![]() |
(ဓါတ်ပုံ - Steve Tickner/Irrawaddy) |
နီလာမြင့် (ဒိန်းမတ်)
RB News
31.3.2013
မြန်မာ နိုင်ငံ၌ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ရှိတယ် ဆိုတာ စာအုပ်ထဲမှာ ရေးထား တာလား? လက်တွေ့မှာ တကယ် ရှိသလား?
အစ္စလာမ် ဘာသာဝင် များ၏ ဗလီများ၊ ဘာသာရေး စာသင် ကျောင်းများ အဖျက်ဆီး ခံရခြင်း၊ အခြား ဘာ သာဝင် များ၏ ဘာသာရေး အဆောက် အဦ များ အပိတ်ခံ ရခြင်းသည် မြန်မာ နိုင်ငံ၌ လွှတ်လပ်စွာ ကိုး ကွယ် ယုံကြည်ခွင့် ရှိခြင်းလား?
အစ္စလာမ် ဘာသာဝင် များသည် တနေ့ကို ငါးကြိမ် ဝတ်ပြု ရသည်။ ထို့ကြောင့် မူဆလင်များ ရှိ သည့် နေ ရာတွင် ဗလီ ၀တ်ကျောင်းတော် များရှိ နေမှာပင်။ ကလေး များအား ဘာသာရေး ပညာ သင် ကြား ပေးရန် ဘာသာရေး ပညာသင် ကျောင်းများ ရှိနေမှာပင် ဖြစ်သည်။ ယင်းတို့သည် မည်သူ တဦး တယောက် ကိုမျှ မည်သည့် ဘာသာကိုမျှ မထိခိုက် မနစ်နာ စေပါ။
ဗုဒ္ဓ ဘာသာဝင် တို့၏ စေတီ ပုထိုး၊ ဘုရား ကျောင်းကန်၊ ဘုန်းကြီး ကျောင်းများ တနေ့ထက် တနေ့ ပွားများ လာခြင်း၊ လမ်းတိုင်း လမ်းတိုင်း၌ ဓမ္မာရုံများ ရှိခြင်း၊ နေ့စဉ် နေ့တိုင်း မြို့နယ် တခုတွင် တလမ်း မဟုတ် တလမ်း၌ လမ်းပိတ်၍ တရား ဟောပွဲများ ကျင်းပခြင်း၊ အသံမစဲ ပဌာန်း ပွဲများ ပြုလုပ်ခြင်း၊ ဝတ်ရွတ်ပွဲများ ကျင်းပခြင်း၊ ကျောင်းများ၌ ကျောင်းမတက်ခင် အလျင် ဘုရား ရှိခိုးရခြင်း တို့အား မည်သည့် ဘာသာဝင် များကမှ တားဆီး ကန့်ကွက် မှုများ ရှိပါ သလား?
အခြား ဘာသာများ ဖြစ်သော အစ္စလာမ် ဘာသာ၊ ခရစ်ယန် ဘာသာ၊ ဟိန္ဒူ ဘာသာတို့၏ ဗလီ၊ ချာ့ခ်ျ၊ ဟိန္ဒူ ဘုရား ကျောင်းများမှာ မြန်မာ ဘုရင်များ လက်ထက်နှင့် ဗြိတိသျှ ခေတ်တွင် ဆောက်လုပ် ထားသော အဆောက် အဦများမှအပ အာဏာရှင် ဦးနေဝင်း လက်ထက် မှစ၍ အသစ် ဆောက်လုပ်ခွင့် ရှိပါသလား?
မြို့ကြီးများ၊ မြို့သစ်များ၊ ကျေးရွာ များတွင် စေတီများ၊ ဘုန်းကြီး ကျောင်းများ၊ ဓမ္မာရုံ များသာ တစတစ ပွားများလာပြီး အခြား ဘာသာဝင်များ၏ ဘာသာရေး အဆောက် အဦများ စာသင် ကျောင်းငယ်များ ဖွင့်လှစ် ခွင့်မပြု ခြင်းသည် ဘာသာရေး လွတ်လပ်ခွင့် ရှိခြင်းလား?
အချို့သော သင်္ဃန်းဝတ် များနှင့် အစွန်းရောက် များသည် အစ္စလာမ် ဘာသာဝင် တို့၏ ဗလီများ ၌ မြေအောက် ခန်းများ၊ လက်နက် သိုလှောင်ရုံများ ရှိသည်။ အစ္စလာမ် ဘာသာဝင် တို့၏ ဘာသာရေး စာသင်ကျောင်း များ၌ မြန်မာ မုန်းတီးရေးကို သင်ကြား ပေးနေသည်ဟု ရိုးသား၍ အသိဥာဏ် မပြည့် ဝသော ပြည်သူ များအား မမှန်မကန် ဝါဒဖြန့် လှုံ့ဆော်နေပြီး ဗလီများ၊ ဘသာရေး စာသင် ကျောင်းများ၊ ဆိုင်များ၊ အိမ်များ၊ ဥစ္စာ ပစ္စည်း များအား မီးရှို့ဖျက်ဆီး လုယက် သတ်ဖြတ် နေကြသည်။ ၎င်းတို့ ဖျက် ဆီး ၍ ပျက်စီး သွားသော ဗလီများ၌ မြေအောက် ခန်းများ၊ လက်နက် တိုက်များ ရှိပါသလား? မရှိဘူး ဆို လျှင် အခြား ဘာသာအား ရည်ရွယ်ချက် ရှိရှိ စံနစ်တကျ ဝါဒဖြန့် ဖျက်ဆီး နေခြင်း မဟုတ် ဘူးလား? ဤ သည်မှာ ၎င်းတို့ ပြောသော ဘာသာရေး လွတ်လပ် ခွင့်လား? အကြမ်းဖက် ဝါဒလား?
အစ္စလာမ် ဘာသာရေး ပညာသင် ကျောင်းများ၌ ဘာသာရေး ပညာ၊ ကုရ်အာန် ကျမ်းစာနှင့် ဘုရား ရှိခိုး နည်းများ၊ တနေ့ ငါးကြိမ် ဝတ်ပြု ရမည့် အကြောင်း၊ လိမ္မာ ယဉ်ကျေး ရမည့် အကြောင်း၊ အခြား ဘာသာ ဝင် များအား လေးစား ရမည့် အကြောင်း တို့ကိုသာ သင်ကြားပေး ပါသည်။ နိုင်ငံရေး မပါပါ။ ဘာသာရေး သပ်သပ်သာ ဖြစ်သည်။ ယုံကြည်မှု မရှိပါက လာရောက် လေ့လာ နိုင်ပါသည်။ အစ္စလာမ် ဘာသာသို့ ကူးပြောင်း သွားပါက မိမိ၏ တာဝန် သာဖြစ်သည်။ ၉/၁၁ အလွန် အမေရိက နှင့် ဥရောပ၌ အစ္စလာမ် ဘာသာအား လေ့လာသူ များပြား လာပြီး အကူး ပြောင်းလာ ဆုံးသော ဘာသာ မှာလည်း အစ္စလာမ် ဘာသာပင် ဖြစ်သည်။
အစိုးရသည် မြန်မာ ပြည်အနှံ့ တောင်တန်း သာသနာ ပြုများ စေလွှတ်ခြင်း၊ မြေပြန့် သာသနာ ပြု များ စေ လွှတ်ခြင်း၊ ဘုရားတည်ကျောင်းဆောက်ခြင်း ၊ကမ္ဘာအနှံ့သာသနုာပြုများ စေလွှတ်၍ ဘုရား တည် ကျောင်း ဆောက် ခြင်း တို့ အား ဘယ် လူမျိုး ဘယ်ဘာသာက ကန့်ကွက် နေပါ သလဲ?
မြန်မာ နိုင်ငံရှိ မလေးရှား သံရုံးနှင့် အခြား သံရုံးများ၏ ဗီဇာ ဌာန များသို့ သွားရောက် လေ့လာ ကြည့်ပါ။ တနေ့လျှင် အနည်းဆုံး ဘုန်းကြီး ၁၀ ပါးခန့် ဗီဇာ လာလျှောက် ကြသည်။ ထိုဘုန်းကြီး များအား အထူး အခွင့်အရေး အနေဖြင့် အများ ပြည်သူများ ကဲ့သို့ တန်းစီ စရာမလိုဘဲ ဗီဇာ ကိုလဲ လွယ်လွယ် ကူကူ ထုတ်ပေး ကြောင်း လေ့လာ သိရှိ ရပါလိမ့်မည်။ မလေးရှား အစိုးရ သည် ယင်းဘုန်းကြီးများ သာ သ နာ ပြု ရန် လာနေခြင်းကို ကောင်းးစွာ သိသည်။ လွတ်လပ်စွာ သာသနာ ပြုနိုင်ရန် ခွင့်ပြု ထားသည်။ အစ္စလာမ် ဘာသာဝင် များသည် အခြား ဘာသာဝင် များမှ သာသနာ ပြုခြင်းကို လုံးဝ မစိုးရိမ်ပါ။ မိမိတို့၏ ဘာသာအား စော်ကား၊ နှောက်ယှက် ဖျက်ဆီး မည်ကိုသာ စိုးရိမ်ပါသည်။
၁၉၈၈ နောက်ပိုင်း မလေးရှား နိုင်ငံနှင့် တကွ အခြား နိုင်ငံများ၌ စေတီ ပုထိုးများ၊ ဘုန်းကြီး ကျောင်းများ၊ ဓမ္မာရုံများ အများအပြား တည်ဆောက် ခဲ့ပါသည်။ ထိုဘာသာရေး အဆောက်အဦ များအား မည်သည့် ဘာသာဝင် မည်သည့် လူမျိုးကမှ မနှောက်ယှက် မဖျက်ဆီး ကြပါ။ လိုအပ်လျှင် လိုအပ်သော အကူအညီ များပင် ပေးကြ ပါသည်။ မြန်မာ လူမျိုး များသည်လည်း ယင်းနိုင်ငံများ၌ မိမိတို့၏ ဘာသာကို လွတ်လပ် စွာ၊ အေးချမ်းစွာ ကိုးကွယ်ခွင့်၊ တရား ဘာဝနာ ပွားများ ခွင့်များ ရှိကြ ပါသည်။
ထို့ကြောင့် မြန်မာ အစိုးရ အနေဖြင့်လည်း မြန်မာ နိုင်ငံ၌ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ရှိကြောင်းကို စာအုပ်ထဲတွင် ရေးသား ထားရုံဖြင့် မလုံလောက်ဘဲ လက်တွေ့၌လည်း တကယ် ရှိကြောင်း ပြသရန် လိုအပ် ပါလိမ့်မည်။ သို့မဟုတ် ပါက အပြော တမျိုး၊ အလုပ် တမျိုး၊ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား အစိုးရဟု ယုံကြည် လက်ခံ၍ လေးစား အားထားမှု မရှိသော အစိုးရ အဖြစ် နာမည် ဆိုးဖြင့် ကျော်ကြားမြဲ ကျော်ကြား လျှင်ပင် ရှိပေ လိမ့်မည်။
အရေးပေါ် ကာလ စီမံ ခန့်ခွဲရေး ဗဟို ကော်မတီ ဖွဲ့စည်းခြင်း
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ် ၊ ၃၄ /၂၀၁၃
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
(၂၀၁၃ ခုနှစ်၊မတ်လ ၃၀ ရက်)
အရေးပေါ် ကာလ စီမံ ခန့်ခွဲရေး ဗဟို ကော်မတီ ဖွဲ့စည်းခြင်း
၁။ လတ်တလော ဖြစ်ပေါ် နေသော ဆူပူ အကြမ်းဖက် ဖျက်ဆီးမှု အခြေ အနေ များကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက် နိုင်ရန် အတွက် "အရေးပေါ် ကာလ စီမံ ခန့်ခွဲရေး ဗဟို ကော်မတီ" ကို အောက်ပါ အတိုင်း ဖွဲ့စည်း လိုက်ပါသည်
(က) ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
ပြည်ထောင်စု ဝန်ကြီး
ပြည်ထဲရေး ဝန်ကြီး ဌာန
ဥက္ကဋ္ဌ
(ခ) ဦးအောင်မင်း
ပြည်ထောင်စု ဝန်ကြီး
သမ္မတရုံး ဝန်ကြီး ဌာန (၄)
ဒုတိယ ဥက္ကဋ္ဌ
(ဂ) ဦးအုန်းမြင့်
ပြည်ထောင်စု ဝန်ကြီး
မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီး ဌာန
အဖွဲ့ဝင်
(ဃ) ဦးခင်ရီ
ပြည်ထောင်စု ဝန်ကြီး
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန
အဖွဲ့ဝင်
(င) ဦးဝင်းမြင့်
ပြည်ထောင်စု ဝန်ကြီး
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန
အဖွဲ့ဝင်
(စ) ဗိုလ်မှူးချုပ် အောင်သော်
ဒုတိယ ဝန်ကြီး
ကာကွယ်ရေး ဝန်ကြီး ဌာန
အဖွဲ့ဝင်
(ဆ) ဗိုလ်ချုပ် ဇော်ဝင်း
ဒုတိယ ဝန်ကြီး
နယ်စပ် ရေးရာ ဝန်ကြီး ဌာန
အဖွဲ့ဝင်
(ဇ) ဦးရဲထွဋ်
ဒုတိယ ဝန်ကြီး
ပြန်ကြားရေး ဝန်ကြီး ဌာန
အဖွဲ့ဝင်
(ဈ) ဦးဘုန်းဆွေ
ဒုတိယ ဝန်ကြီး
လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာန
အဖွဲ့ဝင်
(ည) ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း
ဒုတိယ ဝန်ကြီး
ပြည်ထဲရေး ဝန်ကြီး ဌာန
အတွင်း ရေးမှူး
၂။ အရေး ပေါ်ကာလ စီမံ ခန့်ခွဲရေး ဗဟို ကော်မတီ၏ လုပ်ငန်း တာဝန် များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -
(က) အစိုးရ၏ လုံခြုံရေး အဖွဲ့ အစည်း များကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက် မှုများ ပြုလုပ် နိုင်စေရန်။
(ခ) ပြည်နယ် အစိုးရ များနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွား ခဲ့လျှင် လျင်လျင် မြန်မြန် သွားရောက် နှိမ်နင်း နိုင်ရေး (Rapid Response) စီမံ ပေးရန်။
(ဂ) လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွား စေရေး ထိထိ ရောက်ရောက် ကာကွယ် နိုင်ရန်။
(ဃ) နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှု များကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် တားဆီး ကာကွယ် နိုင်ရန် အတွက် အဓိက ကျသည့် လှုံ့ဆော်သူ များကို ဖော်ထုတ်ပြီး ဖမ်းဆီး ထိန်းသိမ်း ရန်နှင့် ဥပဒေ အရ အရေးယူ နိုင်ရန်။
(င) မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟို ပြုသော ရဲလုပ်ငန်း စနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက် ပေးသွားရန်။
(စ) လူမှုရေး အဖွဲ့ အစည်း များ၏ အကူ အညီကို ရယူပြီး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသွားရန်။
၃။ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့များ အနေ ဖြင့်လည်း အလားတူ အဖွဲ့ အစည်းမျိုး ဖွဲ့စည်း ဆောင်ရွက် သွားရန် ဖြစ်ပါသည်။
ပုံ
(သိန်းစိန်)
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
O'Laie Manzu
30.3.2013
ဖေ့စ်ဘုတ် စာမျက် နှာပေါ်တွင် ဘာသာရေး စော်ကား မှုများ တစ်ယောက် တစ်ပေါက် ရေး တင် နေကြ တာ တွေကို ထပ်ဆင့် မျှဝေ ကြတာတွေ၊ မှတ်ချက် ရေးတာတွေ ကလည်း မနည်း။ တခါ တလေ တော့ လည်း သူများတွေ ရေးတင်ထား တာတွေကို ဖတ်မိသည်။ မှတ်ချက်တွေ ဖတ်ကြည့်ရင်း … “ဘယ်ရမလဲ… ဒို့ဘာသာ ထိလို့ကတော့ သေရင်လည်း သေပါစေ…” ဟု အစပျိုး ထားသည့် မှတ်ချက်လေး တစ်ခုကို တွေ့ လိုက် မိသည်။ မှတ်ချက် ရေးသူ၏ ပရိုဖိုင် ပုံတွင် ၉၆၉ အမှတ် တံဆိပ် တင်ထားသူ တစ်ယောက် မှ ရေးသား ထားသည်ကို တွေ့မိ သောကြောင့် မျက်မှောက် ကြုတ်၍ အာရုံ စိုက်လိုက် မိသည်။ နေပါဦး… ဘယ် ဘာသာကို ထိလို့များ အသက်ပေး အသေခံ ချင်တဲ့ ဇာတိမာန် တွေပြနေ ရတာပါလိမ့် … ဒါမှ မဟုတ် သူများ အသက် သေရင်လည်း သေပါစေ ဆိုတဲ့ သဘော များလား ဟု တွေးတော မိပြီး ရေးသား ထား သည့် မှတ်ချက်ကို အဆုံး ထိတိုင် ဖတ်ကြည့် လိုက်သည်။“…မအေxxကု လားတွေ တော်တော် လေး ကို လွန် လာပြီ။ငါတို့ နိုင်ငံမှာလည်းလာနေ သေးတယ်။ အေးအေး ဆေးဆေး မနေဘူး။ ငါတို့ ဘာသာ ကို စော်ကား နေလိုက် ကြတာ။ ကုလား အားလုံး ရိုက်သတ်ပြီး ဝက်ကျွေး လိုက်မယ်။ ဒါမှ မြန်မာ သွေး ဘယ်လောက် ရဲသလဲ ဆိုတာ ဒီ xx ကုလားတွေ သိမယ်။” ... ။
ဒီတစ်ခေါက်တော့ ခါတိုင်း ကဲ့သို့ စိတ်မတို မိတော့။ ကွန်ပြူတာ ဖန်သားပြင် ကိုသာ စူးစိုက်ကြည့် ရင်း ပြုံးနေ လိုက်မိသည်။ ပျော်ရွှင်၍ ပြုံးလိုက် မိခြင်း မဟုတ်။ တော်တော် လေးကို အတွေး ခေါင်း ပါး နေကြပါ လားဟု တွေးတော မိ၍သာ ဖြစ်သည်။ ဘာရယ် လို့တော့ မဟုတ်။ အတွေး အခေါ် ကလည်း တလွဲ တချော်။ “သေရင်လည်း သေပါစေ” ဆိုတဲ့ သဘော ကလည်း အကြမ်းဖက် သမား များ၏ လက် ချက်ဖြင့် မီးလောင် ပြင်တွင် သေဆုံး ခဲ့ကြသူ များအား ဂရုဏာ မသက်။ အကုသိုလ် ပွားနေ ခြင်းပင်။ အတွေး အခေါ် အမှား များနှင့် အမှန်းမှိုင်း တိုက်ခံနေ ရသူများထဲမှ တစ်ယောက်။ အမျိုးသားရေး မာန် တက် နေသော်လည်း အခြေ အနေမှန်အား သိထား ပုံမပေါ်။
ကုလား… ကုလားနှင့် ရေးသား နေသည်မှာ သူတစ်ယောက် တည်း မဟုတ်။ အင်တာနက် စာမျက်နှာ များနှင့် အပြည့်။ ကုလား ဆိုတာကို ဘယ်လိုများ နားလည် ကြပါလိမ့်။ ဗုဒ္ဓ ဘာသာ ကလည်း ကုလားပြည် မှာ စတင် ပြန့်ပွား လာခဲ့တာ မဟုတ်လား။ ငါးရာ ငါးဆယ် နိပါတ် တော်အရ ဗုဒ္ဓမြတ်စွာ ဘုရား သည် ပင် လျင် ဘဝ အဆက်ဆက် ကုလား မျိုးနွယ်မှ ဆင်းသက် လာခဲ့တာ ဘဲလေ။ လက် ရှိ မြန် မာ နိုင် ငံ ကို ဗုဒ္ဓ ဘာသာ ပြန့်ပွားအောင် ဆောင်ရွက် ပေးခဲ့တဲ့ အာသောက မင်းကြီး ကလည်း ကု လား ဘုရင် ပါဘဲ။ ၉၆၉ ဆိုတာ ကလည်း ကုလားတွေ ပေးထားတဲ့ အမွေ အနှစ် ဖြစ်တဲ့ ဘုရား တရား သံဃာ။ အမှတ် တံဆိပ် ကလည်း ကုလား ပြည်ရဲ့ နိုင်ငံတော် တံဆိပ်။ ပြီးတော့ ကုလား တွေကို ဆဲနေ ပြန်ရော။
“ဝက်ကျွှေး လိုက်မယ်” လို့ပြောတာကို ကြည့်ခြင်းဖြင့် သူဆို လိုသည့် ကုလား ဆိုသည်မှာ ဝက်သား မစား တဲ့ အစ္စလာမ် ဘာသာဝင် တွေကို ရည်ညွန်းပုံ ပေါ်သည်။ ကုလားတိုင်း ဝက်သား မစားဘူးလို့ မှတ်ယူ ကြ တဲ့ မှားယွင်းတဲ့ အယူအဆ ကြောင့်ဖြစ် ပါလိမ့်မည်။ ကုလားနှင့် မြန်မာ မွတ်စလင် လုံးထွေး၍ နားလည် ထားသည်မှာ ပေါ်လွင် နေသည်။ ကုလားဟု ရည်ညွန်း ခေါ်ဝေါ်ခြင်း ခံနေ ရသည့် ပုဂ္ဂိုလ် များမှာ ဗုဒ္ဓ ဘာဘာအား စော်ကားဖို့ အနေသာ... ဘာသာရေး အစွန်းရောက် များ၏ အန္တာရာယ်နှင့် ရင်ဆိုင် နေကြရ သည်ကို ကွဲကွဲ ပြားပြား သိထား ဟန်မတူ။ ငါတို့ နိုင်ငံ ဟုသာ ဆိုသည် … မြန်မာ မွတ်စလင် များသည် လည်း ရတနာပုံ နေပြည်တော် တည်ဆောက် စဉ်က တာဝန် ကိုယ်စီ ယူခဲ့ ကြသည်ကို သိစေ ချင် သည်။ မြန်မာ့ သမိုင်းတွင် အစ္စလာမ် သာသနာဝင် များသည် ကိုယ်ရံ တော်တပ်၊ မြင်းတပ်၊ လေးစစ် သည်တပ် များဖြင့် အမိ နိုင်ငံ တော်ကို ကာကွယ် စောင့်ရှောက် ခဲ့သည် မှာလည်း အထင်အရှား။ ဝေးဝေး လှန်လှန် မဆိုထားဘိ. မြန်မာ့ လွတ်လပ် ရေးတိုက်ပွဲ တွင်လည်း မြန်မာ မွတ်စလင်များ အသက် ပေး တိုက်ပွဲ ဝင်ခဲ့သည်မှာ သမိုင်း စာမျက်နှာ များတွင် ပူပူ နွေးနွေး ရှိသေးသည်။ မြန်မာ့သွေး ရဲ ရဲတောက် ကြောင်း သိစေ ချင်သည့် ဒီလူ တစ်ယောက် ကိုယ့်ကိုကိုယ် တရုတ်သွေး - ကုလားသွေး မစပ် ဘဲ မြန်မာ မြေမှ ပေါ်ထွက် လာသည်ဟု ပုံပြင် ဆန်ဆန် မှတ်ယူ နေလေ သလား။ မေးစရာ ပင်။ ဖေ့စ် ဘုတ်ပေါ် တွေ့သမျှ မှတ်ချက် တွေသာ ရေးကြီး ခွင်ကျယ် ဖတ်နေ ရရင်ဖြင့် အလဟသ အချိန်ကုန် နေပေ လိမ့်မည်။
ဒီလိုနှင့် ဖေ့စ်ဘုတ် ကိုပိတ်ပြီး အာရ်အဖ်အေ ဝပ်ဆိုက်ကို ကြည့်မိ လိုက်သည်။ တိုက်ဆိုင် ၍လားမသိ။ သတင်း ခေါင်းစဉ် တစ်ပုဒ်တွင် “ မြန်မာနှင့် မူစလင် အပြန် အလှန် လေးစားဖို့ လိုကြောင်း အရှင်ဝီရသူ မိန့်ကြား” ဟုရေး သား ဖော်ပြ ထား သည်ကို တွေ့လိုက် ပြန်သည်။ မြန်မာ နှင့် မွတ်စလင် သီးခြား လူမျိုး စုနှစ် ခု သဏ္ဍာန် ဖော်ပြ ထားသည်ကို တွေ့လိုက် ရသည်။ မွတ်စလင်ဆိုသည်မှာလူမျိုးစုအား ခေါ်ဝေါ်ခြင်း မဟုတ်ကြောင်း မသိလေ သလား ... အရှင် ဝီသူရ။ "ဗုဒ္ဓ ဘာသာဝင် များနှင့် မွတ်စ လင်များ" သို့မဟုတ် "ဗမာနှင့် မြန်မာ မွတ်စလင်များ" ဟု လိုက်ဖက် ညီသည့် နာမ်ပုဒ် များအား ယှဉ် တွဲ ဖော်ပြ လျှင် တော်ပါ သေးရဲ့။ မွတ်စလင် ဆိုသည်မှာ အစ္စလာမ် ဘာသာအား ယုံကြည် ကိုးကွယ် ကြသူ များကို ရည်ညွန်း တာပါ။ လူမျိုးရေး တရားဟော နေသည့် ဆရာတော် အရှင် ဝီသူရ ကိုယ်နှိုက်မှ ဘာသာနှင့် လူမျိုး ကွဲကွဲ ပြားပြား မသိလေတော့ စည်းဘောင် မရှိ ဟောချင် တိုင်းဟော၊ ပြော ချင် တိုင်း ပြောနေ ကြတဲ့ အရှင် ဝီသူရနှင့် အပေါင်း အပါများ မြှောက်ပင့် ပေးတိုင်း ဇာတိမာန် တက်နေတဲ့ လူငယ်တွေ အလွှဲလွှဲ အမှားမှားနဲ့ လူသတ်ချင် စိတ်တွေ ပေါက်ကုန် သည်မှာ မြန်မာ့ အနာဂတ် အတွက် ရင်လေး စရာပင်။
ဌေးလွင်ဦး
RB News
30.3.2013
မျက်ကန်း မျိုးချစ် လူသတ်ဂိုဏ်း ဗုဒ္ဓ ၀ါဒီ တွေဟာ သူတို့ စီမံချက် ချထားတဲ့ အတိုင်း မွတ်ဆလင် တွေကို မြန်မာ ပြည်ထဲက အပြီးပိုင် မောင်းထုတ်ဘို့ မျိုးပြုတ် သုတ်သင်ဘို့ လုပ်ငန်း စဉ်ကို ၂၀၁၂ ခု ဇွန်လ ကတည်းက တစ်ကွက်ချင်း စနစ်တကျ လုပ်ဆောင် ခဲ့ပါတယ်။ နိုင်ငံ တော်ရဲ့ အချုပ် အခြာနဲ့ အာဏာကို လက်ကိုင် ထားတဲ့ သမ္မတ အဖွဲ့ ကိုယ်တိုင်က လူသတ် ကောင်များကို စနစ် တကျ ဟပေး၊ ဆွပေး၊ ဖုံးပေး၊ ကာပေး ခဲ့ပါတယ်။
မျက်ကန်း မျိုးချစ် ဂိုဏ်းရဲ့ ခေါင်းဆောင်ဟာ နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဖြစ်နေ ပါတော့တယ်။ သမ္မတဟာ သမ္မတ အလုပ်ကို မလုပ်ဘဲ သူ့သမ္မတ သက်တမ်းမှာ ကမ္ဘာကို မျက်နှာ ချိုသွေးပြီး မွတ်ဆလင် မျိုးဖြုတ် သုတ်သင် ရေးကိုပဲ လုပ်သွားမယ် ဆိုတာ အဖြေ ပေါ်နေ ပါပြီ။
ကမ္ဘာကျော် ရခိုင် တောင်ကုတ် အကြမ်းဖက် သတ်ဖြတ် မှုကြီးကို အော်ကြ ဟစ်ကြတော့-၊ ဖုံးမနိုင် ဖိမရတဲ့ အဆုံး ဖမ်းပေး ပါမယ်၊ ဆီးပေး ပါမယ်၊ အရေးယူ ပေးပါမယ်- ဆိုပြီး သမ္မတရုံး ကိုယ်တိုင်က ကတိတွေ ပေးခဲ့ တယ်။ ပြီးတော့ ကလိန် ကကျစ်နဲ့ ယောက်ျား ကတိကို ဖျက်ခဲ့တယ်။ အဲ့ဒီ အမှုကို ဖုံးဘို့ ရခိုင် နယ်ရဲ့ ပထမဆုံး မျိုးတုံး သတ်ဖြတ်မှု ကြီးကို စတင် အကောင် အထည် ဖေါ်လိုက်တယ်။ ကမ္ဘာ့ အသိုင်း အ၀ိုင်းက ဟော်ဟစ်ပြန် တော့ ခဏလေး ငြိမ်နေပေး လိုက်ပြန်တယ်။ ပြီးတော့ သမ္မတ ကိုယ်တိုင်က မဆင် မခြင်ဘဲ- သူ့ရဲ့ မွတ်ဆလင်မုန်း စိတ်ဓါတ် ကြီးကို ဖေါ်ပြတဲ့ အနေနဲ့ ဒီလူ တွေဟာ နိုင်ငံခြားက ကျူးကျော် လာသူတွေ ဖြစ်ပြီး တတိယ နိုင်ငံကို ပို့ပေးမယ် ဆိုတဲ့ ကမ္ဘာကျော် မဟာ စကားကြီးကို ပြောခဲ့ ပြန်တယ်။ ကမ္ဘာက ၀ိုင်းဖိတော့- စကား တွေကို ပြင်ပြီး ကုလ သမဂ္ဂမှာ နောက်နောင် ဒီလို မဖြစ်စေ ရဘူးလို့ ဒုတိယမိ ကတိ ပေးခဲ့ပြန်တယ်။ ကုလ သမဂ္ဂမှာ ပြောတဲ့ စကားလုံး လေထဲက ပြန့်လွင့်လို့ မြန်မာ ပြည်တောင် မရောက် သေးဘူး-၊ ကတိ တည်တဲ့ အနေနဲ့ ရခိုင် နယ်မှာ အကြီး အကျယ် မျိုးပြုတ် သတ်မှုကို ဆက်လက် အကောင် အထည် ဖေါ်ခဲ့ ပါတော့တယ်။
အိုးမဲ့ အိမ်မဲ့ ဖြစ်သွားတဲ့ ဒုက္ခ သည်တွေကို camp တွေထဲမှာ အစာရေစာ၊ ဆေးဝါး ပြတ်လတ်ပြီး အခြောက်တိုက် သေသွားအောင် စနစ် တကျ အကွက်ချ စီမံနေ ခဲ့တယ်။ ကမ္ဘာ့ အသိုင်း အ၀ိုင်းက ဒီလူ တွေအတွက် ကူညီမယ့် အကူ အညီတွေကို နည်းမျိုးစုံနဲ့ ပိတ်ဆို့ ထားပြီး- ဖြတ်လေး ဖြတ်ပုံစံ သေဆုံး မျိုးပြုတ် သွားစေဘို့ သွေးအေးအေး နဲ့ ရက်စက် ယုတ်မာ ခဲ့ပါတယ်။ ဒီအကိစ္စ အတွက် အရေး ကြုံရင် ထိုးကျွေး ဘို့ရာ ရခိုင် မျက်ကန်း ခွဲထွက် ရေးဝါဒီ တွေကို အရံသင့် ကာထား ပေးလိုက်တယ်။ သမ္မတရဲ့ မွတ်ဆလင် မျိုးပြုတ် သတ်ဖြတ်ရေး စီမံချက်ဟာ ရခိုင်မှာ အောင်မြင် သွားခဲ့ ပါတယ်။ လောလောဆယ် camp တွေထဲမှာ ဒီလူတွေ ရှိနေပေမယ့်-၊ နောက်ထပ် ၆ လ လောက် ပိတ်ထား လိုက်ရင် ဒီလူတွေ သေကုန်မယ်- သို့မဟုတ် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေး ကုန်မယ် ဆိုတာကို သူတွက် ပြီးသားပါ။ (ကျန်နေတဲ့ လူနည်းစုလေး ကိုတော့ အပြထားပြီး ဖိနှိပ်ခံ ကျေးကျွန် လူတန်းစား သဖွယ် လုပ်ထားလို့ ရပြီလို့ သမ္မတ တွက်ထားပုံ ရပါတယ်။)
ဒီလောက် ကြီးကျယ်တဲ့ ရခိုင်နယ် မျိုးပြုတ် သတ်ဖြတ်မှု ကြီးအတွက် ထိထိ ရောက်ရောက် အရေး ယူပါမယ် ဆိုတဲ့ ကတိ တွေဟာ တစ်ခုမှ အကောင် အထည် ပေါ်မလာ ခဲ့တော့ဘဲ-။ မြန်မာ ပြည်မထဲမှာ မွတ်ဆလင် မျိုးပြုတ်သုတ် သင်ရေးကို စတင် လိုက်တော့တယ်။
ဒီမှာ သမ္မတနဲ့ အဖွဲ့ဟာ သူတို့ လက်သပ်မွေး အုပ်စုကို ဆက်သုံးပြီး ဥပဒေ စိုးမိုးရေးကို တာဝန်ယူ ထားရတဲ့ ရဲ တွေကို လက်ပိုက် ကြည့်နေ စေဘို့ ကြိုတင် စီမံချက်တွေနဲ့ စီစဉ်ခဲ့ကြောင်း လူတိုင်း သိနေတဲ့ ကိစ္စပါ။
နိုင်ငံတော် ထိခိုက် နစ်နာမှာကို တစ်ကယ် စိုးရိမ်တဲ့ တိုင်းချစ် ပြည်ချစ်များ၊ မိမိ သာသနာ သိက္ခာ ဂုဏ်ငယ် သွားရမှာ ကို စိုးရိမ်တဲ့ ရဟန်း ရှင်လူ ပြည်သူ အစစ်များက မသင့်တော် တော့ဘူး ဆိုတဲ့ စိတ်မျိုးနဲ့ ပါဝင် ပတ်သက် လာတော့ မှ ဖမ်းပေး ပါမယ်- ဆီးပေးပါမယ်၊ အရေးယူ ပေးပါမယ် ဆိုပြီး ကတိတွေ စွပ်ပေး လိုက်ပြန် ပါတယ်။ ပြီးတော့ သမ္မတရုံးက ဒီကိစ္စမှာ မပတ်သက် ရပါဘူး ဆိုပြီး ဗြောင်ခံ ငြင်းလိုက် ပြန်တယ်။ ခံငြင်း ရပေါင်းလည်း များခဲ့ပါပြီ။ ကမ္ဘော ဒီးယားကို သမ္မတဆိုသူ သွားစဉ်က အင်ဒိုနီးရှား သမ္မတကြီးရဲ့ ရှေ့မှာလည်း “ကျွန်တော်တို့ အစိုးရ မပါရ ပါဘူး” ဆိုပြီး တောင်းပန် ကာကွယ် ခဲ့ရတာ လူတိုင်း သိနေပါတယ်။
မွတ်ဆလင် ဆန့်ကျင်ရေးနဲ့ မွတ်ဆလင် များကို သုတ်သင်ဘို့ မြှောက်ပင့် သွေးထိုး စာများကို သမ္မတရုံး တာဝန်ခံ များရဲ့ Facebook များက ပေါ်တင် ထုတ်ဝေ ခဲ့တာများ-၊ မွတ်ဆလင် တွေကို သတ်ဖြတ် သုတ်သင်ဘို့၊ မွတ်ဆလင် တွေရဲ့ ပိုင်ဆိုင်မှု တွေကို ဖျက်ဆီးဘို့ မြန်မာ ပြည်တစ်လွှား ဗြောင်တိုက်ပြီး လှုံ့ဆော် ခဲ့တာ၊ နိုင်ငံပတ် စည်းရုံး ခဲ့တာများ၊ ဘယ်မြို့ ဘယ်ဒေသကို ဘယ်နေ့မှာ ဖျက်ဆီး ပစ်မယ်လို့ ကြိုတင် ရာဇသံ ပေးခဲ့တာ များကို သမ္မတဆိုသူက မသိခဲ့ဘူး၊ မကာကွယ် နိုင်ခဲ့ဘူး ဆိုတာ များဟာ ဘယ်လို မျက်နှာနဲ့ ကမ္ဘာကို ပြောရဲသလဲ အံ့သြဘို့တောင် ကောင်းနေ ပါတယ်။ (ဒီလောက်မှ အသုံး မကျရင်လည်း သမ္မတ နေရာက ဖယ်ပေး လိုက်ဘို့ သင့်နေပါပြီ၊) လုပ်ချင်တဲ့ ကိစ္စတစ်ခုကို လုပ်ပြီး သွားတိုင်း-၊ အရေးယူ ပေးပါမယ် ကတိ ပေးလိုက် ကမ္ဘာကို လိမ် လိုက်-၊ အကြိမ် ပေါင်းလည်း များခဲ့ပြီ။ ဒီနေ့ ထိလည်း ထိပ်သီး ရာဇ၀တ် ကောင်များကို အရေး မယူဘဲ လွှတ်ပေး ထားတာ တစ်ကမ္ဘာလုံးက မျက်လုံးနဲ့ မြင်နေပါတယ်။ နောက်ဆုံး မတတ်သာရင် တောနယ်တွေက ရိုးရိုးအေး အေးနေတဲ့ ရဟန်း သံဃာတွေကို အကြောင်းပြ ဖမ်းဆီးပြီး-၊ ဒီလူ တွေဟာ သင်္ကန်းဝတ်တွေ တရားခံ အစစ်တွေ လို့ အကြောင်း ပြကာ ဓားစာခံ လုပ်လိုက် မှာလည်း သေချာ နေပါတယ်။ လက်သပ်မွေး သင်္ကန်းဝတ် တွေကိုတော့ မသိမသာ အရောင် ဖျောက်ပေးထား လိုက်တော့မယ် ဆိုတာလည်း သိနေပါတယ်။
သူမွေး ထားတဲ့ မျက်ကန်း မျိုးချစ် လူယုတ်မာ တစ်ခုနဲ့ မွတ်ဆလင် တွေကိုလည်း မျိုးဖြုတ်မယ်၊ ဗုဒ္ဓ ဘာသာကို လည်း နာမည် ပျက်ချင် ပျက်ပါစေ- ဆိုတဲ့ မူနဲ့ သင်္ကန်း ၀တ်ခေါင်းဆောင် ဦးဉာဏိသရကို ထောင်ကျ နေတဲ့ ဘုန်း ကြီးတွေထဲက ၀ီရသူ အပါအ၀င် သင်္ကန်းဝတ် ၆ ယောက်ကို ပုခုံးကိုင် လူရွေးပြီး ထုတ်ပေးခဲ့တာ။ မွတ်ဆလင် မုန်းတီးရေး သင်တန်း တွေပေးခဲ့တာ-၊ ရဟန်း သံဃာ အစစ်များက သိနေခဲ့ ပြီးသားပါ။ ရဟန်း သံဃာ အစစ်တွေမှာ ဒီကိစ္စရပ် တွေကို ဒီနေ့ထိ လူသိရှင် ကြားပြော ခွင့်မရသေး ပေမယ့်-၊ တစ်ချိန်မှာ ပေါ်လာ ပါလိမ့်မယ်။ ဘောလုံး လောင်း ကစားသမား ရွှေည၀ါ ကိုလည်း သိဒ္ဓိတွေ တင်ပေးပြီး- မွတ်ဆလင် ဆန့်ကျင်ရေးတွေ လုပ်ဆောင်ဘို့ အကွက် ကျကျ မြှောက်ပေး ခဲ့တာ-၊ အားလုံးက မာဖီးယား အကွက် များသာ ဖြစ်ပါတယ်။ သုံးချင်တိုင်း သုံးပြီးရင် ရွှေည၀ါ ကိုလည်း လောင်းကစား မှုနဲ့ ထောင်ထဲ ပို့လိုက်မယ်၊ ၀ီရသူ ကလည်း သူမှာ ရထားပြီး ဖြစ်တဲ့ ဒဏ်ရာနဲ့ သေသွား လိမ့်မယ်- ဆိုတဲ့ အကွက်များက အင်မတန် ကလေးဆန်တဲ့ အကွက်တွေ ဖြစ်နေပါတယ်။ (သူ့ဒဏ်ရာ နဲ့သူ မကြာမှီ သေသွား တော့မယ့် ၀ီရသူကို အစိုးရ ကိုယ်တိုင်က သတ်ပစ်ပြီး မွတ်ဆလင် တွေက သတ်ပါတယ် လို့ သတင်း ထုတ်ချင် လည်း ထုတ်ပြန် ဦးမယ်။)
ဒီတော့--၊ တိုင်းပြည်မှာ အာဏာ ယူထားတဲ့ ကြံ့ဖွံ့ ပါတီ ကိုယ်တိုင်က မိမိတို့ ပါတီက တင်ပေး ထားတဲ့ သမ္မတ နဲ့ သမ္မတ ကိုယ်တိုင်က သူ့သဘော နဲ့သူ ဖွဲ့ထားတဲ့ သမ္မတရုံး အဖွဲ့ဆိုတာ-၊ သမ္မတ အလုပ်ကို တစ်ကယ်လုပ် နေသလား၊ မာဖီးယား အလုပ်ကို လုပ်နေ သလား-၊ ဆိုတာ စဉ်းစား သင့်ပါတယ်။ သူ့ကို သမ္မတ လုပ်ဘို့ ခွင့်ပြု ထားတဲ့ သက်တမ်းမှာ အချိုသပ်ပြီး တိုင်းပြည် ကိုလည်း ဖျက်ဆီးမယ်၊ ကြံ့ဖွံ့ ပါတီရဲ့ ဂုဏ်သိက္ခာ ကိုလည်း ဖျက် ဆီးမယ်-၊ ဗုဒ္ဓဘာသာ ဂုဏ်သိက္ခာ ကိုလည်း ဖျက်ဆီးမယ်၊ ဆိုရင်တော့---၊ ကြံ့ဖွံ့ ပါတီဟာ ရည်မှန်း ထားသလို အာဏာ သက်ဆိုးရှည်ဘို့ မရှိတော့ပါ။ ဒီတစ်ကြိမ် စစ်တပ်က ပြန်လည် အာဏာ သိမ်းရင်တော့- ကြံ့ဖွံ့ ပါတီဟာ လည်း ရှေးက မဆလ ပါတီလို ဖြစ်သွားရမှာ သေချာ နေပါတယ်။ မြန်မာ နိုင်ငံမှာ ဗမာ-ဗမာချင်း မျက်နှာထောက် ခဲ့တဲ့ သမိုင်းက ဒီနေ့ထိ မရှိသေး တာတော့ သေချာ ပါတယ်။
ဌေးလွင်ဦး
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
မြန်မာ မွတ်ဆလင် တန်းတူညီမျှ လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
RFA မြန်မာပိုင်း
29.3.2013
လတ်တလော ဖြစ်ပွား နေတဲ့ မူဆလင်နဲ့ ဗုဒ္ဓ ဘာသာဝင် တွေအကြား အကြမ်းဖက် တိုက်ခိုက်မှု တချို့မှာ အာဏာ ပိုင်တွေ ပါဝင် ပတ်သက်မှု တစ်စုံ တစ်ရာ ရှိတယ် ဆိုတဲ့ သတင်း ပေးပို့ ချက်တွေ မိမိ ရ ရှိကြောင်း မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana က မနေ့က ပြောလိုက် ပါတယ်။
စနစ် တကျ ဖွဲ့စည်း ထားတဲ့ လူအုပ်စုက အကြမ်းဖက် ဖျက်ဆီး နေတာကို ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရပ်ဖက် အုပ်ချုပ်ရေး ဆိုင်ရာ အာဏာပိုင် တချို့က သူတို့ မျက်စိ ရှေ့မှောက်မှာ ဖြစ်ပျက် နေတာကို ရပ်ကြည့် နေ တယ် ဆိုတဲ့ သတင်း တွေရရှိ ကြောင်း မစ္စတာ Quintana က ပြောလိုက် ပါတယ်။
မိတ္ထီလာမြို့မှာ ဖြစ်ပွား ခဲ့တဲ့ အရေး အခင်း အပါ အဝင် လတ်တလော ပေါ်ပေါက် နေတဲ့ ကိစ္စ တွေနဲ့ ဆက် စပ်ပြီး တာဝန်ရှိသူတွေက ရဲရဲဝံ့ဝံ့ ကိုင်တွယ်ဖို့ သမ္မတ ဦးသိန်းစိန်က မနေ့ကအမိန့်ပေး ညွှန်ကြား လိုက်ပြီး နောက်မှာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ်က ပြောလိုက် တာဖြစ် ပါတယ်။
လက်ရှိ ဖြစ်နေတဲ့ အကြမ်း ဖက်မှုတွေ တခြား နေရာ တွေကို မပြန့်နှံ့ သွားအောင် အစိုးရ အနေနဲ့ အမြန် ဆုံး အရေးယူ ပေးဖို့နဲ့ အကြမ်းဖက် မှုဖြစ်စဉ် တွေမှာ လူ့အခွင့် အရေး ချိုးဖေါက်မှု ကျူးလွန် ခဲ့တဲ့ စစ် တပ် နဲ့ ရဲတပ်ဖွဲ့က အပြစ် ကျူးလွန်သူ တွေကို အရေးယူ ပေးဖို့ ကိုလည်း မစ္စတာ ကင်တားနား က တောင်းဆို ထားပါတယ်။
မစ္စတာ ကင်တားနားရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ကြောင်း အဲဒီလို ပြောဆိုချက် တွေကို လုံးဝ ငြင်း ပယ်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ် ဘွတ် စာမျက်နှာမှာ ဖေါ်ပြ ထားပါတယ်။
မစ္စတာ ကင်တားနား အနေနဲ့ မြေပြင် အခြေ အနေတွေကို မှန်မှန် ကန်ကန် လေ့လာမှု မရှိပဲ တဆင့် ကြား သတင်း များကိုသာ အခြေပြု ပြောကြား နေခြင်းဟာ အခြေ အနေကို ထိန်းသိမ်း နိုင်အောင် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် နေတဲ့ အစိုးရ၊ လုံခြုံရေး ဆိုင်ရာ အဖွဲ့ အစည်းများ၊ သာသာရေး ခေါင်းဆောင်များ၊ လူမှု အဖွဲ့ အစည်း များရဲ့ လုပ်ဆောင် ချက်များကို မျက်ကွယ် ပြုရာရောက်တဲ့ အတွက် ဝမ်းနည်း စရာဖြစ်ကြောင်း ဦးရဲထွဋ်က ပြောထား ပါတယ်။
ဦးဦး မှော်ဆရာ
29.3.2013
29.3.2013
ဒေါက်တာ အရှင် ဉာဏိဿရ က ဒီလို ပြောသွား တာကို voice weekly မှာ ဖတ်လိုက် ရတယ်။
.. “တို့မြန်မာ နိုင်ငံကို ဗုဒ္ဓ ဘာသာ ရောက်တာ နှစ်၂၀၀၀ ရှိပြီ။ ခရစ် ယာန်တွေ၊ အစ္စလာမ် တွေ ရောက်လာ တာက အင်္ဂလိပ် ဝင်မှ ရောက်လာတာ။ အဲဒီ နောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင် မပြောနဲ့ တစ်ရာ တစ်ရာ့ ငါးဆယ် လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ် ဆိုရင် ဗုဒ္ဓ ဘာသာက အိမ်ရှင် နိုင်ငံပါ။ အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။” …..
အပြည့်အစုံ ဖတ်ရှူရန် >>> ဒီမှာ
ဆရာတော် ပြောသွားတဲ့ ဧည့်သည် တွေအကြောင်း နည်းနည်း ပြောကြည့်မယ်။ ၈-ရာစု၊ ၉-ရာ စု လောက် က သမိုင်းကြောင်း တချို့ကို မပြော သေးဘူး။ လောလောဆယ် ကျနော့် ကွန်ပျူတာ မှာရှိတဲ့ စာအုပ် တစ်အုပ်က စာမျက်နှာ ကိုပဲ အရင် ကြည့်ဦးမယ်။ ဒီစာမျက် နှာက ဒေါက်တာ သန်းထွန်း ရေးတဲ့ `မြန်မာ့ သမိုင်း မြေပုံများ´ ဆိုတဲ့ စာအုပ်ရဲ့ ပထမဆုံး စာမျက်နှာပါ။ (၁၇) ရာစု ဆိုတာ ၁၆၀၀ ကျော်နှစ် များကို ဆိုလို တယ်လို့ လူတိုင်း သိကြမယ် ထင်တယ်။ အင်္ဂလိပ် ၀င်လာတာ (၁၉) ရာစု .. ။
ဒါတွေက သုံ့ပန်းတွေ ဆိုတော့ သာမာန် ပြည်သူတွေ ထဲမှာရော ဗုဒ္ဓ ဘာသာ မဟုတ်တဲ့ အစ္စလာမ်တွေ၊ ခရစ်ယာန်တွေ မရှိနိုင် ဘူးလားလို့ သိချင် တယ်မလား.. ၁၉၉၇ ခုနှစ်က ကာကွယ်ရေး ၀န်ကြီး ဌာနက ပုံနှိပ် ထုတ်ဝေတဲ့ သာသနာ ရောင်ဝါ ထွန်းစေဖို့ ဆိုတဲ့ စာအုပ် စာမျက်နှာ ၆၅ မှာ “အစ္စလာမ် ဘာသာ နဲ့ မြန်မာ နိုင်ငံ” ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ဖေါ်ပြထား တာလေး ဖတ်ကြည့်ပါ။ မြန်မာ ပြည်ထဲ အစ္စလာမ် ဘာသာ ၀င်ရောက် လာတာ နှစ်ပေါင်း ၁၀၀၀- ၁၂၀၀ ခန့်ရှိပြီဆိုပဲ။ ဆော်ဒီက ပိုက်ဆံတွေ စားပြီး ရေးထား တာလား မသိ ..း-}
အဲဒီ စာအုပ်မှာပဲ စာမျက်နှာ ၅၈ မှာ မြန်မာ နိုင်ငံကို အစောဆုံး ရောက်ရှိ လာသော ခရစ်ယာန် များဟာ Nestorian ဂိုဏ်းဝင်တွေ ဖြစ်ဟန် တူပြီး၊ ကူဗလိုင်ခန်ရဲ့ တာတာ တပ်တွေနဲ့ အတူ အေဒီ ၁၂၇၇ ခုနှစ် ခန့် က စတင် ၀င်ရောက် လာခဲ့တယ် လို့ရေး ထားတယ်။
“တို့မြန်မာ နိုင်ငံကို ဗုဒ္ဓ ဘာသာ ရောက်တာ နှစ်၂၀၀၀ ရှိပြီ။…” လို့ ဆိုထားတော့ တခါက ကျနော် တင်ဖူး တာကိုပဲ ပြန်တင် လိုက်မယ်။ ဒီစာ မျက်နှာက ၂၀၀၇ ခုနှစ်၊ ဧပြီလမှာ ကွန်သာယာ၊ သမိုင်း အုပ်ဆောင်း စာစဉ် အမှတ် (၈) မှာ ဒေါက်တာ သန်းထွန်း ရေးတဲ့ `မြန်မာ့ သမိုင်းရဲ့ သမိုင်း´ ဆိုတဲ့ ဆောင်းပါးရဲ့ စာမျက်နှာ- ၂ ကိုကြည့်ပါ။
အမှန်တော့ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ဆိုတာ ဗိဿနိုး ခေတ်ရဲ့ အစဦး လို့တောင် မရဲတရဲ ပြောရမှာပါ။ ကိုယ် တိုင် သုတေသန ပြုခဲ့သူ ဒေါက်တာ သန်းထွန်း ကတော့ ဘာမှ မတွေ့ခဲ့ ပါဘူးတဲ့။ ရွှေတိဂုံ ဘုရား သ မိုင်း ကြောင်းတော့ လာမပြော နဲ့နော်.. ထပ်ပြီး အရှက်ကွဲ လိမ့်မယ်။ ခုဒီပို့စ်မှာ ကျနော် ပြောခဲ့ တာ တွေ က လူတိုင်း လွယ်လွယ် ကူကူ ရှာနိုင်တဲ့ သာမာန် စာအုပ် လေးတွေ ကိုပဲ ကိုးကား ထားတာပါ။
ကိုယ်လည်း သေချာ မသိဘဲ ပြောမိတော့ လူ ရယ်စရာ ဖြစ်တာ ပေါ့ဗျာ။ အမှန်တော့ ဒီစကားက ပြဿ နာတွေ မဖြစ်အောင် တိုက် တွန်းတဲ့ စကားလည်း မဟုတ်၊ ဖြစ်နေတဲ့ ပြဿနာ ကို ဖြန်ဖြေပေးတဲ့ စကား လည်း မဟုတ် .. အူကြောင်ကြား တစ်ချို့ကို သွေးနထင် ရောက်စေတဲ့ စကားပဲ ဖြစ်တယ်။ မြန်မာ လူမျိုး ဆိုတာလည်း လွန်ခဲ့တဲ့ နှစ်တစ်ထောင် လောက်က Invade လုပ်လာတဲ့ လူမျိုး၊ migrate လုပ်လာတဲ့ လူမျိုး… ဒါ ငြင်းလို့ မရတဲ့ သမိုင်းပဲ။ သိပ်ပြီး အိမ်ရှင်/ဧည့်သည် မလုပ်ချင် ကြပါနဲ့။
သုတေသနတွေ တိုးတက် လာတဲ့ ဒီခေတ် ကြီးမှာ တော်ကြာ ကိုယ့် စကားနဲ့ကိုယ် ဧည့်သည် ဖြစ်သွားရင် ခက်ပေ ရော့မယ် ..
ကွန်မန့် ပေးသူများ ဒေါက်တာ အရှင် ဉာဏိဿရ ကိုတော့ မလှောင်ပြောင် ကြပါနဲ့ ခင်ဗျ ..
ပုံများ ပေါ်တွင် ကလစ် နှိပ်၍ အကြီးချဲ့ ဖတ်ပါ။
ပုံများ ပေါ်တွင် ကလစ် နှိပ်၍ အကြီးချဲ့ ဖတ်ပါ။
![]() |
(ဓါတ်ပုံ - ဧရာဝတီ) |
သာလွန် ဇောင်းထက်
ဧရာဝတီ
29.3.2013
မိတ္ထီလာ ဖြစ်စဉ် အပြီး မန္တလေး တိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနဲ့ ပဲခူတိုင်း ဒေသကြီး အတွင်းက အကြမ်းဖက် ဖြစ်စဉ် တွေနဲ့ ပတ်သက်ပြီး လူ ၆၈ ဦးကို ဖမ်းဆီး စစ်ဆေး ထားကြောင်း၊ မိတ္ထီလာ အကြမ်း ဖက် မှုဖြစ်စဉ်ကြောင့် လူ ၄၂ ဦးသေဆုံးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
မိတ္ထီလာမြို့ ရွှေဆိုင် အရောင်း အ၀ယ်မှ စတင် ဖြစ်ပေါ် ခဲ့တဲ့ ဘာသာရေးနဲ့ လူမျိုးရေး ပုံစံအဓိကရုဏ်းတွေ ပဲခူးတိုင်း ဒေသကြီး ကိုပါ ဆူပူ အကြမ်းဖက် မှုတွေ ကူးစက် လာပါတယ်။
ပဲခူးတိုင်း ဒေသကြီး အိုးသည် ကုန်းမြို့မှာ ဘာသာရေး အစွန်းရောက် အဖွဲ့တွေရဲ့ လာရောက် ဟောပြော မှုတွေ ဖြစ်ပွားပြီး တဲ့နောက်မှာ အဲဒီ ဒေသ တွင်းမှာ ဆူပူ အကြမ်းဖက် မှုတွေ ဖြစ်ပေါ် လာတာ ဖြစ်တယ်လို့ ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးက ရဲအရာရှိ တဦးက ပြောပါတယ်။
ဆူပူ အကြမ်းဖက် မှုတွေ မစတင် ခင်မှာ စာရွက် ဖြန့်ဝေ မှုတွေ၊ အစ္စလာမ် ဘာသာဝင် တွေရဲ့ ပိုင်ဆိုင်မှု အိုးအိမ် ဆိုင်ခန်း တွေနဲ့ ဗလီတွေ ဖျက်ဆီး ပြီးတဲ့အခါမှာ ချန်ထား ရစ်ခဲ့တဲ့ အမှတ် အသား တံဆိပ်တွေ အရ ဘာသာရေး အစွန်း ရောက်တွေ ပါဝင် နေတယ်လို့ သိရ ပါတယ်။
ဘာသာရေး အစွန်းရောက်လို့ ဆိုတဲ့နေရာမှာ ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်နေတဲ့ အမှတ်အသားတွေ တွေ့နေ ရတယ် လို့ ပဲခူးတိုင်း ဒေသခံ တွေက ဆိုပါတယ်။
ပဲခူးတိုင်း ဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ် အမျိုးသား ဒီမိုကရေစီိ အဖွဲ့ချုပ်မှ တွဲဘက် အတွင်း ရေးမှူး ဦးမင်း သူရက ဆူပူ အကြမ်း ဖက်မှုတွေ မဖြစ်ပွား မီက ၉၆၉ အမှတ် တံဆိပ်ပါ စာရွက် စတစ်ကာတွေ၊ ဘာသာခြား ဆန့်ကျင်ရေး အဓိက ဦးတည်တဲ့တရားခွေတွေမြို့တွင်းအထိလာရောက် ဝေငှခဲ့မှု တွေဖြစ်ပေါ် ခဲ့တယ်လို့ ဆိုပါတယ်။
"မတ်လ၂၃ ရက်နေ့ မှာ ၉၆၉ စတစ်ကာ စာရွက်တွေ လာဝေတယ်။ ဝေတဲ့အထဲမှာ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးက လူတွေ တချို့ လူတွေ လည်းပါတယ်။ အချို့ လူတွေက ဒီဟာကို ဘာမှန်း မသိဘဲ တဆင့် ဖြန့် ဝေတာ မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ ဒီဖြစ်စဉ် တွေမှာ သူတို့ ပါတယ်လို့ စွပ်စွဲတာ မဟုတ်ဘူး။ ဒီဟာက ဘာသာရေး ဖြစ်တဲ့ အခါ ကျတော့ တဆင့် ပြန်ဝေ ခိုင်းရင်းနဲ့ ကျယ်ပြန့် လာတယ်။ နောက်ဆုံး ရွာတွေ ထိကို မိတ္တူကူး၊ ခွေတွေ ကူးပြီး ကျယ်ပြန့် လာတယ်"လို့ ဦးမင်း သူရက ဆိုတယ်။
ဆိုတော့ ၉၆၉ ဆိုတာ ဘာလဲ။ ၉၆၉ ဆိုတာ ဘုရား ဂုဏ်တော် ၉ ပါး၊ တရား ဂုဏ်တော် ၆ ပါး၊ သံဃာ့ ဂုဏ်တော် ၉ ပါး ကို ဦးထိပ် ထားပြီး ဗုဒ္ဓ ဘာသာဝင်တွေ စုစု စည်းစည်း ဖြစ်စေဖို့ ဆိုတဲ့ ရည်ရွယ် ချက်နဲ့ တီထွင် ထားတဲ့ အမှတ် တံဆိပ် တခု ဖြစ်တယ်လို့ မန္တလေး မစိုးရိမ် ကျောင်းတိုက်က ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။
ကြို့ပင်ကောက် မြို့နယ်မှာ ဆူပူ အကြမ်းဖက် မှုတွေ မဖြစ်ခင် လာဝေငှတဲ့ အထဲမှာ ဆရာတော် ၄ ပါးထက် မနည်း ဟောပြော ထားတဲ့ တရားခွေ တခွေလည်း ပါဝင် နေပါတယ်။ DVD ရော CD ရော ပါ ဖြန့်ဝေ နေတဲ့ အဲဒီ အခွေမှာ အရှင် ပညာဝရ ရဲ့ လမ်းခွဲ တရားတော်၊ အရှင် ကောသလ္လရဲ့ ဘာကို အရင် လုပ်ကြ မှာလဲ၊ အရှင် သုနန္ဒရဲ့ ဗုဒ္ဓ လမ်းစဉ် ကျင့်စေချင်၊ အရှင် ၀ိစိတ္တာ ဘိဝံသ (၀ီရသူ) ရဲ့ အမျိုးသားရေး ပေါ့ပေါ့ မတွေးနဲ့ စတဲ့ တရား ဟောပြောမှု တွေပါဝင် ပါတယ်။
ဒီဟောကြားမှု တွေဟာ အဓိက အားဖြင့် မွတ်စလင် ဘာသာဝင် တွေရဲ့ နယ်ချဲ့ မှုတွေကြောင့် ဗုဒ္ဓ ဘာသာ ပျောက်ကွယ် နိုင်တာမို့ ဗမာ လူမျိုးတွေ အနေနဲ့ အမျိုးသား၊ ဘာသာ၊ သာသနာကို စောင့်ရှောက် ထိန်းသိမ်း ကြဖို့ အတိ အလင်း ပြဆို ဟောပြော ထားပါတယ်။ အဲဒီ အခွေရဲ့ အပေါ်မှာ "ငါတို့ အရိုး စည်းရိုး ထိုး၍ ကာသင့် ပါလျှင် ကာရမည်" ဆိုတဲ့ ဆောင်ပုဒ် တခု ကိုလည်း ရေးထိုး ထားပါတယ်။
၉၆၉ အမှတ် တံဆိပ်နဲ့ တရားခွေ တွေဟာ အခြား ဘာသာ တွေကို တိုက်ခိုက်တာ မဟုတ်ဘဲ ဗုဒ္ဓ ဘာသာ ၀င် တွေအနေနဲ့ မိမိတို့ရဲ့ ဆိုင်၊ အိမ်တွေနဲ့ လုပ်ငန်း တွေမှာ ကပ်ထားဖို့ အတွက် အဓိက ဖြစ် တယ်လို့ ဦးဝီရသူက မိန့်ဆိုပါတယ်။
''အခြား ဘာသာတွေကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ ကိုယ့်ဆိုင် ကိုယ့်အိမ်မှာ ကပ်ထားရင် ဗုဒ္ဓ ဘာသာ အိမ်ဖြစ်တယ်၊ ဆိုင် ဖြစ်တယ် ဆိုတာ သိပြီးတော့ ဈေးဝယ်ဖို့ ၀င်နားဖို့ ဒီလောက် ပါပဲ။ ၉၆၉ ၀တ်စုံတွေ ၀တ်တယ် ဆိုတာလည်း လှုံ့ဆော်တာ မဟုတ်ပါဘူး။ စည်းရုံးတာပါ'' လို့ ဦးဝီရသူက မိန့်ပါတယ်။
မိတ္ထီလာ မြို့ကို သွားရောက် လေ့လာခဲ့တဲ့ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား ကလည်း အခုလို ဘာသာရေး အကြမ်း ဖက်မှု များဟာ “မီးမွှေး ပေးတဲ့ ဝါဒ ဖြန့်မှုများ” ကြောင့်လို့ ဆိုလိုက်ပြီး “ရက်စက် လွန်းတဲ့ ပိရိ သေသပ်မှု” လို့လည်း ကောက် ချက်ချ ပြောဆို ခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ပြောဆို ချက်ဟာ ၉၆၉ အဖွဲ့ ကြောင့်လို့ တိုက်ရိုက် စွပ်စွဲ ပြောဆို ချက်တော့ မဟုတ် ပါဘူး။
ဒါပေမယ့် ကြို့ပင်ကောက် မြို့ပေါ်က ဗလီတွေ၊ နေအိမ်တွေ ၊ ကားတွေ ဖျက်ဆီး ခံရပြီးတဲ့ နောက်မှာတော့ ၉၆၉ ဆိုတဲ့ အမှတ် တံဆိပ်ကို မင်အစိမ်း ရောင်တွေနဲ့ ရေးသား ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
"ဖျက်ဆီး ခံထားရတဲ့ အစ္စလာမ် တွေရဲ့ အိမ်တွေမှာ၊ ကားတွေမှာ ၉၆၉ ဆိုတဲ့ ဂဏန်းကို မှင်အစိမ်းနဲ့ အ တည့် ပုံစံတမျိုး၊ ဇောက်ထိုး ပုံစံမျိုး တွေနဲ့ ရေးသား ထားတယ်။ တော်တော် များများမှာ အဲ လို ရေးထားတယ်" လို့ ကြို့ပင်ကောက် ဒေသခံ တဦးက ဆိုပါတယ်။
၉၆၉ တံဆိပ်ကို အသုံးချ ဖျက်ဆီးမှု တွေလုပ် ခဲ့တာလား၊ ဘယ်လို ရည်ရွယ် ချက်တွေနဲ့ ဆူပူ ဖျက်ဆီး မှုတွေ လုပ်ခဲ့ သလဲ ဆိုတာ အဖြေက မရှင်းလင်း ပေမယ့် ဘာသာရေး အစွန်း ရောက်မှုတွေ ရှိနေ တာတော့ သေချာလို့ စုံစမ်း ဖော်ထုတ်မှု တွေလုပ် နေတယ်လို့ ပဲခူးတိုင်း ဒေသကြီး ရဲတပ် ဖွဲ့ရုံးက တာဝန်ကျ ရဲအရာရှိက ဆိုပါတယ်။
"ပဲခူးတိုင်း ထဲမှာ ပထမဆုံး စဖြစ်တာက အိုးသည်ကုန်း မှာစဖြစ်တယ်။ အဲဒီ စဖြစ်တဲ့ အိုးသည်ကုန်း ကိုလည်း အခင်း မဖြစ်မီ၊ ဆူပူ အကြမ်းဖက်မှု တွေ မဖြစ်မီ ဘာသာရေး အစွန်းရောက် အဖွဲ့ တွေ လာ ပြီး ဟောပြော တာတွေ လုပ်သွား တယ်လို့ သိထား ပါတယ်။ ဒါတွေနဲ့ ပတ်သက် လို့လည်း ကျနော်တို့ အခု ဓာတ်ပုံ မှတ်တမ်း တွေနဲ့ ဖော်ထုတ် နေပါပြီ။ အခု လောလော ဆယ်တော့ ပေါင်းတည်မှာ လူ ၂ ဦး၊ မိုးညိုမှာ ၂ ဦး၊ မင်းလှမှာ ၁၀ ဦး စုစုပေါင်း လူ ၁၄ ဦး ဖမ်းဆီး စစ်ဆေး နေပါတယ်။ အားလုံးက ဒေသ ခံ တွေချည်း ပါပဲ" လို့ ရဲအရာရှိက ပြောတယ်။
နေပြည်တော် သာသနာ ရေးဝန်ကြီး ဌာနက ရုံးအဖွဲ့မှူး ဦးမြင့်ဦးက ၉၆၉ တံဆိပ်ကို ဗုဒ္ဓ ဘာသာရဲ့ တရား ၀င် အမှတ် တံဆိပ် အဖြစ် အသိ အမှတ် မပြုတဲ့ အပြင် မှတ်ပုံတင် ထားတာ မျိုးလည်း မရှိကြောင်း၊ ခွင့်ပြု ထားတာ လည်း မရှိကြောင်း ဧရာဝတီကို ပြောပါတယ်။
''၉၆၉ ဖြစ်စဉ် တွေကိုတော့ သိရတယ်။ သိပေမယ့် ဘယ်လို အရေးယူ ရမလဲ ဆိုတာတော့ ဒေသ အ လိုက် ဖြစ်တဲ့ ကိစ္စတွေ ကိုတော့ ဒေသ အာဏာ ပိုင်က ရှင်းရ မှာပဲ။ သူတို့ကို လုပ်ပိုင်ခွင့် အပြည့် ပေး ထား ပြီးသား '' ဟု ဦးမြင့်ဦးက ဆိုတယ်။
ဦးဝီရသူက ၉၆၉ အဖွဲ့ကို မော်လ မြိုင်မြို့က သံဃာ ၅ ပါးက စဖွဲ့စည်းပြီး ၁၉၉၉ ခုမှာ ကွယ်လွန်သူ သာသနာရေး ဦးစီးဌာန အငြိမ်းစား ညွှန်ကြား ရေးမှူးချုပ် နှစ်ဖက်လှ ဦးကျော်လွင် ကတဆင့် စတင် သိရှိခဲ့ တယ်လို့ ဆိုပါတယ်။ ဘယ်သူ တွေပါဝင် ဖွဲ့စည်း ထားမှန်း မသိ ရပေမယ့် အခု အခါ ရန်ကုန် မြို့တော် မှာလည်း ၉၆၉ စတစ်ကာ တွေနဲ့ တရားခွေ တော်တော် များများ ပျံ့နှံ့နေပြီး အခမဲ့ ဖြန့်ဝေတာ ဖြစ်တယ်လို့ သိရ ပါတယ်။ ဗုဒ္ဓ ဘာသာဝင် အများစု ကတော့ ၉၆၉ စတစ်ကာ တွေကို ဆိုင်တွေ၊ ကားတွေ၊ အိမ်တွေမှာ ကပ်ထား ကြပါတယ်။
ဒါပေမယ့် ရန်ကုန် ဒေသခံ အချို့တွေ ကတော့ ၉၆၉ ကို ဗုဒ္ဓ ဘာသာရဲ့ တရားဝင် အမှတ် အသား အဖြစ် အသိ အမှတ် မပြု လိုကြ ပါဘူး။
"ကျနော်တို့ သိတာက ဗုဒ္ဓရဲ့အဆုံး အမက ငြိမ်းချမ်းတယ်။ အေးချမ်းတယ်။ မေတ္တာ ထားရမယ်။ အဓိက ချုပ်ငြိမ်းမယ့် ၊ သံသရာ ခရီးမဆက် နိုင်မယ့် နိဗ္ဗာန် ရောက်ကြောင်း တရားကို ရှာတာပေါ့။ ဒါက ဗုဒ္ဓရဲ့ တကယ့် အနှစ် သာရလို့ ဆရာ တော်ကြီးတွေ ဟောထား ပြောထား တွေကို သိထား ရလို့ ဒီလို ၉၆၉ စတစ်ကာ ကပ်ထားမှ ဆိုတာ မျိုးကို လက်မခံဘူး။ ဘုရားရှင်ရဲ့ တရား တော်တွေကို နာတယ်။ အဆုံး အမကို နာခံတယ်။ ငါးပါး သီလလုံအောင် စောင့်တယ်" လို့ အသက် ၃၀ အရွယ် ရန်ကုန်မြို့ခံ အမျိုးသား တဦးက ဆိုပါတယ်။
အပြည်ပြည် ဆိုင်ရာ ဓမ္မစက္က ဖောင်ဒေးရှင်းက ဦးမောင်မောင် ကတော့ ဗုဒ္ဓ ဘာသာဝင် တွေအနေနဲ့ စည်းရုံးဖို့ လှုပ်ရှား ခဲ့တဲ့ ၉၆၉ အမှတ် တံဆိပ်က ရည်ရွယ် ချက်လွဲမှား တာမျိုး ဖြစ်နေ တယ်လို့ သုံး သပ် ပြောဆို ပါတယ်။
''ကိုယ့်ဘာသာကို စည်းလုံးဖို့ လုပ်တာ။ ဒါပေမယ့် မြန်မာ လူမျိုးကတော့ သိတဲ့ အတိုင်း ခုတ်ရာတခြား ရှရာ တခြား ဖြစ်တာပေါ့'' ဟု ဦးမောင်မောင် က ပြောသည်။
ထက်နိုင်ဇော် ပူးပေါင်းပါဝင် ရေးသားသည်။
![]() |
(ဓါတ်ပုံ - စတီဗင် စီခါ Facebook) |
နီလာမြင့် (ဒိန်းမတ်)
RB News
28.3.2013
မြန်မာ အစိုးရက မိထ္တီလာ မြို့နှင့် နီးစပ်ရာ မြို့များ၌ ဖြစ်ပျက် သွားသော အကြမ်းဖက်မှု များအား မ ထိန်းနိုင် တာလား? မထိန်း တာလား? စဉ်းစား စရာပါ ...
မတ်လ ၂၀ ရက်နေ့တွင် မိထ္တီလာ မြို့၌ ဖြစ်ပွားသွားခဲ့သော အကြမ်းဖက် မှုသည် လွန်စွာ မြန်ဆန်၍ အ ကွက် ကျလွန်း လှသည်။ ရွှေဆိုင်၌ ပြဿနာ စဖြစ်ချိန်အကြမ်းဖက် သမားများ ရွှေဆိုင်နှင့် ပတ်ဝန်းကျင် မူဆလင်ဆိုင် များနှင့် အိမ်များအား ဖျက်ဆီး ချိန်တွင် သံင်္ဃာတော် တပါးအား မူဆလင်များမှ အက်စစ်နှင့် ပက်၍ သတ်ဖြတ် လိုက်ကြောင်း ဝါဒဖြန့်ချိန် တို့သည် လွန်စွာ လျင်မြန် လှသည်။ မိထ္တီလာ မြို့ကဲ့ သို့သော စစ်တပ်မြို့ တမြို့၌ပင် အကြမ်းဖက် သမား များသည် လွတ်လွတ် လပ်လပ် မင်းမဲ့ တိုင်းပြည် ကဲ့ သို့ ဆောင်ရွက် နိုင်ခဲ့ ခြင်းမှာ အလွန် အံ့သြ ဖွယ်ရာ အချက် တချက် ဖြစ်သည်။ အကြမ်းဖက် သမား များ သည် ရဲများ ရှိနေသည့် ကြားမှပင် ဖျက်ဆီး မှုများ၊ လူသတ် မှုများ နှင့် မီးရှို့မှု များအား လွတ်လွတ် လပ်လပ် ဆောင်ရွက် နိုင်ကြသည်။ ပုဒ်မ ၁၄၄ ထုတ်ထား သည့်ကြားမှပင် ရခိုင် အရေး ကဲ့သို့ ညပိုင်းတွင် ဖျက်ဆီးမှု များအား ပို၍ လုပ်ကိုင် နိုင်ကြသည်။ မိထ္တီလာ မြို့၌ ဗလီများ အားလုံး ပျက်စီး မီးလောင်၊ မူဆလင် အိမ်များ ပျက်စီး မီးလောင်၍ ကုန်မှ စစ်တပ်က ဝင် ရောက် လာသည်။
ပြဿနာ စဖြစ်သော ကိစ္စ ရွှေဆိုင် ပိုင်ရှင်နှင့် ရွှေလာ ရောင်းသော လင်မယား တို့သည် အဓိက သက်သေ များ ဖြစ်သည်။ ယင်းကိစ္စအား အမှောင်ချ ထားခြင်းမှာ စိတ်ဝင်စား စရာဖြစ်သည်။ ယခင် ရခိုင်ပြည် နယ် ကျောက်နီမော် ကိစ္စတုန်းက တရားခံဟု စွတ်စွဲသော ထက်ထက်သည် အချုပ်ထဲ ၌ပင် မိမိ ကိုယ် မိမိ သတ်သေသည် ဟုဆိုကာ ရုံးမထုတ်ခင် နှုတ်ပိတ် ပစ်လိုက်သည်။ ကျန်နှစ်ယောက်အား ကြိုးမိန့် မ ရှိတော့သော မြန်မာ နိုင်ငံ၌ ကြိုးမိန့် ပေးကာ ချက်ချင်း နှုတ်ပိတ် ပစ်လိုက် သည်။ တောင်ကုတ် ၌ နေ့ ခင်း ကြောင်တောင် မူဆလင် ၁၀ ယောက်အား လူမြင်ကွင်း၌ ရက်ရက် စက်စက် စိမ်ပြေ နပြေ လူမြင် မကောင်းအောင် သတ်ဖြတ် မှုသည်ပင် ယခုထိ လက်သည် မပေါ်သေး၊ အစိုးရ ဖွဲ့ပေးသော စုံစမ်းရေး ကော်မရှင်မှ လည်းမဖေါ်ထုတ် နိုင်သေးပေ။ စုံစမ်းရေး ကော်မရှင်၌ ပါဝင်သော ရဲရဲဝံ့ဝံ့ အမှန် တရားဖက်က ပြောဆို ထောက်ပြ သောမူစလင်အချို့အား ထုတ်ပယ် ခြင်းသာ အဖတ် တင်သည်။
မိထ္တီလာ မြို့နှင့် နီးစပ် ရာမြို့ များ၌ ဖြစ်ပွား သွားသော အကြမ်း ဖက်မှု များတွင် တူညီ သောအချက် များစွာ ရှိသည်။ အကြမ်းဖက် သမား များသည် အစီ အစဉ် တကျ ခရာများ မှုတ်၍ မြို့များ ထဲသို့ ဝင်လာ ကြသည်။ မီးများ၊ ဖုန်းလိုင်းများ ပျက်သွားသည်။ ထိုသူ များသည် တိုက်ခိုက်ရေး သမားများ ပုံစံဖြင့် ပြည်သူ များ၏ အိုးအိမ်များ၊ ဘာသာရေး အဆောက် အအုံ များကို ဖျက်ဆီး ကြသည်။ ထိုသူ များသည် အင်အား ၂၀၀ ကျော်ဖြင့် တမြို့ဝင် တမြို့ထွက် အလွယ်တကူ လှုပ်ရှားနိုင် ကြသည်။ ထိုသူ များသည် ရဲများကို အလွယ် တကူ ရှောင်ရှား နိုင်ကြသည်။ ထိုသူများ ဖျက်ဆီး ထွက်ခွာပြီးမှ ရဲများ၊ လုံခြုံရေးများ ရောက်ရှိ လာကြ သည်။
အချို့မြို့ များ၌ အကြမ်းဖက် သမားများက ကျုပ်တို့ မီးမရှို့ဘူး၊ လူမသတ်ဘူး၊ မလုယက်ဘူး၊ ဖျက်ဘဲ ဖျက်ဆီးမယ် ခင်ဗျားတို့ ရှောင်နေကြပါ ဆိုသည့်အခါ ရဲများက ဖယ်ပေး ကြသည်။ ထိုအခါ အကြမ်းဖက် သမားများက ဖျက်ဆီးမှု များကို ပို၍ အတင့်ရဲ စွာပင် လုပ်ဆောင် သွားကြသည်။
ဤကဲ့သို့ ရိုင်းစိုင်းမှု ကမ်းကုန် နေသော အရှင် လတ်လတ် မီးရှို့ နေသော အကြမ်းဖက် သမား များအား နမူနာ အဖြစ် ၂ ယောက် ၃ ယောက်ခန့် ပစ်ပြ လိုက်လျှင် လူစု မကွဲသွား ဘူးလား။ ၈၈ အရေး အခင်း၊ ရွှေဝါရောင် တော်လှန်ရေး၊ လက်ပံ တောင်းတောင် ဆန္ဒပြမှု များအား အဲဒီလိုပင် ဖြိုခွင်း ခဲ့တာ မဟုတ် ဘူးလား။
ဒေါ်အောင်ဆန်း စုကြည်က မိထ္တီလာ ကိစ္စနှင့် ပတ်သက်၍ နေပြည်တော် တွေ့ဆုံ ဆွေးနွေးပွဲ တခု၌ ရဲများအား ယခု ထက်ပို၍ လေ့ကျင့် သင်ကြား ပေးရမည်ဟု သာမန်ကာ လျှံကာပြော သွား သည်။ ဒေါ်အောင်ဆန်း စုကြည်အား ပြောချင် သည်မှာ မြန်မာ့ ရဲများ၊ စစ်သား များသည် အပြည့် အဝ သင်ကြား လေ့ကျင့် ပြီးသား ဖြစ်သည်။ သူတို့သည် အထက် အမိန့်ကို စောင့်စားနေ ခြင်းသာ ဖြစ်သည်။ အထက် အမိန့် မရ၍ ရပ်ကြည့် နေခြင်းသာ ဖြစ်သည်။ သူတို့သည် အထက် အမိန့်ကို မြေဝယ် မကျ နာခံသည်။ အကယ်၍ အစ္စလာမ် ဘာသာဝင် များက ဗုဒ္ဓ ဘာသာ ဘာသာရေး အဆောက် အအုံများ လူနေအိမ် များအား ဖျက်ဆီး ခဲ့ပါက ယင်းတို့၏ စွမ်းဆောင် ရည်ကို ကမ္ဘာက ချီးကျူး လောက်အောင် ပင် ပြပါ လိမ့်မည်။
ဝီရသူ ကဲ့သို့သော သင်္ကန်းဝတ် များက မမှန် မကန် အစ္စလာမ် မုန်းတီးရေး ၀ါဒများ လွတ် လပ် စွာ ဖြန့်ဝေ နိုင်ခြင်း၊ ဘာသာ ရေးနှင့် မသက် ဆိုင်သော လူမျိုးရေး မုန်းတီး မှု့များ လှုံ့ဆော် နိုင်ခြင်း၊ ၉၆၉ အယူဝါဒ စာရွက် စာတမ်း အခွေများ အလွယ် တကူ နိုင်ငံ အဝှမ်း ဖြန့်ဝေ နိုင်ခြင်း တို့မှာ အံ့သြ စ ရာ ဖြစ်သည်။
အထက်ပါ ဖြစ်စဉ် များအား ကြည့်ခြင်း အားဖြင့် မြန်မာ အစိုးရ သည် မိထ္တီလာ မြို့နှင့် နီးစပ်သော မြို့များ ၌ ဖြစ်ပျက် သွားသော အကြမ်း ဖက်မှု များအား မထိန်းသိမ်း နိုင်တာလား၊ မထိန်းသိမ်း တာလား၊ စဉ်းစား စရာပင် ဖြစ်သည်။
မိတ္ထီလာ အရေး ကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီးမှ ပြည် သူ လူထု ထံသို့ ရှင်းလင်း ပြောကြားခြင်း
နေပြည်တော် မတ် ၂၈
မိတ္ထီလာ အရေးကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများ ကူးစက် ပြန့်ပွားရန် ကြိုးပမ်း လာတဲ့ အခြေ အနေ များနဲ့ စပ်လျဉ်းပြီး ကျွန်တော့် အနေနဲ့ ပြည်သူ လူထု တရပ်လုံးကို လိုအပ်တဲ့ ကိစ္စရပ် များအား ရှင်း လင်း ပြောကြား သွားမှာ ဖြစ်ပါတယ်။ သာမန် ပုဂ္ဂလိက အငြင်း ပွားမှု၊ သာမန် မှုခင်း တခုကို အကြောင်း ပြုပြီး မိတ္ထီလာမှာ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေ အနေမှာ ပြည်သူ လူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်း ယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာ နိုင်ငံဒေသ အနှံ့ အပြားတွင် ဆူပူမှုများ ကူးစက် ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင် လာမှု များကို စိတ် မချမ်းမြေ့ ဖွယ် တွေ့မြင် နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည် ချက်များကို ရှင်း လင်း ပြောကြား သွားမှာ ဖြစ်ပါတယ်။
ကျွန်တော့် အနေနဲ့ အင်အား သုံးပြီး ပြဿနာတွေ ကိုဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူ လူထုရဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှုကို ထိပါး တဲ့လုပ်ရပ် မှန်သမျှ ကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြ အင်အား သုံးပြီး ထိထိ ရောက်ရောက် တားဆီး နှိမ်နင်း သွားရမှာ ဖြစ်ပါတယ်။ ဒီနေ ရာမှာ တရား ဥပဒေ စိုးမိုးရေးတွင် အဓိက တာဝန် ရှိနေတဲ့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေ နဲ့အညီ ရဲဝံ့ ပြတ်သား စွာ ဆောင်ရွက် ကြဖို့ ပြောကြား လိုပါတယ်။
ဒီမိုကရေစီရဲ့ ရေသောက် မြစ်လို့ဆိုရမယ့် တစ်ဦး တစ်ယောက် ချင်းစီရဲ့ လွတ်လပ် ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှု မရှိပဲ လွပ်လပ် ခြင်းရဲ့ အရသာကို အားလုံး ခံစား နိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာလည်း မိမိ ယုံကြည် ရာကို လွတ်လပ်စွာ ကိုးကွယ် ပိုင်ခွင့်အား နိုင်ငံသား အခွင့် အရေး အနေနဲ့ အာမခံချက် အပြည့် အဝ ပေးထား ပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ် ယုံကြည် မှုကို ခုတုံးလုပ်ပြီး အလွဲ သုံးတဲ့ အယူသီး အစွန်းရောက် လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာ တရားတွေ အကြား အမုန်း တရား တိုးပွားအောင် လုပ်ဆောင် မှုတွေ၊ ကိုယ်ကျိုး စီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင် လာမှု တွေကို ပပျောက် သွားအောင် ကျွန်တော်တို့ အစိုးရ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ တည်ဆဲ ဥပဒေ များနဲ့အညီ ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ် ဆိုတာ သတိပေး ပြောကြား လိုပါတယ်။
ဒီလို ပဋိပက္ခတွေ၊ အခက်အခဲ အကျပ် အတည်း တွေဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှာ မဖြစ်မနေ ကြုံတွေ့ရမယ့် စိန်ခေါ် မှုတွေ၊ ပြဿနာ တွေထဲက တစ်ခုလို့ ရှုမြင် ရမှာ ဖြစ်ပြီး အားလုံး အတူ ပူးပေါင်း ကျော်လွှား ဖြေရှင်း သွားရမှာ ဖြစ်ပါတယ်။ ဒီလို ဖြေရှင်းတဲ့ အခါ မှာလည်း နိုင်ငံ တည်ဆောက် ရေးမှာ နှစ်ပေါင်း ခြောက်ဆယ် လုံးလုံး ကျွန်တော်တို့ နိုင်ငံကို နောက်ကျ ကျန်စေ ခဲ့တဲ့ မတူတဲ့ အင်အားစု တွေအကြား ထိပ်တိုက် ရင်ဆိုင်ပြီး အချင်းချင်း ဖယ်ထုတ်ဖို့ ကြိုးစား ခဲ့တဲ့ အနိုင်- အရှုံး သတ် မှတ်တဲ့ အလေ့ အကျင့်ကို အတိတ်မှာ ချန်ထားခဲ့ပြီး မတူညီတဲ့ အားတွေကို စုစည်းပြီး အချင်းချင်း ညှိနှိုင်း ပူးပေါင်း ဆောင် ရွက်ခြင်းနဲ့ အားလုံး အတွက် အကောင်းဆုံး အဖြေကို ရှာတဲ့ ဒီမိုကရေစီ အလေ့ အကျင့်ကို ကျင့်သုံးခြင်း ကသာ ပေါ်ပေါက် လာတဲ့ အကျပ် အတည်းတွေ ကို ဖြေရှင်း နိုင်ပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းခြင်း ဖြစ်စဉ်ကို ပံ့ပိုးပေး နိုင်လိမ့် မယ်လို့ ယုံကြည်ထား ပါတယ်။
ယခု မိတ္ထီလာမှာ ဖြစ်ပျက် ခဲ့တဲ့ ဖြစ်စဉ်ကို ဖြေရှင်းတဲ့ နေရာမှာ ယခင်ကနဲ့ မတူဘဲ အသိုက် အ ဝန်းတွေကြားမှာ နားလည် မှုတွေနဲ့ ယုံကြည် မှုတွေ ပြန်လည် တည်ဆောက် နိုင်ဖို့ အတွက် အရပ်ဘက် လူ့အဖွဲ့ အစည်း တွေရဲ့ ပူးပေါင်း ပါဝင်မှု၊ ဘာသာ ပေါင်းစုံက ခေါင်းဆောင် တွေရဲ့ ပူးပေါင်း ဆောင် ရွက် မှု၊ နိုင်ငံ တကာ အဖွဲ့ အစည်း တွေရဲ့ ပူးပေါင်း ကူညီမှု၊ မီဒီယာ များရဲ့ ပိုမို တာဝန် သိသိ၊ တာဝန် ရှိရှိ သတင်း ဖော်ပြမှု၊ ပြည်သူ တွေရဲ့ အသက် အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်း များ အတွက် ဘုန်းတော် ကြီးများ အပါ အဝင် လုံခြုံရေး အဖွဲ့ အစည်း များနဲ့ တပ်မတော် တို့ရဲ့ မှန်ကန် တဲ့ အခန်း ကဏ္ဍက ပါဝင်မှု တွေကို တွေ့ရှိ ရပါတယ်။ တချို့ ဒေသ တွေမှာ ငြိမ်းငြိမ်း ချမ်းချမ်း နေ ထိုင် နေကြတဲ့ ပြည်သူ လူထုတွေ အထိတ် တလန့် ဖြစ်အောင်၊ အကြမ်း ဖက်မှု တွေ ဖြစ်အောင်၊ ကော လာဟလ တွေနဲ့ သွေးထိုး လှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေက တဆင့် အကြမ်း ဖက်မှုတွေ အ ဖြစ် ရောက် ရှိ မသွား ရအောင် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး အာဏာ ပိုင်တွေ၊ အရပ်ဘက် လူ့ အဖွဲ့ အ စည်းတွေ၊ ရပ်မိ ရပ်ဖတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေ ပူးပေါင်း ကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ် တားဆီးရေး အဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ် ပေးနေ ကြတာ တွေကိုလည်း အပြု သဘော ဆောင်သော ဖြစ်ရပ်များ အဖြစ် တွေ့မြင် နေရပါတယ်။
ဒါ့အပြင် သွေးထိုး မှုတွေ လှုံ့ဆော်မှု တွေကြောင့် အခြား မြို့ကြီး များကို ပဋိပက္ခများ ကူးစက်မယ့် အန္တရာယ် ကိုလည်း အရပ်ဘက် လူ့အဖွဲ့ အစည်းတွေ၊ ရပ်မိ ရပ်ဖတွေနဲ့ သက်ဆိုင်ရာ အစိုးရ အဖွဲ့ အ စည်းတွေ၊ လုံခြုံရေး အဖွဲ့ အစည်းတွေ အားလုံး ဝိုင်းဝန်း ကာကွယ် လုပ်ဆောင် နေကြတာကို လည်း တွေ့ ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်း သားတွေ၊ လူမျိုး စု တွေနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အကြား အချင်းချင်း အပြန် အလှန် လေးစားမှု၊ နားလည် မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့ အစည်းမှာ နေထိုင်တဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ကမ္ဘာ ပေါ်မှာ ဂုဏ် သိက္ခာ ရှိရှိ ရပ် တည် နိုင်ဖို့အတွက် ကြိုးပမ်း နေကြတယ် ဆိုတာ ကိုလည်း သက်သေ ထူရာ ရောက်ပါတယ်။
ကျွန်တော်တို့ အစိုးရ အနေနဲ့ အင်အားသုံး ဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင် သမျှ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက် ခဲ့ရတဲ့ အကြောင်းရင်း ကတော့ မိမိတို့ နိုင်ငံသား များရဲ့ အရှိန်ယူစ ဒီမိုကရေစီ ကျင့်စဉ်များ စမ်းသပ် ကျင့်သုံး မှုကို အဟန့် အတား ဖြစ်ပြီး အချိန် မတိုင်မီ ပျက်စီး သွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှား လိုတဲ့ အတွက် ကြောင့်ပဲ ဖြစ်ပါတယ်။ ယခု ကာလတို အတွင်း မြေစမ်း ခရမ်း ပျိုးနေတဲ့ ပြုပြင် ပြောင်းလဲရေး များနဲ့ ဒီမိုကရေစီ ရှင်သန်ရေး များကို မဆုံးရှုံး စေလိုတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသား တဦးချင်းစီရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ထိပါးလာ ရင်တော့ ကျွန်တော့်ကို အခြေခံ ဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင် ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့ အစည်း တွေရဲ့ အင်အားကို အသုံးပြုပြီး အကာ အကွယ် ပေးသွားဖို့ ဆုံးဖြတ် ထားပြီး ဖြစ်ပါတယ်။ ပြည်သူ လူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်း စာတရားကို လက်ကိုင် ထားပြီး အမြင် ကျယ်ကျယ်၊ သတိ ကြီးကြီးနဲ့ ဝိုင်းဝန်း ကူညီ ပူးပေါင်း ဆောင်ရွက် ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်း မေတ္တာ ရပ်ခံ ပါတယ်။
မြန်မာ နိုင်ငံလို တိုင်းရင်းသား ပေါင်းစုံနဲ့ လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံနဲ့ ယဉ်ကျေးမှု ပေါင်းစုံ စုစည်း တည်ဆောက် ထားတဲ့ နိုင်ငံတော် တစ်ရပ် အနေနဲ့ နိုင်ငံသား အားလုံး ပါဝင်တဲ့ ဒီမိုကရေစီ စနစ် ကသာလျှင် တည်ငြိမ် အေးချမ်းမှုကို အာမခံ နိုင်တဲ့ ဒီမိုကရေစီ စနစ် ဖြစ်လာမယ် ဆိုတာကို အားလုံးက အလေး အနက် ခံယူထား ကြရမှာ ဖြစ်ပါတယ်။ မတူကွဲပြား မှုတွေ ရှိနေပေ မယ့်လည်း အဆင် ပြေပြေ ယှဉ်တွဲ နေထိုင် နိုင်ဖို့ အတွက် ဒီမိုကရေစီ နည်းလမ်း ကျကျ၊ ငြိမ်းငြိမ်း ချမ်းချမ်း ကြိုးပမ်း ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေရဲ့ မတူကွဲ ပြားမှုတွေကို ဂုဏ်ယူ ကြရမှာ ဖြစ်သလို တစ်ပြိုင်နက် တည်းမှာပဲ ကွဲပြားတဲ့ အင်အား တွေကို စုစည်းပြီး ပေါင်းစည်း အားအဖြစ် အသုံးပြု နိုင်မယ် ဆိုရင် ကျွန်တော်တို့ လက်တွေ့ ကြုံတွေ့ နေရတဲ့ အခက် အခဲတွေ၊ အနာဂတ်မှာ ကြုံတွေ့ ရမယ့် စိန်ခေါ်မှု တွေကို ကျော်လွှား သွားနိုင် မယ်လို့ ကျွန်တော့် အနေနဲ့ ရာနှုန်း ပြည့် ယုံကြည် ပါတယ်။
ကျွန်တော့် အနေနဲ့ ပြည်သူ လူထု အားလုံးကို ပြောကြား လိုတာ ကတော့ အခု ချိန်မှာ ကျွန်တော်တို့ မြန်မာ့ လူအဖွဲ့ အစည်းကို ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့ အစည်း ဖြစ်အောင် ကြိုးစား နေတာ ဖြစ်တဲ့ အတွက် အစိုးရ ကလည်း ဖြစ်စဉ် ဖြစ်ရပ် အမှန်တွေ ကိုအချိန်နဲ့ တစ်ပြေးညီ ပွင့်လင်း မြင်သာမှု ရှိရှိ သတင်းပေး ပြန်ကြား သွားမှာ ဖြစ်သလို ပြည်သူ လူထု တစ်ရပ်လုံး အနေနဲ့လည်း ကောလာဟလ တွေရဲ့ အန္တရာယ်ကို သတိကြီးကြီး၊ ဥာဏ်အမြော် အမြင် ရှိရှိနဲ့ ရင်ဆိုင် တုံ့ပြန်သွား ကြရင် ကျွန်တော်တို့ အားလုံး ဒီစိန်ခေါ်မှု တွေကို သမိုင်း အစဉ် အလာအရ သဟဇာတ ရှိရှိ နေထိုင် ခဲ့တဲ့ လူအဖွဲ့ အစည်း တစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့ အညီ အတူ လက်တွဲ ကျော်လွှားသွား ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ် ပါတယ်။
နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာမှ ကူးယူ ဖော်ပြ ပါသည်။
![]() |
(ဓါတ်ပုံ - စတီဗင် စီခါ Facebook) |
O'Laie Manzu
29.3.2013
လက်ရှိ ဖြစ်ပွား လျက်ရှိသော ဘာသာရေး အကြမ်းဖက် သမား များ၏ လုပ်ဆောင် ချက်များအား ဖော်ထုတ် အရေးယူ ရန်အတွက် နိုင်ငံတော် အစိုးရမှ စုံစမ်း စစ်ဆေး နေခြင်းနှင့် လက်တလော ထုတ်ပြန် လိုက်သည့် ရပ်တည်ချက် သဘောထားကို ကြိုဆိုရ ပါလိမ့်မည်။ သို့သော် လက်တွေ့တွင် စုံစမ်း စစ်ဆေးမှု များနှင့် အရေးယူ ဆောင်ရွက်မှု များသည် ပွင့်လင်း မြင်သာ၍ ထိရောက်သော ကိုင်တွယ် ဖြေရှင်း မှုမျိုး ဖြစ်စေရန် အရေးကြီး လှပေသည်။ လူအများ သိစေရန် လိုအပ်သည်။ ဥပဒေရှေ့ မှောက်တွင် ပြည်သူများ အားလုံး တစ်ပြေးညီ ဖြစ်ကြောင်း သက်သေပြ ရပေ လိမ့်မည်။ သို့မှ သာလျှင် နောင်အနာ ဂတ်တွင် ဘာသာရေး၊ လူမျိုးရေး အပေါ် အခြေခံ သည့် အကြမ်းဖက် စော်ကား မှုများ အပြီးသပ် ချုပ်ငြိမ်း သွားမည် ဖြစ်ပြီး ငြိမ်းချမ်းသော ခရီးလမ်းတွင် မြန်မာ နိုင်ငံသားများ အတူ တကွ လျှောက်လှမ်း နိုင်ကြမည် ဖြစ်သည်။
မိတ္ထီလာ အရေး အခင်း မဖြစ်ပွားမှီ တစ်ပတ် လောက်ကပင် ဗုဒ္ဓဘာသာ အစွန်းရောက် ၉၆၉ ဂိုဏ်းသည် ဘုရား တရား သံဃာ အမည်ခံ၍ လူသတ်မှုများ ကျူးလွန်ရန် ဆိုင်းပြင်း နေကြောင်း၊ သတိထား ကြရန် လိုအပ် ကြောင်းနှင့် အချိန် မနှောင်းမှီ သက်ဆိုင်ရာ တာဝန်ရှိ သူများ အနေဖြင့် တားဆီး ပိတ်ပင်ရန် လိုအပ်ကြောင်း သတိပေးမှု များစွာ ထွက်ပေါ် လာခဲ့သည်။ ဘာသာရေး အစွန်း ရောက်များ အတင့်ရဲ့စွာ အစ္စလာမ် ဘာသာအား စော်ကားမှုများ ပြုလုပ် နေသောကြောင့် လူတော်တော် များများ မှလည်း ဘာသာရေး အဓိကရုဏ်း ဖြစ်ပွား လာမည်ကို စိုးရိမ် နေခဲ့ ကြသည်။ အစိုးရနှင့် နိုင်ငံရေး သမား များမှာလည်း အဓိကရုဏ်း ဖြစ်ပွား လာမည်ကို တွက်ချက် မှန်းဆ ထားပြီး ဖြစ်ပေ လိမ့်မည်။ သို့သော် အလေးပေး အရေးယူ ဆောင်ရွက် မှုများ မပြုလုပ် ခဲ့သောကြောင့် ယခု ကဲ့သို့ အကျည်း တန်လှသည့် အကြမ်းဖက် မှုများ ဖြစ်ပွား ခဲ့ပြီး အပြစ်မဲ့ ပြည်သူများ အသက် အိုးအိမ် ဆုံးရှုံး ကြရသည်။ တိုင်းပြည် မငြိမ်သက်မှု များဖြင့် ရင်ဆိုင် ရသည်။ ဘာသာဝင် များအကြား အပြန် အလှန် တိုက်ခိုက် သတ်ဖြတ် ကြသည့် ပဋိပက္ခ မဟုတ်။ ဗုဒ္ဓဘာသာ အစွန်းရောက် များ၏ အကြမ်း ဖက်မှုများ အဖြစ် ထင်ရှားစွာ ထွက်ပေါ် လာခဲ့သည်။ ဗုဒ္ဓ ဘာသာအား ငြိမ်းချမ်းရေး တရား လက်ကိုင် ထားသည့် ဘာသာ တရား အဖြစ် အသိ အမှတ် ပြုနေသည်ကို ဖျက်ဆီး လိုက်သကဲ့သို့ ကမ္ဘာ့ အလယ်တွင် ဗုဒ္ဓဘာသာ၏ ဂုဏ်တော် ညိုးမှိန် ရသည်။ ဤအကြမ်း ဖက်မှု များအား ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းမှု မပြုပါက ဒီမိုကရေစီ စနစ် အောက်တွင် အကြမ်းဖက် သမား များအား လွတ်လပ်စွာ လူ့အခွင့် အရေး ချိုးဖောက်ခွင့် ပေးထား သကဲ့သို့ အပြစ်မဲ့ ပြည်သူများ အကြား ဆက်လက်၍ ရမ်းကား စော်ကား နေကြပေ လိမ့်မည်။ လူရမ်း ကားများ လွတ်လပ်စွာ သွားလာ နေကြ ပေလိမ့်မည်။
ဒီမိုကရေစီ နည်းစနစ်အား လက်တွေ့ ကျင့်သုံး ရာတွင် တရား ဥပဒေ စိုးမိုးရေးအား ထိန်ချန် ထား၍ မရနိုင်ပေ။ လူ့အသိုင်း အဝိုင်း အတွင်း အတူ တကွ နေထိုင်ကြ သူများအဖို့ စည်းဘောင်အတွင်း နေထိုင် ကြရန် လိုအပ် ပါသည်။ မြန်မာ နိုင်ငံ အတွင်း နေထိုင် ကြသူ တိုင်းသည် ဥပဒေအား ခြွင်းချက် မရှိ လိုက်နာ ကျင့်သုံး ရမည်။ ဥပဒေ အောက်၌ တပြေးညီ ရှိနေ ကြရမည်။ ဥပဒေ များသည်လည်း တရား မျှတသော ပြဋ္ဌာန်း ချက်များ ဖြစ်နေရမည်။ ချိုးဖောက် မှုများအား ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် အညီ သက်ဆိုင်ရာ တာဝန်ရှိ သူများမှ ကိုင်တွယ် ဖြေရှင်း ရမည်။ အကြမ်း ဖက်သမားများ ကျင့်သုံး လျက်ရှိသော ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ကိုင်တွယ် ဖြေရှင်းခြင်း နည်းစနစ်သည် တည်ဆဲ ဥပဒေ များအား လေးစား လိုက်နာခြင်း မရှိသည့် အပြင် ဥပဒေအား ချိုးဖောက်ရာ ရောက်ပေသည်။
အစ္စလာမ် သာသနာဝင် ရိုဟင်ဂျာ များအား အကြမ်းဖက် နှိမ်နှင်းသည့် ပြစ်မှု များအား ထိရောက်စွာ အရေးယူ ဆောင်ရွက် နိုင်ခြင်း မရှိ သောကြောင့် အကြမ်းဖက် သမားများ အနေဖြင့် အတင့်ရဲ လာကြသည်။ ၎င်းတို့၏ လုပ်ရပ်အား အပြစ်ပေး အရေး ယူခြင်းခံရမှု မရှိ နိုင်ကြောင်း ယူဆလာ ကြသည်။ ဥပဒေအား ဥပက္ခာ ပြုလာ ကြသည်။ ရခိုင် ပြည်မြောက်ပိုင်း မေယု ဒေသ၊ သာကေတ၊ မိတ္ထီလာ နှင့် လက်ရှိ ကူးဆက် ပြန့်ပွား လျက်ရှိသော ပဲခူးတိုင်း အကြမ်း ဖက်မှု များသည် မြန်မာ မွတ်စလင် များအပေါ် ဥပဒေမဲ့ စော်ကား နေမှုများ ဖြစ်ပြီး မြန်မာ နိုင်ငံတွင် တရား ဥပဒေ စိုးမိုးရေး မရှိကြောင်း၊ တည်ဆဲ ဥပဒေ များအား လိုက်နာ ကျင့်သုံးမှု မရှိကြောင်း၊ ဥပဒေ အရ အပြစ်ပေး အရေးယူမှု အားနည်း နေကြောင်း ပေါ်လွင် စေသည့် သက်သေ အထောက် အထား များပင် ဖြစ်သည်။
အပြစ်မဲ့ ပြည်သူ များအား မီးရှို့ သတ်ဖြတ် ခြင်းသည် လူမဆန် သောလုပ်ရပ် ဖြစ်ပြီး ကြီးမားသည့် ရာဇဝတ် ပြစ်မှု ဖြစ်ပါသည်။ ဘာသာတရား ကိုင်းရှိုင်းသူ များမဆိုထားနှင့်၊ ဘာသာမဲ့ များသည် ပင်လျှင် ဤကဲ့သို့သော ပြုမှုခြင်းများ ပြုလုပ် ကြလိမ့် မည်မဟုတ်။ ဗုဒ္ဓ ဘာသာ၏ လမ်းညွန် စေခိုင်းမှု လည်းမဟုတ်။ ဘာသာရေး လူမျိုးရေး မတူ ကွဲပြားမှုအား အကြောင်း ပြုသည့် ရာဇဝတ်မှု တစ်ရပ် အဖြစ် ရှူမြင် ရပါမည်။ ကလေး သူငယ်များ အပါ အဝင် အပြစ်မဲ့ ပြည်သူ များအား ရိုက်နက်ခြင်း၊ မီးရှို့ သတ်ဖြတ်ခြင်း များပြုလုပ် ခဲ့သော တရားခံ များသည် အပြစ်ပေး အရေးယူခြင်း မခံရဘဲ ပြည်သူများ အကြားတွင် လွတ်လပ်စွာ သွားလာ နေမည် ဆိုပါက ဤကဲ့သို့သော အကြမ်း ဖက်မှုများ ထပ်မံ ဖြစ်ပွား နေပေ လိမ့်မည်။ လူသတ် မှုများ၊ အကြမ်း ဖက်မှုများ အပြင် နိုင်ငံ တော်နဲ့ အမျိုး ဘာသာ သာသနာ၏ ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ပြုကျင့်သူ တိုင်းအား ထိရောက်စွာ အရေးယူ ရပေလိမ့်မည်။ အကြမ်းဖက် လူသတ်မှုများ ဖြစ်ပွား စေရန် လှုံ့ဆော် ကြသော ဘာသာရေး အစွန်း ရောက်များ၊ နိုင်ငံရေး သမားများနှင့် သတင်း မီဒီယာများ အားလည်း ဖော်ထုတ် အရေးယူရန် လိုအပ် ပါသည်။
မြန်မာ နိုင်ငံတွင် နိုင်ငံရေး အကြပ် အတည်း ဖြစ်တိုင်း ဘာသာရေး အဓိကရုဏ်း ဖန်တီးသည့် အစဉ် အလာမှာ အင်္ဂလိပ် အစိုးရမှ မျိုးစေ့ ချခဲ့ပြီး ခေတ်အဆက် ဆက်ရှိ အစိုးရများ ကျင့်သုံး ခဲ့သော နည်းဗျူဟာ တစ်ရပ် ဖြစ်သည်။ နှစ်ပေါင်း များစွာ ကျင့်သုံးခဲ့ သောကြောင့် အမုန်း ပွားမှုများ ကြီးထွား လျက်ရှိပြီး လူစိတ် ပျောက်သည် အထိ ဆိုးရွား လာသည်ကို လက်ရှိ မိတ္ထီလာ အကြမ်း ဖက်မှုတွင် ထင်ရှားစွာ တွေ့မြင်ရ ပါသည်။ ဘာသာရေး အကြောင်း ပြသည့် နိုင်ငံရေး ကစားမှု ထုံးတမ်း အစဉ် အလာအား နောင်အနာ ဂတ်တွင် ဖြစ်ပွားမှု မရှိစေရန် ဥပဒေ ကြောင်းဖြင့် အမြစ်မှ တွန်းလှန် ရမည်။ ပြည်သူ့ ရှေ့မှောက်တွင် ပွင်းလင် မြင်သာစွာဖြင့် အရေးယူ ဖြေရှင်းပေး ရပါ လိမ့်မည်။ ထို့အပြင် ပျက်စီး ဆုံးရှူံး သွားသော အိုးအိမ်များ၊ စီးပွားရေး လုပ်ငန်း များနှင့် ဘာသာရေး အဆောက်အဦ များအား မူလ အတိုင်း ပြန်လည် တည်ဆောက် နိုင်ရန်အတွက် ပြန်လည် မွန်းမံခွင့်နှင့် ထောက်ပံ့ ကူညီမှု များဖြင့် ပံ့ပိုးပေးရ ပါလိမ့်မည်။ မြန်မာ မွတ်စလင် များ၏ အသက် အန္တာရာယ် အားလည်း ဥပဒေ ဘောင်အတွင်းမှ အကာ အကွယ် ပေးသည့် အာမခံ ချက်များ ရှိစေရန် အတွက် နိုင်ငံတော် အစိုးရမှ လက်တွေ့ အကောင် အထည် ဖော်ဆောင်ရွက် ရပါမည်။
မခင်ဖြူထွေး
ဗွီအိုအေ မြန်မာပိုင်း
28.3.2013
ရခိုင် ပြည်နယ်တွင်း ပြီးခဲ့တဲ့ နှစ်ပိုင်းက ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခ တွေအတွင်း အိုးအိမ်မဲ့ ဒုက္ခရောက် ခဲ့ကြရတဲ့ ရိုဟင်ဂျာ ခေါ် မူဆလင် လူနည်းစု တွေကို ပြန်လည် နေရာ ချထားရေး အတွက် လုပ်ဆောင် စရာ ရှိတာ တွေကို မလုပ်ဘူး ဆိုရင် မြန်မာ နိုင်ငံဟာ ဘာသာရေး အရ ရေရှည် ကွဲပြားမယ့် အန္တရာယ် ကျရောက်မယ့် အခြေအနေ ရှိနေတယ် လို့ ထိပ်တန်း လူ့အခွင့် အရေး အဖွဲ့ တဖွဲ့က ပြောလိုက် ပါတယ်။
လက်တလော မြန်မာ နိုင်ငံတွင်း မူဆလင် ဆန့်ကျင်ရေး စိတ်တွေ ပျံ့နှံ့ နေတဲ့ အပေါ်မှာ အထူး စိုးရိမ် မှု ဖြစ်ရတယ် လို့လည်း ဆိုပါတယ်။ အပြည့် အစုံကို မခင်ဖြူထွေး က တင်ပြ ထားပါတယ်။
ပြီးခဲ့တဲ့နှစ်က လူတွေ ရာနဲ့ချီ သေကျေ ဒဏ်ရာရပြီး သောင်းနဲ့ချီ အိုးအိမ်မဲ့ ဒုက္ခရောက် ခဲ့ရတဲ့ အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ရာ ရခိုင် ပြည်နယ်တွင်းမှာ ဒုက္ခသည် မူဆလင် လူနည်းစုတွေရဲ့ အခြေအနေ ဟာ စိုးရိမ်ဖွယ်ရာဖြစ်ပြီး ဒီလူတွေကို ပြန် လည် နေရာချထားရေး ကိစ္စကို မြန်မာ အစိုးရအနေနဲ့ အမြန် ဆုံး ဆောင်ရွက်ဖို့ နိုင်ငံ တကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးတခုဖြစ်တဲ့ Human Rights Watch က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ Human Rights Watch အဖွဲ့က ဒုက္ခသည် စခန်းတွေထဲမှာ ချို့ချို့တဲ့တဲ့ နေနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ကျန်တဲ့ လူမှုအသိုင်းအ၀ိုင်း တခုလုံးနဲ့ အဆက်ဖြတ်ခံနေရတဲ့ အခြေအနေမှာ ရောက်နေ တဲ့အတွက် ဒီအပေါ် အထူး စိုးရိမ် တဲ့ အကြောင်း Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံတဦးဖြစ်တဲ့ ဂျွန် စစ်စတန် (John Siston) က ပြောပါတယ်။
“ပထမဆုံး ကျနော်တို့ရဲ့ စိုးရိမ်မှုက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်တင် မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင် အားလုံးအတွက် စိုးရိမ်တာပါ။ လတ်တလော မြန်မာနိုင်ငံမှာ မူဆလင်တွေအပေါ် အကြမ်းဖက် မှုတွေနဲ့ မုန်းတီးစိတ်တွေက နေရာအနှံ့ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် ထဲက ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ စိတ်ပူတာက အဲ့ဒီမှာ မူဆလင်တွေဟာ တနေရာ တည်းမှာ ဘယ်ကိုမှထွက်ခွာ ခွင့်မရဘဲ ဖြစ်နေရတာပါ။ဒုက္ခသည်စခန်းဆိုတာထက် အကျဉ်းစခန်း လို နေရာ မှာ နေနေ ရ တာ ဖြစ်ပါတယ်။ စခန်းထဲကနေ ဘယ်ကိုမှ ထွက်ခွာခွင့်မရဘဲ သူတို့ကို စောင့် ကြပ်နေ တဲ့ သူတွေ သနား ညှာတာသလောက် ခွင့်ပြုသလောက်ပဲ လှုပ်ရှားခွင့် ရကြပါတယ်။ လူသား ချင်း စာနာမှု အ ကူအညီတွေကလည်း အလုံအလောက် မရှိပါဘူး။ အခြေအနေ အတော်ကို ဆိုးရွားပါတယ်။”
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ လပေါင်းများစွာ ကြာလာခဲ့ပြီ ဖြစ်ပေမဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ စိုးရိမ်ရဆဲ အခြေအနေမှာ ဆက်ရှိနေဆဲ ဖြစ်တယ်လို့လည်း Human Rights Watch အဖွဲ့က ပြောပါတယ်။
့မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဒီအတိုင်း လျစ်လျူရှုမထားဘဲ သူတို့တွေ လူမှုအသိုင်း အ၀ိုင်းထဲမှာ ပြန်လည် ၀င်ဆံ့နိုင်အောင် စီစဉ်ပေးဖို့ လိုအပ်တယ်လို့လည်း ဂျွန် စစ်စတန် (John Siston) က ပြောပါတယ်။
“အရင်ဆုံး မြန်မာအစိုးရ အနေနဲ့ ဒီကိစ္စကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတယ် ဆိုတာကို ၀န်ခံဖို့ လိုပါတယ်။ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ပြဿနာတွေနဲ့ အဲ့ဒီဒေသတ၀ိုက်မှာ ရိုဟင် ဂျာ မုန်းတီးမှုတွေ အများအပြား ရှိနေတဲ့ ပြဿနာတွေ ရှိနေပါတယ်။ ဒီလို ပြဿနာတွေ ရှိနေတယ် ဆိုတာကို အစိုးရက ၀န်ခံရပါမယ်။ တချို့ အာဏာပိုင်တွေက ဒီကိစ္စနဲ့ပတ်သက်ပြီး ကြီးကြီးမားမား ပြဿ နာ မဟုတ်ဘူးဆိုပြီး ငြင်းဆန် ပြောဆိုနေတာ ရှိပါတယ်။ ဒုတိယအချက် အနေနဲ့ ကတော့ ဒုက္ခရောက်နေ သူတွေကို လူသားချင်းစာနာတဲ့ အကူအညီ ပေးနေသူတွေရဲ့ လုံခြုံရေးကို အစိုးရက တာဝန်ယူရပါ လိမ့်မယ်။ လုံခြုံစိတ်ချရတဲ့ အခြေအနေ တခုအောက်မှာ ဒီလူတွေ အလုပ်လုပ်ကိုင်ခွင့် ရဖို့ လိုပါတယ်။”
အိုးအိမ်စွန့် ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေကို ပြန်ပြီး နေရာချထားဖို့ အစိုးရက ပျက်ကွက်တာဟာ လူမှု အ၀န်းအ၀ိုင်းထဲကနေ သူတို့ကို ရေရှည် သီးခြား ခွဲထုတ်ထားတော့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ပိုပြီး ကြီး ထွား လာစေတယ်လို့ Human Rights Watch အဖွဲ့က ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ ရေတို ရေရှည် စီမံကိန်းချပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ကိုင်တွယ် ဆောင်ရွက် သင့်တယ်လို့လည်း ဂျွန် စစ်စတန် (John Siston) က ပြောပါတယ်။
“ခိုင်မာတဲ့ ခြေလှမ်းတရပ်အနေနဲ့ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ရုံးခွဲတခု ဖွင့်လှစ်ခွင့် ပြုဖို့လည်း လိုပါတယ်။ ဒီရုံးကနေ အခြေအနေတွေကို ကြီးကြပ် စောင့်ကြည့်နိုင်မှာ ဖြစ် ပါတယ်။ လူမှု အ၀န်းအ၀ိုင်းအတွင်း အချင်းချင်း ပြန်ပြီး သင့်မြတ်အောင် ဒါမှမဟုတ် ဒုက္ခသည်တွေ လူ့အဖွဲ့ အစည်းထဲမှာ ပြန်ပြီး ၀င်ရောက်နိုင်အောင် သင့်တင့်လျောက်ပတ်တဲ့ အစီအစဉ်တွေကို ချမှတ်ဆောင် ရွက် တာတွေ လုပ်နိုင်မှာပါ။ ရခိုင်လူမျိုးတွေအနေနဲ့ ရို ဟင်ဂျာတွေကို နေ့ချင်း ညချင်း ပြန်လည် လက်ခံပြီး သူတို့ရဲ့ အမုန်း တရားတွေနဲ့ ဒေါသတွေကို ဖျောက်ဖျက်ပစ်နိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ ဒီကိစ္စ လက်ငင်း ဖြေရှင်းမှုအပိုင်းမှာ ဥပဒေနဲ့ လုံခြုံရေး စောင့်ကြပ်မှုတွေ လိုအပ်သလို ရေရှည် မှာတော့ နိုင် ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိဖို့လိုပါတယ်။”
အစိုးရအရာရှိတွေ၊ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်အမတ်တွေ အနေနဲ့လည်း လတ်တလော မြန်မာနိုင်ငံမှာ မူဆလင် ဆန့်ကျင်ရေး စိတ်တွေ ပျံ့နှံ့နေတာနဲ့ ပတ်သက်လို့ ပဋိပက္ခ ကြီးထွားမလာခင်မှာ အခုထက်ပိုပြီး ထုတ်ဖော်ပြောဆိုဖို့ အရေးကြီးတယ်လို့လည်း ဂျွန် စစ်စတန် (John Siston) က ပြောသွားပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က မိတ္ထီလာခရိုင်မှာ စခဲ့တဲ့ ဘာသာရေး ပဋိပက္ခ အ သွင် အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ အကြမ်းဖက်မှုတွေဟာ တခြားမြို့ နယ်တွေအထိပါ ပျံ့နှံ့ခဲ့တာရှိသလို အခုအခါ ရခိုင်ပြည်နယ်ဘက်မှာလည်း တင်းမာမှုတွေ တဖန် ပြန် လည်ဖြစ်ပေါ်နေပြီး၊ ရိုဟင်ဂျာ ဆန့်ကျင်ရေး စိတ်တွေ ကြီးထွားအောင် လှုံ့ဆော်နေသူတွေ ရှိနေတဲ့ အကြောင်းနဲ့ အကြမ်းဖက် ပဋိပက္ခတွေပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ကြီးထွားလာနေတဲ့ အကြောင်း လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Burma Campaign UK ကလည်း မနေ့က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုထားပါတယ်။
RB News
23.3.2013
၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်နေ့ မှစ၍ မိတ္တီလာ မြို့တွင် ကြိုတင် ပြင်ဆင်၍ ဒေသခံ မွတ်စလင် များကို တိုက်ခိုက် ခဲ့ရာ လူမဆန်စွာ မီးရှို့ သတ်ဖြတ်မှု များပြု လုပ်ခဲ့သည်။ အရေးပေါ် အခြေအနေ ကြေညာ လိုက်သော်လည်း မိတ္တီလာ ခရိုင်တွင်းရှိ ရမည်းသင်းမြို့နယ်ရှိ ရွာတန်းရွာကို တိုက်ခိုက် ခဲ့သည်။ ထို့ကြောင့် ယနေ့မှ စ၍ အရေးပေါ် သတင်းများကို ဤနေ ရာတွင် ရေးသား ဖော်ပြ ပေးမည် ဖြစ်သည်။
ဤသတင်း စာမျက်နှာသည် သတင်း အသစ် တင်ပြီးလျှင် နောက်ဆုံးသတင်း/ဆောင်းပါးများ နေရာတွင် ရှိနေမည် ဖြစ်သည်။
၂၈-၃-၂၀၁၃
မတ်လ (၂၈) နံနက် ၅ နာရီ - ရန်ကုန်
+++++++++++++++++++++++++++++++++++++++++++++
ပဲခူးတိုင်း အနောက်ခြမ်း အဓိကရုဏ်း သတင်း နောက် ဆက်တွဲ
ပုတီးကုန်းမှာ နေအိမ်တွေကို ဖျက်စီးမှု ဖြစ်ပွား
မတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီ ပတ်ဝန်းကျင် ကစပြီး ပုတီးကုန်း မြို့မှာ အင်အား သုံးရာ ကျော်ရှိတဲ့ လူအုပ်ကြီးက ဝင်ရောက် ဖျက်စီးတဲ့ အတွက် ယခု အချိန်ထိ အိမ်ရှစ်လုံး၊ ဆိုင်ခန်း လေးခန်းနဲ့ပလီ တစ်လုံးတို့ ပျက်စီး ခဲ့ပါတယ်။
အဲဒီ လူအုပ်ကြီးကို ရဲနဲ့တပ် စုစုပေါင်း အင်အား ၁၀၀ ခန့်က ပစ်ခတ် ဖြိုခွင်းတဲ့ အတွက် ၇ ဦးဒဏ်ရာ ရရှိခဲ့ပြီး၊ အဲဒီ လူတွေကို ပုတီးကုန်း ဆေးရုံကို တင်ပို့ ထားရပါတယ်။
ပေါက်တူး၊ ပေါက်ချွန်းနဲ့ရဲဒင်းတွေ အသင့် ယူလာတဲ့ ဒီလူအုပ် ကြီးဟာ ဆိုင်ကယ် အစီးနှစ် ဆယ်ခန့်နဲ့ အတူ ပုတီး ကုန်းမြို့ကို အရှေ့ ဘက်ကနေ တစ်ရှိန်ထိုး ဝင်ရောက် လာတာ ဖြစ်တယ် လို့ မြို့ခံ ကိုချိုက RFA ကိုပြောပါတယ်။
"စစ်တပ်နဲ့ရဲက ပလီကို ဖျက်နေသူတွေကို သေနတ်နဲ့ပစ်နေတာတောင် ဒီလူအုပ်က ပလီကို ဖျက်နေ သေးတယ်" လို့ ကိုချိုက ဆက် ပြောပါတယ်။
ပဲခူးတိုင်း အနောက်ခြမ်းက မြို့တစ်ချို့မှာ အကြမ်းဘက် ဖျက်စီး မှုကို ညဘက်တွေမှာ သာလုပ်ဆောင် ခဲ့ပေမယ့် ဒီကနေ့ မှာတော့ ဇီးကုန်းမြို့ နဲ့အုတ်ဖိုမြို့ တွေမှာ နေ့ခင်း ဘက် မှာတင် ဝင်ရောက် ဖျက်စီး တာတွေ စတင် လုပ်ဆောင် ခဲ့တယ်လို့ ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ရဲအရာရှိ တစ်ဦးက ဆိုပါတယ်။
မတ်လ ၂၃ ရက် နေ့ညက စပြီး ပဲခူးတိုင်း အနောက် ခြမ်းက မြို့နယ် တွေမှာ အမည် မသိ လူအုပ်တွေ ဝင်ရောက် မီးရှို့ ဖျက်စီး တာတွေ ရှိတဲ့ အတွက် ဇီးကုန်း၊ နတ္တလင်း၊ မင်းလှ၊ စစ်ကွင်း၊ မိုးညို၊ကြို့ပင် ကောက်၊ သာယာ ဝတီမြို့ တို့မှာ ပုဒ်မ ၁၄၄ ထုတ် ပြန်ခဲ့ ရပြီး၊ ပေါင်းတည်မြို့ မှာတော့ ပုဒ်မ ၁၈၈ ထုတ်ပြန် ခဲ့ရ ပါတယ်။ (via RFA Burmese)
++++++++++++++++++++++++++++++++++++++++++
ပုတီးကုန်း တွင် အစ္စလာမ် ဘာသာဝင် များအား အကြမ်း ဖက်မှု အစပျိုးဟု သတင်းရ
ယနေ့ နံနက် ၅ နာရီ ခန့်တွင် ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့် မြို့နယ်ရှိ ရော်နဒ် ဗလီရှေ့သို့ ကုရ်သာ (အစ္စလာမ် ဘာသာရေး ဆရာများ ၀တ်သည့် ၀တ်စုံ) များ ၀တ်ဆင် ထားသည့် အယောင်ဆောင် မွတ်စလင် များသည် ကားနှစ်စီးဖြင့် ရောက်ရှိ လာပြီး သခ်ဗီးရ်ကို မပီမသဖြင့် အော်ဟစ်ရာ ၅ မိနစ်ခန့် အကြာတွင် ရဲကားများ ရောက်ရှိ လာသဖြင့် ထွက်ပြေး သွားကြောင်း မျက်မြင် သက်သေ တစ်ဦးထံမှ သိရှိ ရပါသည်။
+++++++++++++++++++++++++++++++++++++++++++++
ပဲခူးတိုင်း အနောက်ခြမ်း အဓိကရုဏ်း သတင်း နောက် ဆက်တွဲ
ပုတီးကုန်းမှာ နေအိမ်တွေကို ဖျက်စီးမှု ဖြစ်ပွား
မတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီ ပတ်ဝန်းကျင် ကစပြီး ပုတီးကုန်း မြို့မှာ အင်အား သုံးရာ ကျော်ရှိတဲ့ လူအုပ်ကြီးက ဝင်ရောက် ဖျက်စီးတဲ့ အတွက် ယခု အချိန်ထိ အိမ်ရှစ်လုံး၊ ဆိုင်ခန်း လေးခန်းနဲ့ပလီ တစ်လုံးတို့ ပျက်စီး ခဲ့ပါတယ်။
အဲဒီ လူအုပ်ကြီးကို ရဲနဲ့တပ် စုစုပေါင်း အင်အား ၁၀၀ ခန့်က ပစ်ခတ် ဖြိုခွင်းတဲ့ အတွက် ၇ ဦးဒဏ်ရာ ရရှိခဲ့ပြီး၊ အဲဒီ လူတွေကို ပုတီးကုန်း ဆေးရုံကို တင်ပို့ ထားရပါတယ်။
ပေါက်တူး၊ ပေါက်ချွန်းနဲ့ရဲဒင်းတွေ အသင့် ယူလာတဲ့ ဒီလူအုပ် ကြီးဟာ ဆိုင်ကယ် အစီးနှစ် ဆယ်ခန့်နဲ့ အတူ ပုတီး ကုန်းမြို့ကို အရှေ့ ဘက်ကနေ တစ်ရှိန်ထိုး ဝင်ရောက် လာတာ ဖြစ်တယ် လို့ မြို့ခံ ကိုချိုက RFA ကိုပြောပါတယ်။
"စစ်တပ်နဲ့ရဲက ပလီကို ဖျက်နေသူတွေကို သေနတ်နဲ့ပစ်နေတာတောင် ဒီလူအုပ်က ပလီကို ဖျက်နေ သေးတယ်" လို့ ကိုချိုက ဆက် ပြောပါတယ်။
ပဲခူးတိုင်း အနောက်ခြမ်းက မြို့တစ်ချို့မှာ အကြမ်းဘက် ဖျက်စီး မှုကို ညဘက်တွေမှာ သာလုပ်ဆောင် ခဲ့ပေမယ့် ဒီကနေ့ မှာတော့ ဇီးကုန်းမြို့ နဲ့အုတ်ဖိုမြို့ တွေမှာ နေ့ခင်း ဘက် မှာတင် ဝင်ရောက် ဖျက်စီး တာတွေ စတင် လုပ်ဆောင် ခဲ့တယ်လို့ ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ရဲအရာရှိ တစ်ဦးက ဆိုပါတယ်။
မတ်လ ၂၃ ရက် နေ့ညက စပြီး ပဲခူးတိုင်း အနောက် ခြမ်းက မြို့နယ် တွေမှာ အမည် မသိ လူအုပ်တွေ ဝင်ရောက် မီးရှို့ ဖျက်စီး တာတွေ ရှိတဲ့ အတွက် ဇီးကုန်း၊ နတ္တလင်း၊ မင်းလှ၊ စစ်ကွင်း၊ မိုးညို၊ကြို့ပင် ကောက်၊ သာယာ ဝတီမြို့ တို့မှာ ပုဒ်မ ၁၄၄ ထုတ် ပြန်ခဲ့ ရပြီး၊ ပေါင်းတည်မြို့ မှာတော့ ပုဒ်မ ၁၈၈ ထုတ်ပြန် ခဲ့ရ ပါတယ်။ (via RFA Burmese)
++++++++++++++++++++++++++++++++++++++++++
ပုတီးကုန်း တွင် အစ္စလာမ် ဘာသာဝင် များအား အကြမ်း ဖက်မှု အစပျိုးဟု သတင်းရ
SK မတ် ၂၈
ပုတီးကုန်း မြို့တွင် အစ္စလာမ် ဘာသာဝင် များအား အကြမ်းဖက် တိုက်ခိုက်မှု အစပျိုး နေပြီ ဖြစ်ကြောင်း သိရသည်။ ယခင် အကြမ်း ဖက်မှု များနည်းတူ ဗလီဝတ် ကျောင်းတော်ကို စတင် တိုက်ခိုက် နေကြောင်း သိရသည်။ သာမန်ထက် ထူးခြားချက်မှာ အကြမ်း ဖက်မှုဖြစ်ပွား ရန်အစ ပျိုးချိန် တွင်ပင် ဖုန်းလိုင်း အားလုံး ဆက်သွယ် မရ ဖြစ်နေသည်။ (via Myanmar Muslim Net)
==================================================
၂၇-၃-၂၀၁၃
မင်းလှတွင် ဆူပူ ဖျက်ဆီးမှု ရဲတပ်ဖွဲ့ မထိန်းနိုင်
ပဲခူးတိုင်း မင်းလှ မြို့တွင် ပုဒ်မ ၁၄၄ ထုတ် ပြန်ထား သော်လည်း ယနေ့ နေလည် အချိန်တွင် ဗလီ ၃ လုံးနှင့် မွတ်စလင် တို့၏ နေအိမ် များကို လူရာ ဂဏန်းခန့်က ဖျက်ဆီး နေကြောင်း သတင်း ရရှိသည်။ ရဲတပ်ဖွဲ့ ၀င်များက သေနတ် များဖြင့် မိုးပေါ် ထောင်ဖောက် ခြောက်လှန် သော်လည်း လူစု ကွဲခြင်း မရှိကြောင်း သိရသည်။ (via ဧရာဝတီ)
+++++++++++++++++++++++++++++++++++++++++++++++++
ဇီးကုန်းတွင် အမှောင်ရိပ် မခိုပဲ အစ္စလာမ် ဘာသာဝင် များအား ဒုတိယ အကြိမ်မြောက် အပြင်း အထန် ဆက်လက် တိုက်ခိုက်နေ
မတ် ၂၇
SK
ဇီးကုန်း မြို့ရှိ အစ္စလာမ် ဘာသာဝင် များကို ယနေ့ နေ့လည် ၂ နာရီ ၀န်းကျင်မှ စတင်ကာ တိုက်ခိုက်ခြင်း ဗလီဝတ် ကျောင်းတော်အား ဘူဒိုဇာဖြင့် ထိုးခြင်း များကို ပြုလုပ် နေကြောင်းနှင့် အဆိုပါ ဒေသတွင် အစ္စလာမ် ဘာသာဝင် အနည်းငယ်သာ ကျန်ရှိတော့ ကြောင်းနှင့် အခြားသူ များမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေး သွားပြီ ဖြစ်ကြောင်း လည်း ဒေသခံ တစ်ဦးက မြန်မာ မွတ်စလင်မ် မီဒီယာသို့ နေ့လည် ၃း၁၅ မိနစ် အချိန်တွင် ပြောသည်။ ဇီးကုန်းတွင် အစ္စလာမ် ဘာသာဝင် များအား ယမန်နေ့ည သန်းခေါင် အချိန်တွင် လည်း ပထမ အကြိမ် စတင် တိုက်ခိုက် ထားသည်။ (via Myanmar Muslim Net)
++++++++++++++++++++++++++++++++++++++++++++
တောင်တွင်ကြီးမြို့တွင် အကြမ်းဖက်မှုများ ပြုလုပ်ရန် အစပြု
မကွေးတိုင်း၊ တောင်တွင်း ကြီးမြို့နယ်၊ အုန်းတောလမ်းထိပ်ရှိ အိမ်များအား အကြမ်းဖက်သမားများမှ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း အလင်းမျက်ဝန်းမှ သတင်းရရှိပါတယ်။
... ဆယ်ဂဏန်း ခန့်ရှိသော မွတ်စလင်မ် အိမ်များအား အစွန်းရောက် ဗုဒ္ဓဘာသာဝင် အကြမ်းဖက် သမားများမှာ (၁၁) နာရီ (၄၅) မိနစ် အချိန် ခန့်မှာ အကြောင်းမဲ့ အော်ဟစ် ဆဲဆို၍ ပစ်ပေါက် ခဲ့ပြီး ရခိုင် ဘုရား ဘက်သို့ ပြေးသွား ကြောင်း မျက်မြင် သက်သေ တစ်ဦးမှ ပြောပြ ပါတယ်။
အကြမ်း ဖက်မှု ပေါ်ပေါက် ခဲ့ရာ နေရာသို့ မြို့နယ် ရွေးကောက်ခံ လွှတ်တော် အမတ်နှင့် တာဝန် ရှိသူများ လာရောက် ကြည့်ရှု ခဲ့ကြောင်း သတင်း ရရှိပါတယ်။
အကြမ်း ဖက်မှု ကြီးထွား ကျယ်ပြန့် လာစေရန် အစပြု လှုံ့ဆော် နေတာ ဖြစ်ပြီး လူငယ်များ ဖြစ်ကြောင်းနဲ့ ရဲများမှ လိုက်လံ ဖမ်းဆီး သော်လည်း ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း ရရှိပါတယ်။
အဆိုပါ တောင်တွင်း ကြီးမြို့မှ အစ္စလာမ် ဘာသာဝင် (၆) ဦးမှာလည်း လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်၊ မေလက ဖြစ်ပွား ခဲ့သည့် ကမ္ဘာကျော် တောင်ကုတ် အကြမ်းဖက် လူသတ်မှု ကြီးတွင် ရှိဟီဒီ အဖြစ် အသက် ဆုံးရှုံးခံ ခဲ့ရပါတယ်။
အလင်းမျက်ဝန်း
တောင်တွင်းကြီးစီဂျေအဖွဲ့.
+++++++++++++++++++++++++++++++++++++++++++
နတ်တလင်း နောက်ဆက်တွဲ ၁
SK မတ်လ ၂ရ
နတ်တလင်း မြို့ ဗိုလ်ချုပ် လမ်းရှိ အစ္စလာမ် ဘာသာဝင် များပိုင် အဆောက် အအုံ များကို စတင် ဖျက်ဆီး နေပြီ ဖြစ်ကြောင်း ဒေသခံ ဗုဒ္ဓ ဘာသာဝင် တစ်ဦးက မြန်မာ မွတ်စလင်မ် မီဒီယာ သို့ ယခု ၂၇ ရက် နံနက် ၀၀း၁၅ မိနစ် အချိန် တွင် အတည် ပြုပြော ကြားသည်။ (via Myanmar Muslim Net)
==================================================
၂၆-၃-၂၀၁၃
မတ်လ (၂၆) ည ၈း၁၅ မိနစ် အုတ်ဖိုမြို့
ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်သော် လည်း အုတ်ဖို မြို့တွင် တည်ငြိမ် အေးချမ်း မသွားဘဲ၊ မိမိတို့၏ နေအိမ် များမှ တိမ်းရှောင် နေသော မွတ်စလင် များကို အကာ အကွယ် ပေးထား သည့် ဗုဒ္ဓ ဘာသာဝင် များကို မွတ်စလင် များကို ထုတ်မပေး ပါက မီးရှို့ ပစ်မည်ဟု ခြိမ်းခြောက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။
+++++++++++++++++++++++++++++++++++++++++++++
ပဲခူးတိုင်းတွင် ညမထွက်ရ အမိန့်ထုတ် ညနေ ၅း၃၀ နာရီ
ပဲခူးတိုင်း အုတ်ဖို မြို့နယ်နှင့် ကြို့ပင် ကောက်မြို့နယ် များတွင် အကြမ်းဖက် သမားများမှ ယမန်နေ့ ညမှစ၍ ဗလီဝတ် ကျောင်းတော်များ၊ မွတ်စလင် များ၏ နေအိမ်များ၊ စီးပွားရေး လုပ်ငန်း များနှင့် ဆိုင်ခန်း များကို ဖျက်ဆီး လျက်ရှိရာ၊ အာဏာ ပိုင်များမှ အခင်း ဖြစ်ပွားမှုကို မထိန်းသိမ်း နိုင်ဘဲ ကြီးထွား လျက် ရှိသော ကြောင့် ညနေ ၆ နာရီမှ မနက် ၆ နာရီထိ ညမထွက်ရ အမိန့်ကို ဒေသပိုင် အာဏာပိုင် များမှ ထုတ်ပြန်ပြီး အသံချဲ့ စက်များဖြင့် လိုက်လံ အသိပေး လျက်ရှိကြောင်း သတင်း ရရှိပါသည်။
+++++++++++++++++++++++++++++++++++++++++++++
မတ်လ (၂၆) ရက် နံနက် ၀၀း၄၅ နာရီ ကြိုပင်ကောက်
ပဲခူးတိုင်း ဒေသကြီး၊ ကြိုပင် ကောက် မြို့နယ်သို့ အကြမ်းဖက် သမားများ အုပ်စု နှစ်စုမှ ၀င်ရောက် လာပြီး ဗလီဝတ် ကျောင်းတော်နှင့် မွတ်စလင် များ၏ နေအိမ် များကို ဖျက်ဆီး လျက်ရှိကြောင်း သိရသည်။ အကြမ်းဖက် သမား များကို ရဲတပ်ဖွဲ့ ၀င်များမှ မထိန်းသိမ်း နိုင်ဘဲ လွှတ်ပေးထား ရကြောင်း သတင်း ရရှိ ပါသည်။
+++++++++++++++++++++++++++++++++++++++++++
မတ်လ (၂၆) ရက် နံနက် ၀၀း၁၅ နာရီ အုတ်ဖိုမြို့
မတ်လ (၂၆) ရက် နံနက် ၀၀း၄၅ နာရီ ကြိုပင်ကောက်
ပဲခူးတိုင်း ဒေသကြီး၊ ကြိုပင် ကောက် မြို့နယ်သို့ အကြမ်းဖက် သမားများ အုပ်စု နှစ်စုမှ ၀င်ရောက် လာပြီး ဗလီဝတ် ကျောင်းတော်နှင့် မွတ်စလင် များ၏ နေအိမ် များကို ဖျက်ဆီး လျက်ရှိကြောင်း သိရသည်။ အကြမ်းဖက် သမား များကို ရဲတပ်ဖွဲ့ ၀င်များမှ မထိန်းသိမ်း နိုင်ဘဲ လွှတ်ပေးထား ရကြောင်း သတင်း ရရှိ ပါသည်။
+++++++++++++++++++++++++++++++++++++++++++
မတ်လ (၂၆) ရက် နံနက် ၀၀း၁၅ နာရီ အုတ်ဖိုမြို့
ပဲခူးတိုင်း၊ သာယာ ၀တီခရိုင်၊ အုတ်ဖို မြို့နယ်သို့ အကြမ်းဖက် သမား ၄၀၀ ခန့် ၀င်ရောက်၍ မွတ်စလင် များ၏ နေအိမ်များ မီးရှို့ ဖျက်ဆီး နေပြီး၊ အကြမ်းဖက် သမားများ ဖက်မှ အင်အား များသောကြောင့် ရဲတပ်ဖွဲ့ ၀င်များ အခြေ အနေကို မထိန်းသိမ်း နိုင်ကြောင်း သတင်း ရရှိပါသည်။
======================================================
၂၅-၃-၂၀၁၃
မတ်လ (၂၅) ရက် ည ၁၀း၃၀ နာရီ တပ်ကုန်းမြို့
မန္တလေး တိုင်း၊ တပ်ကုန်း မြို့နယ် ရွေးစုရွာရှိ ဗလီ ၀တ်ကျောင်း တော်နှင့် မွတ်စလင် များ၏ နေအိမ် များကို ဖျက်ဆီး နေကြောင်း သိရ ပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆိုင် အားလုံးကို ညကိုးနာရီ အထိသာ ဖွင့်ရန် အမိန့်ထုတ်
မန္တလေး တိုင်း၊ တပ်ကုန်း မြို့နယ် ရွေးစုရွာရှိ ဗလီ ၀တ်ကျောင်း တော်နှင့် မွတ်စလင် များ၏ နေအိမ် များကို ဖျက်ဆီး နေကြောင်း သိရ ပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆိုင် အားလုံးကို ညကိုးနာရီ အထိသာ ဖွင့်ရန် အမိန့်ထုတ်
ရန်ကုန်တိုင်း ဒေသကြီး အတွင်း တရား ဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေး အတွက် စားသောက်ဆိုင်၊ မီနီမား ကတ် စတဲ့ ဈေးဆိုင် တွေကို ဒီက နေ့ည ကစပြီး ည ၉ နာရီ နောက်ဆုံး ထားဖွင့်လှစ် ရမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က အမိန့် ထုတ်ပြန် လိုက်ပါတယ်။
ဒီအမိန့် ထုတ်ပြန် ရတာနဲ့ ပက်သက်ပြီး ပုဇွန်တောင် မြို့နယ် အုပ်ချုပ် ရေးမှုးက RFA ကိုအခုလို ပြောပါတယ်။
"စားသောက် ဆိုင်တွေကို ညကိုးနာရီ ထိပဲဖွင့်ဖို့ အမိန့် ထုတ်တာ ပါခင်ဗျာ၊ ကိုးနာရီ ကျော်တဲ့ အခါကျရင် သောက်စား မူးယစ်ပြီးတော့ တခြား ပြဿနာတွေ ဖြစ်မှာစိုးလို့ ညကိုးနာရီထိ သာဖွင့်ပါလို့ ကျွန်တော်တို့ အကြောင်း ကြားထား တာပါ ခင်ဗျ"
မနေ့ည ကလည်း ရန်ကုန်တိုင်း အတွင်းက မူစလင် လူမျိုးတွေ အများဆုံး နေထိုင်တဲ့ မင်္ဂလာ တောင်ညွှန့် မြို့နယ်မှာ လူစု လူဝေးနဲ့ ဆူပူဖို့ ကြိုးစား ခဲ့တာတွေ ရှိပါတယ်။ (via RFA Burmese)
+++++++++++++++++++++++++++++++++++++++++++++++
မတ်လ (၂၅) ရက် ည ၇ နာရီ ရန်ကုန်
ရန်ကုန်တိုင်း ဒေသကြီး၊ ပုဇွန်တောင် မြို့နယ်တွင် ည ၉ နာရီ နောက်ပိုင်း အပြင် မထွက်ရ အမိန့် ထုတ်ပြန်ကြောင်း မြို့နယ် အုပ်ချုပ် ရေးမှူးရုံးမှ အသံချဲ့ စက်ဖြင့် နှိုးဆော် လျက်ရှိ ကြောင်း သိရှိ ရပါသည်။
+++++++++++++++++++++++++++++++++++++++++++++++
အိုးသည်ကုန်း မြို့မှာ ဆူပူ တိုက်ခိုက်မှု ဖြစ်ပွား (၂၅-၃-၂၀၁၃ ညနေ ၅ နာရီ)
မန္တလေးတိုင်း အိုးသည်ကုန်း မြို့မှာ အိမ်တွေနဲ့ ပလီ မီးရှို့ ဖျက်ဆီး ခံခဲ့ ရတယ်လို့ သိရပါတယ်။
လူပေါင်း ၃၀ဝ လောက်ပါတဲ့ အုပ်စုဟာ အိုသည်ကုန်းက ပလီ တလုံးကို တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။
မွတ်ဆလင်တွေ ပိုင်ဆိုင်တဲ့ အိမ်နဲ့ ဈေးဆိုင် ၂၀ ကျော်ကိုလည်း ဖျက်ဆီး သွားတယ်လို့သိရပါတယ်။ (via BBC Burmese)
++++++++++++++++++++++++++++++++++++++++++++++++++
မတ်လ (၂၅) ရက် နေ့လည် ၃း၀၀ နာရီ ရန်ကုန်
ရန်ကုန်မြို့ မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ ယုဇန ပလာဇာနှင့် မင်္ဂလာဈေး တို့ကို နေ့လည် ၂ နာရီ ခန့်တွင် ပိတ်လိုက်သည်။
မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ မွတ်စလင် များအား ညနေ ၄ နာရီတွင် အကြမ်းဖက် သမားများ လာရောက် တိုက်ခိုက် မည်ဟု သတင်းများ ထွက်ပေါ် လျက်ရှိ သောကြောင့် စိုးရိမ်ကြောင့် ကြလျက် ရှိကြောင်း သိရသည်။
မတ်လ (၂၅) ရက် နံနက် ၃:၀၀ နာရီ ရန်ကုန်
ရန်ကုန်မြို့ ၂၉ လမ်းသို့ အကြမ်းဖက် သမားများ ကားနှစ်စီးဖြင့် ၀င်ရောက်၍ လမ်းပေါ်တွင် ရပ်ထားသော ကားအချို့ ဖျက်ဆီး နေစဉ် ရပ်မိ ရပ်ဖများ ထွက်လာ သောအခါ ကားကို မောင်းနှင်၍ ထွက်ပြေး သွားကြောင်း သတင်း ရရှိပါသည်။
++++++++++++++++++++++++++++++++++++++++++++
မတ်လ ၂၅ ရက် ၂၀၁၃ - နံနက် ၀၂း၀၀ ရန်ကုန်
အကြမ်းဖက် သမားများသည် ဒိုင်နာကားဖြင့် လမ်း ၁၃၀ ရောင်နသ် ဗလီအား ခဲများဖြင့် ပစ်ပေါက် အပြီး မြယာကုန်းလမ်း အတိုင်းမောင်းပြေးကာ ၁၁၈လမ်းထိပ် အရောက်တွင် ကားမှာ အရှိန်လွန်ပြီး မှောက်လု ဆဲဆဲဖြစ်ခဲ့ သော်လည်း မမှောက်ပဲ အမဲဈေး ဖက်သို့ မောင်းထွက် သွားကြောင်း အဆိုပါ ကားအနောက်မှ တွဲ ၍ ရဲကား တစ်စီးလဲ အတူ မောင်းနှင် သွားကြောင်း မျက်မြင် များက သတင်းပေး ပို့ပါသည်။
၁၃၈ လမ်းသို့ အဆိုပါ အကြမ်းဖက် သမား များသည် ကား ၂ စင်းဖြင့် သွားခဲ့ သော်လည်း ရပ်ကွက်တွင်း နေထိုင် သူများက ဟန်ု့တား နိုင်ခဲ့ သဖြင့် ပြန်ထွက် သွားကြောင်း သိရပါသည်။ (via Myanmar Muslim Net)
+++++++++++++++++++++++++++++++++++++++++++++
"တပ်ကုန်းနဲ့အုတ်ဖိုမှာ အမည်မသိလူအုပ်စုတွေ ဝင်ရောက်မီးရှို့"
မန္တလေး တိုင်းဒေသ ကြီးနဲ့ ပဲခူးတိုင်း ဒေသကြီး တွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ် မီးရှို့ ဖျက်ဆီးမှု တွေ ဖြစ်ပွား ခဲ့တယ်လို့ RFA က စုံစမ်း သိရ ပါတယ်။
မန္တလေးတိုင်း တပ်ကုန်း မြို့နယ် ရွာသစ် ကြီးကျေးရွာ (အနော်ရထာ) ရပ်ကွက် မှာ ပလီ တစ်ခု အပါအဝင် အိမ်ငါးလုံး မီးရှို့ ဖျက်ဆီး ခံရတယ်လို့ အဲဒီ နေရာကို ရောက်ရှိ နေတဲ့ ရဲအရာရှိ တစ်ဦးက RFA ကို အတည်ပြု ပြောကြား ပါတယ်။
မနေ့ည မှာတော့ တပ်ကုန်း မြို့နယ် အတွင်းကို အမည် မသိ လူအုပ်စုတွေ ဝင်လာပြီး ရွာသစ်ကြီး ကျေးရွာ (အနော်ရထာ ရပ်ကွက်)၊ ဓညဝတီ ရပ်ကွက်နဲ့ ဗိုလ်မင်းရောင် ရပ်ကွက် တွေမှာ ဆူပူမှု တွေ ဖြစ်ပွား အောင် လှုံဆော်သွား တယ်လို့ တပ်ကုန်း မြို့နယ် မီးသတ် တပ်ဖွဲ့က အရာရှိ တစ်ဦးက ပြောပါတယ်။
ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အိုးသဲ ကုန်းကျေးရွာ မှာလည်း အမည်မသိ လူအုပ်စုတွေ ဝင်ရောက် လာပြီး ရုန်းရင်း ဆန်ခတ်ဖြစ်အောင် လုပ်ဆောင်နေတာ ရှိတဲ့အတွက် နယ်မြေခံ စစ်တပ် အကူအညီနဲ့ သွားရောက် ထိန်းသိမ်း နေတယ်လို့ သာယာဝတီ ခရိုင် ရဲတပ်ဖွဲ့က RFA ကိုပြောပါတယ်။
++++++++++++++++++++++++++++++++++++++++++++++
မတ်လ ၂၅ ရက် ၂၀၁၃ - နံနက် ၀၀း၄၅
တပ်ကုန်း မြို့မဗလီ၊ ဘာသာရေး စာသင်ကျောင်း များနှင့် နာရေး ကူညီမှု ကားများ ဖျက်ဆီးခံ လိုက်ရကြောင်း သတင်း ရရှိ ပါသည်။ (via Myanmar Muslim Net)
=====================================================
၂၄-၃-၂၀၁၃ ၁၀း၀၀ နာရီ (ညပိုင်း)
ရန်ကုန်တိုင်း - မတ်လ ၂၄ ရက် ၂၀၁၃ - ည ၁၁း၄၅
ရန်ကုန်တိုင်း မင်္ဂလာတောင် ညွှန့်အနီးရှိ ဘုန်းကြီး ကျောင်းမှ ဘုန်းကြီး များကား ၃ စီးအပြည့် ထွက်သွား ကြောင်း သတင်းပေး ပို့ထား ပါသည်။ (via Myanmar Muslim Net)
++++++++++++++++++++++++++++++++++++++++++++++
ပဲခူး အုတ်ဖိုမြို့နယ် အိုးသည်ကုန်း - သတင်း ည ၁၁ နာရီ
ပဲခူးတိုင်း အနောက်ခြမ်းရှိ အိုးသည် ကုန်းမြို့နှင့် ရေကျော်ရွာ တို့တွင် မုစ်လင်မ်များ၏ အိမ်များ ၊ ဂျမာအသ် ခါနဟ် ယခု ဖျက်စီးခံ aနရကြောင်း သတင်း ရရှိသည်။ (via Myanmar Muslim Net)
+++++++++++++++++++++++++++++++++++++++++++++++
ပဲခူး အုတ်ဖိုမြို့နယ် အိုးသည်ကုန်း - သတင်း
ပဲခူး အုတ်ဖိုမြို့နယ် အိုးသည် ကုန်းကို ယနေ့ည (၁၀) ခန့်တွင် အကြမ်းဖက် တိုက်ခိုက် ခံနေရကြောင်း အိုးသည်ကုန်း ဗလီ ဖျက်ဆီးခံ လိုက်ရကြောင်း သတင်း ရရှိပါတယ်။ (via Myanmar Muslim Net)
-++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော် တပ်တုန်းမြို့
နေပြည်တော် တပ်ကုန်းမြို့ အနီး ရွာသစ်ရွာကို အကြမ်းဖက် သမား အင်အား (၁၂၀) ခန့်မှ ကားနှစ်စီး ဖြင့် ၀င်ရောက် တိုက်ခိုက်ရန် ကြိုးစားနေ ကြောင်းသိရှိ ရပါသည်။
==================================================
၂၃-၃-၂၀၁၃ ၁၀း၀၀ နာရီ (ညပိုင်း)
မန္တလေး တိုင်းဒေသကြီး ပျော်ဘွယ် မြို့နယ်နှင့် ရမည်းသင်း မြို့နယ် ကြား အနောက် ဘက် ၁၀ မိုင် အကွာ တွင် တည်ရှိသော ရွာတန်းရွာရှိ တစ်ခုတည်းသော ဗလီကို ဗုဒ္ဓဘာသာ အစွန်းရောက် အကြမ်းဖက် သမား များ မှ မီးရှို့ဖျက်ဆီး လိုက်ပြီး၊ ရွာအတွင်း မွတ်စလင်တို့၏ နေ အိမ် ၅၀ ခန့်ကိုလည်း မီး ရှို့ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိပါသည်။
နေပူကုန်း ရွာကို ဆက်လက် တိုက်ခိုက်ရန် ကြိုးစားခဲ့ သော်လည်း ရွာသားများ၏ ပိတ်ဆို့ ဟန့်တား မှုကြောင့် ရွာအတွင်းသို့ ၀င်ရောက် တိုက်ခိုက်၍ မရခဲ့ဘဲ နောက်ပြန် လှည့်သွားကြောင်း သိရပါသည်။
-- RFA မြန်မာ ပိုင်းမှ ပြောကြားချက် -
-- RFA မြန်မာ ပိုင်းမှ ပြောကြားချက် -
"ရမည်းသင်းမီးလောင်မှု နောက်ဆက်တွဲ"
ယမန်နေ့ည (မတ်လ ၂၃ရက်နေ့) ည ၈ နာရီခန့်က ရမည်းသင်း မြို့နဲ့ ၈ မိုင်အကွာက ရွာတန်းရွာမှာ မီးလောင် ကျွမ်းမှု ဖြစ်တဲ့ အတွက် အစ္စလာမ် ဘာသာရေး ဝတ်ပြု ကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေ ၅၅ လုံးမီးလောင် ပျက်စီး ခဲ့တယ်လို့ RFA ကစုံစမ်း သိရပါတယ်။
ဒီမီးလောင်မှုဟာ အယောက် တစ်ရာခန့်ရှိတဲ့ အမည်မသိ လူအုပ်စုတစ်စုရဲ့ လက်ချက် ဖြစ်ပြီး ဒီပြဿနာဟာ မိတ္ထီလာမြို့မှာ သုံးရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပက်သက်မှု ရှိတယ်လို့ ရမည်းသင်း ခရိုင် ရဲတပ်ဖွဲ့မှုး ရုံးက ရဲအရာရှိ တစ်ဦးက ဆိုပါတယ်။
RFA မြန်မာပိုင်း
27.3.2013
မြန်မာ နိုင်ငံမှာ ဖြစ်ပွား ခဲ့တဲ့ အကြမ်း ဖက်မှု တွေဟာ အစီ အစဉ် ရှိရှိနဲ့ စနစ် တကျ ကျွမ်းကျွမ်း ကျင်ကျင် ကျူးလွန် သွားခဲ့တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး အကြံပေး မစ္စတာ Vijay Nambiar က ပြောလိုက် ပါတယ်။ ထိုင်းနိုင်ငံ ကုလ သမဂ္ဂ ဌာနချုပ်မှာသတင်း ထောက်တွေ ကို ပြော ကြား ခဲ့တောပါ။
မစ္စတာ Nambiar ဟာ မြန်မာ နိုင်ငံကို သွားရောက် ခဲ့စဉ်အတွင်း ဘာသာရေး ပဋိပက္ခတွေ စတင် ဖြစ်ပွား ခဲ့ရာ မိတ္တီလာ မြို့ကို သွားရောက် ကြည့်ရှုခဲ့ပြီး၊ ဒုက္ခသည် ပြည်သူ တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။ ဒါ့ပြင်သမ္မတ ဦးသိန်းစိန်နဲ့ လည်း နေပြည် တော်မှာ တွေ့ဆုံ ခဲ့ပါတယ်။
မိမိ တွေ့ဆုံခဲ့သူ အများစုက အကြမ်းဖက် တိုက်ခိုက် တာတွေဟာ မြို့ခံ မဟုတ်တဲ့ အပြင်က လူတွေ ရောက် ရှိ လာပြီး လှုံ့ဆော် ကြရာက ပေါ်ပေါက် လာခဲ့တာလို့ ပြောကြ ပါတယ်။ ဒါ့ပြင် အကြမ်း ဖက် တိုက် ခိုက် ကြဖို့ သွေးထိုး လှုံ့ဆော်တဲ့ စာတွေ၊ အရေး အသား တွေကလည်း ဗုဒ္ဓ ဘာသာဝင် တွေနဲ့ မူဆလင် တွေကြား မငြိမ် မသက် ဖြစ်အောင် မွှေနှောက် ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် ကလည်း မှုခင်းတစ်ခုကို ဘာသာရေး အရောင် ဆိုးပြီး တခြား မြို့ရွာ တွေ အထိ ကူး စက် အောင် လုပ်ဆောင် နေသူ တွေကို အမြန်ဆုံး ဖေါ်ထုတ် အရေး ယူမယ်လို့ အခိုင်အမာပြော လိုက်ပါ တယ်လို့ မစ္စတာ Nambiar က ပြော ကြား ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဌာနရဲ့ မနေ့က ပုံမှန် သတင်းစာ ရှင်းလင်း ပွဲမှာ လက်ထောက် ပြောခွင့် ရသူ Patrick Ventrell က မိတ္တီလာ အပြီး ပဲခူး တိုင်းမှာ ကူးစက် ခဲ့တဲ့ ပဋိပက္ခ တွေကြောင့် မိမိတို့ စိုး ရိမ် နေရ ဆဲ ဖြစ်ကြောင်း၊ လူ့အဖွဲ့ အစည်း အချင်းချင်း၊ ဘာသာ အချင်းချင်း သည်းခံမှု၊ အပြန် အ လှန် လေး စား မှုတွေ ဖြစ်စေ လိုကြောင်း၊ ဘာသာရေး ခေါင်းဆောင် တချို့က အဲသလို ဆောင် ရွက် နေကြ တဲ့ အတွက် အားတက် မိကြောင်း ပြောကြား ခဲ့ပါတယ်။
အကြမ်း ဖက်ခံရသူ တွေအတွက် ဒေါ်လာတစ်သိန်း ထောက်ပံ့ မယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ်က ကြေညာ လိုက်ပါတယ်၊ အရေးပေါ် လိုအပ်ချက် တွေအတွက် တိုက်ရိုက် ကူညီ သွားမှာ ဖြစ်ပါ တယ်လို့ ပြောကြား ခဲ့ပါတယ်။
RFA မြန်မာပိုင်း
27.3.2013
ပဲခူးတိုင်း ဒေသကြီး စစ်ကွင်း မြို့လယ်က ဗလီနဲ့ ဈေးဆိုင် တစ်ချို့ကို ဒီကနေ့ နေ့လည် ၃ နာရီ လောက် က ဒေသခံ မဟုတ်တဲ့ လူတစ်စုက ၀င်ရောက် ဖျက်ဆီးခဲ့ ကြတယ်လို့ RFA က စုံစမ်း သိရှိရ ပါတယ်။
အခင်း ဖြစ်နေတဲ့ ဗလီ အနီးကို ရောက်နေတဲ့ စစ်ကွင်း မြို့ခံ တစ်ဦးက သူမြင်နေ ရတာ တွေကို အခု လို ပြောပါတယ်။
“အခု လူတွေ ဗလီကို ဖျက်နေတယ်၊ အသံတွေ ကြားနေ ရတယ်၊ သူတို့မှာ နှစ်တောင် လောက်ရှိတဲ့ တုတ်တွေ ကိုင်ထား တာတွေ့တယ်၊ စောင့်ပြီး ကြည့်နေ ကြတယ်၊ အခြေ အနေ ကြည့်နေ ကြတယ်၊ နံရံကို ထုနေပြီ၊ ကြည့်ရတာ ကတော့ တောဘက်က လာတာလို့ ထင်တာပဲ၊ ၁ဝ ယောက် ၁၅ ယောက် လောက်တော့ ရှိတယ်၊ ရဲတွေ ဘယ်သူမှ လာတာ မတွေ့ဘူး၊ တခြား လမ်းထောင့် တွေကနေ ပြီးတော့ ဖျက်နေတဲ့ အသံတွေ ဒီကကြား နေရတယ်၊ ဒီက နီးလည်း နီးတယ်၊ မြင်လည်း မြင်နေ ရတယ် ဆိုတော့ ဗလီ ကျောင်း မှာ တန်းလျား ရှိတယ်လေ၊ အဲ့ဒီ တန်းလျားက ထွက်ထားတဲ့ အကြော် ဆိုင်လေး ကိုလည်း ဖျက် တယ်၊ ရှေ့က ဝါးလုံး တွေကို ယူပြီးတော့၊ ခုလူ နည်းနည်း များလာ ပြီလေ၊ မြို့ခံ လူတွေ ကတော့ မပါဘူး၊ ထဲ မှာ ဝင်သွား ကြတယ်၊ အပြင်က မြင်နေ ရတာ ကတော့ ၃၊ ၄ ယောက် လောက်ပဲ၊ ဒါပေမယ့် အထဲမှာ လူတွေ ရှိတယ်၊ ဗလီက ပွင့်နေ ပြီလေ၊ ပထမ ရက်တည်းက ပွင့်နေတာ”
ဒီကနေ့ မနက်ပိုင်း လောက်က စစ်ကွင်း မြို့ထဲကို လူ ၃၀ လောက် ၀င်လာပြီး ဖျက်ဆီး မယ်လို့ ကောလ ဟာလတွေ ထွက်ပေါ် လာပြီးနောက် ဈေးဆိုင်ခန်း တွေလည်း ပိတ်ခဲ့ ကြပါတယ်။ အဲဒီလို ကောလ ဟာလတွေ ထွက်ပေါ် ခဲ့ပြီး နေ့လည် ပိုင်းလောက်မှာ ဈေးဆိုင် တစ်ချို့နဲ့ ဗလီ ဖျက်ဆီးခံ ခဲ့ရတာလို့ ဆို ပါတယ်။ စစ်ကွင်း မြို့မှာ အစ္စလာမ် ဘာသာဝင် ၅၀ လောက်သာ ရှိပြီး အိမ်ခြေ ၁၅ လုံးခန့် သာရှိ တယ် လို့ သိရ ပါတယ်။
အလားတူ ဇီးကုန်းနဲ့ ကြို့ပင်ကောက်မြို့ တွေမှာလည်း မူဆလင် နေအိမ်တွေ ဖျက်ဆီး ခံရတာ ရှိခဲ့ တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဇီးကုန်းမြို့က ဗလီ တစ်ခုနဲ့ မူဆလင် အိမ်တချို့ကို ရာနဲ့ ချီတဲ့ လူအုပ် တစ်စုက ဖျက်ဆီး ခဲ့တယ်လို့ ဇီးကုန်း ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ဇီးကုန်း မှာဆိုရင် ၂၆ ရက်နေ့ ညကပေါ့၊ ၂၇ မနက် အစောကြီးပေါ့၊ အာ အရမ်း စိတ်ညစ်ဖို့ ကောင်းတယ်၊ ကျမတို့ တော်တော်ကြီး ဒီမှာ လူတွေ စိတ်သောက ရောက်နေ ကြတယ်၊ လူအုပ်ကြီးက လာပြီးတော့ ဖြိုဖျက် နေတယ်”
အဲဒီလို လူအုပ်စု တစ်စုက ဖျက်ဆီး နေချိန်မှာ ရဲတပ်ဖွဲ့ထံ အကြောင်း ကြားပေမယ့်အချိန်မီလာရောက် ဖြေ ရှင်းတာ မရှိကြောင်း လည်း ဇီးကုန်း ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ရက် နေ့က စပြီး ပဲခူးတိုင်း အနောက်ခြမ်းက မြို့နယ် တချို့မှာ မူဆလင် တွေ ရဲ့ နေ အိမ်တွေ၊ ဗလီတွေ ဖျက်ဆီးခံ နေရတာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သာ ယာ ၀ တီမြို့ နယ် ဥက္ကဌ ဦးအောင်မြင့်က ကြို့ပင်ကောက် ၊ အုတ်တွင်းနဲ့ ဇီးကုန်း အခြေ အနေကို အခု လို ပြောပြ ပါ တယ်။
“၂၄ ရက် နေ့က ပဲခူးတိုင်း အနောက် ဘက်ခြမ်း သာယာ ဝတီခရိုင် အိုးသည် ကုန်းရယ်၊ အုတ်ဖိုရယ်၊ ကြို့ပင်ကောက်ရယ် နေ့စဉ် ရက်ဆက် ဖြစ်နေတယ်၊ အခု ညတုန်းက ဇီးကုန်းမှာ ဖြစ်တယ်၊ နတ်တ လင်း မှာ ဖြစ်တယ်၊ ပေါင်းတည်မှာ ဖြစ်တယ်၊ အခု ဇီးကုန်းမှာ ထပ်ဖြစ် နေတယ်၊ ဒုက္ခ ရောက်နေတဲ့ အစ္စလာမ် ဘာသာဝင် တွေကို ဒုက္ခသည် စခန်းတွေ ဖွင့်လှစ် ပြီးတော့ ကူညီ ပေးဖို့ အဆင့် အထိ ကျနော်တို့ ကြိုးစား နေတယ်၊ ကျနော် ဒေါ်အောင်ဆန်း စုကြည်ကို အသေးစိတ် အစီရင် ခံနိုင်ဖို့ အတွက် ကျနော် ကြို့ပင်ကောက်၊ ဇီးကုန်းက ဘာသာရေး ခေါင်းဆောင် တွေနဲ့ ညှိနှိုင်း မှုတွေ လုပ်နေ ပြီးတော့ ဒုက္ခသည် စခန်းတွေ တည်းခိုရာ စခန်းတွေ ဖွင့်ပေး ဖို့အတွက် လက်ရှိ အနေ အထားမှာ ကျနော် ကြိုးစား နေတယ်”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ အပါအ၀င် လူမှုရေး အဖွဲ့ အစည်း တွေက သက် ဆိုင် ရာ ဒေသခံ အုပ်ချုပ်ရေး အာဏာ ပိုင်တွေ နဲ့ပူးပေါင်းပြီး လက်ရှိ အခြေ အနေ ထပ်မဆိုး အောင်နဲ့ ဒ္ခုရောက် နေ သူ တွေကို အကူ အညီ ပေးနိုင် ရေးအတွက် ဒီနေ့ မတ်လ ၂၇ ရက် နေ့မှာ ဆွေးနွေး ခဲ့ကြ တယ်လို့ ပြောပါတယ်။ ဒေသခံ အာဏာပိုင် တွေက အခု အချိန်ထိ ဘာမှ လုပ်ဆောင် ပေးတာ မရှိသလို အရေး ယူတာလည်း မတွေ့ ရသေးကြောင်း ဦးအောင်မြင့်က ပြောပါတယ်။
ပဲခူးတိုင်း ပေါင်းတည် မြို့မှာ ဒီနေ့ ပုဒ်မ ၁၈၈ ထုတ်ပြန် လိုက်ပါတယ်။
ဓါတ်ပုံသတင်း
- နစကနယ်မြေ (၅) မှမောင်တောမြောက်ပိုင်းတွင်တရားဝင်ဓါးပြတိုက်နေ
- ရဲများက လုပ်ကြံ ဖမ်းဆီးပြီး ပြန်လွှတ် ပေးမည်ဟု ဆိုကာ ငွေ ၁၀ သိန်းယူ၍ ဆက်လက် ဖမ်းဆီးထား
- ရိုဟင်ဂျာတွေ ၁၈ ရာစုကတည်းက ရခိုင်ပြည်နယ်မှာ ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝန်ခံပြောကြား
- ဥဒေါင်း ယာယီ အုပ်ချုပ် ရေးမှူးနှင့် ယခင် အုပ်ချုပ် ရေးမှူး တို့ပူးပေါင်း၍ ညှဉ်းပန်း နှိပ်စက် ငွေညှစ်လျက်ရှိ
- ဘူးသီးတောင် သရက်ပြင် အုပ်ချုပ်ရေးမှူးက ဒေသခံများကို ဆဲဆို ရမ်းကား ခြိမ်းခြောက်
- မောင်တော အုပ်ချုပ်ရေးမှူးက ကုရ်ဘာနီကို သတ်မှတ်ထားသည့် နေရာတွင်သာ လုပ်ရမည်ဟု ပြောဆို
- ရမဒွါန် လမ်းညွှန်
- စစ်တွေရှိ အင်န်ဂျီအိုရုံးများ ဖျက်ဆီးခံရ ၀န်ထမ်းများကို ရန်ကုန်သို့ နေ့ချင်းပို့
- တောင်ဘဇာမှ ရဲမှူးထွန်းနိုင်က ဒေသခံများကို မသင်္ကာမှုခေါင်းစဉ်တပ် ဖမ်းဆီးပြီး ငွေကျပ် ၂၅၁၈ သိန်း ညှစ်ယူ
- ရသေ့တောင်၊ ကျောက်တန်း နယ်မြေမှ ဘာသာရေးဆရာ တစ်ဦးကို ဖမ်းဆီးသွား
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1fKpTG0eYjuqUGODN1Irx81Fe6MUTPnFxBTuwazbcmkC3vyc__AbXnQMSh709C17swoJHxbLuSbpk307jYt4g-tksJoDXq2f8d4dcg5HAm7lBTlSmTlmk0cU6DJbnT-KtWTnPyGtUdug2/s280/RB-Contact.png)