နောက်ဆုံးသတင်း/ဆောင်းပါးများ
ဌေးလွင်ဦး
RB News
25.2.2013
ရခိုင်ဒေသခံ မွတ်ဆလင်များကို “ရိုဟင်ဂျာ” လူမျိုးရယ်လို့ ခေါ်ဆိုကြောင်း အင်္ဂလိပ်များ ရခိုင်ဒေသကို မ၀င် ရောက်မှီ နှစ်ပေါင်း ၅၀ နီးပါး မှတ်တမ်းများကပင် ဖေါ်ပြပြီး ရှိနေပါတယ်။ ဂျာမန်ဘာသာနဲ့ မှတ်တမ်းများအရ ဒီထက်ပိုစောတဲ့ ခုနှစ်များကပဲ ရှိနေပြီး- ပါရှား အိန္ဒိယ မှတ်တမ်းများအရ ဆိုရင် နှစ်ပေါင်းထောင်ချီပြီး မှတ်တမ်း များ ရှိနေပါတယ်။
မွတ်ဆလင်များကို ကုလားများလို့ ခေါ်ဝေါ်သမုတ်ခဲ့တဲ့ စကားအရ ဆိုရင် ရခိုင်ဒေသနဲ့ ရခိုင်လူမျိုး ဆိုတာ ကိုယ်က မွတ်ဆလင်ဒေသနဲ့ မွတ်ဆလင်များကိုသာ ခေါ်ဆိုကြောင်း- သို့မဟုတ် ရခိုင် ဆိုတာ မွတ်ဆ လင်များသာ ဖြစ်ကြောင်း နိုင်ငံတစ်ကာအသိအမှတ်ပြု မြန်မာ့သမိုင်းအကျော် ဒေါက်တာသန်းထွန်းရဲ့   မြန်မာ ရာဇ၀င် ပြန်တမ်း အတွဲ ၂ စာမျက်နှာ ၂၁၉ မှာ “ရခိုင် ဆိုတဲ့ လူမျိုးကို ကုလား မျိုး ခြောက် ဆယ့် လေးနွယ်” ထဲမှာ ထည့် သွင်း ရေတွက်ထားခြင်းက သက်သေ တည်နေပါတယ်။ ဒီသမိုင်း အထောက် အထားအရ ရှေးမြန်မာမင်းများ ကိုယ်တိုင် ရခိုင် ဆိုတာ မွတ်ဆလင်များ အများစု နေ ထိုင်ရာ ဒေသအဖြစ် သတ်မှတ်ခဲ့ကြောင်း ထင်ရှားလှပါ တယ်။ ဘိုးတော်မောင်ဝိုင်း ရခိုင်နယ် ကို သိမ်းပိုက် စဉ်က ရခိုင်ဒေသ မွတ်ဆလင်များ အတွက် တရားရေး ကိုင်တွယ်ဘို့ရာ “ဃာဇီ”များ ခန့်အပ်ထားပေးပြီး ရခိုင်ဒေသ တရားသူကြီး “ဃာဇီ“ အဗစ်ဟူစိန်နီ သခင်ကြီးကို ပင် တာဝန်ပေးခဲ့ကြောင်း သမိုင်းဖျက်လို့ မပျက်နိုင်သေး ပါ။
မြန်မာရဲ့ အောက်ပိုင်း (ရခိုင်နဲ့ တနင်္သာရီ) အင်္ဂလိပ် လက်အောက်ကို မရောက်မှီကတည်းက ရခိုင်ရဲ့ မူလဘူတ လူမျိုး မွတ်ဆလင် (မဟာမေဒင်)တွေကို “ရိုဟင်ဂျာ”လို့ ခေါ်ခဲ့တယ်။ အင်္ဂလိပ်အုပ်ချုပ်စဉ်မှာ သူတို့ကို မဟာမေ ဒင်လို့ မှတ်တမ်းတင်ခဲ့တယ်။ ကမ္ဘာ့အလယ်မှာ ဒီသမိုင်းကို ဘယ်လို ဖျောက်မလဲ။ ဒီသမိုင်းကို ဖျောက်ဘို့ ကြိုး စားသူတိုင်းဟာ အစ္စလာမ်သာသနာကို မလိုတမာ မုန်းတီးသူဖြစ်ကြောင်း မိမိကိုယ်မိမိ သက်သေခံနေသူများ သာ ဖြစ်ပါတယ်။ အစ္စလာမ်သာသနာ အပေါ် ဘာသာရေး စစ် ကြေငြာ နေသူများသာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို ဖျောက်လိုသူများက “မူဂျာဟစ်” သူပုန်များကို အကြောင်းပြပြန်တယ်။ မူဂျာဟစ် ဆိုတာ ဘာကြောင့် ပေါ်ခဲ့ရသလဲ။ သမိုင်းကို ပြန်လှန်လိုက်ပါ။ ၁၉၄၂ ခုနှစ် ဘုန်းကြီးစိန္တာ ဦးဆောင်တဲ့ ရခိုင် ဗုဒ္ဓဘာသာ မျက်ကန်းများကသာ မွတ်ဆလင်များ အပေါ် မျိုးဖြုတ်သတ်ဖြတ်ခြင်း မရှိခဲ့ရင်- မူဂျာဟစ် ဆိုတာ လည်း ပေါ်လာစရာ အကြောင်းမရှိပါ။ ဘုန်းကြီးစိန္တာရဲ့ ပယောဂ ကြောင့် ရခိုင်တောင်ပိုင်း အလယ်ပိုင်းမှာ မွတ်ဆလင်ရွာပေါင်း ၃၀၉ ရွာ လုံးဝ ချုပ်ငြိမ်းသွားခဲ့ရတယ်။ ရွာလုံး ကျွတ်သတ်ခံရတာများ ရှိသလို- မွတ်ဆလင် များရာ မြောက်ပိုင်း ဘူးသီးတောင် ၊ မောင်းတော နယ်သို့ ထွက်ပြေး သောင်တင်နေခဲ့ရသူများလည်း ရှိခဲ့တယ်။ ဒီနေ့ ဘူးသီးတောင် နဲ့ မောင်းတောမှာ လူဦးရေ များနေရတဲ့ အကြောင်းရင်းက မွတ်ဆလင်လူနည်းစု များ တောင်ပိုင်းမှာသတ်ဖြတ်ခံရလို့ထွက်ပြေး သောင် တင်နေတဲ့ အကြောင်းကြောင့်ပါ။ သမိုင်းကို သေသေချာချာ ပြန်လှန်ပါ။
အလားတူ မြောက်ပိုင်းမှာ ဗုဒ္ဓဘာသာနည်းလို့ မြောက်ပိုင်းဘက်မှာ ဗုဒ္ဓဘာသာများ အထိနာခဲ့ရတယ် ဆိုတာ လည်း ဖုံးကွယ်မရနိုင်ပါ။ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းရဲ့ တရားခံက ရခိုင်ဗုဒ္ဓ၀ါဒီ ခွဲထွက်ရေး သမားတို့ရဲ့ စနစ်၊ အဲ့ဒီ ၀ါဒကို ဦးဆောင်တဲ့ ဦးစိန္တာရဲ့ စနစ်သာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာချင်း ဆိုတဲ့ အမြင်နဲ့ လူများစု မြန်မာများက သမိုင်းကို မလိမ်သင့်ပါ။ လူများ တရားနိုင်တဲ့ ခေတ် ကုန်သွားခဲ့ပါပြီ။ ၁၉၄၂ ခု ဖြစ်ရပ်မှာ ဂျပန်က ပေးလို့ လက်နက်က ရခိုင်ဗုဒ္ဓဘာသာများ လက်ထဲမှာ ရှိနေခဲ့တယ်။ ဂျပန် လက်အောက် ဖွဲ့စည်းထားတဲ့ မြန်မာတပ်ထဲက ဗုဒ္ဓဘာသာ စစ်သားများမှာ လက်နက်ရှိနေခဲ့တယ်။ လက် နက်ရှိသူနဲ့ လက်နက်မဲ့သူ ဘယ်သူက ပိုပြီး အထိနာ မလဲ- ရိုးရိုးလေး ဆင်ခြင်ကြည့်ပါ။
အထိနာလွန်းလို့ ရိုဟင်ဂျာတွေက “လက်နက်စွဲကိုင်ခဲ့ရတယ်။ မူဂျာဟစ် တော်လှန်ရေးသမားတွေ ပေါ်ခဲ့ရ တယ်။” တိုင်းပြည် အေးချမ်းတည်ငြိမ်သွားတယ်လို့ ယုံကြည်တဲ့နေ့မှာ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့ တယ်။ မွတ်ဆလင်တွေဟာ ခွဲထွက်ရေးကို လိုလားမယ် ဆိုရင်-- အဲ့ဒီကတည်းက ပွဲပြီးနေလောက်ပါပြီ။ ရိုဟင် ဂျာတွေ ဘက်က ခွဲထွက်ရေးကို အညှိမခံ၊ မြန်မာပြည်နဲ့သာ တွဲနေလိုခဲ့လို့-၊ လွတ်လပ်ရေးရစ စိတ်ကြွနေတဲ့ အချို့ မွတ်ဆလင်နိုင်ငံတွေကရဲ့ စိတ်ကွက်ခြင်းကိုတောင် ခံခဲ့ရပါတယ်။ ဒါတွေကို မြန်မာ အစိုးရ ကောင်းကောင်း သိမှာပါ။
၁၉၆၀ မှာ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တော့-၊ ရခိုင်ဒေသခံ မွတ်ဆလင်တွေကို (၁) ရခိုင်မွတ်ဆလင် (၂) မဟာမေဒင် (၃) ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမ သုံးခု အနက် တစ်ခုနဲ့ အသိ အမှတ်ပြုဘို့ တင်ပြခဲ့တယ်။ ဒီမှာ ရခိုင်ဗုဒ္ဓဘာသာ အယူသည်းများက (ရခိုင်ဗုဒ္ဓဘာသာအားလုံး မဟုတ်ပါ။ မျက်ကန်းအယူသည်း ခွဲထွက်ရေးဝါဒီ တစ်ချို့မျှသာ ဖြစ်ပါတယ်။) ရခိုင်ဆိုတဲ့ အခေါင်းစဉ်အောက်မှာ ဗုဒ္ဓဘာသာမှအပ အခြားမရှိရလို့ ကန့်ကွက်ခဲ့ ပါတယ်။ တနည်းအားဖြင့် ရခိုင်ဒေသ ကို မောင်ပိုင် စီး လိုက်ခြင်းဖြစ်ပါတယ်။ ဒါကို ၀န်ကြီးချုပ်ဦးနုက အလိုလိုက် ပေးခဲ့တယ်။ ဒါကြောင့် ကျန်နာမည် ၂ ခုဖြစ်တဲ့ မဟာမေဒင်နဲ့ ရိုဟင်ဂျာ ဆိုတာကို ဆက်စဉ်းစားပါတယ်။ ဒီမှာ လည်း မဟာမေဒင် ဆိုတဲ့ အမည်နာ မက မွတ်ဆလင်ဖြစ်ကြောင်း ကမ္ဘာက သိတဲ့ နာမည် ဖြစ်နေပြန်တယ်။ ဦးနု အနေနဲ့ နိုင်ငံတော် ကို ဗုဒ္ဓဘာသာ နိုင်ငံကြေငြာဘို့ စိတ်သန်သူ ဖြစ်နေတော့-၊ မဟာမေဒင် လူမျိုးတွေ မြန်မာမှာ ရှိနေတယ်လို့ တရားဝင် အသိမခံချင်တဲ့ သဘောပါ။ (ဦးရာရှစ် ကိုတောင် ဦးရန်ရှင်းလို့ နာမည်ပြောင်း ဘို့ စည်းရုံးခဲ့ပါသေးတယ်။) ဒီလိုနဲ့ ရခိုင်အယူသည်းများလည်း မကန့်ကွက်ရအောင်၊ မွတ်ဆလင်မှန်းလည်း မသိရလေအောင် “ရိုဟင်ဂျာ” ဆိုတဲ့ အမည်နာမကို ရွေးချယ်လက်ခံခဲ့ပါတယ်။ (ဦးနုက ရိုဟင်ဂျာ ဆိုတဲ့ အမည် နာမကို လက်ခံမှ ရိုဟင်ဂျာ လူမျိုးနဲ့ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရ ပေါ်လာခြင်း မဟုတ်ဆိုတာကိုတော့ စာဖတ်သူ များ ခွဲခြားနားလည်သင့်ပါတယ်။)
ဦးနေ၀င်းခေတ်မှာ ဦးနုလို တရားဝင် အသံလွှင့်ပြီး ဗုဒ္ဓဘာသာနိုင်ငံကို မထူထောင်ခဲ့ပေမယ့်-၊ အသံတိတ် ဗုဒ္ဓဘာသာနိုင်ငံကို ထူထောင်ခဲ့ပါတယ်။ ဒီအခါမှာ မြန်မာနိုင်ငံထဲက မွတ်ဆလင်အားလုံးကို နိုင်ငံခြားက ကျူး ကျော်လာသူများ၊ ကိုလိုနီခေတ်ကမှ ရောက်လာသူများလို့ စတင်ဆိုင်းဘုတ်တပ်ပါတော့တယ်။ ဒါကြောင့် တရား ၀င်တိုင်းရင်းသား ဆိုပြီး ပြဌာန်းလိုက်တဲ့ ၁၄၃ မျိုး၊ နောက်ပိုင်း ၁၃၅ မျိုးထဲမှာ “ရိုဟင်ဂျာ”တွေကို ပယ် ထုတ်လိုက်ပါတယ်။ အာဏာနဲ့ တစ်ဘက်သတ် အနိုင်ယူ ဗိုလ်ကျခြင်း မျှ သာ ဖြစ် ပါတယ်။
ဒါကြောင့် ဦးနေ၀င်းခေတ်နဲ့ နအဖ ခေတ်များက ပြဌာန်းတဲ့ တိုင်းရင်းသားများ စာရင်းမှာ “ရိုဟင်ဂျာ” ဆိုတာ မပါဝင်ခြင်းဟာ- အာဏာရှင်တို့ရဲ့ သေနတ်ထိပ်ဖျားနဲ့ ရေးတဲ့ ဥပဒေများမှာ မပါဝင်ခြင်းသာ ဖြစ်ပြီး- အမှန်တစ် ကယ် ရိုဟင်ဂျာ ဆိုတာ မရှိဘူး ဆိုတဲ့ အဓိပ္ပါယ်ကို မပေးကြောင်း ရိုးသားသူတိုင်း သိမြင်နေပါတယ်။ ဦးနေ၀င်း ခေတ်က ဥပဒေ၊ နအဖ ခေတ်က ဥပဒေ၊ ၂၀၀၈ ခု ဥပဒေများမှာ မပါဝင်တိုင်း အတည်ပြုရမယ်ဆိုရင် ဒီနေ့မှာ အဲ့ဒီ ခေတ်များက ရေးခဲ့တဲ့ ဥပဒေများကို ပြုပြင်ပေး ဘို့ တောင်း ဆိုမနေသင့်တော့ပါ။ ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားများ အနေနဲ့လည်း အဲ့ဒီ ဥပဒေများကို ပြင်ပေးပါ။ ကျွန်တော်တို့ကို ဒီထက် လုပ်ပိုင်ခွင့် ရှိတဲ့ ဥပဒေများ ပြဌာန်းပေး ပါလို့ တောင်းဆို မနေသင့်တော့ပါ။ NLD ပါတီ အနေနဲ့ရော၊ 88 မျိုးဆက်အနေနဲ့ရော အဆိုပါ ပြဌာန်းထားတဲ့ ဥပဒေ များကို ပြင်ဆင် ဘို့ တောင်းဆိုနေစရာ မလိုတော့ပါ။ အခုလိုလေး အလိုက်သင့် နေလိုက်ရင် အန္တရာယ်တောင် ကင်းပါသေးတယ်။
ကိုယ်တွေ မလိုလားတာကျတော့ ပြုပြင်စေမယ်၊ ကိုယ့်အလိုကျ မွတ်ဆလင်မုန်းတီးရေး ကိစ္စမှာတော့ အာဏာ ရှင်တွေ ပြဌာန်းခဲ့တာကို သဘောကျနေမယ်၊ အဲ့ဒီ ဥပဒေကို ကာကွယ်စောင့်ရှောက်နေမယ်-၊ မွတ်ဆလင်တွေ ကို ဘုံရန်သူ အဖြစ် သတ်မှတ်နေမယ် ဆိုရင်တော့--၊ ဒါဟာ တိုင်းပြည်အတွင် ရင်လေး စရာ ကိစ္စမျှသာ ဖြစ်ပါ တယ်။ မတရားသဖြင့် ဖိလွန်းရင် အရှေ့တီမောလို၊ ကိုဆိုဗို လို ဖြစ်သွားနိုင်တယ်- ရိုဟင်ဂျာတွေ မတောင်းလိုက် ဘဲ ဆုပြည့်သွားနိုင်တယ် ဆိုတာလောက်တော့ လိမ်မာပါးနပ်စွာ အမြင် ရှိနေဘို့ လိုပါမယ်။ အခု- သေကြေရတဲ့ ပမာဏက - တိုင်းပြည်တစ်ပြည် ကွဲထွက်သွား ဘို့ ပြည့် စုံ လုံလောက် တဲ့ ပမာဏကို ရောက်လာနေပါပြီ။ ဒါကို ကမ္ဘာက မြင်နေပြီ၊ ပတ်ဝန်းကျင်နိုင် ငံများ က မြင်နေပြီ- ဆိုတာလောက်တော့ အသိပေးပါရစေ။
မိမိကိုယ်မိမိ နိုင်ငံရေး ပရိယာယ်ကြွယ်လှပြီ။ ပညာတတ်လှပြီ ဆိုပြီး ဘ၀င်တွေ စွပ်မမြင့်နေဘို့ လိုပါမယ်။ ကမ္ဘာ့ နိုင်ငံကြီးတွေ အဘို့- မြန်မာတို့ရဲ့ ပညာနဲ့ နိုင်ငံရေး ပရိယာယ်လောက်ကို ပါးပါးလေး--မျှသာ ဖြစ် တယ်- ဆိုတာ လောက်တော့ တွေးပေးဘို့ မေတ္တာရပ်ခံလိုပါတယ်။
အကယ်၍ တစ်စုံတစ်ခု ဖြစ်လာခဲ့ရင်--၊ ဖြစ်လာသမျှ ကိစ္စဟာ ရခိုင်မျက်ကန်းများနဲ့ မျက်ကန်းဗုဒ္ဓ၀ါဒီ များကြောင့် သာ ဖြစ်တယ် ဆိုတဲ့ အချက်ကိုလည်း အသိပေးထားပါရစေ။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
M.S. Anwar 
RB News 
February 24, 2013 
မောင်တော ။ ။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၃) နံနက်စောစောပိုင်းမှ စ၍ ရဲတပ်ဖွဲ့ဝင်များ၊ နစက များ၊ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များနှင့် အခြား အာဏာပိုင်းများ ပူးပေါင်း ၍ မောင်တောမြို့နယ် အတွင်းဖြတ် သန်းသွားလာနေသူများအား ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ အကြောင်းပြချက် တစ်စုံ တစ်ရာမရှိ ဘဲ ဖြတ်သန်းသွားလာသော ရိုဟင်ဂျာအမျိုးသမီး၊ ကလေး၊ အမျိုးသား ၂၅၀ ကျော်ကို ဖမ်းဆီးထိန်း သိမ်းထားကြောင်းသိရှိရပါသည်။ 
“မနက်ပိုင်းကစပြီးတော့ အာဏာပိုင်အဖွဲ့ အစည်းသုံးခုဖြစ်တဲ့ ရဲတပ်ဖွဲ့၊ နစကနဲ့ ထောက်လှမ်းရေးနဲ့ အခြား အဖွဲ့တွေက မောင်တောမှာရှိတဲ့ နစကစခန်းသုံးခုမှာနေရာယူတယ်။ အဲဒီစခန်းတွေကတော့ မရောင်ခါလီ (ကာလာ) တံတား၊ မြို့သူကြီး (ကာလာ) တံတားနဲ့ ရှူဂျာဖာရာ (တာခ်ခါလီ) တို့မှာဖြစ်ပါ တယ်။ တံတားတွေ ကတော့ မောင်တောမြို့ထဲကိုဝင်တဲ့ ၀င်ပေါက်သုံးခု မတိုင်မှီမှာ ရှိတယ်။ အဲဒီမှာရုတ် တရက် စခန်းချပြီး ဖြတ်သန်း သွားလာတဲ့ ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီး၊ ကလေးပါ မကျန်အစုလိုက် အပြုံ လိုက်ဖမ်း တယ်။ အားလုံး ၂၅၀ ကျော်ကို ဖမ်းပြီး မောင်တောရဲစခန်းမှာထားပြီး ရိုက်နှက်နှိပ်စက် တယ်။ နောက်ပိုင်းတော့ ငွေကြေးပေးနိုင်တဲ့ သူတွေကို လွှတ်ပေးခဲ့တယ်။ ပြီးတော့ ယာယီကဒ်ပြား (အ ဖြူကဒ်) တွေ ကိုင်ထားတဲ့ သူတွေကိုငွေ မယူဘြဲ ပန်လွှတ်ပေး ခဲ့တယ်လို့သိရတယ်။ 
ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်လည်းဖြစ် ရခိုင်အစွန်းရောက် တစ်ယောက် လည်းဖြစ်တဲ့ ဦးလှမောင်တင် မောင်တောမြို့ကိုရောက် လာပြီးတော့ မောင်တောမြို့နယ်အုပ်ချုပ်ရေးနဲ့ အခြား အာဏာပိုင်တွေ၊ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာလူမျိုးတွေထဲက ဘာသာရေးခေါင်းဆောင်တွေကို သီး ခြားတွေ့ ခဲ့တယ်။ ရခိုင် လူမျိုးတွေ၊ မောင်တောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဘာတွေပြောခဲ့သလဲဆို တာတော့ မသိရဘူး။ ရိုဟင်ဂျာ လူမျိုးဘာသာ ရေးခေါင်းဆောင်တွေနဲ့တော့ ဒေသတွင်း အခြေအနေကို ဘယ်လို တည်ငြိမ်အောင် လုပ်ရမလဲဆိုတာ ကိုကောင်းကောင်း မွန်မွန်ဆွေးနွေးခဲ့ တယ်လို့သိရတယ်။ ဦး လှမောင်တင်ပြော တာကတော့ အကြမ်းဖက်မှုကြီးက ရုတ်တရက်ဖြစ် ပွားခဲ့ပြီးတော့ ရိုဟင်ဂျာတွေ က နောက် ကို အဲဒီလိုရက် စက်ယုတ်မာတဲ့ လုပ်ရပ်တွေမှာ အကြောင်းအရာ တစ်ခုဖြစ် မလာတော့ဘူး လို့ပြော သွား တယ် လို့သိရတယ်။ 
အခု ရိုဟင်ဂျာတွေက သူ့ရဲ့မောင်တော ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ သံသယဖြစ်နေကြတယ်။ မောင်တော ကိုလာတာ ကတော့ သူတို့ရဲ့ စီမံကိန်းတွေ အကောင် အထည်ဖော် ဖို့ဖြစ်ပြီးတော့၊ သူတို့ရဲ့ စီမံကိန်းအစိတ် အပိုင်း တစ်ခုအနေနဲ့ ရိုဟင်ဂျာတွေကို စိတ်ဓါတ်စစ်ဆင်ရေး လုပ်သွားတယ် လို့မြင်တယ်” ဟုမောင်တော မြို့မှ ရိုဟင်ဂျာ သက်ကြီး တစ်ဦးမှပြော ပါသည်။ 
ယခုဖြစ် ပွားနေသော အခြေအနေသည် ရိုဟင်ဂျာများနှင့် ကမန် လူမျိုးများအတွက် အလွန် အရေးကြီး သောနောက် ဆုံး အခြေအနေဖြစ်နေပြီး နိုင်ငံတကာရှိ ရိုဟင်ဂျာများ၊ နိုင်ငံတကာ အသိုင်း အ၀ိုင်း များနှင့် အစိုးရ အဖွဲ့အစည်း များမှ မြန်မာ အာဏာရှင် များနှင့်ပြော ဆိုနေမည့်အစား အစုလိုက် အပြုံ လိုက် သတ် ဖြတ်ခံရ မည့်အခြေအနေမှ ကာကွယ်နိုင်ရန် ထိရောက်စွာပြု လုပ်ရမည့် အချိန်ဖြစ် သည်။ မြန်မာ အစိုးရမှ ငြိမ်းချမ်းရေး အတွက်စစ်မှန်သည့်ဆွေးနွေးပွဲ များတွင်အမြဲတစေနား ထိုင်းများ ကဲ့သို့ဖြစ် သည်။အမြဲတ စေရက် စက် ယုတ်မာကြမ်း ကြုတ်ပြီး နောက်လိမ် ညာမုသားပြောဆို လေ့ရှိပြီး မတူညီ ကွဲပြားသော လူမျိုး များနှင့်ငြိမ်း ချမ်းရေးကို လိုလားသည့် အစိုးရ မဟုတ်ပေ။ 
QS Madani 
RB News 
24.2.2013 
မောင်တော ။ ။ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် စစ်တွေမြို့မှ မောင်တောမြို့ အလယ် သံကျော် သို့ ရောက်ရှိ လာသော ရခိုင် ပဋိပက္ခ စုံစမ်းရေးကော်မရှင် အဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ရိုဟင်ဂျာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးနှင့်လူငယ် ၂ ဦးတို့ကို ဖမ်းဆီးရန် လိုက်လံရှာဖွေ နေကြောင်း သတင်း ရရှိပါသည်။ 
စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဦးမောင်ဇော်လင်း၊ ဦးသက်ပိုင်၊ ဒေါ်ကြည်ကြည်သိန်း တို့နှင့် အတူ အခြား သော အဖွဲ့နှစ် ဦးပါဝင်လာကြောင်းသိရှိရပါသည်။ 
အဆိုပါ အဖွဲ့ရွာမှ ထွက်ခွာသွားသည်နှင့် တပြိုင်နက် အလယ်သံကျော်ရွာမှ ရဲအရာရှိ ဦးအောင်ကျော်၊ စရဖအရာရှိ ဦးကြည်လှိုင်၊ နစကနယ်မြေ (၇) မှနယ်မြေမှူး ဦးအောင်နိုင်ဦးနှင့် မောင်တောမြို့နယ် အုပ် ချုပ်ရေးမှူး ဦးကြည်သိန်းတို့မှာ စုံစမ်းရေးကော်မရှင်နဲ့ ပြောဆိုခဲ့သူများကို ဖမ်းဆီးရန်ရှာဖွေလျက် ရှိ ကြောင်းဒေ သခံများ မှတဆင့်သိရပါသည်။ 
ထိုသို့ဖမ်းဆီးရန်လိုက်လံရှာဖွေနေသောကြောင့် ကော်မရှင်နှင့်ပြောဆိုခဲ့သူများမှာ ရှောင်တိမ်းနေရပြီး၊ ထိုသူများမှာ ရွာကိုစွန့်ခွာ၍အပြီးအပိုင်ထွက်သွားရမည့်အခြေအနေဖြစ်နေပါသည်။ 
ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် မောင်တောမြို့ရှိ ရခိုင်ရွာဖြစ်သည့် မောရ၀တီရွာအုပ်ချုပ်ရေးမှူး ဦးခိုင် ထွန်း ၊ ရွာသားများဖြစ်ကြသည့် ဦးမောင်လှ၊ ဦးထွန်းမြရီတို့မှ ရခိုင်လူငယ် အချို့ကို ၀ါချရွာနှင့် သောင် ပညာကျေးရွာ အုပ်စုတို့ရှိ ဗလီဝတ်ကျောင်းတော်များ ရှိရေကန်များနှင့် ပိုက်လိုင်းများတွင် အဆိပ် ခတ်ရန်စေ လွှတ်ခဲ့သည်။ သို့သော်လည်း ရိုဟင်ဂျာများ၏ အသိလျင်မြန်မှု ကြောင့် အဆိုပါ ရခိုင်များ၏ အစီအစဉ် အထ မမြောက်ဘဲ ထိုရခိုင်လူငယ်များ ထွက်ပြေးသွားကြောင်းသိရပါသည်။ 
ဘူးသီးတောင်။။ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ည ၁၁နာရီတွင် နစကစခန်းအမှတ်(၂၂)မှ ဘူးသီး တောင်မြို့ နယ် ရာဇာဘီလ်ကျေးရွာအုပ်စုတွင်နေထိုင်သော အောက်ဖော်ပြပါရိုဟင်ဂျာ (၄) ဦးကို ခိုင်လုံသော အကြောင်းပြ ချက်တစ်စုံတစ်ရာမပြဘဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရပါသည်။ 
(၁) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးဘာရူ (အသက် ၃၀ နှစ်) 
(၂) ဦးအလီအကဘာရ် (ဘ) ဦးဒီန်မိုဟာမတ် (အသက် ၂၂ နှစ်) 
(၃) မော်လ၀ီဦးရဖိခ် (ဘ) ဦးယူစွပ် (အသက် ၂၃ နှစ်) 
(၄) ဦးဘာရူ (ဘ) ဦးအဒူကရီမ် (အသက် ၅၅ နှစ်) 
အထက်ဖော်ပြပါ (၄) ဦးအား ငွေကျပ် ၇၅၀၀၀ စီပေးစေပြီး ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရပါသည်။ 
ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ရာဇာဘီလ်မှ ရိုဟင်ဂျာနှစ်ဦးဖြစ် သည့်ဦး ဆူ လေမန်(ဘ)ဦးကာလူ(အသက်၄၀ နှစ်) နှင့်ဦးနူရ်အစ္စလာမ်(ဘ)ဦးနူရ်မိုဟာမတ်(အသက်၂၂ နှစ်)တို့ အား ကေရာရန် ဖရန်ကျေးရွာ အုပ်စုအမည်ရှိ ရခိုင်ရွာသို့ ရခိုင်လူမျိုးများအတွက်ကောက်ပဲသီးနှံ များသယ်ဆောင် ရန် ခေါ်ဆောင် သွားခဲ့သည်။ သို့သော်လည်း နယ်မြေခံစစ်တပ် တပ်ရင်းဖြစ်သည့် တပ်ရင်း ၅၃၆ မှ ၎င်းတို့နှစ်ဦးအားတွေ့ရှိသွားပြီး ရခိုင်ရွာကိုလာသည့်အတွက်ဟုဆို၍ လူမဆန်စွာ ရိုက် နှက် ခဲ့ကြောင်း သိရပါသည်။
တောင်အာဖရိကနိုင်ငံသား နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး။
ဗွီအိုအေ (မြန်မာဌာန) 
22.02.2013 
တောင်အာဖရိက  နိုင်ငံက Nobel ငြိမ်းချမ်းရေး ဆုရှင် ဘုန်းတော်ကြီး Desmond Tutu ဟာ ဖေဖော် ဝါရီလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ ကျရင် ရန်ကုန်မြို့ အမေရိကန် Center မှာ စကားပြောဖို့ ရှိပါတယ်။ အရပ်သား အခွင့် အရေးနဲ့ လူ့အခွင့် အရေးတွေ အတွက် တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့သူ ဘုန်းတော်ကြီး Desmond Tutu ဟာ Semester At Sea လို့ခေါ်တဲ့ ကမ္ဘာပတ်ပြီး ပညာသင်ယူတဲ့ သင်္ဘောကြီးနဲ့ ရန် ကုန်မြို့ကို တနင်္လာနေ့မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ အမေရိ ကန်ပြည်ထောင် စုတက္ကသိုလ်တွေက ပါမောက္ခတွေနဲ့ အတူ တောင် အာဖရိကနိုင်ငံက ဘုန်းတော်ကြီး Desmond Tutu ဟာ ကထိက တာဝန်နဲ့ ပါလာမှာဖြစ်ပါတယ်။
Semester At Sea အစီအစဉ်နဲ့ မြန်မာနိုင်ငံကို ပညာသင်သင်္ဘောကြီး ၂၀၀၆ ခုနှစ်မတိုင်ခင်က လာခဲ့ဖူးပေမဲ့ အဲဒီနောက် ပိုင်းမှာ ဘုန်းတော်ကြီး Desmond Tutu ရဲ့ ပန်ကြား ချက်ကြောင့် မြန်မာနိုင်ငံကို သွားတာကို ရပ်ခဲ့ပြီး အခုမှ ပြန်သွားတာဖြစ်တယ်လို့ Semester At Sea အစီအစဉ်ကြီးကြပ်ရေးဌာန ဒုတိယ ဥက္ကဋ္ဌ Michael Zoll က VOA မြန်မာပိုင်းကို ပြောပါတယ်။
“ကျနော်တို့ ဘုတ်အဖွဲ့ဝင် တယောက်လည်းဖြစ်၊ မိတ်ဆွေကောင်း တယောက်လည်းဖြစ်တဲ့ တောင် အာဖရိက-က ဘုန်းတော်ကြီး Desmond Tutu က ကျနော်တို့ ပြန်သွားသင့်လောက်တဲ့ အထိ မြန် မာနိုင်ငံ မှာ သိ သိသာသာ ပြောင်းလဲနေပြီလို့ ခံစားရ တဲ့အကြောင်း ပြောတာကြောင့်ရော၊ သမ္မတ Barack Obama နဲ့ နိုင်ငံခြားရေးဌာနတို့ရဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းကို သွားနေတဲ့ အခြေအနေတွေ တိုးတက်နေပြီ ဆို တဲ့ပြောကြား ချက်တွေ ကြောင့်ရော၊ နောက် ကျနော်တို့ရဲ့သုံးသပ် ချက်တွေကြောင့်ပြန် သွား ရတာဖြစ် ပါတယ်။
မြန်မာနိုင်ငံက အကောင်းဘက် ဦးတည်နေတဲ့ အခြေအနေတွေကို ကျနော်တို့ အနေနဲ့ တနည်း တလမ်း အထောက် အကူပြုနိုင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်လို့ Semester At Sea အစီအစဉ် ကြီးကြပ်ရေးဌာန ဒုတိယ ဥက္ကဋ္ဌ MichaelZoll ကပြောခဲ့ တာဖြစ်ပါ တယ်။ မြန်မာနိုင် ငံမှာ ရောက်နေ စဉ်အတွင်း သင်္ဘောပေါ် မှာပါ လာတဲ့ ဆရာတွေနဲ့ ကျောင်းသူ ကျောင်းသားတွေဟာ ရန်ကုန်မြို့အပြင်မန္တလေး၊ စစ်ကိုင်း၊ မေမြို့၊ ကလော၊ အင်းလေး၊ ပုဂံ၊ ပင်းဒယ၊ ငွေဆောင်၊ တွံတေး စတဲ့မြို့တွေကိုလည်း သွားရောက်လေ့ လာကြမှာ ဖြစ် ပါတယ်။
Semester at Sea အစီအစဉ်နဲ့ ကမ္ဘာပတ် ပညာသင်နေတဲ့ သင်္ဘောကြီးဟာ မြန်မာနိုင်ငံ အပါ အဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံ မြို့ပေါင်း ၁၆ မြို့ကို လှည့်လည်ပြီး ပညာသင်ယူနေကြတာ ဖြစ်ပါတယ်။ စင်္ကာပူကနေ မြန်မာနိုင်ငံကို ရောက်လာမဲ့ သင်္ဘောကြီးဟာ မြန်မာနိုင်ငံ ခရီးစဉ်ပြီးသွားရင် အိန္ဒိယနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။
ကိုအောင်လွင်ဦး 
ဗွီအိုအေမြန်မာပိုင်း
22.02.2013
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လှေစီးပြီးထွက်ပြေးလာသူ အရေအတွက်ဟာ တနေ့ တခြား များပြားလာ နေသလို ပင်လယ်ပြင်မှာ သေဆုံးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်မိတဲ့ အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောလိုက်ပါ တယ်။ ဒီအတွက် ပြဿနာကို ဟန့်တားဖို့ သက်ဆိုင်ရာ အစိုးရတွေ အနေနဲ့ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လှေစီးထွက်ပြေးလာသူတွေ အပါအ၀င် ပင်လယ်ပြင်ကို ဖြတ် သန်း ထွက်ပြေး လာကြသူ အရေအတွက်ဟာ စိုးရိမ်စရာကောင်းလောက်တဲ့ အဆင့်အထိ တိုးလာနေတာ မို့ ဒေသတွင်း က အစိုးရတွေ အရေးတကြီးကိုင်တွယ် ဆောင်ရွက်ကြဖို့UNHCRကတိုက်တွန်းလိုက်တာ ဖြစ် ပါတယ်။ တရားမ၀င် မှောင်ခိုသင်္ဘောတွေနဲ့ အန္တာရာယ် များလှတဲ့ ပင်လယ်ပြင် ကို ဖြတ်သန်း ရင်း သေဆုံးသူ အရေအတွက်ဟာလည်း ရာဂဏန်းအထိ ရှိနေပြီလို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က UNHCR ရုံးချုပ် ပြောခွင့်ရပုဂ္ဂိုလ် Andrej Mahecic က ပြောပါတယ်။
“၂၀၁၂ ခုနှစ်ထဲ မှောင်ခို စက်လှေတွေနဲ့ ထွက်ပြေးသူ အရေအတွက်ဟာ ၁၃,၀၀၀ လောက်ရှိနေပြီး ဒီအထဲက ခန့်မှန်းချေ ၅၀၀ လောက်ဟာ ဆိုရင်လည်း ဘင်္ဂလား ပင်လယ်အော်ထဲမှာ သင်္ဘောမှောက် လို့ပဲဖြစ်ဖြစ်၊ စက်ပျက်လို့ ပဲဖြစ်ဖြစ် သေဆုံးခဲ့တာပါ။”
ကြမ်းတမ်းတဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းကြတဲ့ မှောင်ခိုစက်လှေတွေဟာ ဆိုရင်လည်း ပင်လယ်ရေကြောင်း သွားလာဖို့ မသင့်တာတွေ၊ အင်ဂျင်စက်ကရိယာ မကောင်းတာတွေကြောင့် ဒီလိုကြေကွဲစရာ အဖြစ်တွေနဲ့ ကြုံရလေ့ရှိတယ်လို့လည်း UNHCR က ပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည် နယ် တွင်းမှာ ပြီးခဲ့တဲ့နှစ်ထဲ ကြုံခဲ့ရတဲ့ ပဋိပက္ခတွေက ထွက်ပြေးလာသူတွေလို့ ယုံကြည် ရသူတွေ အပါအ၀င် နိုင်ငံစုံကလူတွေ အကြောင်းအမျိုးမျိုးနဲ့ စွန့်စားနေကြ ဆဲဖြစ်တယ်လို့လည်း UNHCR ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။
“အခု ကျနော်တို့ သိရတာကတော့ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေ ပါဝင်သလို တခြား လူမျိုးတွေလည်း ပါဝင် ပါတယ်။ ဒီလူတွေကတော့ ဘေးကင်းလုံခြုံရေး၊ ဒါမှမဟုတ်လည်း ဘ၀အနာ ဂတ် သာယာရေး ရှာဖွေကြဖို့ တရားမ၀င်တဲ့ လမ်းကြောင်းကို သုံးနေကြတာပါ။”
သီရိလင်္ကာနိုင်ငံက ကယ်ဆယ်ခဲ့တဲ့ လှေစီးပြေး ရိုဟင်ဂျာတွေရဲ့ အပြောအရ ပင်လယ်ပြင်မှာ အစာရေ စာပြတ်လပ်ပြီး လူပေါင်း ၉၀ လောက် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာပြီးနောက် UNHCR ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒီလဆန်း ပိုင်းမှာတုန်းကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်  နိင်ငံတွေက လာသူတွေအဖြစ် သီရိလင်္ကာ ရေတပ်က လူပေါင်း ၁၃၀ ကို ကယ်ဆယ် ခဲ့ရသလို ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း မကြာသေးခင် လတွေ အတွင်း ရောက်လာသူပေါင်းဟာ ၁,၇၀၀ လောက် ရှိခဲ့ တယ်လို့ UNHCR ကပြောပါတယ်။ ဒါပေမဲ့လည်း တချို့လူတွေကိုတော့ ပင်လယ်ပြင် ကို ပြန်မောင်း ထုတ်တဲ့ အဖြစ်အပျက်တွေလည်း ရှိနေတာမို့ ဒေသတွင်း တိုင်းပြည်တွေအနေနဲ့ လူသား ချင်း စာနာ တဲ့အနေနဲ့ ကူညီဖို့လည်း တိုက်တွန်းခဲ့တာပါ။ ဒီလိုပဲပြဿနာရဲ့ ဇစ်မြစ် ကို ဖြေရှင်းဖို့ မြန်မာနိုင်ငံ လို တိုင်းပြည်တွေ က အဓိက ဆောင်ရွက် ရလိမ့်မယ် လို့လည်း UNHCR တာ ၀န် ရှိ သူ Andrej Mahecic ကပြော ပါတယ်။
“ပြဿနာကို ဖြေရှင်းဖို့ မြန်မာ အာဏာပိုင်တွေကို ကျနော်တို့ တိုက်တွန်းချင်တာကတော့ ပြန်လည် သင့်မြတ်ရေး နဲ့ မတူ ညီတဲ့ လူမျိုး စုတွေကြား အတူတကွ ယှဉ်တွဲနေ ထိုင်နိုင်ရေး အတွက် တိုးမြှင့်ဆောင် ရွက်ဖို့ပါ။ ဒီလိုပဲ ရခိုင်ပြည်နယ် တွင်းမှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာစေဖို့ လူမှုဘ၀ အခြေခံတွေကို လက်တွေ့ ခံစား  နိုင်အောင် ဆောင်ရွက်ပြီး ရိုဟင်ဂျာတွေ ပုံမှန်ဘ၀ အတိုင်း နေထိုင်နိုင်အောင် လုပ်ရ မှာဖြစ် သလို နောက်ဆုံး အနေနဲ့ နိုင်ငံသား  ဖြစ်ခွင့် ပေးဖို့လိုပါတယ်။”
အစိုးရကတော့ ရိုဟင်ဂျာဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအဖြစ် လက်မခံပါဘူး။ ရခိုင်ပြည်နယ် အပါအ၀င် မကြာသေးခင်က ၅ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Ojae Quintana ကတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေ အပါအ၀င် ပြင်ဆင်သင့်တဲ့ ဥပဒေတွေ ရှိနေတဲ့အကြောင်း ပြောဆိုထားတာလည်း ဖြစ်ပါ တယ်။
Radio Australia
22.2.2013
မြန်မာနိုင်ငံမှာ ​ဖြစ်ပေါ်နေတဲ့ ​ပဋိပက္ခတွေ ​ချုပ်ငြိမ်းဖို့ ​အတွက် ​ပထမဦးဆုံး ​အကြိမ် ​ရန်ကုန်မြို့ ​ချက်ထ ရီယန် ​ဟိုတယ်မှာ ​မနေ့ကစပြီး ​ပြည်တွင်းပြည်ပ ​ဘာသာပေါင်းစုံ ​ဆွေးနွေးပွဲတခု ​ကျင်းပ ​ပြုလုပ်နေတယ် ​လို့ သိရပါတယ်။
ဆွေးနွေးပွဲကို ​ဒီနေ့ ​သောကြာနေ့ ​အထိ ​ပြုလုပ်သွားမှာ ​ဖြစ်ပြီး ​မြန်မာနိုင်ငံ ​အပါအဝင် ​ထိုင်းနိုင်ငံ၊ ​စင်္ကာ ပူနိုင်ငံ၊ ​အင်ဒိုနီးရှားနိုင်ငံ၊ ​ပါကစ္စတန်နိုင်ငံ ​စတဲ့ ​နိုင်ငံတွေက ​ဘာသာပေါင်းစုံ ​အဖွဲ့တွေနဲ့ ​လူငယ်တွေ ​တက်ရောက် ​ဆွေးနွေးကြတယ်လို့ ​သိရပါတယ်။
ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ် ​နှစ်လယ်ပိုင်း ​ကစပြီး ​ရခိုင်ပြည်နယ် ​အတွင်းမှာ ​ရခိုင်တိုင်းရင်းသားတွေနဲ့ ​ရိုဟင်ဂျာ ​လူမျိုးတွေရဲ့ ​အကြားမှာ ​ဘာသာရေး ​အသွင်ဆန်တဲ့ ​ပဋိပက္ခတွေ ​ဖြစ်ပေါ်ခဲ့ ​ပြီးတဲ့နောက်ပိုင်း ​အခုလို ​ဘာသာပေါင်းစုံ ​ဆွေးနွေးပွဲ ​ဆုတောင်းပွဲတွေပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခတွေဟာ ​ဘာသာရေးကြောင့် ​အင်အားကြီးလာခဲ့တဲ့ ​အကြောင်းနဲ့ ​ဘာသာပေါင်းစုံ ​ဆွေးနွေးပွဲ ​ပြုလုပ်ရတဲ့ ​အကြောင်းတွေကို ​ဘာသာပေါင်းစုံအဖွဲ့ ​ဥက္ကဌ ​ဦးမြင့်ဆွေက ​အခုလို ​ရှင်းပြပါတယ်။
"အခုမြန်မာနိုင်ငံမှာပေါ်ပေါက်နေတဲ့ ​ပဋိပက္ခတွေက ​ယခင်ကတော့ ​ဘာသာရေးကြောင့် ​မဟုတ်ဘူး၊ ​လူမှုရေး ​ကိစ္စရပ်တွေကို ​အခြေခံတယ်၊ ​နောက်ပြီးတော့ ​နိုင်ငံရေးကိစ္စရပ်တွေကိုအခြေခံတယ်။ ​သို့သော်လည်း ​ပေါ်ပေါက်လာတဲ့ ​အခါမှာ ​ပိုပြီးတော့ ​ကြီးထွားလာမှုအတွက်က ​သူကတော့ဗုဒ္ဓလာသာ၊ ​သူကတော့ခရစ်ယာန် ​ဘာသာ၊ ​သူကတော့အစ္စလာမ်ဘာသာပဲ ​ဆိုပြီးတော့နောက်ခံတွေအပေါ် ​စွဲပြီးရပ် တည်လိုက်တဲ့ ​အခါကျတော့ ​ဘာသာတစ်ခုနဲ့တစ်ခုနားလည်မှုလွဲပြီးတော့ပဋိပက္ခတွေ ​ပိုပြီးကြီး ထွာလာ တယ်။ ​ပိုကြီးထွားလာတာကို ​မလိုလားဘူး။ ​ဒါကြောင့်ဒီအဖွဲ့အစည်းကို ​တည်ထောင်ပြီးတော့ ​ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ​လုပ်ငန်းတွေမှာ ​ဘာသာရေးခေါင်းဆောင်တွေ ​ပါဝင်ပြီးတော့ငြိမ်း ချမ်းရေးရဖို့ဆောင် ရွက်တာ ​ဖြစ်တယ်။"
အခုလို ဘာသာပေါင်းစုံအဖွဲ့အစည်း ​ဖွဲ့ပြီး ​ပြည်တွင်းက ဘာသာရေး အဖွဲ့တွေ ​တွေ့ဆုံဆွေးနွေး မှု ​ပြုလုပ်ခဲ့ပေ မယ့် ​ဘာသာတစ်ခုနဲ့တစ်ခု ​အမြင်မကြည်တာ၊ ​ပဋိပက္ခဖြစ်နေတာတွေ ​ရှိပြီး ​ငြိမ်းချမ်းရေး မရနိုင်တဲ့ အ တွက် ​ငြိမ်းချမ်းရေး ​တည်ဆောက်နိုင်ဖို့ လူငယ်တွေဟာ ​အဓိက ​ကျတဲ့အတွက်ကြောင့် ​နောင် မှာ ​အာရှ ပစိဖိတ်ဒေသတွင်း ဘာသာပေါင်စုံ ​လူငယ်အဖွဲ့နေနဲ့ ​ဆောင်ရွက်ဖို့ ​ရှိတယ်လို့ ​ဦးမြင့်ဆွေ ကပြောခဲ့ တဲ့ အကြောင်း ​ရေဒီယို သြစတြေးလျ သတင်းထောက် ​မေငယ်က သတင်းပေး ​ပို့ခဲ့ပါတယ်။
RB News 
23.2.2013 
ဖေဖော်ဝါရီလ(၂၀)ရက်နေ့ကပြည်သူ့ လွှတ်တော် ပုံမှန်အစည်းအဝေးမှာ လူဝင် မှုကြီးကြပ်ရေးနှင့်  ပြည်သူ အင်အား ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း က မြန်မာနိုင်ငံ မှာ ရိုဟင်ဂျာမရှိဘူး လို့ ငြင်းဆို လိုက်တာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ် တဲ့ဦးရွှေမောင်က ရိုဟင်ဂျာ ဆိုတာမြန် မာနိုင်ငံမှာ ရှိတယ်ဆိုပြီး ပြန်လည်ချေပလိုက်ပါတယ်။ 
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ဟာ ရိုဟင်ဂျာ လူမျိုးဖြစ်ပြီး၊ ရခိုင်ပြည် နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်ြ ဖစ်ပါတယ်။ လ၀က ဒုတိယ၀န်ကြီးရဲ့ စွပ်စွဲ ချက်ကို DVB သတင်းဌာနနဲ့ အင်တာဗျူးမှာပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ 
“ရိုဟင်ဂျာ မရှိဘူး ဆိုပြီးတော့ ကျွန်တော်တို့ ရိုးရိုးရှင်းရှင်း လေးငြင်းဆိုနေလို့ မရပါဘူး။ ကျွန်တော်တို့ အဲဒီ လို လုပ်မယ်ဆိုရင် တာဝန်မဲ့ရာ ရောက်ပါမယ်။ ကျွန်တော်တို့ အနေနဲ့ လေ့လာဖို့ လိုပါမယ်” လို့ DVB ကို ပြောပါတယ်။ 
ဦးရွှေမောင်က မောင်တောခရိုင်က ရိုဟင်ဂျာ လူမျိုး လွှတ်တော်အမတ် သုံးဦးထဲက တစ်ဦးဖြစ်ပြီးတော့ အဲဒီ လွှတ်တော်အမတ်တွေက စစ်တပ် ကျောထောက်နောက်ခံဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြုကြပါတယ်။ ဦးရွှေမောင်ဟာ လွန်ခဲ့တဲ့ လတွေကစပြီး အစိုးရ ကနိုင်ငံသား အဖြစ်ငြင်း ဆိုနေပြီး၊ တရားမ၀င် အခြေချနေ ထိုင်တဲ့ ဘင်္ဂလီ တွေလို့ စွပ်စွဲပြောဆိုနေ တဲ့ နိုင်ငံမဲ့ လူနည်းစု အသိုင်းအ ၀ိုင်းအတွက် အသံကျယ်ကျယ်လောင်လောင်နဲ့ ကာကွယ်ပြော ဆိုနေပါတယ်။ 
ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေနဲ့ မွတ်စလင် ရိုဟင်ဂျာတွေအကြား အကြမ်းဖက်မှုတွေဖြစ် ပွားပြီးတဲ့နောက်မှာ ထိပ်တန်းနိုင်ငံရေး သမားတွေ၊ စစ်တပ်နဲ့ကြံ့ခိုင်ရေးပါတီဝင်တွေ အများစုက ရိုဟင် ဂျာတွေကို တတိယနိုင်ငံကို ပို့ဖို့ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ဦးရွှေမောင်ကတော့ အခုဆိုရင် လွှတ်တော် ထဲမှာ မောင်တောခရိုင် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးနဲ့ အတူ ရိုဟင်ဂျာ များရဲ့အခွင့်အရေး ရရှိရေးအ တွက်စတင် လုပ်ဆောင်နေပြီးလို့ DVB ကိုပြောပါတယ်။ သူတို့အနေနဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးရွှေ မန်းကို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာရှိ/မရှိကို ဆုံးဖြတ်ဖို့အတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ပေးဖို့ တောင်းဆိုထား တယ်လို့ဆိုပါတယ်။ 
“ကျွန်တော်တို့ သီးခြား မှတ်တမ်းလုပ်ပြီး လုပ်ဖော် ကိုင်ဖက်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မျှဝေ ပါတယ်။ အပြုသဘောနဲ့ အကောင်းဘက်ကို ဆောင်တဲ့ မှတ်ချက်တွေ အများကြီး ရပါတယ်။ ကျွန်တော်တို့ က အထူးသဖြင့် အစိုးရသတင်းဌာနတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခဲ့တဲ့ စာရွက်စာတမ်း၊ အချက်အလက်တွေကို အာရုံစိုက် ခဲ့တယ်။ အဲဒါတွေကို လွှတ်တော်ကိုယ်စားလှယ် အများစုက သဘော ကျပြီး၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာရှိ တယ်ဆိုတာကို သဘောတူကြတယ်” လို့ ဦးရွှေမောင်က ဆိုပါတယ်။ 
ဦးရွှေမောင်က ၁၈၂၄ ဗြိတိသျှ ကိုလိုနီမတိုင်မှီ သမိုင်းသုတေသနတွေကို အထောက်အထား အဖြစ်ကိုး ကားပါတယ်။ အဲဒီအထောက်အထားတွေမှာတော့ ရခိုင်ပြည်နယ်မှာရိုဟင်ဂျာ ၃၀၀၀၀ ရှိခဲ့တယ်လို့ တရားဝင် အသိအမှတ်ပြု ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သမ္မတဖြစ်ခဲ့တဲ့ စပ်ရွှေသိုက်နဲ့ ပထမ ဦးဆုံး ၀န်ကြီးချုပ် ဦးနုတို့ကလည်း ရိုဟင်ဂျာတွေဟာ  မြန်မာနိုင်ငံရဲ့ဒေသခံ တိုင်းရင်းသား လူမျိုးတစ်မျိုး အဖြစ်နဲ့ အသိအမှတ်ပြုခဲ့ တယ်။ 
နောက်ပိုင်းမှာတော့ ရိုဟင်ဂျာတွေရဲ့နိုင်ငံသားဖြစ်မှုကို စစ်အာဏာရှင် ဦးနေ၀င်းက ဖျက်ပစ်ခဲ့တယ်။ 
“သိပ်မကြာခင်က စစ်တွေမြို့ကို သွားခဲ့တာမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်နဲ့ မွေးစာရင်းတွေ ထုတ်ပေး ထားတဲ့ မိသားစုပေါင်းများစွာကို တွေ့ခဲ့တယ်။ ဒါပေမယ့် အခုထိငြင်းနေတုန်းပါဘဲ” လို့ ဦးရွှေမောင် က ပြောရင်းနဲ့ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီတွေ အခြေချနေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချ လိုက် ပါတယ်။ 
“လူတွေက၀င် လာနေတာ မဟုတ်ဘူး၊ ထွက်သွားနေကြတာပါ။ ရခိုင် မွတ်စလင်တွေကို ရိုဟင်ဂျာလို့ခေါ် ပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်မှာ နေတဲ့မွတ်စလင်တွေဖြစ်ပါတယ်” 
ဗုဒ္ဓဟူးနေ့က လွှတ်တော်မှာဆွေးနွေးခဲ့တာကို မြန်မာအစိုးရရဲ့အင်္ဂလိပ်သတင်းစာဖြစ်တဲ့ New Light of Myanmar ကဘာသာပြန်တာမှားတယ်လို့ဦးရွှေမောင်ကဆိုပါတယ်။ 
“ဦးကျော်ကျော်ဝင်းက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးလို့ ထည့်မပြောဘူး။ ဒါပေမယ့် အင်္ဂလိပ်သတင်းစာ မှာ အဲဒီလို ပါလာတယ်” 
ဦးရွှေမောင်ကတော့သူ့ရဲ့ မဲဆန္ဒရှင်တွေရဲ့ အသံကို လွှတ်တော်ထဲကို ဆက်လက်သယ် ဆောင်သွားမယ် လို့ပြောပါတယ်။ သူ့အနေနဲ့ ရိုဟင်ဂျာတွေကို ဒေသခံတိုင်းရင်းသား အဖြစ်အသိအမှတ်ပြုဖို့အတွက် တွန်း အားပေးဖို့ မလိုအပ်ပေမယ့် အခြေခံ လူ့အခွင့်အရေးကို တော့လေးစား ရမယ်လို့ဆိုပါတယ်။ 
“အခုအချိန်မှာ တော့အရေးကြီးဆုံးက လူတွေဖြစ်ပါတယ်။ လူတွေက အစားအသောက် ချိုတဲ့စွာနေနေရ တယ်။ သူတို့မသွားလာနိုင်ဘူး။ ဈေးတွေကိုမသွားနိုင်ကြဘူး။ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အထောက် အပံ့တွေရ ဖို့အခွင့်မသာဘူး”
(ဓါတ်ပုံ - Reuters)
မဇ္ဈိမ
22.2.2013
နယူးဒေလီ ။ ။ သီရိလင်္ကာ ရေတပ်က ကယ်ဆယ်ထားသည့် မြန်မာနိုင်ငံနေ ၃၂ ယောက် သည် မြန် မာပြည် ကိုပြန်ရန် ငြင်းဆိုကြောင်း သီရိလင်္ကာ ရဲတပ်ဖွဲ့က ပြောဆို လိုက်သည်။
ရဲအဖွဲ့အဆိုအရ မြန်မာနိုင်ငံနေ မွတ်စလင် ရိုဟင်ဂျာများကသူတို့ဟာ ပြန်ဖို့မျှာ်လင့်စရာမရှိကြောင်းပြောဆို သည်ဟု သိရသည်။ 
သီရိလင်္ကာ အစိုးရက သူတို့အား မြန်မာနိုင်ငံသို့ ပြန်မလွဲခင် အထိ သူတို့ ၃၂ အထဲမှ ၁၇ ယောက်အား ထိမ်း သိမ်းထားရှိမည်ဖြစ် သည်ဟု သီရိလင်္ကာထုတ် ဒေးလီးနယူး သတင်းစာက ရေးသားထားသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သီရိလင်္ကာ အရှေ့ဘက် ကမ်းခြေမှ ရေမိုင် ၂၅၀ အကွာ အိန္ဒိယ သမုဒ္ဒရာ အ တွင်း သင်္ဘော တစင်းဖြင့် မျောပါနေသည့် အဆိုပါ ရိုဟင်ဂျာ ၃၂ ဦး ကို သီရိလင်္ကာ ရေတပ်က ဆယ် ယူ ခဲ့ခြင်းဖြစ်သည်။
ကယ်တင် ရရှိခဲ့သော ထိုလူစုထဲတွင် လေးဦးမှာ ကျန်းမာရေးအရ အလွန်စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ရေတပ် ပြောရေး ဆိုခွင့်ရှိသူ တပ်မှူး Kosala Warnakulasriya အား ကိုးကား၍ Daily Mirror သတင်း တရပ်တွင် ရေးသားဖော်ပြခဲ့သည်။
ထို့အတူ ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်း ကလည်း ဘင်္ဂလားဒေ့ရှ်  နိုင်ငံသား ၁၂၇ ဦးနှင့် မြန်မာ ၁၁ ဦးတို့ ကို လည်း သီရိလင်္ကာ ရေတပ်မှ ကယ်တင်နိုင်သည်။
အဆိုပါ ကယ်တင်ခဲ့သူများမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း ကတည်းက မလေးရှားနိုင်ငံသို့ ဦးတည် ထွက် ခွါလာကြသူများဖြစ်ကာ ပင်လယ်ပြင်တွင် မျောနေခဲ့ကြခြင်းဖြစ်သည်ဟု စုံစမ်းလေ့လာမှုများက ထုတ်ဖော်ပြောဆိုခဲ့သည်။
အချိန်မှီဆေးဝါးကုသမှုမရခဲ့သောကြောင့် ကွယ်လွန်သွားသောကလေးငယ်
LA 
RB News 
22.2.2013 
စစ်တွေ ။ ။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ရိုဟင်ဂျာနှင့် ကမန် လူမျိုးများကို သွားလာ ခွင့်များကန့်သတ် ထားသည့်အပြင် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ဒုက္ခသည်များအား ကူညီ၍ဆေး ၀ါးကုသပေးနေသည့် အဖွဲ့အစည်းများကိုပင် ရခိုင်အစွန်းရောက်များက တားဆီးနှောက်ယှက် ပိတ်ပင် လျက်ရှိသည်။ 
မင်းပြားမြို့နယ်၊ ဟာရာပိုင်ကျေးရွာမှ ကလေးငယ် တစ်ဦးသည် စစ်တွေမြို့နယ် ဒုက္ခသည် စခန်း ၌ ခြေ ထောက်တွင် ထိခိုက်ဒဏ်ရာ ရရှိပြီးနောက် ဆေးဝါးကုသမှု ခံယူ၍ မရဖြစ်နေစဉ် ကုလ သမဂ္ဂ လူ့အခွင့်အ ရေးဆိုင်ရာ အထူး ကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း အဆိုပါ ကလေးငယ် ကိုတွေ့ရှိ သွား ခဲ့ သည်။ ကုလသ မဂ္ဂလူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကင်းတားနားမှ ထို ကလေး ငယ်ကို စစ်တွေပြည် သူ့ဆေးရုံကြီးတွင် ဆေးဝါး ကုသပေးရန်ညွန်ကြားခဲ့သဖြင့် ဖေဖော်ဝါရီ၁၈ရက်နေ့တွင် ကြက်ခြေနီ ကား ဖြင့် စစ်တွေပြည် သူ့ဆေးရုံကြီးသို့ေ ခ်ါဆောင်သွားခဲ့သည်။ 
ဆေးရုံတွင်ဆေးဝါးကုသမှုခံယူနေစဉ် ဖေဖော်ဝါရီလ ၁၉ ရက် (အင်္ဂါနေ့) နေ့လည် ၃ နာရီတွင်ကွယ် လွန် သွား ခဲ့သည်။ အကယ်၍ခြေထောက်တွင် ဒဏ်ရာရရှိ ခဲ့သည့်အချိန်တွင် သက်ဆိုင်ရာ အာဏာပိုင် များမှ ဆေးဝါး ကုသခွင့်ပေးခဲ့လျှင် ယခုကဲ့သို့ အသက်ဆုံးရှူံး သည့်အထိဖြစ်လာမည်မဟုတ်ပေ။ 
ကွယ်လွန်သွားသူ ကလေးငယ် ရုပ်ကလာပ်ကို အင်္ဂါနေ့တွင် ထုတ်မပေးခဲ့ဘဲ ယမန်နေ့ (ကြာသ ပတေးနေ့) ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လည် ၃း၃၀ နာရီတွင်ထုတ်ပေး ခဲ့ကြောင်း သတင်း ရရှိ ပါ သည်။
ဖြိုးအောင် 
Hot News Journal 
21.2.2013 
၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေကို  ပြင်ဆင်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ် စား လှယ် သောမတ် အိုဟေးကင်တားနားက အစိုးရကို တိုက်တွန်းပြောဆို ခဲ့သော်လည်း ယင်း ဥပဒေပြင်ခြင်း မပြင်ခြင်းသည် လွှတ်တော်နှင့် သာဆိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကပြောကြားသည်။ 
“ကျွန်တော့် သဘောကတော့ပြည်သူတွေရဲ့ သဘောပါပဲ။ နိုင်ငံသူ/သားတွေက မိမိတို့အချုပ်အခြာအာ ဏာ တည်တံ့ ခိုင်မြဲဖို့အတွက် ဒီဥပဒေကိုပြင် မှဖြစ်မယ်လို့ ယူဆခဲ့ရင်ပြင်နိုင်ချေ ရှိပါတယ်။ ပြည်ခိုင်ဖြိုး လွှတ်တော် အမတ်တစ်ဦးက ဘူးသီးတောင်ဘက်မှာ လေးနှစ်လောက် တာဝန်ထမ်းဆောင် ခဲ့ဖူးတယ်။ အ ခုတော့ စစ်ကိုင်းတိုင်းက လွှတ်တော်အမတ်က အဲဒီ ၁၉၈၂ ဥပဒေကိုပြင်ဖို့ တင်တယ်။ ပြင်ဖို့တင်တဲ့အခါ မှာ လည်းပြည်ခိုင်ဖြိုး တံဆိပ်တွေပါတယ်။ အဲဒီတော့ပြည်ခိုင်ဖြိုးပါတီက ဒီ ၁၉၈၂ ဥပဒေကိုပြင်ဖို့ကြိုး စားနေ တယ်လို့ ယူဆတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကန့်ကွက်ခဲ့တယ်။ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေဟာ ဖွဲ့ စည်းပုံ အခြေခံဥပဒေလို မဟုတ်ဘူး။ ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေကို မူကြမ်းကို ဦးနေ၀င်း အစိုးရက လူထု ကိုအကြိမ်ကြိမ် ချပြခဲ့တယ်။ လူထု သဘောထားတွေနဲ့ ရေးခဲ့တယ်။ ၁၉၈၂ ခုနှစ် ဥပဒေဟာ အဲဒီကာလ ကပြည်ထောင်စု လွှတ်တော်မှာပြည် သူတွေရဲ့ သဘောထားနဲ့ အတည်ပြုခဲ့တာ အဲဒါ ကိုကင်တားနားဘဲ ပြောပြော၊ဘန်ကီမွန်ကဘဲပြောပြော၊ဦးသိန်းစိန်ကဘဲပြောပြော၊ ပြင်သင့်ပြီလို့ပြောပေမဲ့ ပြင် ချင်မှပြင် မှာပေါ့။ ပြင်မယ် မပြင်ဘူးဆိုတာ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ပြည်ထောင် စုလွှတ်တော် အပေါ်မှာပဲရှိတယ်။ ပြင်မယ်ဆို ရင်တော့ပြင်ပေါ့။ ကျွန်တော်တို့ ကတော့ထောက်ခံတယ်။ လူထုကမပြင် သင့်သေးဘူး။ ဒီ ဥပဒေကြောင့်နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာတည် တံ့ခိုင်မြဲနေ ဦးမယ်ဆိုရင် မပြင် ဘူး” ဟုပြောကြားခဲ့သည်။ 
အဆိုပါဥပဒေနှင့် ပတ်သက်၍လည်း လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က “၁၉၈၂ ခုနှစ်နိုင်ငံသား ဥ ပဒေ ဟာ လူ့အခွင့်အရေး စံချိန်စံညွန်းနဲ့ ကိုက်ညီမှု မရှိဘူး။ ၁၉၈၂ ခုနှစ် ဥပဒေဟာ Dead Law ဖြစ်နေတယ်။ ကျွန်တော်ကပြည် သူ့လွှတ်တော် ကိုယ်စား လှယ်တစ်ယောက် အနေနဲ့သော် လည်းကောင်း၊ ပြည် ထောင် စုလွှတ်တော်ကိုယ်စား လှယ် အနေနဲ့သော်လည်းကောင်း ဥပဒေ အရပြော ရမယ် ဆိုရင် ဒီဥပဒေ ကသုံးသာ သုံးနေတာ တရားမ ၀င်ဘူး။ အခု ကျွန်တော်တို့ ပါတီစုံဒီမိုကရေစီ စနစ်ကို သွားနေတဲ့ အခါမှာ ဒီလို ဥပဒေတွေ ကိုပြန်လည် သုံး သပ်ပြီး အသစ်ပြန် လည်ရေး ဆွဲဖို့ လိုပါတယ်။” ဟုပြောကြားခဲ့သည်။
M.S. Anwar 
RB News 
20.2.2013 
မောင်တော ။ ။ နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပေးခဲ့သည့် စုံစမ်းစစ်ဆေး ကော်မရှင်သည် မောင်တောမြို့ နယ်၊ ဘဂုံးနားရွာသို့ အင်္ဂါနေ့ (ဖေဖော်ဝါရီလ ၁၉) နံနက် ၉ နာရီတွင် ရောက်ရှိခဲ့သည်။ အဆိုပါစုံစမ်း စစ်ဆေးရေးကော် မရှင်သည် အုပ်စုငါးစုဖွဲ့၍ ရွာအတွင်းရှိ ရွာသူရွာသားများထံမှ စုံစမ်းစစ်ဆေး စရာရှိ သည်များ ကိုပြုလုပ်ခဲ့ကြောင်း သိရပါသည်။ သို့သော်လည်း စုံစမ်းရေးကော်မရှင်နှင့် အတူ လိုက်ပါ လာ သောရဲများ၊ ထောက်လှမ်းရေးများ (SB2)၊ စစစ (အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့)နှင့် စရဖ (စစ်ဖက် လုံခြုံရေး) များ မှနှောက်ယှက်ခဲ့ ကြောင်းသိရှိရပါသည်။ 
“သူတို့ရွာကို ရောက်လာပြီး အုပ်စုငါးစုဖွဲ့တယ်။ ပြီးတော့ လူတွေနဲ့တွေ့တယ်။ စုံစမ်းစစ်ဆေးစရာ ရှိ တာ တွေကို သက်ဆိုင်သူတွေဆီက မေးတယ်။ စုံစမ်းစစ်ဆေးရေး အဖွဲ့က သူတွေ ရဲ့ မေးမြန်း ခန်း ကို ကောင်းမွန် စွာ လုပ်သွားတယ်လို့ ရွာသားတွေပြန်ပြောလို့ သိရတယ်။ အဲဒီအဖွဲ့နဲ့ ဆက်ဆံရ တာလည်း အဆင်ပြေ တယ်လို့သိရတယ်။ ရွာသားတွေအနေနဲ့လည်း အများစုက ရိုဟင်ဂျာတွေ အပေါ်နားလည်မှု လွှဲမှားနေ တာတွေနဲ့ အကြမ်းဖက်မှုကြီးဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းကို ရှင်းပြလို့ရ လိုက်တယ်။ ရွာသားတွေက ရခိုင်အသိုင်း အ၀ိုင်းနဲ့ငြိမ်းချမ်းစွာ နေလိုတဲ့ အကြောင်းကိုလည်းေ ပြောခဲ့တယ်။ စုံစမ်းစစ် ဆေးရေးကော် မ ရှင်အနေနဲ့ရွာသားတွေရဲ့ ရိုးရိုးသားသားပြောဆို မှုကိုသဘောကျ တယ်လို့သိရ တယ်။ သူတို့နေ့လည် ၁ နာရီမှပြန်သွားကြတယ်။ 
ရဲ၊ ထောက်လှမ်းရေး၊ စစစနဲ့စရဖတွေ ကတော့ ရွာသူရွာသားတွေကို စုံစမ်းစစ်ဆေးရေးကော်မ ရှင်နဲ့မ တွေ့ ဖို့အမျိုးမျိုးနှောက်ယှက်၊ ခြိမ်းခြောက်ခဲ့တယ်။ အဲဒါကြောင့် ရွာသူရွာသားတွေနဲ့ တော်တော်လေး သတ္တိမွေးပြီးကော် မရှင်နဲ့ သွားတွေ့ပြီး၊ ကော်မရှင်ရဲ့ အကူအညီနဲ့ပြန် လာခဲ့ရတယ်။ စုံစမ်းရေးအဖွဲ့ပြန် သွားတာနဲ့ရဲတွေက စုံစမ်းစစ်ဆေးရေးကော်မရှင် နဲ့တွေ့ခဲ့တဲ့ ရိုဟင်ဂျာရွာသားတွေရဲ့ စာရင်းကိုပြုစုခဲ့ တယ်။ အဲဒါကြောင့် အခုတော့ရွာသားတွေကတော့ ယုတ်မာရိုင်းစိုင်းတဲ့ရဲတွေ ဖမ်းမှာကိုတော်တော် လေးစိုး ရိမ်နေကြတယ်” ဟုဘဂုံးနားရွာအနီး တွင်နေထိုင်သောလူကြီး တစ်ဦးမှပြော ပါသည်။ 
စရဖ (စစ်ဖက်လုံခြုံရေး) မှလွဲ၍ကျန်သည့်အာဏာပိုင်အဖွဲ့အစည်းများအားလုံးသည်ရခိုင်အစွန်းရောက် များပူးပေါင်း၍ အကြမ်းဖက်မှုများ ၏နောက်ကွယ်မှ ပါဝင်ခဲ့သူများဖြစ်ကြသည်။ အစိုးရမှ ရိုဟင်ဂျာများကို စုံစမ်း စစ်ဆေးရေးကော် မရှင်နှင့်တွေ့ဆုံ ရန်ပြောကြားသော်လည်း အခြားတစ်ဖက်တွင်တွေ့ဆုံခွင့်မရရန် နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားခဲ့သည်။
(ဓါတ်ပုံ)
ဘာသာရေးစာသင်ကျောင်းနှင့် စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားနေ
ပိာန်းအောင်
မြန်မာမွတ်စလင်မီဒီယာ
20.2.2013
သာကေတမြို့နယ် ၂ တောင်ရပ်ကွက် အတွင်းရှိ အစ္စလာမ် ဘာသာဝင်များပိုင် အခြေခံဘာသာရေး စာသင်ကျောင်းနှင့် ဈေးဆိုင် အချို့ကို ဗုဒ္ဓဘာသာဝင်ပာု ဆိုသူများက ညည့်နက်ပိုင်း အချိန်များတွင် အနှောက် အယုက်ကင်းစွာ ခဲများဖြင့်ပြစ်ပေါက်ဖျက်ဆီးခြင်း ၊ပစ္စည်းလုယူခြင်းများပြုခဲ့ကြောင်းရပ်ကွက် အတွင်းရှိပြည်သူများက myanmarmuslim.net သို့သတင်းပေးပို့သည်။
“ည ၁၀ နာရီ ခွဲလောက်မှာ ရန်ပြေ ၁ လမ်းနဲ့ ၂လမ်းနားက မဒရဆာပာ်(အစ္စလာမ် ကလေးငယ် များ အတွက် အခြေခံဘာသာရေး စာသင်ကျောင်း)ကို ခဲတွေနဲ့ပေါက်ပြီး ၀ိုင်းဖျက်တယ်။ဘာလုံခြုံရေးကမှ လာရောက်ပာန့်တားတာမျိုး မရှိဘူး ၊ ၁၅ မိနစ်လောက် စိတ်ကြိုက်ဖျက်ပြီးတော့မှ ထွက်သွားကြတယ်။ ဘယ်မွတ်စလင်မ်မှ အပြင်မထွက်ရဲဘူး”ပာု အကြမ်းဖက်မှုဖြစ်ပွားရာနေရာ အနီးတွင်နေထိုင်သူတစ်ဦးက ၁၉ ရက်နေ့ည ၁၁း၃၀ တွင်myanmarmuslim.net သို့ပြောသည်။ 
ဖျက်ဆီးရေးပြု လုပ်သူများသည် ရန်ပြေ ၅ လမ်းနှင့် သုမနလမ်းကြားရှိ အစ္စလာမ် ဘာသာဝင်များပိုင် ဖျက် ဆီးမှုများပြု လုပ်ခဲ့ပြီး အစ္စလမ် ဘာသာဝင်ပိုင် ဖုန်းဆိုင်ကို ရိုက်ချိုးလုယက်ပြီး၊အခြားဆိုင် အချို့မှုဖျက် ဆီးမှု များပြုလုပ်ခဲ့ကြသည်။ အထက်ပါ့် ဘာသာရေး စာသင်ကျောင်းအား မင်းမဲ့စရိုက်ပုံစံဖြင့် ဖျက်ဆီးမှုကို ဦးဆောင် သူများတွင် ရန်ပြေ နာရေးကူညီမှု အသင်းမှ ရန်အောင်ကျော် က သာကေတ လူမိုက် ဘီလူး ညီနောင် ၊ထွတ်ထွတ်(ဆံပင်ညှပ် ဆိုင်သမား)၊မဲကြီး အစရှိသည့် အရက်သမားလူရမ်းကားများနှင့် အပါင်း အပါ များကို သွေးထိုးကာ လူထုပါလာစေရန် လှုံ့ဆော် ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘာသာရေး စာသင်ကျောင်း မွမ်းမံ ပြင်ဆင်ခွင့်ရခြင်းကို မကျေနပ်ပာုဆိုသူများက အပြီးတိုင်ဖြိုချဖျက်ဆီး ခဲ့ကြပြီး အဆိုပါနေရာအား ဗုဒ္ဓဘာသာ သာသနာ့အလံလွင့်တင်ကာ ဓမ္မာရုံတည်ဆောက်ရန် ဆက် လက်တောင်းဆို မှုများဖြစ်ပွားခဲ့ သဖြင့်လုံခြုံရေး များက မီးသတ်ပိုက်ဖြင့် လူစုခွဲခြင်း ရိုက်နှက်လူစုခွဲခြင်း များ ကို ယခုလ ၁၈ရက်နှင့် ၁၉ ရက်နေ့များ တွင်ပြုလုပ်ခဲ့ကြသည်။ 
ကလေးငယ် များအတွက် ဘာသာရေး စာသင်ကျောင်းအား အဓ္ဓမ ဖြိုဖျက်ပြီးနောက် ပိုင်းတွင်လည်း စာ သင်ကျောင်းရှေ့တွင် ဆူပှုမှုများ ဆက်လက်ဖြစ်ပ်ါခဲ့သဖြင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး အပါ အ ၀င် သံဃာတော် အချို့က လာရောက်ပာန့်တားမှုများကြို ပု ၁၈ ရက်နေ့ ညတွင်ပြု လုပ်ခဲ့သည်။
QS Madani 
RB News 
19.2.2013 
မောင်တော ။ ။ မောင်တောမြို့နယ်မြောက်ပိုင်း နစကနယ်မြေ (၅) မှနစကများသည် ရခိုင်လူငယ် များ နှင့် ပူးပေါင်း၍ ရိုဟင်ဂျာ ရွာများတွင် လုယက်ခြင်းများ ဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း သိရှိ ရပါသည်။ ထို သို့နေအိမ်များကို စီးနင်း၍ လုယက်ခြင်းအပြင် အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းများ ကိုကြောက်ရွှံ့၍ အိမ်ထောင်ဦးစီး အမျိုးသားများနှင့် လူငယ်များမှာ မိမိနေအိမ်များမှ တိမ်းရှောင် လျက်ရှိကြသည်။ 
ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈) က ကပ္ပကောင်းကျေးရွာကို ၀င်ရောက်စီးနင်းပြီး နေအိမ်များစွာမှ အ၀တ် အစားဟောင်းများပါ မကျန် လုယက်ပြီး ရိုဟင်ဂျာ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယမန်နေ့က ပင် အထက်ပြူးမကျေးရွာ အုပ်စု၊ ကိုးတောင်းရွာကိုလည်း ၀င်ရောက် စီးနင်း၍ နေအိမ်များမှ လုယက်ပြီး ရိုဟင်ဂျာ ၃ ဦးကို ဖမ်းဆီး သွားခဲ့ကြောင်း သိရှိရ ပါသည်။ 
ယနေ့နံနက် ၁၂း၃၀ တွင် နစကများနှင့် ရခိုင်လူငယ်များ ပူးပေါင်း၍ ဒိုးတန်းရွာကို ၀င်ရောက်စီး နင်းပြီး၊ နေအိမ်များကို လုယက်၍ အမျိုးသားများကို ရုက်နှက်သည့် အပြင် မိန်းမပျိုများနှင့် အမျိုး သမီးများကိုအုပ် စုလိုက်မုဒိန်းကျင့်မှု များပြုလုပ် ခဲ့သည်။ 
အောက်ဖော်ပြပါ သားအမိနှစ်ဦး၊ ညီအစ်မနှစ်ဦးနှင့် အခြား မိန်းမပျိုနှစ်ဦး တို့ကို မိသားစုဝင် များရှေ့မှောက် တွင် အုပ်စုလိုက်မုဒိန်းကျင့် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 
သားအမိနှစ်ဦးမှာ - 
(၁) မွန်တာစ် (ဘ) ဦးကရီးမ်အုလ္လာ (အသက် ၁၈ နှစ်) 
(၂) နူရ်ဟာဘေစ် (ဦးကရီးမ်အုလ္လာ၏ဇနီး) (အသက် ၃၈ နှစ်) (ကလေး ၇ ဦး၏မိခင်) 
ညီအစ်မနှစ်ဦးမှာ - 
(၁) အန်ဝါရာ (ဘ) ဦးလာလ်မိုဟာမတ် (အသက် ၁၅ နှစ်) 
(၂) ဆေနိုဝါရာ (ဘ) ဦးလာလ်မိုဟာမတ် (အသက် ၁၉ နှစ်) 
အခြားသောမိန်းမပျိုနှစ်ဦးမှာ - 
(၁) ရူကီယာ (ဘ) ဦးကဘီရ်အဟမတ် (အသက် ၂၀ နှစ်) 
(၂) မနူဝါရာ (ဘ) ဦးဂျာဖော်ရ်အဟမတ် (အသက် ၁၉ နှစ်) - တို့ဖြစ်ပါသည်။ 
ဦးလာလ်မိုဟာမတ်၏ သမီးနှစ်ဦး၏ အခြေအနေမှာ လွန်စွာဆိုးရွားလျက် ရှိပြီး၊ ဝေးလံခေါင် ပါးသောနေ ရာ ဖြစ်သောကြောင့် ဆေးဝါး ကုသခံယူမှုရရန်မလွယ်ကူပေ။ အာဏာပိုင်များ ကိုယ်တိုင် အကြမ်းဖက်ရမ်း ကားနေသောကြောင့် ယခုဖြစ်စဉ်များကို အရေးယူပေးရန်အတွက် တိုင်ကြား ရန်နေရာလည်း မရှိဖြစ်နေပါ သည်။ 
ငခူရကျေးရွာမှ စီးပွားရေးသမားနှင့် ရွာလူကြီး တစ်ဦးဖြစ်သည့် ဦးဆီရာဂ်ျအုဒင် (ခ) ဦးခင်မောင်ထွန်း (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၄၁ နှစ်) ကို နစကနယ်မြေ (၅) မှအကြောင်းပြချက် တစ်စုံတစ်ရာမပြ ဘဲ ယနေ့ ဖမ်းဆီးသွားပြီး၊ ညနေပိုင်းတွင် မောင်တောမြို့ရှိ UNHCR ရုံး၏တောင်း ဆိုမှုကြောင့်ပြန်လည် လွှတ်ပေး လိုက်ကြောင်း သိရပါသည်။ 
နစကနယ်မြေ (၅) မှ နယ်မြေတွင်းအခြေအနေကို ယိမ်းယိုင်အောင်ပြုလုပ် လျက်ရှိရာ ဒေသခံရိုဟင်ဂျာ များမှာလွန်စွာ စိုးရိမ်လျက် ရှိပါသည်။ မောင်တောမြို့နယ်မြောက်ပိုင်း၏ အခြေအနေမှာဖေဖော်ဝါရီလ ပထမပတ်အထိ တည်ငြိမ်လျက် ရှိခဲ့ပြီး ယခုအခါ ရခိုင်များနှင့်အာဏာပိုင်များ ပူးပေါင်း၍ ရိုဟင်ဂျာများကို နည်းလမ်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်လျက် ရှိပါသည်။
RB News 
18.2.2013 
မလေးရှားနိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သော ပီနန်မြို့ အမျိုးသား ဥယျာဉ်တွင် တရားမ၀င်  ရောက် ရှိ လာသော လှေစီးဒုက္ခသည် ၁၀၅ ဦးကို ယနေ့ဖမ်း ဆီးရမိခဲ့ကြောင်း မလေးရှားနိုင်ငံထုတ် New Straits Times သ တင်းတစ်ရပ် တွင်ရေးသား  ဖော်ပြထားသည်။ အဆိုပါ ဖမ်းဆီးရသူများမှာ ၃ ရက်ကြာ အစာရေစာငတ် ပြတ်နေပြီး၊ ကလေးများလည်းပါဝင်ကြောင်းသိရှိရပါသည်။ ယနေ့ ဖမ်းဆီးခဲ့ သူများမတိုင်မှီ ၃၅ ဦးကို လည်း ဖမ်းဆီးရ မိခဲ့ပြီး၊ စုစုပေါင်း ၁၄၀ ဦးဖြစ်သည်။ 
အသက် တစ်နှစ်အရွယ်မှ အသက် ၇၀ ကျော်အရွယ်ထိ ပါဝင်သောအဆိုပါ ဒုက္ခသည်များကို ယနေ့ နေ့လည် ၃ နာရီခန့်တွင် Teluk Kampi ကမ်းခြေတွင် ယောင်လည်လည်ဖြစ်နေစဉ် ဖမ်းဆီး ခဲ့ခြင်းဖြစ် သည်။ အဆိုပါ ဒုက္ခသည်များမှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မွတ်စလင်များဖြစ်ပြီး၊ လွန်ခဲ့သည့် ၁၃ ရက်တွင် မလေးရှားနိုင်ငံ သို့ရေလမ်းဖြင့်ဝင်ရောက် လာခဲ့သည်ဟု ယုံကြည်ရကြောင်း အဆိုပါ သတင်း တွင်ရေး သား ဖော်ပြထားသည်။ 
မိုဟာမတ်ရဖိခ် (အသက် ၂၆ နှစ်) မှပြောကြားရာတွင် ၎င်းတို့သည် စက်လှေဖြင့်ရောက် ရှိလာပြီး၊ နေထိုင် ရာနေရာ အတွက်ခြေဦး တည့်ရာ သွားနေခြင်းဖြစ်ပြီး၊ အချို့မှာ သစ်တောထဲသို့ ပြေးဝင်သွားကြ သည် ဟုပြောသည်။ ယခုကဲ့သို့ ၃ ရက်ကြာအစာရေစာငတ်ပြတ်နေရခြင်းမှာလည်း အာဏာပိုင်များ၏ ဖမ်းဆီးမည်ကို စိုးရိမ်၍ြ ဖစ်ကြောင်း ၎င်းက ဆက်လက်ပြောပါသည်။ 
“ကျွန်တော် ဒီကိုလာရခြင်းက ဒီမှာအလုပ် လုပ်နေတဲ့ကျွန်တော့်ရဲ့ အစ်ကိုတွေကို လာရှာတာပါ။ ဒီမှာပိုပြီး လုံခြုံမှုရှိတဲ့ကျွန်တော့်နေရပ်ကို မပြန်ချင်တော့ဘူး။ ကျွန်တော် အလုပ်လည်းရှာချင်တယ်” ဟုအဆိုပါ လူငယ်မှ ဆိုပါသည်။ 
မလေးရှား အနောက်တောင် ခရိုင်ရဲတပ်ဖွဲ့မှ အဆိုပါဒုက္ခသည်များအား ဖမ်းဆီးခြင်းကို အတည်ပြုပြော ကြားပြီး၊ ရဲတပ်ဖွဲ့ဝင်များမှ ကျန်ရှိနေသည့်သူများကို လိုက်လံရှာဖွေလျက်ရှိသည်။ ဖမ်းဆီးခံ ရသူများကို ခရိုင်ရဲ တပ်ဖွဲ့ရုံး သို့ခေါ်ဆောင်သွား၍ စစ်ဆေးပြီးနောက် လူဝင်မှုကြီးကြပ်ရေး ဌာနသို့ လွှဲပြောင်းပေး သည်။
ဖေဖော်ဝါရီ (၁၇) ရက်နေ့က ဂေါလ်မြို့သို့ရောက်ရှိလာသောလှေစီးဒုက္ခသည်များကို သီရိလင်္ကာရေတပ်မှကူညီပေးနေစဉ် (ဓါတ်ပုံ - Reuters)
RB News 
18.2.2013 
သီရိလင်္ကာ ရေတပ်မှဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ကယ်တင်လိုက်သော မြန်မာနိုင်ငံ သားလှေစီး ဒုက္ခသည် ၃၂ ဦးနှင့်အတူပါရှိခဲ့သော အခြားသော ၉၈ ဦးမှာပျောက် ဆုံးနေကြောင်း သတင်းများ ထွက် ပေါ်ပြီးနောက် ထို ၉၈ ဦးမှာသေ ဆုံးခဲ့ပြီး အလောင်းများကို ပင်လယ်ထဲတွင် ပစ်ချခဲ့ကြောင်း ရိုက်တာ သတင်း ဌာနမှ ယနေ့ အတည်ပြု၍ သတင်းတစ် ပုဒ်ရေးသား ထုတ်ပြန် ခဲ့သည်။ 
အဆိုပါ ၉၈ ဦးတို့မှာရေ ဓါတ်ခန်းခြောက်ခြင်းနှင့် ဆာလောင် ငတ်မွတ်သည့် ဒဏ်များကြောင့်သေဆုံးခဲ့ပြီး အလောင်း များကို ပင်လယ်ထဲတွင် ပစ်ချခဲ့ကြောင်း သီရိလင်္ကာရဲ တပ်ဖွဲ့မှ ရိုက်တာ သတင်းဌာနသို့ အ တည်ပြုပြောကြား ခဲ့သည်။ လှေစီးဒုက္ခသည် ၁၃၀ ဦးတို့သည်မြန်မာနိုင်ငံမှ လွန်ခဲ့သည့်နှစ်လကျော် က ထွက် ခွာခဲ့ပြီး လမ်းခရီးတွင် စားသောက်ရန် တစ်လစာရိက္ခာ သယ်ဆောင်လာခဲ့သည်။ သို့သော် လည်း စက်လှေ၏ စက်ချို့ယွင်းပြီး ပင်လယ်ထဲတွင်နှစ် လကျော်မျှောနေရမှ အစာရေစာ ငတ်ပြတ်၍ စက်လှေမောင်းနှင် သူနှင့် ဒုက္ခသည် ၉၇ ဦးတို့ အသက် ဆုံးရှူံးခဲ့ ရကြောင်း သိရပါသည်။ 
အမျိုးသား ၃၁ ဦးနှင့် ကလေးငယ်တစ်ဦး တို့ကို စက်လှေ၏ သစ်သားများ ဖျက်ဆီးပြီးလှေနစ်မြှပ်စတွင် သီရိလင်္ကာရေ တပ်မှ အရှေ့တောင်ဘက် ကမ်းခြေ၏ရေမိုင် ၂၅၀ ခန့်အကွာတွင် ရှာဖွေတွေ့ရှိ၍ ကယ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။ 
အဆိုပါလှေစီး ဒုက္ခသည်များသည် အင်ဒိုနီးရှားနိုင်ငံနှင့်သြစတြေးလျနိုင်ငံများတွင် ခိုလှုံခွင့်တောင်း ခံရန် ဦးတည်၍ ထွက်ခွာလာ ခဲ့ခြင်းဖြစ်သည်။ ဒုက္ခသည်များ အားလုံးမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ် စပ်ရှိရွာ များ မှဖြစ်ပြီး ရိုဟင်ဂျာမွတ်စလင်များဖြစ်ကြသည်။ 
သီရိလင်္ကာနိုင်ငံမှ ကယ်တင်လိုက်သော ၃၂ ဦးမှ ၁၅ ဦးမှာ ယခုအချိန်ထိဆေး ရုံတွင်ဆေးဝါး ကုသမှုခံ လျက်ရှိပြီး ၁၇ ဦးမှာ ဆေးရုံမှဆင်း၍ တရားရုံးတက်ပြီးနောက် သက်ဆိုင်ရာမှထိန်းသိမ်းထားကြောင်း သိ ရှိရ ပါသည်။ 
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိမွတ်စလင်ဒုက္ခသည်စခန်း (ဓါတ်ပုံ - UNIC)
RB News 
18.2.2013 
မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ (၁၆) ရက်နေ့ထိ ငါးရက်ကြာ လာရောက်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့် အရေးအထူး ကိုယ်စားလှယ် မစ္စတာသောမတ်ကွင်းတားနားမှ ရခိုင်ပြည်နယ်ရှိ ဒုက္ခ သည်စခန်း များသို့ ၎င်း၏ ခရီးစဉ်အတွင်း သွားရောက်လေ့လာခဲ့ပြီး၊ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများ၏ အခြေ အနေသည် အကျဉ်းထောင်များနှင့် တူနေသည်ဟု ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်၌ ကျင်းပခဲ့သော သတင်း စာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ 
မစ္စတာ ကွင်းတားနားမှ ဒုက္ခသည်စခန်းများ၏ အခြေအနေမှာ လွန်ခဲ့သည့်နှစ်သြဂုတ်လ ခရီးစဉ်ကထက် တိုးတက်လာသည် ကိုတွေ့ရသော်လည်း မွတ်စလင် ဒုက္ခသည် စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု များမှာ လွန်စွာ အားနည်းနေကြောင်း ထောက်ပြခဲ့သည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများ မရနိုင်ရန် အတွက်ဒေသခံ ဗုဒ္ဓဘာသာဝင်များက နိုင်ငံ တကာမှ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့များ ကို ခြိမ်းခြောက် နေခြင်းကြောင့် လည်းဖြစ်သည်ဟု ၎င်းကပြောပါသည်။
ပြည်ထောင်စုနှင့်ပြည်နယ် အစိုးရများမှ မွတ်စလင် ဒုက္ခသည်များကို လွတ်လပ်စွာသွားလာခွင့်၊ ကူး သန်း ရောင်းဝယ်ခွင့်၊ ငါးဖမ်းလုပ်ငန်းလုပ်ခွင့်၊ ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင် ရန် တို့ကိုစီစဉ်ပေးရန် မစ္စတာကွင်းတားနားမှတိုက်တွန်းခဲ့သည်။ 
မစ္စတာသောမတ်ကွင်း တားနား၏ ခရီးစဉ် အစီရင်ခံစာအကြမ်းကို ရန်ကုန် လေဆိပ် သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားခဲ့ပြီး အသေးစိတ် အစီရင်ခံစာကို မတ်လ (၁၁) ရက်နေ့တွင်ကျင်းပမည့် ၂၂ ကြိမ် မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တင်သွင်းမည်ဖြစ်ပါသည်။ 
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်မှ ရိုဟင်ဂျာနှင့် ကမန် များ၏ ဒုက္ခသည်စခန်းများ၏ အခြေအနေကို ပြည်ထောင်စု အစိုးရမှ ချက်ချင်းဖြေရှင်းပေးရန် လို အပ် ကြောင်း ၎င်း၏ Twitter မှတဆင့်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ နိုင်ငံတော်သမ္မတရုံး၊ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ လက်ထောက်အထွေထွေရေးမှူးချုပ် Ms Valerie Amos တို့ထံ ယနေ့ရေးသား တိုက်တွန်း လိုက်သည်။ 
“ရိုဟင်ဂျာနဲ့ ကမန် ဒုက္ခသည် စခန်းများ ကိစ္စကိုပြည်ထောင်စု အစိုးရက ချက်ချင်းဖြေ   ရှင်းပေး သင့် တယ်။ ဒုက္ခ သည် စခန်းတွေရဲ့ အခြေအနေက အကျဉ်းထောင်တွေထက် ပိုမိုဆိုးရွားနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အကျဉ်းသားတွေက လုံလောက်တဲ့ အစာအစားရပေမယ့် ဒုက္ခသည်တွေ ကတော့မရဘူး” ဟုဦးရွှေမောင်၏ Twitter တွင်ရေးသား၍ နိုင်ငံတော် သမ္မတနှင့် ကုလသမဂ္ဂသို့ပေးပို့ ထားပါသည်။
ဖေဖော်ဝါရီ ၃ ရက်နေ့ကကယ်တင်လိုက်သောလှေစီးဒုက္ခသည်များ (ဓါတ်ပုံ - AFP)
RB News 
17.2.2013 
လွန်ခဲ့သည့် စနေနေ့ (၁၆-၂-၂၀၁၃) နေ့က သီရိလင်္ကာနိုင်ငံ ရေတပ်မှ ကယ်တင် လိုက်သော မြန်မာနိုင်ငံ မှလှေစီး ဒုက္ခသည် များ၏  ပြောကြား ချက်အရ ၎င်းတို့နှင့် အတူ စက်လှေ နှစ်စီးထွက်ခွာ လာခဲ့ပြီး ၉၈ ဦး မှာပျောက်ဆုံး နေကြောင်း သိရပါသည်။ 
အဆိုပါမြန်မာနိုင်ငံ သားလှေစီးဒုက္ခသည် ၁၃၀ သည်စက်လှေ ၃ စီးဖြင့်လွန်ခဲ့သောနှစ် လကျော် တွင် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့ပြီး သြစတြေးလျနိုင်ငံသို့ သွားရန် ဦးတည်ခဲ့ပြီး စနေနေ့က သီရိလင်္ကာနိုင် ငံ ၏ အရှေ့ဘက် ကမ်းခြေတွင် စက်လှေပျက် ၍  ရေတပ်မှ ကယ်ဆယ် လိုက်ကြောင်း ဒေသ ခံရဲများ၏ ထုတ် ပြန်ကြေညာချက်တွင် ရေးသား ထားပါသည်။ အဆိုပါစက်လှေ ၃ စီးမှ ဒုက္ခသည် ၉၈ ဦး တင်ဆောင်လာ သောစက်လှေ ၂ စီးမှာပျောက်ဆုံးနေပြီး ကယ်တင်လိုက်သော စက်လှေတွင် အမျိုးသား ၃၁ ဦးနှင့် ကလေး ၁ ဦးပါရှိသည်။ ထို ၃၂ ဦးကို လိုအပ်သည့် ဆေးဝါးကုသမှုများ ပေးအပ်ရန် Galle မြို့၏ တောင် ပိုင်းဆိပ်ကမ်းသို့ ယနေ့ခေါ်ဆောင် လာပြီး ရေတပ်မှ အရေးပေါ်ကုသ များပြုလုပ်ပေး လျက်ရှိသည်။ 
၃၂ ဦးမှ ၄ ဦး၏ ကျန်းမာရေး အခြေအနေမှာ အလွန်တရာဆိုး ရွားနေကြောင်း ယနေ့ထုတ် သီရိလင်္ကာနိုင် ငံမှ သတင်း တစ်ရပ်တွင် ရေးသားဖော်ပြ ထားပါသည်။ 
AFP သတင်းဌာနမှ သီရိလင်္ကာနိုင်ငံရှိ မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ သံရုံးပြောခွင့် ရှိ သူ ဦး အောင်စိုးမိုးမှ ၎င်းတို့ အနေဖြင့် လှေစီး ဒုက္ခသည် ၃၂ ဦးရောက်ရှိ နေသည်ကို သတင်းရ ပြီးဖြစ်ကြောင်း နှင့် အဆိုပါ ဒုက္ခသည်များဖြင့် စကားပြောရန် စောင့်ဆိုင်းနေကြောင်း ပြန်ကြား ခဲ့သည်။ 
ဒုက္ခသည် ၃၂ ဦးမှာပင်လယ်ပြင်တွင်စက်လှေပျက်ပြီး အစာရေစာပြတ်လပ်နေသည်မှာ ၂၁ ရက် ရှိပြီး ဖြစ် သည်။သီရိလင်္ကာရေတပ်မှ ယခု ကယ်တင် လိုက်သော စက်လှေသည်  နှစ်ပတ်အတွင်း ဒုတိ ယ မြောက်စက် လြှေ ဖစ်ပါသည်။ 
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်ဇွန်လနှင့် အောက်တိုဘာလတွင်ဖြစ်ပွားခဲ့သော အကြမ်း ဖက်မှုများတွင် ရိုဟင်ဂျာ မွတ်စလင်များ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံ ရပြီးနောက် မလေးရှားနှင့် သြစတြေးလျနိုင်ငံ များကို ဦးတည်၍ စက်လှေများဖြင့် ထွက်ခွာလျက် ရှိသော်လည်း အများစုမှာ ထိုင်းနိုင်ငံ သို့သာရောက်ရှိသွားပြီး ယခုလည်း စက်လှေပျက် လမ်းမှားပြီး သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိသွားခြင်းဖြစ် ပါသည်။
QS Madani 
RB News 
17.2.2013 
မောင်တော ။ ။ မောင်တောမြို့နယ်မြောက်ပိုင်း၊ မြို့သစ်ကျေးရွာ (ရူစူဖာရာ) တွင်ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင်ရခိုင်လူမျိုး အချင်းချင်းပြဿနာဖြစ် ပွားပြီးနောက် ရခိုင်အစွန်းရောက်များနှင့် အစိုးရ အာဏာ ပိုင်များသည် မြို့သစ်ကျေးရွာ အနီးပတ်ဝန်းကျင်ရှိ ရွာများတွင် စုံစမ်းစစ်ဆေးမှုပြု လုပ်ရမည်ဟုခေါင်းစဉ် တပ်၍ ရိုဟင်ဂျာ ရွာသူရွာသား များအားအစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ နေအိမ်များသို့ ၀င်ရောက်စီး နင်း၍ တရားဝင် ဓါးပြတိုက်ခြင်းပြု လုပ်လျက် ရှိသည်။ ဖေဖော်ဝါရီလ (၁၀) ရက်နေ့နောက်ပိုင်းမှစ၍ နစကများ၊ စရဖများနှင့် လက်နက်ကိုင်ဆောင်ထားသော ရခိုင်အစွန်းရောက် လူငယ်များသည် တရွာဝင် တရွာထွက်၍ စုံစမ်းစစ်ဆေးရေး ခေါင်းစဉ်ဖြင့် ရိုဟင်ဂျာ ရွာသူရွာသား များကို နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေး လျက် ရှိကြောင်းသိရှိ ရပါသည်။  နေအိမ်များကို စီးနင်းသည်နှင့် တပြိုင်နက် နေအိမ်ရှိ လူများကို ရိုက်နှက် ခြင်း၊ ငွေကြေးများ၊ ရွှေများ၊ အ၀တ်အစားများနှင့်နေအိမ်ပိုင် ဆိုင်မှုအထောက် အထားများ ကိုလု ယူကြ ကြောင်းသိရပါသည်။ 
ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ဒိုးတန်းကျေးရွာအုပ်စု၊ လူဒိုင်းရွာသို့ ၀င်ရောက်၍ အောက်ဖော်ပြပါ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး များကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 
(၁) ဦးနာဇီရ်ဟူစိန်း (ဘ) အမည်မသိ (အသက် ၅၀ နှစ်) 
(၂) ဒေါ်ကူလ်ဆူမာ (ဘ) ဦးဟာမိတ်ဟူစိန်း (အသက် ၄၅ နှစ်) 
(၃) ဦးလေယာကာသ်အလီ (ဘ) ဦးဆေရာဂျူလ်အစ္စလာမ် (အသက် ၄၅ နှစ်) 
(၄) မောင်ဘရှာရ် (ဘ) ဦးလေယာကာသ်အလီ (အသက် ၂၀ နှစ်) 
(၅) မောင်အုစ်မာန် (ဘ) ဦးအဒူလသီဖ် (အသက် ၁၈ နှစ်) 
(၆) ဦးလေယာကာသ်အလီ (ဘ) အမည်မသိ (အသက် ၃၀ နှစ်) 
(၇) ဦးမိုဟာမတ်ဒေဒရီစ် (ဘ) မော်လာနာဦးကဘီရ် (အသက် ၂၉ နှစ်) 
(၈) ဦးမိုဟာမတ်ဟာရှင် (ဘ) ဦးဇော်မီရ် (အသက် ၂၅ နှစ်) 
(၉) မောင်မိုဟာမတ်အာနတ်စ် (ဘ) ဦးဆယာဒ်အဟမတ် (အသက် ၂၀ နှစ်) 
(၁၀) ဦးကမာလ်ဟူစိန်း (ဘ) ဦးမိုဟာမတ်ဟူစိန်း (အသက် ၂၂ နှစ်) 
အထက်ဖော်ပြပါ (၁၀) ဦးမှ (၄) ဦးကိုဖမ်းဆီးသွားသည့်နေ့ ညဘက်တွင်သတ်ဖြတ်လိုက်ကြောင်း သတင်း ရ ရှိပါသည်။ 
ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် အောက်ပြူး မကျေးရွာ (ဟာဆာဘီလ်) ကိုနစကများ ၀င်ရောက်စီး နင်းခဲ့ပြီး၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် အထက်ပြူး မကျေးရွာ ရှိနေအိမ် ၂၁ အိမ်ကိုဝင်ရောက်စီး နင်းခဲ့သည်။ အဆိုပါနေအိမ် ၂၁ အိမ်မှ စားနပ် ရိက္ခာများ လုယက်ခဲ့ပြီး ရိုက်နှက်၍ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်သွားရန် နစက များမှပြော ဆိုခဲ့ကြောင်း သိရပါသည်။ ဦးအေလီယာစ်၏  နေအိမ်သို့ ၀င်ရောက်စီးနင်း ရာတွင် နစကများမှ “မင်းက ဘင်္ဂလီဖြစ်တဲ့ အတွက် ငါတို့ လုပ်ချင်သလို လုပ်မယ်” ဟုပြောပြီး နောက် ကော် ဖီမစ် ထုတ်များ ကိုတွေ့သော အခါ “အရသာရှိတဲ့ ဒီကော်ဖီမစ်တွေ သောက်ပြီး မင်း ဒီနိုင်ငံ ထဲက ထွက် မသွားနိုင် တာလား” ဟုပြောဆိုခဲ့သည်။ 
ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင်ဒိုးတန်းရွာရှိ နေအိမ် (၄၁) အိမ်ကိုဝင်ရောက်စီးနင်းကြောင်းသိရှိရပါ သည်။ ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင် ငါးစားကြိုးကျေးရွာအုပ်စု၊ လိပ်အိုင်ရွာရှိနေအိမ် (၆၀) ကိုဝင် ရောက် စီးနင်းခဲ့သည်။ အဆိုပါနေ အိမ်များမှ ငွေကြေးများ၊ ရွှေများ၊ အ၀တ်အစားများ၊ ဟင်းချက်သည့် အိုး များ၊ မြေယာပိုင်ဆိုင်မှု၊ နေအိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းများနှင့် အခြားသော တန်ဖိုးရှိ သည့်ပစ္စည်း များ ကိုလုယူ ခဲ့ကြောင်း သိရပါသည်။ 
ထိုကဲ့သို့ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် ပစ္စည်းများ လုယူခံရခြင်း၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရခြင်း တို့ကြောင့် ရိုဟင်ဂျာ ရွာသူရွာသား အများအပြားမှာ မိမိတို့၏ကျေးရွာများရှိနေအိမ်များကို စွန့်ခွာ၍ တောင် များပေါ်နှင့်ဆည်များ၊ ကန်များအနီး အ၀ှက်များတွင်နေရာယူ၍ နေထိုင်လျက်ရှိကြသည်။ 
အာဏာပိုင်များမှ ရခိုင်ရွာ တစ်ရွာလျှင် သေနတ် ၄ လက်စီခွဲတမ်းချပေးထားပြီး၊ ယခုအခါ လက်နက်များ ကိုင်ဆောင်၍ ဈေးများ၊ ပြည်သူ အများသွား လာသည့်နေရာ များတွင် ရိုဟင်ဂျာများအားခြိမ်းခြောက် လျက် ရှိကြောင်း သတင်းရရှိပါသည်။ 
ယခုဖြစ်ပေါ်နေသောအခြေအနေများကို ဖန်တီးနေသည့်အဓိကတာဝန်ရှိသူ (၃) ဦးမှာ - 
(၁) နစကနယ်မြေ (၅) မှ ဦးထွန်းထွန်းနိုင် 
(၂) စရဖမှ ဦးမိုးပျံထွန်း 
(၃) နစကနယ်မြေ (၅) နယ်မြေမှူး ဗိုလ်မှူးဝင်းလှိုင် - တို့ဖြစ်ပါသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ  ၆၆ နှစ်မြောက်ပြည်ထောင်စုနေ့ညစာစားပွဲတွင်ရင်းရင်းနှီးနှီးနှုတ်ဆက်နေစဉ်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ  ၆၆ နှစ်မြောက်ပြည်ထောင်စုနေ့ညစာစားပွဲတွင်ရင်းရင်းနှီးနှီးနှုတ်ဆက်နေစဉ်
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇) မောင်တောမြို့နယ်မြောက်ပိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ  ၆၆ နှစ်မြောက်ပြည်ထောင်စုနေ့ညစာစားပွဲတွင်ရင်းရင်းနှီးနှီးနှုတ်ဆက်နေစဉ်
Credit: Xip Xap
မြန်မာမွတ်စလင်မီဒီယာ
17.2.2013
ဟောင်းနွမ်းအိုမင်းနေသော သာကေတမြို့နယ် မန်ပြေ(၃)၊ (၁၉)လမ်းအနောက် အမှတ် (၁၁၂၈)မှာရှိ တဲ့ မြန်မာမွတ်စလင်မ် ဘာသာရေး ကျောင်း အား ပြင်ဆင် ခွင့် လျောက်ထား ခဲပြီး ပြင်ဆင် ခွင့်ရသဖြင့် စတင်ပြင်ဆင်ရန်ပြု လုပ်စဉ် ဒေသခံ မာန်ပြေ ၁၉ လမ်း အနောက်လမ်း ရှိ ဗုဒ္ဓဘာသာဝင် အစွန်းရောက် များမှ စစ်စခန်းဖွင့်ရန်ဟု လုပ်ကြံ ၀ါဒဖြန့် သတင်းများလွင့် ပြီး ဖျက်ဆီးရန် အစွန်းရောက် အကြမ်း ဖက် အင်အား (၃၀၀)ကျော် စုရုံးရောက်ရှိကြောင်း ယင်းသို့ တရားဥပဒေမဲ့ လုပ်ရပ်အား တားဆီး ရန် ရန်ကြိုး စားသော မွတ်စလင်မ် များအား ၀ိုင်းဝန်းရိုက်နှက်ကြသဖြင့် မွတ်စလင်မ် အချို့ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။ 
အခင်းဖြစ် ရာနေရာမှာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ပါတီတာဝန်ရှိသူများဟာ ၀န်းရံ၍ လက်ပိုက်ကြည့် ရှုနေပြီး ၀တ်ပြုကျောင်းရဲ့ တာဝန်ရှိ သူများနဲ့ အနီးရှိ မွတ်စလင်မ်များ အား ရှောင် ဖယ်နေပေးကြရန် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ လိုက်လံပြောဆိုနေပါတယ်။ 
ယင်းသို့ အာဏာပိုင် များမှ အစွန်းရောက်များရဲ့ အကြမ်းဖက်မှုများကို တားဆီးခြင်း မပြုသည့်အပြင် အကြမ်း ဖက် တိုက်ခိုက် မှုများအား အေးဆေးစွာ ပြုလုပ်နိုင် ရန် အစ္စလာမ် ဘာသာဝင် များအား အခင်းဖြစ်နေ ရာ မှ ရှောင် ဖယ် ခိုင်းရင်း ကာကွယ်ပေး ထားသည့် အတွက် မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး သည် နိုင်ငံ တကာ ရဲ့ မေးခွန်း ထုတ်စရာ ဖြစ် လာ တယ်လို့ အကဲခတ်ကြပါတယ်။ 
ယခု နောက် ဆုံးကြားသိရသည့် သတင်းအရဆိုလျှင် အစ္စလာမ် သာသနာရေးရာ အဖွဲ့အစည်းများမှ အခင်းဖြစ်နေရာသို့ သွားရောက်လေ့ လာရန် ရောက်ရှိ လာခြင်းအား အကြမ်းဖက်၍တားမြစ်ခံရကြောင်းနှင့် အစ္စလာမ် သာသနာရေး ရာကောင်စီ၏ တာဝန်ရှိသူ တစ်ဦးအား ဗုဒ္ဓဘာသာ အစွန်းရောက် များမှ ၀ိုင်းဝန်း ရိုက်နှက်ကြခြင်းကြောင့် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ်။ 
ပတ်ဝန်းကျင်တွင် ရဲကား ၄ စီးခန့်ရှိသော်လည်း တစ်စုံ တစ်ရာ တားဆီးခြင်း မရှိကြောင်း ယခုအချိန်တွင် အကြမ်း ဖက်သမား များက ၀တ်ပြုဆောင် အထက်ပိုင်း ရှိပြန် လည်ပြုပြင်ထားသော အပိုင်းများအား ဖျက် ဆီးလျက်ရှိနေကြောင်းရပ်ကွက် NLD မှ ဦးကျော်ထွေး အပါအ၀င်NLDအဖွဲ့ဝင်အချို့ နှင် နိုင်ကျဉ်း ကျောင်း သားများမှ အခြေ အနေကို လာရောက် ထိမ်းသိမ်း ရန်ကြိုးပမ်း ခဲ့ကြောင်း ရွှေဝါရောင်တော် လှန်ရေး တွင် ပါဝင် ခဲ့သော ဘုန်းတော်ကြီး များမှ မင်းတို့ ဖျက်လို့ ရနေပြီပဲ ကြွေးကြော်သံတွေ ဘာတွေ အော်မနေကြနဲ့ ဟု ပြောသဖြင့် ကြွေးကြော်သံများ မအော် ကြတော့သော် လည်း ယခု လက်ရှိအချိန်အထိဆက်လက် ဖျက်စီး လျက် ရှိကြောင်း သတင်းရရှိပါသည်။ 
အဆိုပါဝတ်ပြုဆောင်သည် သာကေတမြို့နယ် ၃ ရပ်ကွက် ၁၈လမ်းနှင့် ၁၉ လမ်းအကြားတွင် တည် ရှိကြောင်း သိရှိရပါသည်။
RB News 
16.2.2013 
မနေ့က ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်ရဲ့  အာဆီယံဘာသာရပ်ကျောင်းမှာ “Rohingya: Testing for Asean” ဆိုတဲ့ခေါင်းစဉ်နဲ့ နှီးနှော ဖလှယ်ဆွေးနွေးပွဲ တစ်ခုကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲ မှာထိုင်းနိုင်ငံ ရဲ့ပြည်နယ်တွေ အတွင်းရောက်ရှိ လာတဲ့ ရိုဟင်ဂျာတွေကြို မန်မာနိုင်ငံကပြန် လည်လက်ခံယူ ဖို့အတွက် ညှိနှိုင်းဆွေးနွေး ရာမှာ အမေရိကန်နိုင်ငံက အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်လှုပ်ရှား သင့်တယ်လို့ အဆိုပါဆွေးနွေးပွဲ ကပြောကြား လိုက်ပါတယ်။ 
တော်ဝင်ထိုင်းကြည်းတပ်ရဲ့ မဟာဗျူဟာနဲ့ လုံခြုံရေးရာ ဌာန ဒုတိယညွန်ကြားရေးမှူး ဗိုလ်မှူးကြီး Teeranan Nandhakwang ကမြန်မာနိုင်ငံ အစိုးရနဲ့ဆွေးနွေး ညှိနှိုင်းပြီး ရိုဟင်ဂျာတွေ ကိုနေရပ်ပြန်ဖို့ အတွက် အမေရိကန်နိုင်ငံကို ထိုင်းနိုင်ငံက အကူအညီတောင်း သင့်တယ်လို့ ဆိုပါတယ်။ ၎င်းက ထိုင်းနိုင်ငံ အနေနဲ့မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းအများ အပြားရင်းနှီးမြှပ်နှံ ထားတာမို့ မြန်မာနိုင်ငံကို ဖိအားပေးဖို့ မဖြစ်နိုင်ဘူး လို့ပြောပါတယ်။ သို့သော် အဆိုပါ ဗိုလ်မှူးကြီးက ဒီဒေသတွင်းမှာ အခန်း ကဏ္ဍတစ်ခု အနေနဲ့ ပါဝင်ဖို့ကြိုးစားနေတဲ့ အမေရိကန်ကို ထိုင်းနိုင်ငံ အနေနဲ့ အကူအညီတောင်း သင့်တယ်လို့ ယုံကြည် တယ် လို့  ပြောကြား ပါတယ်။ 
“မြန်မာနိုင်ငံ ကနိုင်ငံကို ဖွင့်ပေးနေတယ် အချိန်မှာ အမေရိကန် လည်းပြန် ၀င်တာနဲ့ တပြိုင်နက် တရုတ်နိုင် ငံရဲ့လွှမ်းမိုးမှု ကိုချိန်ညှိနေတဲ့ အချိန် လည်းဖြစ်တယ်။ အမေရိကန်နဲ့ တဆင့်ပြောကြားခြင်း အားဖြင့်မြန် မာ နိုင်ငံအစိုးရ ကို ရိုဟင်ဂျာတွေ ကိုပြန်လည် လက်ခံဖို့စည်း ရုံးနိုင်လိမ့်မယ်။ ထိုင်းနိုင်ငံ အနေနဲ့ အမေရိ ကန်နဲ့ အခြားသော အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဒီပြဿနာပြေ လည်ဖို့အတွက် အစည်းအဝေး တစ်ခုပြု လုပ် ဖို့ အတွက် ညှိနှိုင်းဆောင်ရွက်ရေးမှူး အနေနဲ့လုပ်ကိုင်နိုင်မယ်” လို့ဗိုလ်မှူးကြီး Teeranan က ပြော ပါတယ်။ 
ကိုးကား - Bangkok Post
ရန်ကုန်လေဆိပ်တွင်သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ် (၁၆-၂-၂၀၁၃) (ဓါတ်ပုံ - မြတ်သူရ)
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပြင်ဆင်ရန် လွှတ်တော်သို့ ကုလသံတမန်တိုက်တွန်း
သာလွန်ဇောင်းထက်
ဧရာဝတီ
16.2.2013
မြန်မာနိုင်ငံတွင် နေထိုင်သည့် နိုင်ငံသား တိုင်းလူ့အခွင့်အရေး တန်းတူညီမှုရှိရေး၊ ခွဲခြားမှုမရှိစေရေး အတွက် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး ပြင်ဆင်ရန်လည်း လွှတ်တော်သို့ တိုက် တွန်း ပါကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင် တာနား က ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ်သို့ သွားရောက် လည်ပတ်ခဲ့သော ကင်တာနားက ရခိုင်ပြည်နယ် တွင်းဖြစ်ပွားခဲ့သော လူမျိုးစု ပဋိပက္ခများကြောင့် မလုံခြုံမှုများ၊ စိုးရိမ်မှုများ၊ လူ့အဖွဲ့အစည်းနှစ်ခုအကြား သံသယ များဖြစ် ထွန်း နေ ဆဲကြောင်း၊ ပဋိပက္ခ များကြောင့် လူဦးရေ ၁၂၀၀၀၀ နီးပါး ဒုက္ခသည် စခန်းများ တွင် နေထိုင်နေရပြီး ယင်းဒုက္ခသည် များအတွက် အစားအစား၊ အမိုးအကာ၊ သန့်ရှင်းသော ရေရရှိရေး အတွက် ဆောင်ရွက်ပေး ရန် ယမန်နှစ်သြဂုတ် လလာရောက် သည့်ခရီးစဉ်အတွင်း မြန်မာ အစိုးရကို တိုက်တွန်း ခဲ့ကြောင်း၊ လက်ရှိ မွတ်စလင်ဘာသာဝင်များနေ ထိုင်သောဒုက္ခသည် စခန်းများတွင် လုံလေက်သော ကျန်းမာရေး စောင့်ရှောက်မှုမရှိသည့်အတွက် စိုးရိမ်မိကြောင်း ၊ယခုအခြေ အနေတွင် ပြည်တွင်းပြည်ပ ဆေး ကု သရေး အဖွဲ့များ သည် ရခိုင်ဒေသ ခံများနှင့် ဗုဒ္ဓဘာသာဝင်များ၏ ခြိမ်းခြောက် မှု များနှင့် အနိုင်ကျင့်မှု များကြောင့် မွတ်စလင်ဒုက္ခသည်စခန်းများ အတွက် ကျန်း မာရေးစောင့်ရှောက်မှု များမပေးနိုင်ကြောင်း၊ ထို့ အတွက်ကြောင့် ဒေသခံ အာဏာပိုင်များက ယင်းသို့သော ခြိမ်းခြောက်မှုများ ဖယ်ရှားပေးရန် တိုက် တွန်း လိုကြောင်း ၎င်းက ပြောသည်။
မြန်မာ အစိုးရအနေဖြင့် ဒုက္ခသည် စခန်းများတွင် နေထိုင်သော သူများအတွက် လွတ်လပ်စွာသွားလာ ခွင့်ပြု သင့်ကြောင်း၊ မြေပုံမြို့နယ် တောင်ပေါ်စခန်းသည် ထောင်တခု ကဲ့သို့ဖြစ်နေပြီး ဒေသခံလူများကို ကုန်သွယ် ခွင့်၊ ငါးဖမ်းခွင့်အပါအ၀င် စီးပွားရေးလုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမားရေးစောင့်ရှောက် မှုရပိုင်ခွင့် များကို ခွင့်ပြုသင့်သည်ဟု ၎င်းက တိုက်တွန်းသည်။
လူမျိုးစုနှစ်စုအကြား ယုံကြည်မှု၊ အပြန်အလှန်လေး စားမှုရရှိစေရန် ဒေသခံ အာဏာပိုင်များ လုံလောက်သော လုပ်ဆောင်မှုများ မရှိသေးဘဲ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများရှိနေသမျှ ကာလပတ် လုံး နှစ်ဦးနှစ် ဘက် အပြန်အလှန် ယုံကြည်လေးစားမှု များပျောက်ဆုံးနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 
နိုင်ငံသားတိုင်း နိုင်ငံသား အခွင့်အရေးရရှိ ရန်အတွက်လည်း ၁၉၈၂ ခုနှစ်နိုင်ငံ သားဖြစ်ရေး ဥပဒေ ကို ပြင်ဆင် ရန်လည်း လွှတ်တော်ကို တိုက်တွန်းပြီး ရိုဟင်ဂျာ များကိုလည်း အခြားနိုင်ငံသား များနည်းတူ တန်းတူ ညီမျှသော အခွင့် အရေးနှင့် နိုင်ငံသားဖြစ်ခွင့်ပြု သင့်ကြောင်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် တွင်ဖြစ်ပွားသော ပဋိပက္ခများနှင့် ဆက်စပ်ပြီး စစ်တွေထောင်တွင် အကျဉ်းကျခံနေ ရသော ဒေါက်တာ ထွန်းအောင်နှင့် လည်းတွေ့ဆုံခဲ့ပြီး ဒေါက်တာ ထွန်းအောင်သည် အမြန်ဆုံးချက် ချင်း လွှတ်ပေးရ မည့် နိုင်ငံရေး အကျဉ်းသား တဦးဖြစ်ကြောင်း၊ ပြန်လည် လွတ်မြောက်လာ ပါ က ဒေါက် တာ ထွန်းအောင်သည် လူ့အဖွဲ့အစည်းနှစ် ခုအကြား ပြန်လည် ဆက်သွယ်ပေးမည့် တံတား တခု သွယ်ဖြစ် လာနိုင်ကြောင်း ကင်တာနားက ဆိုသည်။
လူနာ ၁၆ ဦးမှ ၂ ဦးကိုဆရာဝန်များမှစစ်ဆေးနေစဉ် (ဓါတ်ပုံ - Bangkok Post)
RB News 
15.2.2013 
ကန်ချနာဘူရီ ။ ။ ယနေ့ (၁၅.၂.၂၀၁၃) နေ့နံနက်စာစားပြီးနောက် အစာအိမ်နာသည့်ဝေဒနာခံစားရ သည့် ရိုဟင်ဂျာ ၁၆ ဦးကိုရဲများကဆေးရုံသို့ပို့လိုက်သည်။ 
Phaholpolpayuhasaena ဆေးရုံမှ ညွန်ကြားရေးမှူး Dr. Somjate Laoluekiat မှအဆိုပါ လူနာများ အစာ အိမ်နာသည့်ဝေဒနာနေရခြင်းမှာ အစာ အဆိပ် သင့်ခြင်းဖြစ်နိုင်ကြောင်းပြောပါသည်။ 
ကန်ချနာရီဘူရီ ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ ဒုတိယအကြီးအကဲ ရဲဒုတိယဗိုလ်မှူးကြီး Artorn Wongjaikuer မှ ရိုဟင်ဂျာ ၁၅၀ မှာ တူညီသည့် အစားအစာ စားသုံးနေပြီး၊ ၁၆ ဦးသာအစာအိမ်နာ သည့်ဝေဒနာ ခံစားနေ ရကြောင်းပြောသည်။ ၎င်းမှ အကယ်၍ ယခုဝေဒနာ ခံစားရသည့်ပြဿ နာသည် အစာကြောင့် ဆိုလျှင် ဝေဒနာခံ စားသူ ပိုမိုများပြား လာလိမ့် မည်ဟု ဆက်လက်ပြောကြား ပါသည်။ 
တရားမ ၀င်ရောက်လာ ရှိသောလှေစီး ဒုက္ခသည် ရိုဟင်ဂျာ များကို ဇွန်းနှင့် ခရင်းများပေးသော်လည်း အချို့ မှာ လက်ဖြင့် သာစားခြင်းကြောင့် ယခုကဲ့သို့ ပိုးမွှားဝင်၍ အစာအိမ်ပြဿနာဖြစ် လာခြင်းဖြစ် လိမ့်မည်ဟု အဆိုပါ လူဝင်မှု ကြီးကြပ်ရေးဌာန ဒုတိယ အကြီးအကဲမှ ဆိုပါသည်။ 
Dr. Somjate မှ အဆိုပါ လူနာများကို ဆက်လက် စစ်ဆေး မည်ဖြစ်ပြီး၊ ၎င်းတို့ စားသုံးခဲ့ သည့်အစားအစာ များကိုလည်း စုံစမ်းစစ်ဆေး သွားမည် ဟုပြောပါသည်။ 
လူဝင်မှုကြီးကြပ်ရေးရဲဌာန၏ ကိန်းဂဏန်းများအရ ၂၀၁၃ ဇန်န၀ါရီလ (၉) ရက်နေ့မှစ၍ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ထိ ရိုဟင်ဂျာ ၁၇၇၂ ဦးတရားမ၀င်ရောက်ရှိခဲ့ပြီး၊ အားလုံးနီးပါး မှာမြန်မာနိုင်ငံမှ လာ ရောက်သူ များဖြစ်သည်။ ထိုင်းနိုင်ငံမှ ၎င်းတို့အား တရားမ ၀င်ပြောင်းရွှေ့သူများ အဖြစ်လက်ခံ၍ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ကန်ချနာဘူရီ အပါအ၀င် အခြားသောမြို့များတွင်နေရာပေး ထားသည်။ 
သို့သော်လည်း အာဏာပိုင်များမှ ၎င်းတို့အား ခြောက်လ သာစောင့်ရှောက် ထားမည်ဖြစ်ပြီး၊ ကုလသမဂ္ဂ၊ အခြားသောနိုင်ငံ များနှင့်မြန်မာနိုင်ငံ တို့ဖြင့်ဆွေးနွေး ၍ဖြေရှင်း သွားမည်ဖြစ်သည်။ 
ကိုးကား - Bangkok Post
M.S. Anwar 
RB News 
15.2.2013 
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ဟာလာဒေဖာရွာနှင့်အနီးပတ်ဝန်း ကျင်ရှိ ရွာများတွင် ရိုဟင်ဂျာ များအား ဘင်္ဂလီဟု အတင်းအဓမ္မ မှတ်ပုံတင်ရေး သားခြင်း များပြန်လည်စ တင်သည်ဟု သတင်းရ ရှိပါသည်။ ရိုဟင်ဂျာမိသားစု ၂၀၀ ခန့်အား နစကများမှ အတင်း အဓမ္မ လက်မှတ် ရေးထိုးခိုင်း၍ ဘင်္ဂလီဟု မှတ်ပုံတင် ခဲ့ကြောင်း သိရှိရပါသည်။ 
“အခုလို ရိုဟင်ဂျာတွေကို ဘင်္ဂလီအဖြစ် အတင်းအဓမ္မ မှတ်ပုံတင်တာတွေကို ရိုဟင်ဂျာတွေရဲ့ ဖီ ဆန်မှုနဲ့ နိုင်ငံတကာရဲ့ ရှုတ်ချပြစ်တင်ဝေ ဖန်မှုတွေကြောင့် ရပ်တန့် ခဲ့တယ်။ အဲဒီ လိုရပ်တန့်ပြီး တဲ့နောက်မှာနှစ် ပေါင်းများစွာလုပ်လာတဲ့ နစကရဲ့ရိုဟင်ဂျာလူဦးရေစီစစ်ရေးကိုသာဆက်လုပ်လာခဲ့တယ်။ အဲဒါက လည်းသူတို့တွေ အပေါ်ကျရောက်နေတဲ့ ဖိအားပေး မှုတွေလျော့ပါး ဖို့အတွက်ပါ။ 
အခု ဆယ်စုနှစ်ပေါင်းများစွာ လုပ်လာနေတဲ့ ပုံမှန်လူဦးရေ စီစစ်ရေးအဆုံး သတ်နေတာနဲ့ တပြိုင် နက်ရိုဟင်ဂျာများအား ဘင်္ဂလီဟု အတင်း အဓမ္မမှတ်ပုံတင်ရေးသားခြင်းများ ပြန်လည်စတင်နေတာဟာ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမနဲ့ သူတို့ကို လူမျိုးတုံးဖျောက်ပစ်နေ တာဖြစ်ပါတယ်။ ဒီနေ့တော့ မိသားစု ၂၀၀ လောက် ကို အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပြီး ဘင်္ဂလီလို့ မှတ်ပုံတင်သွားတယ်။ ကွန်ပျူတာစနစ်နဲ့ လက်ဗွေ၊ ခြေဗွေအားလုံး ယူသွားတယ်။ တကယ်လို့ လက်မှတ် မထိုး ဘူးလို့ငြင်း မယ်ဆို ရင်တော့ အသက် ပါအန္တ ရာယ်ရှိနိုင်တဲ့ အနေ အထားရှိတယ်” ဟုအမည် မဖော်လိုသော ရွာသား တစ်ဦးမှပြော ပါသည်။ 
ယုံကြည်စိတ် ချရသည့် သတင်းများအရ - ရခိုင်အစွန်းရောက်များနှင့် အကြမ်းဖက် သမားများသည် ဧပြီ လတွင်ကျရောက် မည့်သင်္ကြန်မတိုင်မှီ ရိုဟင်ဂျာများကို ရခိုင်ပြည်နယ်တွင်းမှ အပြီးအပိုင် ရှင်းလင်းပစ်ရန် စီစဉ် လျက်ရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ရိုဟင်ဂျာများကိုလူမျိုးတုန်းသတ်ဖြတ်မှုတွင်အဓိက တရားခံဖြစ် သည့် ရခိုင် အမျိုးသား များတိုးတက်ရေး ပါတီဥက္ကဌ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအေးမောင်သည် လွန်ခဲ့သည့် ရက်ပိုင်းတွင် အမျိုးသား လွှတ်တော်၌ အဆိုတင် သွင်းရာ တွင် ရခိုင်ပြည်နယ်တွင်း တတိယအကြိမ်အကြမ်း ဖက်မှုများဖြစ်ပေါ်နိုင်သည့် အခြေ အနေများ ရှိကြောင်း ၎င်း တင်သွင်းသည့်အဆိုတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အသက် ၁၂ နှစ်အရွယ်တွင် ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ်လုံးကိုအာဂုံဆောင်ခဲ့သည့်မိခင်နှင့် အသက် ၃ နှစ် ၈ လ တွင် ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ်လုံးကိုအာဂုံဆောင်နိုင်ခဲ့သည့်သမီး
RB News 
15.2.2013 
နိုင်ဂျီးရီးယားနိုင်ငံက သုံးနှစ်အရွယ်သာ ရှိသေးတဲ့ မွတ်စလင် မိန်းကလေးငယ်ဟာ ကုရ်အာန် ကျမ်းတော် မြတ် တစ်အုပ်လုံးကို အာဂုံ ဆောင်နိုင်တဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး မွတ်စလင် မိန်းကလေး တစ်ယောက် ဖြစ်လာ ပါတယ်။ 
“ကျွန်မ အနေနဲ့ အများကြီးတော့ မပြောနိုင်ပါဘူး။ ရိုးရိုးသားသားပြောရရင် အလ္လာဟ် အရှင်မြတ်ကိုကျေး ဇူးတင် ပါတယ်” လို့အဲဒီ မိန်းကလေး ငယ်ရဲ့မိခင် Sayyada Maimunatu Sheikh Dahiru က ဖေဖော် ၀ါရီလ (၁၀) ရက်နေ့ မှာပြောပါတယ်။ 
“တကယ်တော့ ဒါက အလ္လာဟ် အရှင်မြတ်ပေးသနားတဲ့ ကောင်းချီး မင်္ဂလာပါ၊ ဒီအတွက် အလ္လာဟ် အရှင် မြတ် ကိုကျေးဇူးတင်ပါတယ်” 
သူမရဲ့ သမီးဖြစ် တဲ့ Rukkayatu Fatahu Umar က အသက် ၃ နှစ်နဲ့ ၈ လမှာ ကုရ်အာန် ကျမ်းတော်မြတ် တစ် အုပ် လုံးကို အာဂုံဆောင်နိုင် ခဲ့တာဖြစ်ပါတယ်။ 
အဆိုပါ မွတ်စလင်မိန်း ကလေးငယ်ဟာ မြင့်မြတ်တဲ့ကျမ်းတော်မြတ်ကို ထင်ရှားတဲ့ဆရာတစ်ဦး ဖြစ်တဲ့ Sheikh Dahiru Usman Bauchi တည်ထောင်ထားတဲ့ အစ္စလာမ် ဘာသာရေးကျောင်းမှာ စတင်သင်ယူ ဆည်းပူးခဲ့ တယ်လို့ဆိုပါတယ်။ 
အဲဒီကျောင်းမှာ စာသင်တဲ့ Maimunatu ဟာ ကျောင်းသားတွေကို စာသင်တဲ့ အချိန်မှာ အဲဒီ မိန်းကလေး ငယ်ကို အမြဲကျောပိုး ထားပြီးတော့ စာသင်လေ့ရှိတယ်။ အဲဒီမှာ ကျောင်းသားတွေနဲ့ အတူမိန်းကလေး ငယ် က လည်း အာဂုံ လိုက်ဆောင်တယ်။ သိပ် မကြာခင်မှာဘဲ အဲဒီ မိန်းကလေးငယ်ဟာ ကုရ်အာန် ကျမ်း တော်မြတ်ရဲ့ အာယာတ်တော် (စာပိုဒ်) အချို့ကိုအာဂုံဆောင်နိုင်ခဲ့တယ်။ 
“အဲဒီလိုနဲ့ ကျွန်မသမီးက အာဂုံဆောင်တဲ့ အတန်းကို တက်ဖို့ အကြောင်းရင်ြး ဖစ်လာတာပါ။ အခုတော့ ကုရ် အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို အာဂုံဆောင်နိုင်ပါပြီ” လို့သူမရဲ့မိခင်က ဂုဏ်ယူဝင့်ကြွား စွာနဲ့ ပြော ပါ တယ်။ 
ကြီးကျယ်မြင့်ြ မတ်တဲ့ ကုရ်အာန် ကျမ်းတော်မြတ်ရဲ့ စူရာဟ် (အခန်းဆက်) ၁၁၄ ကတော့တော်တော်ကို ရှည်ပါတယ်။ 
မနက် ၇ နာရီကနေ ညနေ ၆ နာရီထိကျောင်းသွားရတဲ့ အဲဒီမိန်းကလေးငယ်အတွက်တော့ သူမရဲ့ အ ဖော်တွေနဲ့ကစားဖို့အချိန်နည်းနည်းလေးဘဲရပါတယ်။ 
စာသင်တဲ့ Maimunatu ပြောတာ ကတော့ သူမအနေနဲ့မကစားတာတော့မဟုတ်ဘူး။ သူမလိုကုရ်အာန်အာ ဂုံဆောင်နေတဲ့ကလေးတွေနဲ့ဘဲကစားတယ်။ အဲဒီ လိုရည်ရွယ်ချက် ချင်းတူတဲ့ သူတွေနဲ့ ဆော့ကစားတဲ့ အတွက် သူတို့အတွက် ပိုပြီး လွယ်ကူစေ တယ်လို့ အဲဒီ ဆရာကပြောပါတယ်။ 
အဲဒီမိန်းကလေး ငယ်ကတော့ သူ့အနေနဲ့ ကုရ်အာန် ကျမ်းတော်မြတ် တစ်အုပ်လုံးကို အာဂုံဆောင်နိုင်တာ ကို မယုံ ကြည်နိုင် ပါဘူး။ 
“အလ္လာဟ် အရှင်မြတ်ကိုကျေးဇူး တင်ပါတယ်” လို့မိန်းကလေး ငယ်ကပြောပါတယ်။ 
အခုဆိုရင် အဲဒီမိန်းကလေးငယ်ကို သူမရဲ့မိဘတွေက သူရဲ့ရိုးရာဖြစ်တဲ့အသက် ၁၀ နှစ်အရွယ် မှ ကျောင်း ထားတဲ့အလေ့အထကိုဖျက်ပြီး ကျောင်းပို့ဖို့ပြင်ဆင်နေကြပါပြီ။ 
“ကျွန်မ အမျိုးသားကပြောတယ်။ ကမ္ဘာကြီးက လည်းပြောင်းလဲနေပြီ။ မြို့ပြ ယဉ်ကျေးမှုတွေ လည်းနေရာ အနှံ့မှာရှိနေပြီ၊ အဲဒီတော့ ကျွန်မတို့ သမီးလေးကို အသက် ၆ နှစ်ပြည့်တာနဲ့ သင့်တော်တဲ့ ကျောင်းကိုပို့ မယ်” လို့ သူမရဲ့မိခင်ကပြောပါတယ်။ သူမရဲ့ မိခင်ကလည်း အသက် ၁၂ နှစ်အရွယ်မှာ ကုရ်အာန် ကျမ်း တော်မြတ် တစ်အုပ်လုံးကို အာဂုံဆောင်ပြီးခဲ့သူဖြစ်ပါတယ်။ 
မိန်းကလေးငယ် သင်ကြားခဲ့တဲ့ ကျောင်းရဲ့ကျောင်းအုပ်ကြီး ကတော့ အဲဒီမိန်း ကလေး ငယ်ရဲ့ အဖိုးဖြစ် ပါတယ်။ 
မိန်းကလေးငယ်ရဲ့ မိခင်ကတော့ သူမရဲ့အဖေကို အခုလို ငယ်ရွယ်တဲ့ သူမရဲ့သမီးကို ကုရ်အာန် ကျမ်းတော် မြတ်ကို အာဂုံဆောင်နိုင်အောင် အခွင့်အရေးပေး သင်ကြားပေးတဲ့ အတွက် ဂုဏ်ယူချီး ကျူးလို့မ ဆုံးပါဘူး။ Sheikh Dahiru Bauchi လို့အဖေရှိတဲ့အတွက်အရမ်းကိုကျေးဇူးတင်လို့ပြောပါတယ်။ သူမရဲ့အဖေ အသက်ရှည်ဖို့အတွက် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းတယ်။ အဲဒါမှသူမရဲ့အဖေက အလ္လာဟ် အရှင် ကိုခ၀ပ်ပြုနိုင်ပြီးတော့ လူသားရေးရာကိုအတွက်လည်းအကျိုးပြုနိုင်မယ်လို့ သူမကဆို ပါတယ်။ 
ကလေးငယ်များ ကိုကုရ်အာန်ကျမ်းတော်မြတ်နဲ့ အစ္စလာမ်ဘာသာ တရားနည်းလမ်းတွေကို အသက်ငယ် ရွယ်တဲ့အချိန်မှာ သင်ကြားပေးရမှာက မိဘတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ကို အာ ဂုံဆောင်နိုင်ခြင်းဟာ အလ္လာဟ် အရှင်မြတ်ရဲ့ ဗျာဒိတ်တော်တွေကို ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးဆုံး နည်းလမ်းဖြစ်ပါတယ်။ 
ကိုးကား - Onslam.net
Rohingya Exodus