်း၏ နေအိမ်သို့ ရောက်ရှိလာပြီး ဦးကော်ဘီရ်သည် ချုပ်နှောင်ထားရာမှ ထွက်ပြေးသွားခဲ့ခြင်းကြောင့် အိမ်သို့ ရောက်ရှိနေခြင်း ရှိ/မရှိ လာရောက် စစ်ဆေးခြင်း ဖြစ်သည်ဟု မိသားစုဝင်များကို ပြောသဖြင့် မိသားစုဝင်များက အလွန်အထိတ်တလန့် ဖြစ်ကာ စိုးရိမ်မကင်း ဖြစ်နေကြကြောင်း ဒေသခံများက RB News သို့ ပြောပါသည်။ 

မောင်တောမြို့ခံ တစ်ဦးက “သူ့ကို ခေါ်သွားတဲ့နေ့ကစပြီး သူနဲ့ သွားတွေ့ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ကျွန်တော်တို့ကို တွေ့ခွင့် မပေးခဲ့ဘူး၊ အခု နှစ်ရက်ကြာပြီးမှ ထွက်ပြေးသွားတယ်ဆိုပြီး သူတို့ဘက်က လာပြောတာက သံသယ၀င်စရာ ဖြစ်သွားတာပေါ့။ စ.ရ.ဖ ရုံးကနေ ထွက်ပြေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီ စ.ရ.ဖ အဖွဲ့က အပြစ်မဲ့ ရိုဟင်ဂျာတွေကို ဖမ်းခေါ်သွားပြီး လူမဆန်စွာ ရိုက်နှက်လို့ အသက်ဆုံးရှုံးခဲ့ရတာ၊ မသေရင်လည်း သေလုမြောပါး ဖြစ်သွားခဲ့ရတာ စတဲ့ အဖြစ်အပျက်တွေ အများကြီး ရှိတယ်။ အဲဒါကြောင့် အခုလည်း အရမ်းကို ညှဉ်းပန်းနှိပ်စက်ရင်း လက်လွန်သွားလို့ ထွက်ပြေးသွားတယ် ဆိုပြီး သတင်းလွှင့်နေတာ ဖြစ်နိုင်တယ်” ဟု သုံးသပ် ပြောဆိုသည်။ 




Comment ရေးရန်

Pages 22123456 »
Rohingya Exodus